Art is My Life: ဖိုရမ် ကဆွေးနွေးချက်များ

Friday, April 06, 2007

ဖိုရမ် ကဆွေးနွေးချက်များ

ပိုက်ဆံလွှဲ အပိုင်းကတော့ ကိုရန်အောင်တို့ အဆင်ပြေသလို စီစဉ်ပါ။ နောက်တစ်ခု စဉ်းစားရမှာ။ တစ်ခြားတစ်နေရာကနေ ကိုကျော်ဇေယျ ဆီကိုပို့ရင် လွဲခတစ်ခါကုန်မယ်။ ကိုကျော်ဇေယျဆီကနေ ကျွန်တော့်ဆီကို ပို့ရင် လွဲခ တစ်ခါထပ်ကုန်မယ်။ အဲဒီတော့ အဆင်ပြေနိုင်ပါ့မလား။ အဆင်ပြေတယ် လို့ယူဆရင်တော့ လုပ်ကြတာပေါ့။ မပြေဘူထင်ရင်လဲ တစ်ခြားနည်း ထပ်စဉ်းစားတာ ပေါ့။

Fund ထည့်ပြီးမှ စာမူရွေးမှာလား. ဒါဆိုရင် ကိုယ့်စာမူပါရင် အကြောင်းမဟုတ်ဘူး။ မပါရင်တော့ ပိုက်ဆံကြီးပဲ ထည့်ထားရတယ်၊ ငါ့စာမူကျတော့ မပါဘူး ဆိုတဲ့ ပြဿနာလေးတွေ ပေါ်လာနိုင်တယ်

ဒါကတော့ အရှေ့မှာလဲ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောပြီးပါပြီ အတတ်နိုင်ဆုံးတော့ ဘလော့ဂ်ကာ အားလုံးနီးနီးရဲ့ ပို့တွေကို ပါဝင်စေချင်ပါတယ်။ ပိုက်ဆံထည့်တဲ့လူ ကတော့ ဦးစားပေးထည့်ပေး ရမှာပေါ့။ ဒီလိုဆိုရင် ကွာလတီ ကျသွားမလားလို့ မေးစရာရှိပါတယ်။ အဲလို ကွာလတီမမှီတဲ့ စာမူဖြစ်နေရင်လဲ စာမူရှင်ကို အကြောင်းကြားပြီး ပြင်ဆင်ဖြည့်စွက်တာ မျိုးလုပ်ပါမယ်။ ဒါကြောင့် စာမူပေးပို့ သူများရဲ့ မေးတွေကို အချိန်မရွေးဆက်သွယ် နိုင်ဖို့ရာ ပေးထားဖို့လိုသလို။ စာအုပ်ဖောင်ပိတ်ပြီး နောက်ပိုင်းမှာလဲ အချိန်မရွေး မေးကို စစ်ပေးနေဖို့လိုပါတယ်။ တကယ်လို့များ စာမူရဲ့ တစ်စိတ်တပိုင်းကို ဖြစ်ဖြစ် တစ်ပုတ်လုံး ကိုဖြစ်ဖြစ် ဖြုတ်ခိုင်းတဲ့ အခါကျရင် ဖြုတ်တဲနေရာနဲ့ အဆက် စပ်မိအောာင် သို့မဟုတ် အခြားတစ်ပုဒ် အစားထိုးနိုင်အောင် စာမူရှငိကို ဆက်သွယ်ဖို့လိုပါတယ်။

ဈေးနှုန်းကတော့ဗျာ ကြားရတာ ကောလဟာလ ဖြစ်ပါစေလို့တောင် ဆု တောင်းနေရပါတယ်။ ပြည်ပသွင်းကုန် အခွန်ကို ၄ ဆတိုးမယ်လို့ ကြားနေရတယ်။ တကယ်လို့ တိုးဖြစ်ရင် ဒီတစ်လနှစ်လ အတွင်းမှာ ဖြစ်မယ်လို့ ပြောသံကြားနေရပါတယ်။ လောလော ဆယ်မြန်မာ နိုင်ငံမှာ တီဗီတစ်လုံးကို အခွန် လေးသောင်ကျပ် ကောက်ပါတယ်။ တိုးလိုက်ရင် ၁၆၀၀၀၀ ကျပ်က အခွန်ပေးရပါမယ်။ ဒါကြောင့် အခု လောလော ဆယ်အကြမ်းဖျင်းဈေးကို ကျွန်တော် ထပ်တွက် ပေးပါမယ်။ အဲဒီကောလဟလ တာတကယ် ဖြစ်လာရင် ကျွန်တော်တို့ အနေနဲ့ ဘယ်လောက် ဆက်တက်မယ် ဆိုတာကို မမျှော်မှန်းနိုင်ပါဘူး။

