Art is My Life: စိတ်လေခြင်း

Monday, April 16, 2007

စိတ်လေခြင်း

စိတ်လေတယ်။ စိတ်လေတယ်။
ဖြစ်နိုင်ရင် ထမင်းကို မစားချင်ဘူး ။ ဘာမှလုပ် ချင်စိတ်လဲ မရှိဘူး။ သွားဖို့လား ဝေလာဝေး ထိုင်နေတဲ့ နေရာကကို မထချင်တာ။ ထိုင်နေရတာလား ပျင်းတာပဲ။ ဖြစ်နိုင်ရင် မထိုင်ချင်ဘူး။ အိပ်ဖို့ကျတော့လဲ တုံးလုံးလှဲချ လိုက်ရမှာကို ပျင်းနေတာ။ အပြင်မှာ ဘာတွေ ဖြစ်နေလဲ မသိချင်ဘူး။ အပြင်မှာ ဖြစ်တာမ ပြောနဲ့ ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုကို မသိချင်ဘူး။
သူများတွေ ပြောတယ် စိတ်ညစ်ရင် စိတ်လေရင် အရက်သောက် ဘီယာသောက်တဲ့။ ငါကတော့ စိတ်လေရင် ဘီယာသောက်ဖို့ မပြောနဲ့ ဘီယာဆိုင် သွားရမှာကို ပျင်းတာ။ ဖြစ်နိုင်ရင် အဲဒီအချိန်မှာ ငါဘာကို မှမသိချင်ဘူး။
Inbox ကိုကလစ်ခဏ ခဏ သွားလုပ်နေတယ်။ မျှော်နေသူ တစ်ယောက်ပို့ ထားတဲ့ MSG ရောက်နေမလာား။ သူမပို့ပါဘူး အိပ်နေလောက်ပီ ငါသိတယ်။ ဦးနှေက်က စဉ်းစားဥာဏ်ရှိတော့ သူမပို့တော့ဘူး ဆိုတာသိပေမယ့် လက်မှာက စဉ်းစားဥာဏ် မရှိဘူးလေ။
သူဆိုတာ ဘယ်သူလဲ ဘယ်ကလဲ လာမမေးနဲ့ ငါကိုယ်တိုင်ကို မသိဘူး။ ငါသိတာတစ်ခုက သူဆိုတာ ငါမဟုတ်ဘူး။ အဲဒါသေချာတယ် ။

2 comments:

yours said...

ဖတ်ပြီးစိတ်လေသွားပါတယ်ဗျာ

bomebome said...

ကြိုက်တယ် ကိုယ်တိုင်လည်းစိတ်အရမ်းလေနေတော့...