အခုအနေထား တိုင်းဆိုရင် ဖန်ထည့်တဲ့ လူတွေမှာ အမာခံနဲ့ အလှုသက်သက် ဆိုပြီး နှစ်မျိုးကွဲသွားမဲ့ သဘောရှိနေပါတယ်။ အလှုသက်သက်ကတော့ သဒါသလောက် ထည့်ဝင်ကြမှာပါ။ ဘယ်လောက်ရယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ သူတို့ အနေနဲ့ ပေးသမျှအားလုံးသည် လှုပြီးသားဖြစ်ပါသည်။
အမာခံကတော့ ရတဲ့ အလှုငွေတွေကို ကြည့်ပြီး ဘယ်လောက်စိုက်ရမလဲ ဆိုပြီး စိုက်ထုတ်ပေးကြမှာဖြစ်ပါတယ်။ ဒီနေရာမှ တစ်ခုပြောချင်တာက ကိုဇင်ကိုလတ် ပြောသလို အားလုံးက ဝေသံသယာ တွေမဟုတ်ကြပါဘူး။ ဒါကြောင့် စာအုပ်ပြန် လည်ရောင်းချ ပြီးတဲ့ အခါမှာ အမြတ်ရခဲ့တယ် ဆိုရင် သူတို့ စိုက်ထားတဲ့ ထဲက အရင် တချို့တစ်ဝက်ကို ပြန်လည်ရရှိ ကြမှာ ဖြစ်ပါတယ်။ ဥပမာ တစ်သိန်းစိုက် ထည့်ထားခဲ့ရရင် သူပြန်ရတာ ခုနှစ်သောင်းဖြစ် ချင်ဖြစ်မယ်။ ငါးသောင်းဖြစ် ချင်ဖြစ် မယ်။ ဒီသဘောမျိုးပါ။
အလှုသက်သက် ငွေကိုတော့ ဧပြီလ ပထမပတ်ပတ်မှာ နောက်ဆုံးပိတ်လိုက် ရင်ကောင်းပါတယ်။ အာလုံး သဘောတူညီရင် တတည်ပြုပါမယ်။
အမာခံတွေကတော့ အလှုသက်သက် ထည့်ဝင်သူများနှင့်အတူ ဧပြီလပ ပထမပတ်မှာ ပထမရစ်ကို ထည့်ဝင်ရပါမယ်။ ဘာဖြစ်လို့ လဲဆိုတော့ စာအုပ်ရုံးတင် တဲ့တဲ့အခါ မှာ စရိတ်စက ကုန်ကျတာတွေ ရှိပါတယ်။ ဥပမာ ကွန်ပျူတာ ဒီဇိုင်နာ ထုတ်ဝေသူ ကဒ်ငှားခ ရုံးတင်စားရိတ်တို့ ဖြစ်ပါတယ်။ အဲဒီကုန်ကျ စရိတ်တွေကို အလှုသက်သက် ထည့်ဝင်သူများထံမှ ရငွေနဲ့ လုံလောက်မယ်လို့ မမျှော်မှန်းလို့ မရပါဘူး။
ဘာကြောင့် အမာခံတွေကို တဘရိတ်ထဲ မကောက်တာလဲ ဆိုတော့ ရုံးတင်ပြီး ရုံြးုပန်ကျချိန်ဟာ တစ်လခွဲ ကနေ နှစ်လ ၀န်ကျင်လောက် ထိကြာမြင့်တတ်ပါတယ်။ စာအုပ်ကို ပုံနှိပ်စက်ပို့တာက ရုံးပြန်ကျပြီး ဖြုတ်ခိုင်းတာ ဖြုတ် ပြီးမှ အချောကိုင် ပုံနှိပ်ရပါတယ်။ ကုန်ဈေးနှုန်းဆိုတာ ကလဲ သိတော်မူကြတဲ့ အတိုင်းပဲ စာအုပ်ရုံးပေါ်တက်နေ ချိန်မှာ ပြောင်းလဲ နိုင်ပါသေးတယ်။ ဒါကြောင့် စရိုက်တော့ မယ်ဆိုမှ လိုတဲ့ ကုန်ကျ စရိတ်ကို အမာခံတွေ မျှပြီးထပ်ပေးရမှာ ဖြစ်ပါတယ်။ လောလောဆယ် မှာ အမာခံက ခြောက်ယောက်ရှိနေပါပြီ။ အမာခံတွေ များလေ တစ်ဦးချင်းစိုက် ထည့်ရမဲ့ ငွေကနည်းလေ ဖြစ်ပါတယ်။ ဒါကြောင့်အမာ ခံများကို ထပ်ပြီး ဖိတ်ခေါ်ပါတယ်။

No comments: