Art is My Life: 2009

Friday, December 18, 2009

Terminal


Terminal လို့အမည်ရတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကို ၂၀၀၄ ခုနှစ်က ရုံတင်ခဲ့တာဆိုတော့ လွန်ခဲ့တဲ့ ငါးနှစ်ကပေါ့ဗျာ။ ငါးနှစ်လောက်တောင် ကြာသွားပြီဆိုတော့ တစ်ချို့လဲ ကြည့်ဖူးပြီးသား ဖြစ်မှာပါ ကျွန်တော်ကတော့ မနေ့ကမှ ကြည့်မိတာ အရမ်းကြိုက်လွန်းလို့ ပြန်ညွှန်းလိုက်တာပါ။

ဒီဇာတ်ကာကို နာမည်ကျော် ဒါရိုက်တာ Steven Spielberg က ကိုယ်တိုင် ထုတ်လုပ် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင် နဗော့စကီး အဖြစ် Tom Hanks က သရုပ်ဆောင်ခဲ့ပြီး လေယဉ်မယ်လေး အဖြစ် ကက်သရီးဇီတာဂျုံးက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အင်္ဂလိပ်စကား မပြောတတ်တဲ့ ကရာကိုးဇီးယား(Krakozhia) နိုင်ငံသား နဗော့စကီးဟာ နယူးယောက်မြို့ ထွက်ခွာလာခဲ့ပါတယ်။ ကံဆိုးစွာပဲ သူနယူးယောက်လေဆိပ်ကို ရောက်တဲ့အချိန်မှာ သူပြည်ဝင်ခွင့်မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူထွက်ခွါလာတဲ့ အချိန်လေးမှာပဲ တိုင်းပြည်တွင်းမှာ ပြသနာဖြစ်ပြီး တိုင်းပြည်ပျက်သွားတဲ့အတွက် သူ့ရဲ့ ပတ်စပို့နဲ့ ဗီဇာကို နယူးယောက်လေဆိပ်က အသိအမှတ် မပြုတော့လို့ ဖြစ်ပါတယ်။

ဒါကြောင့်သူဟာ နယူးယောက်မြို့ထဲလဲ ၀င်ခွင့်မရ ကိုယ်နိုင်ငံကိုယ်လဲ ပြန်ခွင့်မရှိနဲ့ လေဆိပ်ထဲမှာ သောင်တင်သွားခဲ့ပါတယ်။ အဲဒီလို သောင်တင်ခဲ့ တဲ့အချိန်တွင်းမှာ ဖြစ်ပြက်ခဲ့တဲ့ အကြောင်းရာလေးတွေကို ရယ်စရာ ကြည်နူးစရာ ၀မ်းနည်းစရာလေးတွေနဲ့ ပေါင်းစပ် ရိုက်ကူးထားတာဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်က ကိုယ်ကြည့်မဲ့ ဇာတ်လမ်းကို ဘာဖြစ်မယ်ဆိုတာ ကြိုသိနေရင် အဲဒီဇတ်လမ်းကိုမကြည့်ချင်တော့ဘူး။ အဲဒါကြောင့် ဇာတ်လမ်းအကြောင်းတော့ ဆက်မပြောတော့ပါဘူး။ ကိုယ့်ဘာသာကိုပဲ ၀ယ်ကြည့်လိုက်ကြတော့နော်။


ဟုတ်တယ် ကျွန်တော် ကရာကိုးဇီးယား နိုင်ငံသားပါ




နေ့ခြင်းညခြင်း ခိုကိုးရာမဲ့ ဖြစ်သွားတဲ့အခါ



လေဆိပ်က အရာရှိမလေးနဲ့ အောင်သွယ်ပေးရင် စားစရာပေးမယ်


အောင်သွယ်အလုပ်ဆိုတာ လွယ်တာတော့မဟုတ်ဘူး


လေယဉ်မယ်လေးနဲ့ ပထဆုံးတွေ့ဆုံအခါပေါ့ ကဗျာတော့ သိပ်မဆန်လှဘူး



ဒုတိယအကြိမ် ထပ်ဆုံတော့ စာအုပ်ဆိုင်မှာ



လေယဉ်မယ်လေးနဲ့ ကဗျာဆန်ဆန်ညစာစားပွဲလေးပေါ့


သူကလေဆိပ်ထဲမှာ ကယ်တင်ရှင်လဲ လုပ်လိုက်သေးတယ်


ဒီဇတ်ကားမှာ ထူးခြားတာက ကရာကိုးဇီးယား ဆိုတဲ့ နိုင်ငံက အပြင်မှာ တကယ်မရှိပါဘူး။ စာရေးဆရာရဲ့ စိတ်ကူးယဉ်နိုင်ငံလေး တစ်ခုပါ။ နောက်ပြီးတော့ နဗော့စကီးက ဘာဖြစ်လို့ နယူးယောက်ကို လာချင်ရတာလဲ ဆိုတဲ့ အချက်လေးကလဲ မဖြစ်နိုင်ပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ပြီးတော့ လေယဉ်မယ်လေးနဲ့တွေ့ပြီး ခင်မင်ရင်းနှီးသွားပုံလေးကိုလဲ ကြည်နူးဖွယ်ရာ ရိုက်ပြထားပါတယ်။

ဒီခွေက ထွက်တာ ငါးနှစ်ရှိပြီဆိုပေမယ့် ရန်ကုန်မြို့ရဲ့ DVDစာတန်းထိုး ဈေးကွက်ထဲကို အခု တဖန် ပြန်ရောက်လာကြောင့် ၀ယ်ယူရလွယ်ကူမှာပါ။

Read More...

ကျွန်တော် account လေးနှစ်ပြည့်ပြီ

Gmail Team
toBRAVE BOY
dateSat, Dec 17, 2005 at 1:35 AM
subjectGmail is different. Here's what you need to know.
mailed-bygoogle.com

hide details 12/17/05

First off, welcome. And thanks for opening a Gmail account! We think Gmail is different. So to help you get started, you may want to:

  • Check out the new Gmail Tour in our Getting Started section. It's good for, well, getting started.
  • Visit our Help Center. Here you can browse frequently asked questions, search for answers and learn about some of Gmail's cool features, like labels, keyboard shortcuts and free POP access.
  • Import your contacts to Gmail from Yahoo! Mail, Outlook, Hotmail and other programs. Then email your friends with your brand new Gmail address.

As you're using Gmail, you might also see some ads or related links. We believe that you shouldn't have to share your inbox with large, blinking, irrelevant ads. Gmail's small text ads are matched by computers, and designed to be relevant to the messages you're viewing. Which means for once, you might even find ads to be interesting and useful.

Users have often told us that the more they use Gmail, the more they discover its added benefits--such as being able to find any message instantly or to manage all your contacts in one place. So go ahead and give it a try. In the meantime, we'll keep working on making Gmail the best email service around. Thanks for joining us for the ride. We hope you'll enjoy Google's approach to email.

Thanks,

The Gmail Team

P.S. You can sign in to your account any time by visiting http://mail.google.कॉम

သေချာပြန်စဉ်းစားတော့ အရာရာဟာ ဘာမှ မကြာလိုက်သလိုပဲနော် ........


Read More...

ပြေးလမ်းပေါ်ကလူ

တကယ်တော့ ဘ၀ဆိုတာ ချောတိုင် တက်သလိုပဲ။ အောင်လံတစ်ခုရဖို့ ချွေးနဲ့ ရင်းရင်း တိုင်ထိပ်ရောက်အောင် တက်ကြရတယ်။ ဒါပေမယ့် မတူညီတာ တစ်ချက်က ........
ချောတိုင်တက်တဲ့အခါ တိုင်ထိပ်ရောက်လို့ အောင်လံကို ယူပြီးသွားရင် ပြန်ဆင်းလာလို့ ရပေမယ့်။ ဘ၀မှာတော့ အောင်လံကို ယူပြီးရင်လည်း ပြန်မကျရင် ဆက်ထိန်းထားရတယ်

အဲလိုနဲ့ ကျွန်တော် မကြာခဏ စဉ်းစားဖူးတယ်။ အောင်မြင်မှုဆိုတာကို ဘယ်ပေတံနဲ့ တိုင်းတာကြမလဲပေါ့။ ကိုယ့်ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရောက်ရင် အောင်မြင်ပြီလို့ ပြောလို့ရမလား ကျွန်တော့်ကိုယ် ကျွန်တော် ခဏခဏမေးမေး ကြည့်မိတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သတိထားမိကြမှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ရ အဆိုတော် ဖြစ်လာတယ်။ ပရိတ်သတ်တွေကြားမှာ ရေပန်းစားတယ်။ သိပ်မကြာပါဘူး သူ့သီချင်းခွေတောင် မှိုမတက်သေးဘူး အဲအဆိုတွေ ငုတ်သွားတယ် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အဲဒီတော့ သူ့ဘ၀ကို အောင်မြင်တယ်လို့ ပြောမလား။

သေချာတာ တစ်ခုကတော့ ကျွန်တော်အပါဝင် လူတော်တော်များများက ကိုယ့်စိတ်ထဲမှာ ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရောက်သွားတဲ့အခါမှာ အောင်မြင်ပြီလို့ ထင်နေကြတယ်။ သေချာပြန်စဉ်းစားကြည့်တော့ ကိုယ့်စိတ်ကူးထဲမှာ ရည်မှန်းထားတဲ့ နေရာတစ်ခုကို ရတိုင်း အောင်မြင်တယ်လို့ ပြောလို့မရပြန်သေးဘူး။

ဥပမာ အခုလက်ရှိ အမေရိကန်သမ္မတ အိုဘားမား။ သူက ပြိုင်ဘက် ဂျွန်မက်ကိန်းကို အနိုင်ရပြီး သမ္မတဖြစ်သွားတယ် သူကို ကျွန်တော်တို့ အောင်မြင်သွားပြီလို့ ပြောကြမလား။ အောင်မြင်မှုကို အဆင့်လိုက် အဆင့်လိုက် တွေနဲ့ ခွဲခြားကြည့်မယ်ဆိုရင်တော့ ရွှေးကောက်ပွဲမှာ မက်ကိန်းကို နိုင်ပြီး သမ္မတ အဖြစ်ကို ရသွားတာဟာ step တစ်ခုပဲဖြစ်မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်က ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဟစ်တလာ။ အားလုံးသိကြတဲ့အတိုင်း သူဟာ အခြေမဲ့ အနေမဲ့ဘ၀ကနေ နာဇီလို့ လူသိများကြတဲ့ National Socialist German Workers Party ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ အခြေမဲ့အနေမဲ့ဘ၀ကနေ ခေါင်းဆောင်ဆိုတဲ့ ရာထူးကို ရသွားခဲ့တယ်။ အဲလို အတိုက်ခံတွေကို ကျော်ဖြတ်ပြီး ခေါင်းဆောင်ဖြစ်လာတိုင်း အောင်မြင်မှုဟာ ပြီးပြည့်စုံသွားပြီလို့ ပြောမယ်ဆိုရင် ဟစ်တလာကို အောင်မြင်တယ်လို့ ပြောလို့ရမှာပေါ့။ ဒါပေမယ့် ဟစ်တစ်လာရဲ့ ဘ၀ကို အောင်မြင်တယ်လို့ ပြောမယ်ဆိုရင်တော့ လူတော်တော်များများက ကန့်ကွက်ကြမှာတော့ သေချာတယ်။

အဲဒီလို ဘ၀အောင်မြင်မှုဆိုတာ ဘာလဲလို့ စဉ်းစားနေရင်း စဉ်းစားနေရင်းနဲ့ နောက်ဆုံး ကျွန်တော် စဉ်းစားမိတာကတော့ ဘ၀ဆိုတာ အဝေးပြေးလမ်းမ တစ်ခုဖြစ်ခဲ့ ရင် အောင်မြင်မှုဆိုတာ မိုင်တိုင်တွေ ဖြစ်မှာပါ။ အဲဒီလိုနဲ့ လူတွေဟာ အဝေးပြေးလမ်းမပေါ်မှာ ပြေးရင်း မိုင်တိုင်တွေ တစ်ခုပြီး တစ်ခုကျော် ဖြတ်ရသလို အောင်မြင်မှု မှတ်တိုင်တွေကို တစ်ခုပြီးတစ်ခု စိုက်ထူးသွားကြတာ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် တစ်ချို့ကတော့ ကံအားလျှော်စွာ ပြေးလမ်းပေါ်မှာ မွေးခဲ့ကြပေမယ့် တစ်ချို့ကတော့ ပြေးလမ်းနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ မွေးပြီး တစ်ချို့ဆိုရင် ပြေးလမ်းဆိုတာ ဘာမှန်းတောင် မသိလိုက်ပဲ သေဆုံးသွားကြတဲ့လူတွေလဲ တပုံကြီးပေါ့။ တစ်ချို့ကတော့ ပြေးလမ်းနဲ့ ဝေးရာမှာ မွေးခဲ့ပေမယ့် ပြေးလမ်းပေါ်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးဖမ်းခဲ့ကြတယ်။

ဥပမာ အမေရိကန် သမ္မတလင်ကွန်း။ သူဆိုလည်းသူလိုငါလို သာမာန် အောက်ခြေ လူသားတစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့အတွက်တော့ သမ္မတဆိုတဲ့ ပြေးလမ်းတစ်ခုပေါ် ရောက်ဖို့ အခက်ခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်။ သမ္မတဆိုတဲ့ ပြေးလမ်းပေါ်ရောက်တော့ရော သူအောင်မြင်ဆိုပြီး ရပ်နေလို့ ရပြီလား မရသေးပါဘူး။ သူဆက်ပြေးရတယ်။ နောက်ဆုံးမှာ သူပြေးလမ်းပေါ်က ငွေဝယ်ကျွန်စနစ်ဆိုတဲ့ ငုတ်တိုင်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့တယ်။

တစ်ချို့ကတော့ ကံအားလျှော်စွာ ပြေးလမ်းပေါ်မှာ မွေးကြတယ်။ မိဘက အဆိုတော်ဖြစ်လို့ သားသမီးက အလိုလိုနေရင်း အဆိုတော်ဖြစ်လာတယ်။ အဲဒီမှာ လူတွေအားလုံးက သူ့ကို အဆိုတော်လို့ အသိမှတ်ပြုကြတယ်။ အဲဒီမှာ ကိုယ်ပိုင် အရည်ချင်းရှိသူတွေက ပြေးလမ်းတန်းတန်းဆက်ပြေးကြပြီး အရည်အချင်းမရှိသူတွေက ပြေးလမ်းကနေ ထွက်ခွါသွားကြတယ်။

လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်ကတော့ ကျွန်တော်ဟာ ပြေးလမ်းနဲ့ ဝေးတဲ့လူတစ်ယောက်ပေါ့။ အဲဒီလိုနဲ့ ပြေးလမ်းပေါ်ကို ရောက်လာခဲ့တယ်။ ပြေးလမ်းပေါ်ရောက်ခါစက ပြေးသေးတယ်။ သက်လုံပဲ မကောင်းတာလား အပျင်းပဲကြီးတာလားတော့ မသိဘူး။ ပြေးလမ်းတစ်နေရာမှာ ခွေအိပ်နေလိုက်တယ်။ တစ်ရေးနိုးလို့ ကြည့်လိုက်တော့ ကျွန်တော်နဲ့ အတူတူပြေးတဲ့လူတွေ ဟိုးအဝေးကြီးမှာရောက်နေကြပြီ။

အဲဒီတော့ သင်ရော အခု ပြေးလမ်းပေါ်မှာလား။ ပြေးလမ်းနဲ့ ဝေးရာမှာလား။ ပြေးနေပြီလား။ ကျွန်တော်လိုပဲ ပြေးလမ်းပေါ်ရောက်ပြီးမှ အိပ်ပျော်နေတာလား..........











Read More...

Thursday, December 17, 2009

မော်ဒယ်








နာမည် လာမမေးမနဲ့ တကယ်မသိဘူး။ အရပ်ကတော့ ငါးပေနဲ့ ဆယ့်တစ်လက်မ ရှိတယ်

Read More...

Tuesday, November 24, 2009

လရောင်နမ်းမှပွင့်တဲ့ပန်း

သော်တာ ….
လူတွေက ပြောကြလိမ့်မယ်
လတစ်စင်းဟာ နေတစ်စင်းလောက်အရေးမကြီးဘူးတဲ့

သော်တာ…..
ကုမုဒ္ဒြာကြာပန်းလေးတစ်ပွင့် အတွက်တော့
လတစ်စင်းက အရေးကြီးပါတယ်

သော်တာ …..
တကယ်တော့ အချစ်ဆိုတာ
ရင်ဘတ်ထဲက ကြာပန်းလေးတစ်ပွင့်ပါ

သော်တာ ……
အချစ်ပန်းလေးဖူးပွင့်စေဖို့
နှလုံးသားထဲမှာ ထာဝရထွန်းလင်းပေးပါ

Read More...

Tuesday, November 17, 2009

နေ၀င်ချိန်






ဗိုလ်တစ်ထောင်ကမ်းနား

Read More...

Sunday, November 15, 2009

ဖိုးသူတော်နှင့် လိုတိုဗျူး

ဗလာဂေါက် ဖိုးသူတော် ဖြေသည်



ကျွန်တော်တို့ ဘလော့ဂ်ဖတ် ပရိတ်သတ်ကြီးအတွက် ဖိုးသူတော်ကို မြေနီကုန်းက ဘီယာဆိုင်မှ ခဏတွေ့ဆုံခိုက် ဗျူးထားသမျှကို တင်ပြလိုက်ရပါတယ်။

ဂေါက်။ ။ ကိုဖိုးသူတော်ခင်ဗျား ကိုဖိုးသူတော်ဆိုတဲ့ နာမည်ကို ဘာဖြစ်လို့ ပေးထားတာတုန်း
သူတော်။ ။ ဒါက Just Normal ပါ။ ရိုးရှင်းပါတယ်။ အီစွတ်ပုံပြင်ထဲက သိုးယောင်ဆောင်တဲ့ ၀ံပုလွေဆိုတာ ခင်ဗျားလဲကြားဖူးမှာပေါ့။ မကောင်းတာတွေလုပ်ဖို့ရာအတွက် သိုးအရေခြုံသလို ဒီနာမည်ကို ဖိုးသူတော်လို့ ပေးထားတာပေါ့ဗျာ။

ဂေါက်။ ။ ကိုသူတော်က ရန်ကုန် လေဆိပ်မှာ အလုပ်လုပ်တယ်လို့သိရပါတယ် ဘာအဆင့်လဲခင်ဗျာ
သူတော်။ ။ ကျွန်တော်က S.A.E ပါ

ဂေါက်။ ။ သာမာန်စာဖတ်ပရိတ်သတ်တွေနားလည်နိုင်အောင် S.A.E ရဲ့ အရှည်ကောက်လေးကို ရှင်းလင်းပေးပါဘူး။
သူတော်။ ။ သိပ်အထင်မကြီးပါနဲ့ ဒါလဲ Just Normal ပါ။ သောက်သုံးမကျတဲ့ အရူး အဂျီနီယာလို့ အဓိပွါယ်ရပါတယ်။

ဂေါက်။ ။ ကိုသူတော် B.Tech စာမေးပွဲ ဖြေသေးတယ်လို့လဲ ကြားရပါတယ်။ အခုအောင်စာရင်း ထွက်သွားပြီဆိုတော့ ကိုသူတော်ရဲ့ စာမေးပွဲ Result လေးကိုလဲ ပြောပါဦး
သူတော်။ ။ ကျွန်တော်ကျပါတယ်

ဂေါက်။ ။ ဒီလောက် ဖြေရလွယ်တဲ့ခေတ်ကြီးမှာ ကိုသူတော် ဘယ်လိုဖြစ်ပြီးကျတာတုန်း
သူတော်။ ။ ဖြေရမယ်ဆိုရင်တော့ သိပ်ရှည်ဝေးပါတယ်။ ကျွန်တော်က စာမေးပွဲခန်းထဲမှာ စာခိုးချမလို့ ကော်ပီလေးကို ထုတ်လိုက်ပါတယ်။ အဲဒီမှာ အခန်းစောင့် ဆရာမက တွေ့သွားပြီး ကော်ပီစာရွက်ကို ဆွဲယူပါတယ်။ (ဆရာမဆိုပေမယ့်လဲ ကျွန်တော်နဲ့ ရွယ်တူလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ခဏဏ ကျနေလို့ အခုမှ B.Tech ပဲရှိသေးတာ။ သူတို့ကကျောင်းပြီးလို့ ကျူတာ ပြန်လုပ်တဲ့ ဆရာမဆိုပါတော့) ကျွန်တော် ဒါလေး ခိုးချမှ စာမေးပွဲအောင်မှာလေ။ အဲဒါလေး(ကော်ပီစာရွက်) မရှိတော့ရင်ဘယ်လို စာမေးပွဲဆက်ဖြေမှာတုန်း အဲဒါနဲ့ ဆရာမရယ် မဖမ်းပါနဲ့ ဆိုပြီး တောင်းပန်တာ။ သူ့လက်ကို ဆွဲသလိုဖြစ်သွားတော့ စာမွေးပွဲခန်းထဲမှာ ဆွဲလားရမ်းလား လုပ်ပါတယ်ဆိုပြီး ပါချုပ်ရုံးခန်း သွားတိုင်လို့ စာမေးပွဲကျရတာပါ။ တကယ်ဆိုရင် အဲဒီနေ့က ကျွန်တော်ယူသွားတဲ့ ကော်ပီနဲ့ မေးခွန်းနဲ့က ဒဲ့ပဲဗျ

ဂေါက်။ ။ ကျေဇူးတင်ပါတယ် ကိုသူတော်၊ ခင်ဗျားကို တခြား ဘလော့ဂ်ကာတွေက ဆရာကြီးဆရာကြီးနဲ့ ခေါ်နေကြတယ်။ ဘာဖြစ်လို့တုန်းဗျ။
သူတော်။ ။ ဟက်ဟက် ဒါလဲ Just Normal ပါပဲ။ မြန်မာစကားပုံရှိပါတယ် ခင်ဗျားလဲ ကြားဖူးပါလိမ့်မယ်။ ဆရာဆိုတာ တပည့်မရှား တပြားမရှိ ဆိုတာ။ ကျုပ်က အဲဘား နားကားနေလေ။ သုံးစရာ ပိုက်ဆံ တစ်ပြားမှ မရှိဘူး။ တပြားမရှိကို ပြောင်းပြန်လှန်တော့ တပည့်မရှာဆိုပါတော့ဗျာ။ တပည့်မရှားမရှားမှတော့ ဆရာကြီးဖြစ်ဖူးဘူးပေါ့။ အခုတောင် နားကားနေတယ် အင်တာဗျူးပြီးရင် ဘီယာဖိုးလေး ရှင်းသွားဦး

အခုလို ဖြေကြားပေးတဲ့ ကိုဖိုးသူတော်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နောက်အပတ်တွေမှာ ဘယ်သူနဲ့တွေ့ဆုံဦးမလဲဆိုတာလဲ စောင့်မျှော်ကြပါဦးလို့ ပြောကြားရင်း ဖိုးသူတော်နှင့် လိုတိုဗျူး အစီစဉ်ကို ဒီမှာပဲ ရပ်နားပါရစေ

Read More...

Tuesday, October 20, 2009

ဓာတ်ပုံနှင့် ကင်မရာရေးရာ မေးလိုရာမေးပါ

ဗလာဂေါက် မေး၍ စိုးဇေယျထွန်း ဖြေသည် မပျင်းသူများ ဖတ်ကြသည်

မေး။ ။ Film ကင်မရာနဲ့ Digital ကင်မရာ အဓိက ဘာကွာတာလဲ။
ဖြေ။ ။ Film ထည့်ရိုက်တာနဲ့ Memory ကတ် ထည့်ရိုက်တာ ကွာသွားတာ။

မေး။ ။ ကင်နွန် နဲ့ နီကွန် ရဲ့ အသိသာ အထင်ရှားဆုံး ကွာခြားမှုက ဘာပါလဲ ။
ဖြေ။ ။ ကင်နွန် နဲ့ နီကွန် ရဲ့ အသိသာ အထင်ရှားဆုံး ကွာခြားမှုက အမှတ်တံဆိပ်ပေါ့။ ကင်နွန်က Canon လို့ရေးထားပြီး နီကွန်က Nikon လို့ရေးထားပါတယ်။ အဲဒါ အသိသာအထင်ရှားဆုံး ကွာခြားမှုပဲ


မေး။ ။ တစ်ချို့ကင်မရာတွေက Water Proof ဖြစ်တယ်လို့သိရပါတယ်။ ကိုယ့်ကင်မရာဟာ Water Proof ဖြစ်မဖြစ် သိချင်ရင် ဘယ်လိုကြည့်ရမလဲ။
ဖြေ။ ။ ကင်မရာကို ရေထဲမှာ နာရီဝက်လောက် စိမ်ပြီး ရိုက်ကြည့်ပါ။ ဆက်ရိုက်နေလို့ရသေးတယ်ဆိုရင် Water Proof ဖြစ်ပါတယ်။


မေး။ ။ ကျွန်တော်တို့ရပ်ကွက်ထဲက ဘုရားကျောင်းက အတွင်းထဲမှာ တော်တော်လေးမှောင်ပါတယ်။ ဘုရားကျောင်းက မင်္ဂလာဆောင်တွေကို ဓာတ်ပုံရိုက်ရင် ကျွန်တော့်ကင်မရာက Flash (မီး) မရှိတော့ ဘုရားကျောင်းက လျှပ်စစ်မီးရောင်ကိုပဲ အားကိုးပြီးရိုက်ရပါတယ်။ မီးပျက်သွားပြီးဆိုရင် မှောင်နေတော့ ဘယ်လိုမှ ရိုက်လို့ မရတော့ဘူး။ Flash(ကင်မရာမီး) လဲ မ၀ယ်နိုင်သေးတော့ ဘုရားကျောင်းမှာ မီးပျက်နေတဲ့အခါ ဘယ်လိုရိုက်သင့်တယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ဘုရားကျောင်းက နံရံတွေကို ခွာလိုက်ပါ။ အဲဒါမှ မှောင်နေသေးတယ်ဆိုရင် အမိုးကိုပါ ဖွင့်လိုက်ပါ။ အဲဒါဆို သင့်အတွက် လုံလောက်တဲ့ အလင်းရောင် ကောင်းကောင်း ရနိုင်ပါတယ်။




Read More...

Thursday, September 24, 2009

အလှစစ်


တကယ့်အလှဆိုတာ ရွှေငွေတွေ မလိုပါဘူး အဖိုးတန် အလှကုန်ပစ္စည်းတွေ မလိုပါဘူး။ တကယ်တော့ အလှဆိုတာ ဖြူစင်ခြင်းပါပဲ...

Read More...

Tuesday, September 22, 2009

ကလေးဘဝ

ကလေးဘ၀ဆိုတာ အပူပင် ကင်းတယ်တဲ့လား.........
တကယ်အပူပင် ကင်းတယ်ဆိုရင်တောင် အဲဒီကလေးဘ၀ကို ပြန်မသွားချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင်သေးလို့လေ

Read More...

Saturday, September 12, 2009

ကျွန်တော်ရဲ့ ပထဆုံး လုံးခြင်းဝတ္ထု

ကျွန်တော်ရဲ့ ပထဆုံးလုံးခြင်းဝတ္ထုကို ဒီနေ့ညမှာ အပြီးသတ်ရေးပြီးသွားပါပြီ။ ဒီဇာတ်လမ်းကို ကျွန်တော် ဘလော့ဂ်ရေးပြီး သိပ်မကြာခင် လွန်ခဲ့တဲ့နှစ်နှစ် ကျော်လောက်ကတည်းက စပြီးရေးနေတာပါ။ ဘာလို့ ဒီလောက်ကြာသွားလဲဆိုတော့ ကျွန်တော် စိတ်ကူးပေါက်လာရင်ရေးလိုက် မရေးချင်ရင် ပစ်ထားလိုက် နှစ်လသုံးလလောက်နေမှ ပြန်ရေးလိုက် ရေးလိုက် မရေးလိုက် လုပ်နေတာတွေကြောင့်ပါ။ နောက်ပြီးတော့ တစ်ချို့အခန်းတွေဟာ ရေးပြီးခါစ ပြန်ဖတ်တဲ့အခါမှာ အရမ်းကောင်းတယ်လို့ ထင်ရပေမယ့် နှစ်လသုံးလောက်ပစ်ထားပြီး ပြန်ဖတ်တဲ့အခါမှာ အားနည်းချက်တွေကို ပြန်တွေ့ရတတ်ပြန်ပါတယ်။ အဲဒီတော့ အဲဒီအခန်းကို ပြင်လိုက်ပြန်ရော။ အဲဒီအခန်းကို ပြင်ပြီဆိုတော့ အဲဒီအခန်းနဲ့ ဆက်စပ်နေတဲ့ အခန်းတွေကိုပါ လျှောက်ပြင် အဲလို အဲလိုနဲ့ နှစ်နှစ်ကျော်ကျော် ကြာသွားခဲ့တာပါ။ စာပေစိစစ်ရေး တင်မှာရယ် တခြားပြင်ဆင်တာတွေရယ် ထည့်တွက်လိုက်ရင်တော့ နောက်ထပ် အနည်းဆုံး နှစ်လ ထပ်ကြာပါဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ဒီနှစ်မကုန်ခင် ထွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

အောက်မှာ ကောင်းနိုးရာရာ ရွေးထားတဲ့ အခန်းအဖွင့်လေးတွေကို ဖော်ပြထားပါတယ်။




အခန်း (၃)

ကိုယ်ချစ်နေတဲ့ ကောင်မလေးနဲ့ အဆင်ပြေနေရင် ပတ်ဝန်းကျင်မှာ နှင်းတွေ ဘယ်လောက်ကျပြီး ချမ်းနေပါစေ၊ အချစ်ဟာ ရင်ကိုနွေးထွေးစေတယ်။ ပတ်ဝန်းကျင်ဟာ လောကငရဲလို ပူနေပါစေ၊ အချစ်ဟာ ရင်ကိုအေးမြစေတယ်။

ကောင်မလေးနဲ့ အဆင်မပြေဘူးဆိုရင်တော့ ဘရိတ်ပေါက်သွားတဲ့ ကားလို အချစ်ဟာ အိုဗာတွေဖြစ်ကုန်တယ်။ နွေးရမဲ့အစား ပူလောင်လာတယ်။ အေးမြ မဲ့အစား အေးစက်သွားတယ်။





အခန်း (၆)

တကယ်တော့ အလွမ်းဆိုတာ အဆိပ်တစ်မျိုးပဲ။ အဲဒီအဆိပ်က နှလုံးသားကို တစ်ဖြည်းဖြည်းချင်း ဆွေးမြေ့စေတယ်

မနေ့ညက မိုးသက်လေပြင်းကျ သွားသည့်အရှိန်ကြောင့် တစ်မနက်လုံး မိုးတွေရွာနေခဲ့သည်။ နေ့ခင်းမှာ မိုးတိတ်စပြုပြီ ဖြစ်ပေမယ့် မိုးရေစက်လေးများကတော့ တံစက်မြိတ်မှာ တွဲလှဲခိုပြီး တစ်စက်ပြီး တစ်စက် ကျနေသေးသည်။ တံစက်မြိတ်တွင် တွဲလွှဲခိုနေသော မိုးရေစက်များနှင့်အပြိုင် အခန်းပြူတင်းပေါက်ဝက ကောင်မလေးတစ်ယောက်ရဲ့ မျက်လုံးအိမ်တွေလည်း မျက်ရည်စက်လေးများ တွဲလွှဲခိုနေသည်။

“ ပုံဆွဲတာ ၀ါသနာပါတယ်ဆိုလို့ သင်တန်းပေးတက်တာ၊ ပေါက်လုပ်ပဲ စားကောင်နဲ့ ရည်းစားထားဖို့ မဟုတ်ဘူး”

အဲဒီနေ့က သူ့ဘ၀ထဲမှာ မုန်တိုင်းကျတဲ့နေ့။ မုန်တိုင်းကျရင် မုန်တိုင်းသင့်သည့် နေရာများ စုတ်ပြတ်သွားသလို၊ မုန်းတိုင်းသင့်ခံ သူ့နှလုံးသားမှာလည်း ပွန်းပဲ့ ဒါဏ်ရာတွေတွေ ရခဲ့သည်။ မုန်တိုင်းရဲ့ နောက်ဆက်တွဲ ကောင်းကင်မှာ မိုးတွေရွာသလို၊ မုန်းတိုင်းသင့်ခံရသူ၏ မျက်လုံးမှာလဲ မိုးတွေ နေ့တိုင်းရွာခဲ့သည်။

အခန်း(၇)


တကယ်တော့ နှလုံးသားဆိုတာ အဖြူရောင်သက်သက်ပါ၊ အဲဒီအဖြူရောင် လေးပေါ်ကို လူတွေက ဆေးရောင်တွေခြယ်ကြတယ်လေ ပထမဆုံး ခြယ်လိုက်တဲ့ အရောင်နာမည်က ခင်မင်မှုတဲ့ နောက်တော့ သံယောဇဉ် နောက်တော့ အချစ်။
လူတွေက မေးကြတတ်ကြတယ်၊ အဖြူရောင် သက်သက်လေးက ပိုကောင်းလား၊ ဒါမှမဟုတ် ရောင်စုံလှလှလေးခြယ်ထားတာ ပိုကောင်းလားတဲ့။ တကယ်တော့ အဖြူရောင် သက်သက်လေးက လှပါတယ်၊ ဒါပေမယ့် အဲဒီအဖြူရောင်လေးကို ဆေးရောင်လှလှလေးတွေ ခြယ်လိုက်တော့ ပိုလှသွားသလိုပဲ။
ဘယ်လောက်ပဲလှတဲ့ ရောင်စုံပန်းချီကားတစ်ချပ်ပဲ ဖြစ်နေပါစေ အချိန်ကာလတွေကြာလာတာနဲ့အမျှ နေတွေ လေတွေရဲ့ တိုက်စားမှုအောက်မှာ အရောင်တွေက မှုံဝါးဝါးနဲ့ လွှင့်ပါးပျောက်ပြယ်ကုန်တယ်။ အဲလိုပဲ အလွမ်းတွေရဲ့ တိုက်စားမှုအောက်မှာ အချစ်ဆိုတဲ့ ပန်းချီကားဟာလဲ တဖြည်းဖြည်းနဲ့ မှုံဝါးသွားတတ်တယ်

အခန်း (၈)

လူတိုင်းက တစ္ဆေမကြောက်တတ်ပါဘူး။ ဒါပေမယ့် ….. ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကို ပြန်မချစ်မှာကိုတော့ လူတိုင်းကြောက်ကြပါတယ်။

နည်းနည်းချစ်ရင် နည်းနည်းကြောက်မယ် များများချစ်ရင် များများကြောက်မယ်။ တစ်ချို့ဆို ဖွင့်မပြောရဲလောက်အောင်ကို ကြောက်ကြတယ်……..

အခန်း (၉)


ဝါးပင်ဟာ တစ်သက်မှာ တစ်ကြိမ်ပွင့်ပြီးရင် သေဆုံးသွားတတ်တယ်။ လူတစ်ချို့က ပြောကြတယ် အချစ်စစ်ဆိုတာ ၀ါးပင်လိုပဲ တစ်သက်မှာ တစ်ကြိမ်ပဲ တွေ့တယ်တဲ့ . . . . .

လူတစ်ချို့ကတော့ အချစ်က ဖီးနစ်ငှက်လိုပဲ အကြိမ်ကြိမ် ပြန်လည်ရှင်သန်လာနိုင်တာတယ်တဲ့

အဲဒီတော့ ကျွန်တော်စဉ်းစားကြည့်တယ်
အချစ်ဆိုတာ ၀ါးပွင့်လား ဖီးနစ်ငှက်လား

Read More...

Beauty of Mathematics !!!!!!!

Enjoy


Beauty of Mathematics !!!!!!!

1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321

1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111

9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888

Brilliant, isn't it?

And look at this symmetry:

1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321



Now, take a look at this...


101%



From a strictly mathematical viewpoint:



What Equals 100%?
What does it mean to give MORE than 100%?

Ever wonder about those people who say they are giving more than 100%?

We have all been in situations where someone wants you to
GIVE OVER 100%.

How about ACHIEVING 101%?


What equals 100% in life?


Here's a little mathematical formula that might help
answer these questions:


If:

A B C D E F G H I J K L M N O P Q R S T U V W X Y Z

Is represented as:

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26.


If:


H-A-R-D-W-O- R- K

8+1+18+4+23+ 15+18+11 = 98%


And:

K-N-O-W-L-E- D-G-E

11+14+15+23+ 12+5+4+7+ 5 = 96%


But:

A-T-T-I-T-U- D-E

1+20+20+9+20+ 21+4+5 = 100%



THEN, look how far the love of God will take you:



L-O-V-E-O-F- G-O-D

12+15+22+5+15+ 6+7+15+4 = 101%


Therefore, one can conclude with mathematical certainty that:

While Hard Work and Knowledge will get you close, and Attitude will
get you there, It's the Love of God that will put you over the top!

It's up to you if you share this with your friends & loved ones just
the way I did..

Have a nice day & God bless!!

Metacafe မှာ တွေ့လို့ ပြန်ပြီး မျှဝေပေးလိုက်တာပါ

Read More...

Thursday, August 20, 2009

တော်တော်အားနေပုံရတယ်


- The funniest movie is here. Find it

Read More...

Thursday, August 06, 2009

Blog Day

2009 ခုနှစ် သြဂုတ်လ (31) ရက်နေ့မှာ ကျရောက်မယ့် ဘလောဂ့်ဒေး အထိမ်းအမှတ်အဖြစ် ဘလောဂ့်ဂါ တွေ့ဆုံပွဲနှင့် လေ့လာရေး ခရီးစဉ်တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာသာမက. မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ ဘလောဂ့်ဂါတွေ စုံစုံညီညီ တက်ရောက်ပါဝင် ဆင်နွှဲနိုင်ပါတယ်။ နိုင်ငံခြားမှာ ရှိနေကြတဲ့ ဘလောဂ့်ဂါတွေလည်း တက်ရောက်နိုင်ပါတယ်။

ဒီအစီအစဉ်ကို 2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လာရောက်ဆင်နွှဲကြတဲ့ ဘလောဂ့်ဂါတွေ အားလုံးအတွက် Game, Role Play, Quiz အစရှိတဲ့ ပျော်ရွှင်စရာ ၊ ဗဟုသုတရစရာ အစီအစဉ်များပါဝင်တဲ့ အပြင် ၊ ဘလောဂ့်ဂါ အချင်းချင်း အမှတ်တရ လက်ဆောင်များကိုလည်း လှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုအနေဖြင့် Excursion သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို Shrikittaya 2.0 လို့ အမည်ပေးထားပြီး.. ခရီးစဉ်မှာ လိုက်ပါကြမယ့် ဘလောဂ့်ဂါတိုင်းကို နှစ်သက်ကြည်နူးစေမယ့် အစီအစဉ်တွေ ထပ်မံထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ခရီးစဉ်က ပြန်ရောက်လာရင်တော့ Shrikittaya 2.0 မှာ တွေ့ခဲ့ မြင်ခဲ့ရတာတွေ လေ့လာခဲ့ရတာတွေကို ဘလော့ဂ်ပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင် ရေးသားကြပါမယ်။

ဒီပွဲမှာ လာရောက်ဆင်နွှဲလိုကြတဲ့ ဘလောဂ့်ဂါများအားလုံးအနေဖြင့် Register ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ Registration Fees ကိုပေးဆောင်ရပါမယ် ဆိုတာလေးကိုလည်း သိစေချင်ပါတယ်။

နေ့ရက် - 29 - Aug -2009 and 30-Aug-2009 (စနေ ၊ တနင်္ဂနွေ)
အချိန် - တွေ့ဆုံပွဲ @ နံနက် (10) နာရီမှ ညနေ (4) နာရီထိ
ခရီးစဉ် @ ည (10) နာရီ
နေရာ - ကန်တော်ကြီး (Point ကို ပြန်လည်ကြေငြာပေးပါမည်)

2009 ခုနှစ် သြဂုတ်လ (29) ရက်နေ့ ည (10) နာရီခန့်တွင် Shrikittaya 2.0 ထွက်ခွာမည်ဖြစ်ပြီး ၊ 30 ရက်နေ့ ညပိုင်းကို ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်တွင် လိုက်ပါခြင်းမရှိပဲ ၊ တွေ့ဆုံပွဲသို့လည်း သီးသန့်လာရောက်နိုင်ပါတယ်။

ကဲ.. မြန်မာဘလောဂ့်ဂါတွေ ဘလောဂ့်ဒေးမှာ ပျော်ပျော်ပါးပါး ဆုံတွေ့ကြမယ်နော!

Read More...

Thursday, July 30, 2009

ဘာကြည့်တာလဲ အိုဘားမား

သတင်း ၀က်ဆိုက်တွေ အိုဘားမှာ ဘာကိုကြည့်လဲဆိုတာ ပုံတွေတွေ့ခဲ့ဖူးပါတယ်။ ကိုညီလင်းဆက်ကတော့ ဖိနပ်ကိုကြည့်တာလို့ သူ့ဘလော့ဂ်မှာ ရေးထားပါတယ်။ အခု ဗီဒီယိုဖိုင်လေး မက်တာကဖေးက ရလို့ ပြန်မျှဝေပေးလိုက်ပါတယ်။ အိုဘားမား ဘာကိုကြည့်တာလဲ


Obama and Sarkozi Admiring a Woman's Backside - Watch a funny movie here

Read More...

Wednesday, July 29, 2009

ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့



ကျွန်တော် ဆေးလိပ်ကို သုံးတန်းနှစ်လောက်ကတည်းက စသောက်ဖူးတယ် အကိုဝမ်းကွဲ တစ်ယောက်သင်ပေးတာလေ။ ကျွန်တော့်ကို ဆေးလိပ်သောက်သင်ပေးတဲ့ အချိန်မှာ သူက ရှစ်တန်း။ အဲဒီတုန်းက ငယ်သေးတော့ ဆေးလိပ်သောက်တယ်ဆိုတာထက် ဆေးလိပ်ဖွာတယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ သူရှိုက်သလို ရှိုက်ကြည့်တယ် ရှိုက်လို့မရဘူး။ အဲဒီတုန်းက ကျွန်တော်တို့ ဆေးလိပ်သောက်တဲ့နေရာက အစ်ကိုဝမ်းကွဲတို့ အိမ်နောက်က မန်ကျီးပင်ကြီးပေါ့။ အုန်းပင်တစ်ပင်စာလောက်မြင့်တဲ့ မန်းကျီးပင်ကြီးရဲ့ ထိပ်ဖျားကို တက်သောက်တော့ အိမ်ကလူတွေ အမြင်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး နောက်ပိုင်းမှာ ဆက်မသောက်ဖြစ်တော့ဘူး။

ကိုးတန်းရောက်တော့ ကျွန်တော်က H ခန်းမှာနေရတယ်။ စာတော်တဲ့လူ မတော်တဲ့လူ အစရှိသဖြင့် ABCD စဉ်ပြီးထားတာဆိုတော့ H ခန်းဆိုတာ ဘိတ်ဆုံးခန်းပဲ။ ကိုးတန်းကျတဲ့ လူတွေလဲ H ခန်းမှာနေရတယ်။ ပြောမယ်ဆိုရင်တော့ ဗရုတ်အကျဆုံး ကျောင်းသားတွေ စုနေရတဲ့အခန်းပေါ့။ ကျောင်းမှာ ဆေးလိပ်သောက် ကွမ်းစားတာတော့ စကားထဲထည့်ပြောမနေနဲ့ ဆေးချတဲ့လူတွေလဲရှိတယ်။ တစ်ချို့က ဆေးကိုအမှုန့်ကြိတ်ပြီး ဆေးလိပ်ထဲ ထည့်သောက်ကြတယ်။ တစ်ခန်းလုံးမှာ ယေကျာင်္းလေးတွေထဲမှာ ဆေးလိပ်မသောက်တာ ကျွန်တော် တစ်ယောက်တည်းရယ်။ အဲဒါကြောင့် ဘာရယ်မဟုတ်ဘူး သူတို့နဲ့ လိုက်သောက်ကြည့်တယ်။ ငယ်ငယ်တုန်းက ဆေးလိပ်ဖွာခဲ့ဖူးပေမယ့် ကိုးတန်းအရွယ်မှာ ဆေးလိပ်ဖွာရတာကို ကျွန်တော်ခတွင်းမတွေ့ဘူး ပါးစပ်ထဲမှာ ဖန်တယ်။ ပြီးတော့ မီးခိုးနံ့တွေကို ကျွန်တော်မခံနိုင်ဘူး။ အဲဒီလိုနဲ့ ဆေးလိပ်ကို အခုအချိန်အထိ မသောက်ဖြစ်တော့ဘူး။

ကွမ်း ဆိုတာကတော့ ကျွန်တော့်လက်တစ်ကမ်းမှာပဲ။ အဖေက ကွမ်းအရမ်းစားတယ်။ အိမ်မှာ ကွမ်းအစ်ရှိတယ်။ ကျွန်တော်တို့ ငါးတန်းအရွယ်လောက်မှာ ကျောင်းက သူငယ်ချင်းတစ်ချို့ ကွမ်းကိုစပြီး စားကြပြီ အဲဒီအရွယ်ကတော့ အဆိမ့်ပေါ့။ ဆေးရွက်ကြီးမပါပဲ ဗလရှင် ဂုန်ခါး သံပရာ အစရှိသဖြင့် ထည့်စားကြတာပေါ့။ အဲဒီမှာ ကျွန်တော်လဲ သူတို့နဲ့ အတူလိုက်စားကြည့်တယ် ရှတတနဲ့ ကျွန်တော်သိပ်မကြိုက်ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက ပြောတယ် ဆက်တိုက် မစားလို့ အဲလိုဖြစ်တာတဲ့ ဆက်တိုက်စားရင် ဘာမှမဖြစ်တဲ့။ အဲဒါနဲ့ အိမ်ရောက်တော့ အဖေ့ကွမ်းအစ်ကိုယူပြီး တစ်ယာပြီးတစ်ယာ ထိုင်စားကြည့်တယ်။ လျှာတွေထုံးပေါက်ပြီး ငါးရက်လောက် ထမင်းကောင်းကောင်း မစားနိုင်အောင်ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း ကွမ်းဆိုရင် ပါးစပ်ထဲမထည့်တော့တာ အခုအချိန်အထိပဲ။

အရက်ဆိုတာတော့ တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့အချိန်အထိ တစ်ခါမှ မစမ်းခဲ့ဖူးဘူး။ ဒါပေမယ့် ကျွန်တော့်မှာ အိပ်မပျော်တဲ့ ရောဂါတစ်ခုက စွဲလာတယ်။ အဲဒီအချိန်တုန်းက ၂၀၀၄ ခုနှစ်ပေါ့ ကျွန်တော် 7 Day ဂျာနယ်မှာ သတင်းထောက်လုပ်နေပြီ။ ညဘက်ရောက်ရင် အိပ်လို့မပျော် နေ့ခင်းဘက်မှာ ရုံးတက်ရ သတင်းလိုက်ရနဲ့ဆိုတော့ အဆင်မပြေဘူး။ အဲဒါကြောင့် အရက်သောက်ပြီး အိပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းက Grand royal ၀ီစကီတစ်တောင့်ကို ၁၂၀၀ ပေးရတယ်။

ပထဆုံးစသောက်တဲ့နေ့က နှစ်ပက်လောက်ကို တစ်ဘရိတ်ထဲ ရေမရောပဲ သောက်လိုက်တာ ဗိုက်ထဲမှာ ပူပြီးဆင်းသွားတာကြောင့် ရေတွေသုံးလေးခွက်လောက် ဆက်သောက်ရတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညကတော့ ရစ်ချာရစ်ချာနဲ့ အိပ်ပျော်သွားတယ်။ အဲဒါကြောင့် နောက်ညမှလဲ အဲလိုပဲ တစ်ခွက်ထပ်သောက်တယ်။ ဒါပေမယ့် ကျွန်တော်သောက်ရင်း သောက်ရင်း သတိထားမိတာက အရက်သောက်ခါနီးတိုင်းမှာ ဆေးသောက်ရမှာ ပျင်းတဲ့ လူတစ်ယောက်လိုပဲ သိပ်မသောက်ချင်ဘူး။ အဲဒါကြောင့် တစ်ချို့ညတွေဆို ခွက်ထဲထည့်ပြီးမှ မသောက်ဖြစ်လို့ သွန်ပစ်လိုကရတာတွေရှိတယ်။ အဲလိုနဲ့ ၀ီစကီသုံးလေးပုလင်းလောက် ကုန်သွားပြီးတော့ ကျွန်တော်ဆက်မ၀ယ်ဖြစ်တော့ဘူး သောက်လဲ မသောက်ချင်တော့ဘူး။

ဘီယာ။ ဘီယာကိုတော့ ကျွန်တော်ပထဆုံး လျှာပေါ်ကို တင်ဖူးတာ ဆယ်တန်းစာမေးပွဲ နောက်ဆုံးညကပေါ့။ သူငယ်ချင်းတစ်ယောက်က တိုက်ဂါးဘူးတစ်ဘူး ကျွန်တော့်ကို ပေးတယ်။ ရော့မင်းဒါသောက်တဲ့။ အဲဒါနဲ့ ကျွန်တော်လဲ ဖွင့်ပြီး မော့ကြည့်လိုက်တယ်။ ပါးစပ်ထဲမှာ ပဲကြီးလှော်တွေကို ရေစိပ်ထားသလိုပဲ ထင်ရတယ် အဲဒါနဲ့ ကျွန်တော် ပြန်ထွေးထုတ်လိုက်ပြီး မသောက်တော့ဘူးဆိုပြီး သူ့ကို ဘူးပြန်ပေးလိုက်တယ်။ အဲဒီကနေ နေလာတာ ဆယ်တန်းအောင်ပြီး ရန်ကုန်ရောက်လာတော့ အလုပ်အဆင်းမှာ မန်နေဂျာ အကိုကြီး ဦးဆောင်ပြီး ကျွန်တော်တို့ သုံးလေးယောက် ဆယ့်ကိုးလမ်းကို ချီတက်ခဲ့ကြတယ်။ ဆယ့်ကိုးလမ်းရောက်တော့ ဘီယာတွေမှာပြီး သောက်ကြတယ်။ ကျွန်တော်က မသောက်ပဲ ထိုင်ကြည့်နေတယ်။ အဲဒီမှာ ရုံးမှာ အသေးလေးလို့ ခေါ်တဲ့ စာရေးမ လူကောင်သေးသေးလေးက ဘီယာနှစ်ခွက်ကုန်သွားပြီ ကျွန်တော့်ဘီယာခွက်က မသောက်ရသေးဘူး။ အဲဒီတော့ မန်နေဂျာအကိုကြီးက ဟေ့ရောင်သောက် ဟိုမှာ အသေးလေးတောင် နှစ်ခွက်ကုန်ပြီ ဆိုတော့ မကောင်းတတ်လို့ တစ်ငုံနှစ်ငုံသောက်ပြီး ထားလိုက်တယ်။ အဲလိုနဲ့ ဆေးလိပ်မသောက် ကွမ်းမစား အရက်မသောက် ဘီယာမသောက်ပဲ ကျွန်တော်ရန်ကုန်မြို့မှာ ရှင်သန်ကျင်လည်ခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော် ဘာရယ်မဟုတ်ဘူး အပေါင်းသင်းတွေနဲ့တွေ့လို့၊ စာမူခတွေပိုရလို့၊ စသည်ဖြင့် ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး ဘီယာကိုသောက်ဖြစ်လာတယ်။ ကျွန်တော်သတိထားမိတဲ့ အချိန်မှာ ကျွန်တော်ဘီယာကို ကောင်းကောင်း သောက်တတ်နေပြီ။ ဘယ်လောက်အထိ သောက်တတ် လာသလဲဆိုတော့ ကျွန်တော့်နဲ့ စပေါင်းခါစက သူငယ်ချင်းတွေတောင် မျက်လုံးပြူရလောက်တဲ့ အဆင့်ရောက်သွားတယ်။ ဒါကတော့ ကျွန်တော် ဘီယာသောက်ဖြစ်သွားတဲ့ သမိုင်းကြောင်းပေါ့ဗျာ။

ကျွန်တော် သတိထားမိတာကြာပြီ။ အခုနောက်ပိုင်း ကျွန်တော် အမြဲတမ်းလိုလို ပိုက်ဆံပြတ်နေတတ်တယ်။ တစ်ချို့ရက်တွေဆို ထမင်းစားဖို့ မပြောနဲ့ ဘတ်စကားစီဖို့ အကြွေငါးဆယ်တောင် မကျန်အောင်ပြတ်တယ်။ အဲလို ပြတ်တာ တစ်ခါလား၊ နှစ်ခါလား၊ သုံးခါလား။ အဲလို မဟုတ်ဘူး လတိုင်းဖြစ်နေတယ်။ အမြဲတမ်းလိုလိုကို ပြတ်နေတယ်။ အဲဒီတော့ ကျွန်တော် ပြန်စဉ်းစားကြည့်တယ် ငါ့ဝင်ငွေများ နည်းလို့လား....

လွန်ခဲ့ သုံးနှစ်ကျော်က ကျွန်တော့်သတင်းထောက်လစာက တစ်လကို တစ်သောင်းနဲ့နှစ်ထောင် စာမူခက တစ်ပါတ်ကို ပျမ်းမျှခြင်း ငါးထောင်လောက်ရတယ်။ ငါးထောင်က ကျွန်တော့တစ်ပတ်စာ စားစရိတ်ကို ဖူလုံတယ်။ လစာကို အသားတင်စုနိုင်ခဲ့တယ်။

အခု ကျွန်တော်ဝင်ငွေက အဲဒီတုန်းကထက်စာရင် အများကြီးမြှင့်လာတယ်။ ပြန်စဉ်းစားကြည့်တော့ မစုနိုင်ဘူးဆိုရင်ထားဦး စားစရာမရှိအောင်ကို ပိုက်ဆံပြတ်ပြတ်သွားတယ်ဆိုတော့ မဖြစ်သင့်ဘူးလို့ ထင်လာမိတယ်။ အဲဒါဘာကြောင့်လဲ။ စဉ်းစားနေဖို့ မလိုပါဘူး။ ဘီယာသောက်လို့ပေါ့။ ဘီယာသောက်ပြီဆိုတော့ တစ်ခါသောက်ရင် မကုန်ဘူးဆိုရင် ငါးထောင်ပေါ့ဗျာ။ တစ်ရက်ငါးထောင်ပဲထား တစ်လလုံးဆိုရင် တစ်သိန်းခွဲဖြစ်နေပြီ။

ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး ညီအရင်းကို ရန်ကုန်မှာ ကျွန်တော်ခေါ်ထားခဲ့တယ်။ သူကလဲ အနုပညာကို ၀ါသနာပါတယ်။ နယ်ကနေ ရေးပို့တဲ့ သူ့ကဗျာတစ်ချို့လဲ မဂ္ဂင်္ဇင်းတွေမှာပါဖူးတယ်။ ကျွန်တော့်ဘလော့ဂ်မှာ တင်ထားတဲ့ စိုးမိုးသွင် ဆိုတဲ့ နာမည်နဲ့ ရေးထားတဲ့ ကဗျာတွေက သူရေးတာတွေပေါ့။ အဲဒီတော့ သူဝါသနာပါတဲ့ စာပေလိုင်းထဲကို ၀င်လို့ရအောင်ဆိုပြီး ကျွန်တော်နဲ့လာနေဆိုပြီး ရန်ကုန်ကို ခေါ်လိုက်တာပေါ့။

ရန်ကုန်က ငှားထားတဲ့ အခန်းမှာက သူနဲ့ကျွန်တော် နှစ်ယောက်တည်းနေရတာကိုး။ အဲဒီတော့ ညပိုင်းတွေ ကျွန်တော်ဘီယာသွားသွားသောက်ရင် အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ရမှာ ပျင်းတော့ ကျွန်တော်နဲ့ လိုက်လိုက်လာတယ်။ လိုက်လာရင်းနဲ့ ကျွန်တော်နဲ့ အတူ လိုက်သောက်တယ်။ သူပထဆုံး ကျွန်တော်နဲ့ လိုက်လာတဲ့နေ့က တစ်ခွက်ကုန်သွားတော့ မင်းယူမှာဆိုတော့ တော်ပြီတဲ့။ သူခေါင်းခါပြတယ်။ နောက်တော့ အဲလိုနဲ့ ကြာလာတော့ နှစ်ခွက် နှစ်ခွက်ကနေ သူသုံးခွက်အထိ သောက်လာနိုင်တယ်။

ဟိုတစ်လောက်က ဘီယာဆိုင်ထိုင်တော့ သူလဲ ထုံးစံအတိုင်းလိုက်လာတယ်။ ကျွန်တော်က ဘီယာကို တစ်ခွက်ပဲမှာလိုက်တယ် သူ့အတွက်မမှာတော့ သူနဲနဲတော့ ငုတ်သွားတယ်။ ဘာဖြစ်လို့လဲတဲ့ ကျွန်တော့်ကိုမေးတယ်။ မင့်ကိုမသောက်စေချင်လို့ ပေါ့ကွလို့ပြောလိုက်တယ်။ နောက်နေ့က စပြီး ကျွန်တော်အပြင်ထွက်ပြီး ဘီယာသွားသောက်ရင်လဲ သူ့ကို အိမ်မှာပဲထားခဲ့တယ် ဘီယာဆိုင်ကို ခေါ်မသွားတော့ဘူး။

အဲဒီတော့သူက ဘာမှတော့ မပြောပါဘူး။ ဘီယာသောက်ပြီး ပြန်လာရင် သူကျွန်တော့်ကို ကြည့်တဲ့ အကြည့်က “မင်းက ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့လူစားမျိုးပဲလို့” ပြောနေသလိုပဲ။

လူတော်တော်များများက ပီမိုးနင်းကို သဘောကျကြတယ်။ သူ့စာတွေကို ဖတ်ကြတယ်။ ကျွန်တော်လဲ ဖတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အထုပ္ပတ္တိကို သောချာသိလာတဲ့အခါမှာ ကျွန်တော်သူ့စာတွေ သိပ်မဖတ်ဖြစ်တော့ဘူး။ ဒီလူက ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ လူစားမျိုးပဲလို့ ကျွန်တော်မှတ် ချက်ချခဲ့ဖူးတယ်။ သူကိုယ်တိုင်ကလဲ ပြောခဲ့ပါတယ် ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့တဲ့။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်သူ့စကားကိုကြီးကို ဘ၀င်မကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြောဆိုဆုံးမတဲ့လူကလည်း စံပြဖြစ်နေရမယ်လို့ ထင်တယ်။ ကိုယ်ကိုယ်တိုင်က မလိုက်နိုင်တဲ့အရာတွေကို လူကိုလိုက်နာဖို့ ဘာလို့ တိုက်တွန်းနေပါလိမ့်လို့ ကျွန်တော်တွေးနေခဲ့မိတယ်။

ပီမိုးနင်းက ကိုယ်မလိုက်နာနိုင်တဲ့ အရာတွေကို ဘာဖြစ်လို့ အခြားလူတွေကို လိုက်နာပါဆိုပြီး စာအုပ်တွေထဲမှာ ဘာဖြစ်လို့ ရေးထားခဲ့လဲဆိုတာ အဲဒီညမှ ကျွန်တော်ကောင်းကောင်း သဘောပေါက်သွားခဲ့တယ်။

Read More...

မြွေပွေးသားပေါက် ၃

ခြောက်လက္မသာရှည်တဲ့ လျှာတစ်ချောင်းက ခြောက်ပေရှည်တဲ့ လူတစ်ယောက်ရဲ့ အသက်ကို သေစေနိုင်တယ်။ (ဂျပန်စကားပုံ)

အဲဒီလျှာတစ်ချောင်းကြောင့် နားလည်မှုတွေလွှဲပြီး သူငယ်ချင်းတွေ ဆုံးရှုံးသွားခဲ့ရဖူးတယ်။ တစ်ခါတစ်လေတော့လဲ အဲဒီလျှာကို ဖြတ်ပစ်ချင်လောက်အောင် ကိုယ့်စကားကိုယ် နောင်တရခဲ့ဖူးတယ်။ တစ်ခါတစ်လေမှာ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လူတွေ ပျော်ရွှင်သွားခဲ့တာ တွေ့ဖူးပါတယ်။ ဒါပေမယ့် စကားကြောင့် ကောင်းကြိုးရလဒ်တွေရတဲ့အခါမှာ လျှာကြောင့်လို့ မတွေးမိပဲ စကားကြောင့် အမှားတွေရတဲ့အခါကျမှ ဘာဖြစ်လို့ လူတွေက လျှာကို အပြစ်ပုံချချင်ရတာလဲ။

အင်းလေ လျှာဆိုတာ ကားမဟုတ်တော့လည်း စိတ်ရဲ့ အနှိပ်အမြှင့် အတက်အကျတွေမှာ ဘယ်လိုလုပ်ပြီး ဘရိတ်အုပ်နိုင်မှာလဲ။

Read More...

Tuesday, July 28, 2009

နီဗီရာကတော့ မသုံးရဲအောင်စွမ်းပါပေတယ်


Smooth!!! - The most amazing videos are a click away

Read More...

Monday, July 27, 2009

မြွေပွေးသားပေါက် ၂

အချစ်ဆိုတာ လက်ကိုင်ဖုန်း တစ်လုံးလိုပဲ။ မရှိမဖြစ်လားတော့ မဟုတ်ပြန်ဘူး။ ရှိရင်တော့ကောင်းတယ် အသုံးတည့်တယ်။ ဒါပေမယ့် တစ်ခါလေမှာ လက်ကိုင်ဖုန်းဆိုတာ အသုံးတဲ့တာနဲ့ မတန်အောင် တဂျီဂျီနဲ့ နားငြီးစရာကောင်းတယ်။ ဒါပေမယ့် လူတစ်ချို့က လက်ကိုင်ဖုန်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာလို့ မြင်နေကြပြန်တယ်။

(စိုးဇေယျထွန်း)

Read More...

မြွေပွေးသားပေါက် ၁

သံယောဇဉ်ဆိုတာ သန်းဥတွေလိုပဲ၊ ပွားတာမြန်တယ်။ အချစ်ဆိုတာတော့ သန်းပေါ့၊ လူကို ယားယံစေတယ်။
သံယောဇဉ်ဆိုတဲ့ သန်းဥကနေ အချစ်ဆိုတဲ့ သန်းကောင်တွေ ပေါက်တယ်။ အချစ်ဆိုတဲ့ သန်းကောင်တွေက သံယောဇဉ်ဆိုတဲ့ ဥတွေကို ထပ်ထပ်ပြီးဥချတယ်။ ဥလိုက် ပေါက်လိုက် ယားလိုက် ကုတ်လိုက်၊ အဲဒီလိုနဲ့ လုံးချာပတ်ချာလိုက်ပြီး လူကို ဘေးဥပါဒ် ဖြစ်စေတယ်။

(စိုးဇေယျထွန်း)

Read More...

Saturday, July 25, 2009

လွမ်းကဗျာ

နင်မရှိတဲ့မိုးရာသီဟာ
ငါ့ရင်ဘတ်ပေါ်ကို အလွမ်းတွေတ၀ုန်းဝုန်းရွာချတယ်

အလွမ်းတွေရွာချလို့
တိုးလျှိုပေါက်သွားတဲ့ နှလုံးသားကို
အလွမ်းကဗျာတွေနဲ့ ဖာထေးလို့မရနိုင်တော့ဘူးဆိုတာ
သိလိုက်ရချိန်မှာတော့
နင်က ဟိုးအဝေးမှာ ......

တကယ်တော့
အလွမ်းကဗျာဆိုတာ အတောင်ပံမပါတော့လည်း
နင့်ဆီရောက်အောင်တော့ ဘယ်ပျံနိုင်မှာလဲလေ


အလွမ်းကဗျာတွေ မပျံနိုင်ပေမယ့်
နင်ပြန်လာတဲ့တစ်နေ့မှာ ဒီကဗျာတွေ့ရင်
ငါဘယ်လောက်လွမ်းခဲ့ဆိုတာ
နင်သိမှာပါ

စိုးဇေယျထွန်း

Read More...

Saturday, July 18, 2009

ပိုင်ဆိုင်မှုတွေဆုံးရှုံးခြင်း

ပိုင်ဆိုင်ခွင့်မရခြင်းကြောင့် ခံစားရတာထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားတဲ့အခါမှာ ပိုပြီးခံစားရတယ် ..........


ဒီလိုရယ်ပါ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော် ၂၀၀၉ ဧပြီလလောက်အထိ ရိုက်ခဲ့သမျှ ပုံတွေကို သိမ်းထားတဲ့ စီဒီအယ်ဘမ်လေး ပျောက်သွားတယ်။ ဒါရောဆိုရင် ကျွန်တော်ဒေတာတွေ ဆုံးရှုံးဖူးသွားတာ နှစ်ကြိမ်ရှိသွားပါပြီ။ ပထဆုံး အကြိမ်တုန်းကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာထဲမှာ သိမ်းထားတာပါ။ သူ့ကွန်ပျူတာကို အိမ်ပြန်ယူသွားပါတယ်။ သူ့အိမ်က လာယူတဲ့အချိန်မှာ ဒေတာတွေယူနေရင် စောင့်နေရမှာ စိုးတာကြောင့် ဒီတိုင်းပေးလိုက်ပါတယ် နောက်နေ့မှ လာယူမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်လည်းတော်တော်နဲ့ သွားမယူဖြစ်ဘူး။ သုံးလလောက်ကြာမှ သွားယူတော့ အဲဒီကွန်ပျူတာကို ဆိုင်ဘာကဖေးထဲမှာ ထည့်ထားတယ်တဲ့။ ဘယ်အလုံးလဲဆိုတော့ မမှတ်မိတော့ဘူး။ အဲဒါကြောင့် ဆိုင်ဘာကဖေးထဲမှာရှိတဲ့ ကွန်ပျူတာ ဆယ့်ငါးလုံးလောက်မှာ တစ်လုံးပြီးတစ်လုံး လိုက်ရှာကြည့်တယ် ဘယ်အလုံးမှာမှ မရှိတော့ဘူး။ Recovery လုပ်ဖို့ကျတော့လည်း ဘယ်အလုံးမှန်းမသိတော့ ခက်ပြန်တယ်။ ဒါနဲ့ပဲ အဲဒီဒေတာလေးတွေ ပလုံးသွားတယ်။ အဲဒီပလုံသွားတဲ့ထဲမှာ ရေးလက်စ တစ်ဝက်တစ်ပျက် ၀တ္တုလေးတွေ ဓာတ်ပုံတွေပါသွားပါတယ်။ အဲဒီအထဲမှာ နှမျှောဆုံးကတော့ ပလောင်ရွာမှာရိုက်ခဲ့တဲ့ ပုံလေးတွေပါ။

အခုတစ်ကြိမ်ကတော့ .....
ကွန်ပျူတာထဲမှာ ပုံတွေထည့်ပြီဆိုတာနဲ့ DVD ဘန်းထားလိုက်ပါတယ်။ ဒီတစ်ခါတော့ စနစ်ကျအောင်ဆိုပြီ စီဒီချပ်မှာ နံပါတ်တွေထိုး အဲဒီထဲမှာပါတဲ့ ပုံအမျိုးစားတွေကို သေချာရေးပြီး မှတ်ထားပါတယ်။ ပြီးတော့ စီဒီဘန်းဘန်းပြီးချင်းမှာလဲ ချက်ခြင်းမဖျက်သေးပဲ စီဒီဘန်းပြီးသားဆိုတဲ့ Folder လေးဆောက်ပြီး ထည့်ထားပါတယ်။ ဟက်ဒစ်မှာ ပုံတွေပြည့်လုပြည့်ချင် ဖြစ်နေပြီဆိုမှ စီဒီဘန်းပြီးသားလို့ နာမည်ပေးထားတဲ့ Folder ထဲကို ၀င်ပြီး အရေးမကြီးတဲ့ဟာတွေကို ဦးစားပေးပြီး ဖျက်ပါတယ်။

အဲဒီလိုနဲ့ အရင်တစ်ပတ်ကျော်က ကွန်ပျူတာကို ၀င်းဒိုးအသစ်တင်ဖို့ အကြောင်းပေါ်လာပါတယ်။ ၀င်းဒိုးတင်မယ်ဆိုတော့ စီဒီမဘန်းရသေးတာတွေကို စီဒီဘမ်းပါတယ်။ ပြီးတော့ ကွန်ပျူတာထဲက ရှိသမျှဒေတာတွေ အကုန်လုံးကို ဒလိလုပ်ပြီး ဆိုင်ပို့လိုက်ပါတယ်။ အကုန်လုံးကို ဒလိလုပ်ပြီးမှ ဆိုင်ပို့တယ်ဆိုတာကလဲ အော်ရယ်ဂျင်နယ် ဓာတ်ပုံဖိုင်တွေ မလိုအပ်ပဲ အပြင်ကို မရောက်အောင်လို့ပါ။ ဓာတ်ပုံသမားတစ်ယောက်အတွက် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ အပြင်မှာ ဘယ်လိုပဲ ပျံ့နေပါစေ ကိုယ့်ဆီမှာ အော်ရင်ဂျင်နယ် ဖိုင်ရှိနေသမျှ ကာလပတ်လုံး မူပိုင့်ခွင့်ဥပဒေရ တရားဝင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဖျက်ပြီးမှ ပေးလိုက်တာပါ။ ရည်ရွယ်ချက်ကတော့ တခြားလူရဲ့ လက်ထဲကို အော်ရယ်ဂျင်နယ်ဖိုင် ရောက်မသွားနိုင်ပေါ့။

ကွန်ပျူတာလဲ ပြန်ရတော့ ပုံတွေပြန်ကြည့်ဖို့ရှာတာ စီဒီအယ်ဘမ်နှစ်ခုထဲက တစ်ခုပျောက်နေတယ်။ ဘယ်မှာ ဘယ်လိုပျောက်တာလဲ။ စဉ်းစားကြည့်တယ်..။ သေချာတာကတော့ ဆိုင်ဘာကဖေးဆိုင်မှာ ကျန်ခဲ့တာ ဖြစ်ဖို့များပါတယ်။ ဘယ်တုန်းက ပျောက်နေမှန်းမသိတဲ့ စီဒီအယ်ဘမ်ကို ပြန်ရဖို့ဆိုတာတော့ ပင်လယ်ထဲ အပ်ကျသလိုပဲ မျှော်လင့်ချက်လဲ မရှိတော့ပါဘူး။ တတ်သလောက်မှတ်သလောက် ပညာစွမ်းလေးနဲ့ ရီကာဘာရီ လုပ်ကြည့်တော့ ပုံတွေက သုံးမရပါဘူး အထစ်တွေ အပိုင်းတွေ အပြတ်တွေ ဖြစ်နေပါတယ်။ နားလည်တဲ့လူတွေကို မေးကြည့်တော့ ရီကာဘာရီ ခဏခဏ လုပ်ထားတဲ့ ဟက်ဒစ်ဆိုရင်တော့ ပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ ပျောက်သွားတဲ့ ပုံလေးတွေကို မျက်စိထဲပြန်မြင်ကြည့်မိရင် ရင်နာလို့ မဆုံးတာတော့ အမှန်ပါပဲ။


ပြန်ရဖို့ မဖြစ်နိုင်တော့တဲ့ ဓာတ်ပုံလေးတွေထဲက တစ်ချို့ကိုတော့ ဒီနေရာမှာ ကလစ်နှိပ်ကြည့်လို့ရပါတယ်။

Read More...

Tuesday, July 14, 2009

အဆုံးမှတ်

အလွမ်းရောင်ရင့်ရင့်နဲ့
ကြေကွဲပွင့်တွေအဆင့်ဆင့်ဖူးပွင့်နေလိုက်ကြပုံများ
တစ်လောကလုံးဆိတ်သုဉ်းတော့မလိုပါ။

စိတ်ကူးယဉ်လို့မဆုံးခင်
ငိုကြွေးစရာတွေပန်ဆင်ပေးခံရသူအဖို့
အနေအထိုင်ခက်ခဲ့ရတာပါ။

တစ်ခါတစ်လေတော့လည်း
ပိုးဖလံတစ်ကောင်ဖြစ်နေမှတော့
မီးပုံထဲဝင်တိုးဖို့မကြောက်ချင်တော့ဘူး
မီလျှံတွေကြားမှာတစ်ကိုယ်လုံးမီးတူး
ကိုယ့်ကိုယ်ကိုယ်လည်းသင်္ဂြိုခဲ့ဖူးတယ်။


တကယ်ဆို နှလုံးသားတောင်ထိပ်မှာ
အလံဖြူတလူတလူ လွင့်ထူနေတာတောင်
အသိမှတ်ပြု မခံရသူတစ်ယောက်အတွက်
ကံကြမ္မာရယ် နင့်မျက်စိမှောက်လွန်းပါတယ်။



စိုးမိုးသွင်

Read More...

Friday, July 10, 2009

သက်မဲ့

ရိုးရာအလိုက်ကျစ်ကျစ်ပါအောင်စွဲမှတ်ထားတဲ့
တစ်ဖက်သတ်အချစ်တွေက
ဟိုတစ်စ ဒီတစ်စ
စုလိုက်တော့ခက်မလေးဖြာ
အုပ်ဆိုင်းရင့်မာလာပေမယ့်
ခုခံအားကျဆင်းစပြုနေတဲ့မျှော်လင့်ချက်တွေပေါ်
ထိုးကျလာတဲ့လောင်းရိပ်ကလည်း
နေလောင်ကွက်တွေလိုပဲ
အညိုအမွဲတွေစွဲထင်စေခဲ့

သူ့ရဲ့တုံ့ပြန်မှုတိုင်းဟာ ကိုယ့်အတွက်
အီဂျစ်ပြကဒိန်ဟောင်းတစ်ခုလို
ရင်ခုန်သံတွေဆယ်ရက်စာလောက်နားကြားလွဲနေစေတယ်

တောင့်တပေမယ့်
မရနိုင်တာတွေစုပုံမီးရှို့လိုက်ရင်
တောက်ပတဲ့အနာဂါတ်တွေရနိုင်လိမ့်မယ်
ဆိုပေမယ့် ကိုယ်ဟာ
မှော်ဆရာတစ်ယောက်ရဲ့လက်မှာ
ဝိညာဉ်ချုပ် လိပ်ပြာနုတ်ခံလိုက်ရတယ်။



စိုးမိုးသွင်

Read More...

နှင်းသီး

ခိုးစားတဲ့ အသီးက ပိုချိုတယ်

ကြားဖူးကြလိမ့်မယ် လို့ထင်ပါတယ်။ အဲဒီစကားပုံထဲကလိုပဲ ကျွန်တော်နယ်မှာတုန်းက ငတက်ပြားပေါက်စပေါ့။ ကျွန်တော်တို့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်မျိုးစုံရှိပေမယ့် ကျွန်တော် ယောင်လို့တောင် ကောက်မစားဖူးဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အချဉ်ကို မကြိုက်ဘူးလေ။ ဒါပေမယ့် ရပ်ကွက်ထဲက သရက်သီးတွေပင်တွေက အငြိမ်မနေရဘူး။ ညပိုင်းမှာ ကျွန်တော်ရယ် သူငယ်ချင်းနှစ်ယောက်ရယ် လှည့်ပတ်ပြီး ခိုးကြတယ်။ တစ်ခါကဆို သရက်သီးတွေ ခိုးလာတာ တစ်တင်းခွဲအိပ်နဲ့ တစ်အိပ်စာ ရှိတယ်။ အဲဒါတွေကို အိမ်ကို ယူသွားလို့လည်း မဖြစ်ဘူး။ အိမ်ကိုယူသွားရင် ဘယ်ကရတာလဲ ဆိုတာ မေးပြီး အရိုက်ခံရမှာလေ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်သား ခိုးလာတဲ့ သရက်သီးအိပ်ကြီးကို လမ်းထိပ်က ကွမ်းယာဆိုင်ပေါ်မှာ တင်ထားခဲ့ကြတယ်။ ထူးဆန်းတာက သုံးယောက်စလုံး ခိုးလာခဲ့တဲ့ သရက်သီးတွေ ချိုလား ချဉ်လားဆိုတာတောင် ကိုက်မကြည့်မိကြဘူး။ နေ့လည်မှာ ဖြတ်သွားဖြတ်လာ မြင်နေရလို့သာ လက်ယားပြီး သက်သက်မဲ့ ၀င်ခိုးလိုက်တာလေ။ အခုနေ ပြန်စဉ်းစားကြည့်တော့ တော်တော်အကျိုးမရှိတဲ့ အလုပ်ပဲ။

အဲဒီတုန်းက ရပ်ကွက်ထဲမှာ တစ်ခုခုခိုးမယ်ဆိုရင် ကျွန်တော်တို့ သုံးယောက်တွဲဖြစ်ကြတယ်။ တစ်ယောက်က ကျွန်တော့်ထက် တစ်နှစ်ကြီးတယ် တစ်ယောက်ကျွန်တော့်ထက် တစ်နှစ်ငယ်တယ်။ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အကောင်က ၀ါရင့်ငတက်ပြားကြီးတွေလိုပဲ အရိပ်အကဲပါးတယ်။ အိပ်ထဲဝင်ရင် သူက အရှေ့ဆုံးကသွားတယ် သူကရပ်ဆို ကျွန်တော်တို့ ရပ်ရတယ် သူကတိုးဆို ကျွန်တော်တို့က တိုးရတယ်။

ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ကောင်က သစ်ပင်တက်ကျွမ်းတယ်။ ခိုးသမျှအပင်တွေ အားလုံးကိုသူက ဒိုင်ခံတက်တာပေါ့။ သူကအပင်ပေါ်တက်ပြီး အသီးတွေကောက်ပြီးရင် ပစ်ချပေးတယ်။ ကျွန်တော့်ထက်ကြီးတဲ့ကောင်ကတော့ လူရိပ်လူကဲကြည့်နေတာပေါ့။ ကျွန်တော့်တာဝန်ကတော့ အပင်ပေါ်ကနေ ပစ်ချပေးတဲ့ အသီးတွေကို ဖမ်းပြီး အိပ်ထဲထည့်ရတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်တို့သုံးယောက်သား နှစ်တိုင်းလိုလိုပဲ ဟိုအပင်ခိုး ဒီအပင်ခိုးနဲ့ တော်တော်လေး အတွဲညီညီခိုးခဲ့ဖြစ်ကြတယ်ဆိုပါတော့။


တစ်နေ့ရောက်တော့ ကျွန်တော်ရယ် ကျွန်တော့်ထက်ငယ်တဲ့ ကောင်ရယ် နှစ်ယောက်တိုင်ပင်မိတယ် ရပ်ကွက်ထဲက နှင်းသီးပင်ကြီး တစ်ပင်ကို ခိုးဖို့ပေါ့။ ဒါပေမယ့် ဒီအပင်ကိုခိုးရင်တော့ ကျွန်တော့်ထက် ကြီးတဲ့ ကောင်ကိုတိုင်ပင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်က သူ့အဖိုးအိမ်လေ။ သူ့အဖိုးအိမ်ကို ခိုးမယ်ဆိုရင်တော့ သူက သေချာပေါက် ကန့်ကွက်မှာပဲ။ အဲဒါကြောင့် သူမသိအောင် ကျွန်တော်နဲ့ ကျွန်တော်ထက်ငယ်တဲ့ကောင် နှစ်ယောက်တည်း သွားခိုးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျွန်တော်တို့ ခိုးမဲ့အိမ်မှာက ခွေးလေးကောင်လောက် ရှိတယ်။ ပြီးတော့ အဲဒီအထဲက ကျားကြီးဆိုတဲ့ အကောင်က ဆိုးတယ်။ လူကိုက်လို့ လျှော်ရတာ ခဏခဏပဲ။ အဲဒီတော့ ကျွန်တော်တို့ လန့်မိတာတော့ အမှန်ပဲလေ။ ခြံနားလေး ကပ်ခါရှိသေးတယ် ခွေးတွေက တစ်ရပ်ကွက်လုံး ဆူနေအောင် ဟောင်တော့တာပဲ။ အဲဒီမှာ ကျားကြီးဆိုတဲ့ အကောင်က ခွေးတိုးပေါက်ကနေ တိုးပြီး အပြင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို ပြေးလာတယ်။ အဲဒီခွေးနောက်က ကျန်တွေခွေးတွေပါ လိုက်လာတယ်။ အဲဒီအချိန်မှာ ထွက်ပြေးလို့တော့ မဖြစ်ဘူး ထွက်ပြေးရင် ကိုက်ခံရမှာကိုး အဲဒါကြောင့် ခဲကောက်ပြီး ခဲနဲ့ ပစ်ရတယ်။ ကျွန်တော်တို့ နှစ်ယောက်သား ခဲနဲ့ဝိုင်းပစ်တော့ ခွေးတွေ ထွက်ပြေးကုန်တယ်။

ခွေးတွေဟောင်လို့ လှည့်ပြန်ရပြီထင်တာ အခုတော့ ခွေးတွေက အိမ်ထဲကို ၀င်ပြေးတာမဟုတ်ပဲ ရပ်ကွက်ထဲကို ထွက်ပြေးသွားကြတာဆိုတော့ ကျွန်တော်တို့အတွက်တော့ မဟာအခွင့်ရေးပဲပေါ့။ ခွေးတွေမရှိတော့ဘူးဆိုတာနဲ့ ကျွန်တော်ကောင်က ခြံဝင်းကိုကျော် သစ်ပင်ပေါ်တက်ပြီး အားရပါးရ ခူးပါတော့တယ်။ ခူးလို့ရတဲ့ နှင်းသီးတွေကို အသင့်ပါလာတဲ့ ပလပ်စတစ်ခြင်းထဲကို ကျွန်တော်ကထည့်တယ်။ ပလပ်စတစ်ခြင်းတစ်ခုလုံး ပြည့်သွားတာတောင် ဒီကောင်က အားမရသေးတော့ သူဝတ်လာတဲ့ အကျီကိုချွတ်ပြီး ထုပ်လိုက်သေးတယ်။

ကျွန်တော်က နှင်းသီးခြင်းကို ဆွဲ သူက အကျီနဲ့ ထုပ်ပြီး သယ်လာကြတာ နောက်ဆုံးတော့ ကျွန်တော်တို့ အိမ်ကိုရောက်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ရောက်တော့ သူနဲ့ကျွန်တော် နှင်းသီးတွေကို ထိုင်စားကြတယ် နှင်းသီးဆိုတာ ချိုပါတယ် ဒါပေမယ့် စားတာကြာလာရင် ပါးစပ်တွေ ဖန်လာတယ်။ ပါးစပ်တွေဖန်လာပြီး နှင်းသီးကို ဆက်မကိုက်ချင်အောင် ဖြစ်သွားပြီဆိုမှာ ကျွန်တော်တို့ နှင်းသီးစားတာကို ရပ်လိုက်ကြတယ်။ ပိုတဲ့နှင်းသီးတွေကိုတော့ သူနဲ့ကျွန်တော် တစ်ယောက်တစ်ဝက်စီ ခွဲယူပြီး အဲဒီညက လမ်းခွဲလိုက်ကြတယ်။


ဟိုနေ့က မြို့ထဲမှာ လျှောက်သွားရင် နှင်းသီးတွေ ရောင်းနေတာ တွေ့တော့ မေးကြည့်တယ် ဘယ်လိုရောင်းလဲလို့၊ အစိတ်သားကို တစ်ထောင်တဲ့။ အဲဒါနဲ့ ကျွန်တော် အစိတ်သားဝယ်လာတယ်။ သူတို့ ရောင်းတဲ့ အစိတ်သားဆိုတာ နှင်းသီး တစ်ခိုင်စာတောင်မရှိဘူး။ စားတော့ ချိုသလိုလိုတော့ ရှိတယ် ဒါပေမယ့် ငယ်ငယ်တုန်းက ခိုးစားရတာလောက်တော့ ခံတွင်းမတွေ့တာတော့ အမှန်ပဲလေ။




Read More...

Wednesday, July 08, 2009

အလွမ်းတွေကြွင်းတဲ့ပုစ္ဆာ

ချောင်းတစ်ဘက်ကမ်း
သင်္ချိုင်းမြေမို့မို့လေးမှာ
နင့်ဇတ်ကြောင်းတစ်ခုလုံးမြေချတဲ့နေ့က
မုဆိုးဖိုတစ်ယောက်နဲ့သူ့အရန်တပ်သားတွေ
ဟီးချလို့ငိုကြတယ်။

လက်တစ်ဖက်ပြတ်ခါစလူလိုပါပဲ
နင်မရှိလည်းနင်ရှိတယ်
နင်မထိလည်းနင်ထိတယ်
ဖမ်းဆုတ်လို့မရတဲ့လွမ်းမောမှုတွေနဲ့
ငါ့အလွမ်းတွေရိုးတံရှည်ခဲ့။

နေ့သစ်ဟာဘယ်တော့လင်းပွင့်လာမှာလဲလို့
နင်နဲ့ငါပြိုင်တူတွက်ခဲ့တဲ့ဂဏန်းပုစ္ဆာမှာ
အကြွင်းတွေများစွာကိုနင်ထားရစ်တော့
သူတို့တွေသောက်သုံးဖို့ငါ့လက်ညှိုးကနို့မထွက်တာ
ဘယ်နှစ်ကြိမ်ခေါက်ခေါက်တံခါးရွက်တွေပွင့်မလာတာနဲ့ပဲ
ဒုက္ခနဲ့လက်ဆက်ပြီးသားဖြစ်မတဲ့လား။

မိုးခါးတွေမွန်နေအောင်ရွာလည်း
ငါ့ရင်ထဲမှာတော့ နင်ဟာနင်ပဲ
သူတို့တွေရဲ့နှလုံးသားကိုလည်း ထိုးကန်းမပစ်ရက်ဘူး။

အခုလည်းဘာရယ်မဟုတ်ဘူး
ကောင်ကင်ကိုမော့ကြည့်မိတိုင်း နင့်ကိုလွမ်းတယ်။

စိုးမိုးသွင်

Read More...

On Air


လေယဉ်ပေါ်ကနေ ရိုက်ထားတဲ့ပုံပါ

ပြည်တွင်းက ဆရာသမားတွေလည်း ကျော်ရခွရတာ များလို့ ကျွမ်းကျင်နေလောက်ပါပြီ ဒါကြောင့် Imageshack မှာ မတင်တော့ပဲနဲ့ ဘလော့ဂ်ကာမှာပဲ တန်းတင်လိုက်တယ်။ ပုံမမြင်ရရင် ကျော်ကြဗျို့

Read More...

Saturday, July 04, 2009

လွမ်းတာနဲ့ပဲဖြေတော့မယ်

သူများပြောတာ ကြားဖူးခဲ့တယ်
လွမ်းတာကို နာတာနဲ့ဖြေတယ်တဲ့
ငါကတော့ နာတာကို လွမ်းတာနဲ့ပဲဖြေတော့မယ်

တကယ်တော့ချစ်သူ . . . .
အမြဲတွေ့ကြတဲ့ နင့်နဲ့ငါ
လွမ်းဖို့တော့ မလိုလောက်ပါဘူး

ဒါပေမယ့်ချစ်သူ . . . .
တွေ့နေစဉ်ခဏမှာ
အေးစက်ခြင်းဆိုတဲ့ ဆူးချွန်တွေက
နင့်အချစ်တွေကို ဆုပ်ကိုင်ထားတဲ့
ငါ့နှလုံးသားကို စူးဝင်စေခဲ့တယ်

ဒါကြောင့်ပေါ့ ချစ်သူ
နာကျဉ်ခြင်းတွေကို အဆုံးသတ်ဖို့
ဆုပ်ကိုင်ခြင်းတွေကို လွှတ်ချလိုက်ပြီ

ငါ့ရင်ဘတ်ထဲက နာကျဉ်ခြင်းတွေကို
လွမ်းတာနဲ့ပဲဖြေတော့မယ်

နင်သွားလိုရာ သွားပါတော့

Read More...

Wednesday, July 01, 2009

ခြေက်နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ ကျွန်တော် ရန်ကုန်မြို့ကို ရောက်လာတာ ဒီနေ့ဆို ခြောက်နှစ်ပြည့်သွားပြီ။ ကီးစိန်ကတော့ ပြောပါတယ် ခြောက်နှစ်ပြည့် ချီးယား လုပ်ချင်တယ်တဲ့။ ခက်တာပဲ ကီးစိန်ရယ် ...... ခြောက်နှစ်တာ ပြည့်လာတယ် ပိုက်ဆံပြတ်ပြတ်နေတာတော့ လွန်ခဲ့ ခြောက်နှစ်တုန်းက အတိုင်းပါပဲ။

Read More...

Friday, June 12, 2009

Flash သီချင်း လေးတွေပါ

ဒီသီချင်းတွေကိုတော့ အီးမေး ဖော်ဝပ်ပို့ရတာ အလွန်ဝါသနာထုံတဲ့ အဒေါ်ကြီး တစ်ယောက် ဆီကရတာပါ။ သီချင်းလေးတွေကို ကြိုက်လို့ ပြန်ပြီး မျှဝေပေးလိုက်တာပါ။


Flash

Read More...

Thursday, June 11, 2009

ဖောင်စီးရင်းရေငတ် မိုးတွင်းကြီးရေပြတ်

အခုဘလော့ဂ်ကို ကျွန်တော်ရေးနေတဲ့ အချိန်အထိ ကျွန်တော် ရေမချိုးရသေးပါဘူး။ ရေမချိုးရသေးဘူးဆိုတာ အိမ်မှာ ရေမလာလို့ပါ။ ရေမလာလို့ဆိုတာ ကျွန်တော့်တို့ အိမ်က ဘယ်အချိန်မှာ ရေလာလဲ မသိပါဘူး။ မီးလာရင် မော်တာကို ဖွင့်ကြည့်တယ် ရေမတက်ရင် ပြန်ပိတ်ထား၊ ၁၅ မိနစ်လောက်နေရင် ပြန်ဖွင့် ရေမတက်ရင် ပြန်ပိတ်ထား အဲဒီစစ်စတန်နဲ့ ရေတင်ရတာပါ။ အဲဒီလိုနဲ့ လွန်ခဲ့တဲ့ သုံးရက်ကစပြီး ရေမတက်တာ ယနေ့အထိပဲ။ တင်ထားတဲ့ရေလေးတွေကို အ၀တ်တွေတောင်မလျှော်ပဲ ချွေတာသုံးလာတာ ဒီနေ့မနက် မျက်နှာသစ်ဖို့ ရေဘားကိုဖွင့်တော့ ရေမကျတော့မှ ရေကုန်သွားပြီဆိုတာ သိလိုက်ရတယ်။ မျက်နှာသစ်တာကတော့ဗျာ ရေသန့်ဘူးထဲက ရေလေးနဲ့ သစ်လိုက်ရတာပေါ့။

ကျွန်တော်နေတာကတော့ ၃၈ လမ်းမှာပါ။ သူများတိုက်တွေ လိုက်မေးကြည့်တော့ ၃၈ လမ်းမှာ ညပိုင်းမှာ ရေတင်လို့ရတယ်တဲ့ တင်လို့မရတာက ကျွန်တော်တို့တိုက် တစ်တိုက်ထဲဖြစ်နေတယ်။ ဘေးအခန်းတွေ ပြောတာကတော့ ကျွန်တော်တို့ တိုက်ကို ဆောက်တဲ့ ကန်ထရိုက်က ကပ်စီးကုတ်ပြီး တစ်တိုက်လုံးအတွက် စည်ပင်ရေပိုက်ကို နှစ်ပိုက်ထဲယူထားတယ်လို့ ပြောတယ် ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ သေချာတာကတော့ ရေတင်ဖို့ တော်တော်ခက်တယ်။ ဘာကြောင့်လဲဆိုတော့ စည်ပင်ကနေ လာတဲ့ရေလိုင်းကို ဆွဲထားတာကနှစ်ပိုက် အဲဒီနှစ်ပိုက်ကနေဆွဲတာက ရှစ်လွှာ ၁၆ ခန်း၊ မီးလာတဲ့အချိန်လေးမှာ ၀ိုင်းဆွဲကျတော့ ရေကဘယ်လိုလုပ်ပြီး အခန်းပေါက်စေ့ရနိုင်တော့မှာလဲ။

ဆိုလိုချင်တာကတော့ဗျာ နောက်ဆိုရင် အိမ်ငှားကြမယ်ဆိုရင် သေချာစုံစမ်းကြပါ။ အိမ်ခန်းသွားကြည့်ရင် မီးလာတဲ့အချိန်မှာသွားကြည့်ပါ ရေကိုတင်ကြည့်ပါ။ သူများတွေလို ရည်းစားမရှိလို့ပဲ တော်သေးတယ်လို့ ပြောရမလားမသိဘူး။ အခုလို ရေပြတ်လို့ ရေမချိုးရတဲ့နေမျိုးမှာ ရည်းစားနဲ့ ချိန်းပြီးသားဖြစ်နေရင် စဉ်းတောင်မစဉ်းစားဝံ့တော့ဘူး။

Read More...

Sunday, June 07, 2009

အောင်စာရင်းထွက်တဲ့နေ့ …..



မိုးရေတွေ တဖျောက်ဖျောက်နှင့် အိပ်မည်ဆိုလျှင် အတော်ပင်အိပ်ကောင်းမည့် အချိန်ဖြစ်သော်လည်း ကျွန်တော် အိပ်၍မပျော်။ အချိန်ကို ကြည့်တော့ ညနှစ်နာရီကျော်ကျော်၊ ဗိုက်ကလဲ ဆာသလိုလို။ အိပ်မပျော်သည့်အတူ အဆာပြေ တစ်ခုခုစားဖို့ ပန်းဆိုးတန်း လမ်းဘက်ကို ကျွန်တော် လမ်းထွက် လျှောက်ခဲ့သည်။

ပန်းဆိုးတန်း လမ်းက အလင်းဆိုင်လေးမှာ ကျွန်တော် လက်ဖက်သုပ် စားပြီးတော့ မအိပ်ချင်သေးသည့် အတူတူ လမ်းလျှောက်ဦးမည်ဟု တွေးကာ ပန်းဆိုးတန်း လမ်းအတိုင်း အနော်ရထာ လမ်းဘက်သို့ တက်ခဲ့သည်။ မိုးတိတ်သွား၍ တော်သေးသည် မိုးရေ တဖျောက်ဖျောက်နဲ့ ဆို ညကြီးမှောင်မှောင် လမ်းလျှောက်လို့ ကောင်းမှာ မဟုတ်ဘူးဟု စိတ်ထဲမှာ တွေးနေတုန်း၊ ဘယ်သူက ဂုဏ်ထူး ဘယ်နှစ်ခုပါတယ်၊ ဘယ်သူကတော့ ရိုးရိုးပဲ အောင်တယ် ဆိုတဲ့ အသံကို ကြားမိလိုက်သည်။ အသံလာရာကို ကြည့်လိုက်တော့ ကျောင်းသားလေးတွေ။

သြော်ဒီနေ့ ဆယ်တန်းတွေ အောင်စာရင်းထွက်တာပဲ။ ဆယ်တန်းတွေ အောင်စာရင်း ထွက်တယ်ဆိုတာ ကြားလိုက်ရတော့…….. ကျွန်တော် ဆယ်တန်းအောင်ခဲ့တာ ဘာမှ မကြာသေးသလို စိတ်ထဲမှာ ထင်နေပေမယ့် သေချာ ပြန်စဉ်းစားကြည့်တော့ နှစ်အနည်းငယ်တောင် ကြာနေပြီ။ ဘာပဲ ဖြစ်ဖြစ်လေ အိပ်မပျော်သေးသည့်အတူ သူများ အောင်စာရင်းလေးတွေ သွားဖတ်ဦးမှပဲ ဆိုပြီး ကျွန်တော် ဗိုလ်တစ်ထောင်ခြောက်ဘက်ဆီသို့ ထွက်လာခဲ့မိသည်။


ကျွန်တော် ဆယ်တန်းအောင်စာရင်း သွားကြည့်မယ်ဆိုတော့ အဖေက ဘူတာရုံကို လိုက်ပို့သည်။ ညနေ ငါးနာရီတွင် ၀င်မည့် ၅၆ အစုန် အမြန်ရထားအလာကို စောင့်ရင်း ဘူတာရုံထဲမှာ အဖေက ကျွန်တော့်ကို စကားမပြောသလို ကျွန်တော်လည်း အဖေကို စကားမပြောဖြစ်။ ကျွန်တော်က မနက်ဖြန် မနက်မှာ ကြည့်ရမဲ့ ကျွန်တော် ဆယ်တန်းအောင်စာရင်း အကြောင်းကို တွေးနေသည်။ မနက်ဖြန် ဆယ်တန်းအောင်မည် ဆယ်တန်းအောင်ပြီးရင် ဘာလုပ်မည် အစရှိသဖြင့် လေထဲမှာ တိုက်အိမ်ဆောက်တဲ့ အတွေးတွေနဲ့ ကျွန်တော် လျှောက်တွေးနေမိသည်။ အဖေကတော့ ဘာတွေတွေးနေသည်မသိ။


စာမေးပွဲဖြေပြီးကတည်းက ဆယ်တန်းကို သေချာပေါက်အောင်ပြီဆိုတာ ကိုယ့်ကိုယ် သိထားပေမယ့် ကိုးတန်းကိုတောင် နှစ်နှစ်ဖြေခဲ့သည့် ကျွန်တော့်ကို အဖေက သိပ်ယုံရဲပုံမရ။ ဒီနှစ်မှာ ကျွန်တော်ဆယ်တန်းကျရင် ကိုးတန်းက တက်လာသည့် ကျွန်တော်ညီနှင့် အိမ်မှာ ဆယ်တန်း ကျောင်းသားနှစ်ယောက်၊ တစ်နှစ်တစ်ထက်တစ်နှစ် ကျူရှင်စရိတ်တွေကလည်းကြီး၊ ထို့ကြောင့် ကျွန်တော် ဆယ်တန်းမအောင်မည်ကို အဖေက တွေးပူနေပုံရသည်။

ပေါ်ပူပေါ် ဆိုသည့် ရထားဥသြသံကြောင့် အတွေးကိုယ်စီနှင့် ထိုင်နေသည့် ကျွန်တော်တို့ သားအဖနှစ်ယောက် အတွေးစကိုယ်စီကို ခေတ္တရပ်ပြီး…. “ အောင်စာရင်း ကြည့်ပြီးရင် ဖုန်းခေါ်ဦးနော် သူငယ်ချင်းတွေနဲ့ လျှောက်ပြီး သွားမနေနဲ့ဦး၊ ငါက ဒီလောက် မဟုတ်ဘူး မင့်အမေက သိချင်ရှာမှာ၊ အိတ်ချိန်းက ဖိုးသားကို မှာမရရင် ဆေးရုံကို လှမ်းမှာ” ကျွန်တော် ခေါင်းငြိမ့်ပြပြီး ရထားပေါ်သို့ တက်လာခဲ့သည်။ ရထားသည် ဘူတာရုံတွင် သုံးမိနစ်ခန့်သာ ရပ်ပြီး မြစ်ကြီးနား မန္တလေး လမ်းမကြီးအတိုင်း မန္တလေးဘက်ဆီသို့ ထွက်ခွာလာခဲ့သည်။

မိုးဦးရာသီရောက်ပြီ ဖြစ်တာကြောင့်ထင့် ဘုံချောင်း ဘူတာမှ ထွက်ပြီးကတည်းက မိုးတွေ သည်းသည်းမဲမဲ ရွာချသည်။ မိုးကသည်း နေက၀င်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးလည်း ဘာမှ မမြင်ရတော့ပေ။ ရထားတွေ ခဏခဏ ဘီးချော်၊ တိမ်းမှောက်သည်ဟု ထိုဒေသမှာ နာမည်ကြီးသည့် ဘုံချောင်း နှင့် နမ်းခမ်း ကျောက်တောင်ကြားမှာ ကျွန်တော်စီးလာသည့် ရထားက သွားနေခြင်း ဖြစ်ပြီး၊ မိုးသံက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးထားသည့်အတွက် ရထားဘရိတ်အုပ်သံ တစ်ချက်တစ်ချက်သာ တစ်ခါတစ်ခါ ပေါ်လာသည်။ ယုခု ကျောက်တောင်ကြားကို ခါတိုင်းကျွန်တော် အခေါက်ခေါက် အခါအခါ ရထားစီးပြီး ဖြတ်သန်းခဲ့ပေမယ့် တစ်ကြိမ်မှ ဘီးချော်တာနှင့် မကြုံဘူးပါ။ ယခုတောင်ကြားတွင် ရထား ဘီးချော်လျှင် တစ်ရက်ခန့် ကြာတတ်သည်။ ယခင်အကြိမ်တွေတုန်းက သွားနေရင်း ရထား ဘီးချော်သွားလျှင် ဟူ၍လည်း တစ်ကြိမ်မှ စိတ်မပူဘူးပါ။ သို့ရာတွင် ဒီတစ်ကြိမ်တော့ ကျွန်တော် စိတ်ပူပါသည်။ အကယ်၍သာ ဘီးချော်ခဲ့လျှင် မနက်ဖြန် မနက် ဆယ်တန်းအောင်စာရင်းကို ဦးဦးဖျားဖျား ကြည့်ခွင့် ရတော့မည် မဟုတ်။ ကျွန်တော်ကတော့ ကိုယ်ဖြေထားသည့် စာမေးပွဲ အောင်စာရင်းကို ကိုယ်ကိုယ်တိုင်ပဲ ကြည့်ချင်သည် ကျန်လူများ အားလုံးလဲ ထိုကဲ့သို့ပဲ ဖြစ်မည် ထင်ပါသည်။

ကျွန်တော် ကောလင်း ဘူတာရုံရောက်တော့ ညကိုးနာရီခွဲပြီ၊ ထိုအချိန်တွင် မိုးကလည်းတိတ်ပြီ။ သိပ်မဝေးလှသည့် ဘူတာနှင့်အိမ်ကို ကျွန်တော် ကတိုက်ကရိုက်ပြန် ပစ္စည်းတွေချပြီး စက်ဘီးလေးဆွဲကာ အပြင်ကို ထွက်ခဲ့မိသည်။ ကောလင်းမြို့ရဲ့ ညလင်းပေါက် လင်းပေါက် လက်ဖက်ရည်ဆိုင်တွေမှာ သူငယ်ချင်းတွေ ထိုင်နေကြသည်။ သူတို့လည်း ဒီညတော့ အိပ်ပြန် မအိပ်ပဲ အောင်စာရင်း ကပ်တာကို စောင့်ကြည့်ကြမည့် သူများဖြစ်ကြသည်။ ခဏလောက်နေတော့ သူငယ်ချင်းတွေစုပြီး ကျောင်းအရှေ့ကို စက်ဘီးကိုယ်စီနှင့် သွားကြည့်ကြသည်။ ကျောင်းသားတွေ သူ့အစုကိုယ့်အစုလိုက် ကျောင့်အရှေ့ကို ဖြတ်ဖြတ်သွားကြပြီး အောင်စာရင်း ဘယ်အချိန်ကပ်မလဲ ဆိုသည့် မျှော်လင့်ချက်ဖြင့် ကျောင်းကြီးကို လှမ်းမျှော်မျှော် ကြည့်နေကြသည်။ ကျောင်းကတော့ အမှောင်ထု အတွင်းမှာ အိပ်မောကျလို့ ကောင်းတုန်း။

ဒီလိုနဲ့ ကျွန်တော်တို့ ကျောင်းအရှေ့ အုတ်တံတားလေးမှာ ဂစ်တာတီးတဲ့သူကတီး ဟိုအကြောင်းဒီအကြောင်း လျှောက်ပြောတဲ့သူပြောနှင့် သူ့အစုကိုယ့်အစု ထိုင်ကာ အောင်စာရင်း ကပ်မည့်အချိန်ကိုစောင့်နေကြသည်။ မနက်ဖြန် အောင်စာရင်းထွက်မည်ဟုသာ တစ်ယောက်စကား တစ်ယောက်ကြား၍သာ လာစောင့်နေကြရခြင်း ဖြစ်သော်လည်း သေချာပေါက် အောင်စာရင်းထုတ်လိမ့်မည်ဟု တော့မည်သူမှ မပြောနိုင်ကြ။ ညဆယ့်နှစ်နာရီ ကျော်တော့ ပညာရေးမှူးရုံးဘက်က ဆရာတစ်ယောက် အိပ်သာသွားဖို့ ထွက်လာသည်ကို မြင်ရသည်။ ကျောင်းသားများက ၀မ်းသာအားရနှိင့် အောင်စာရင်းထွက်မှာလား ဟုဝိုင်းအော်မေးကြသည်။ သူက ဘာမှ ပြန်ပြောခြင်းမရှိပဲ ရုံးအတွင်းသို့ ၀င်သွားကာ တံခါးပြန်ပိတ်သွားသည်။ ကျွန်တော်တို့ ကျောင်းဝင်းသည် တော်တော်ကျယ်သည့် ကျောင်းဝင်းဖြစ်ပြီး ကျောင်းအုတ်တံတိုင်းနှင့် အောင်စာရင်းများကပ်မည်ဆိုသည့် ပညာရေးမှူးရုံးသည် အနည်းဆုံး ပေသုံရာခန့်အကွာဝေးရှိသည်။ ကျွန်တော် ကျောင်းအုတ်တံတိုင်း အပေါက်မှ ပညာရေးမှူးရုံး အရှေ့ကို လှမ်းကြည့်လိုက်ရာ စာရွက်များ ကပ်ထားသည်ဟု ယူဆရာသော ဘုတ်လေးတစ်ခုကို ထောင်ထားသည်ကိုမြင်ရသည်။ ထို့ကြောင့် ထိုစာရွက်ကပ်ထားသော ဘုတ်သည် အောင်စာရင်းများ ဖြစ်နိုင်သည်ဟုယူဆကာ ကျွန်တော် ကျောင်းအုတ်တံတိုင်းကို ကျော်တက်ပြီး ကျောင်းထဲဝင်လိုက်သည်။ ကျွန်တော်နောက်က သူငယ်ချင်းတစ်ယောက်လည်း ကပ်လိုက်ပြီး ၀င်လာသည်။ ကျွန်တော် ထိုစာရွက်များကပ်ထားသော ဘုတ်အရှေ့ကို ရောက်ပြီ ဆိုသည်နှင့် လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။


လက်နှိပ်ဓာတ်မီးရောင် အောက်တွင် ကွန်ပျူတာ စာလုံးများနှင့် စာစီထားသော နာမည်များကို တွေ့လိုက်ရသည်။ ကျွန်တော် ခုံနံပါတ်ကို ကျွန်တော် လိုက်ရှာကြည့်သည်။ တွေ့ပါပြီ စန- ၉၂၉ ပြီးတော့ ကျွန်တော့်နာမည် ပြီးတော့ အဖအမည် ဂုဏ်ထူးရ ဘာသာစာရင်းဘက်ကို ကြည့်လိုက်တော့ ဂုဏ်ထူးမပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အောင်ပြီ အောင်ပြီဟေ့လို့ အော်လိုက်တော့ အပြင်ဘက်မှာ ဆယ်တန်းအောင်စာရင်း စောင့်နေသည့် ကျောင်းသားများလည်း ကျောင်တံခါးဆီသို့ ပြေးလာကြပြီး ကြွက်ဆူကြွက်ဆူ ဖြစ်ကုန်သည်။ ယေကျာင်္းလေး တော်တော်များများကတော့ တံခါးဖွင့်တာကို စောင့်မနေတော့ပဲ အုတ်တံတိုင်းကို ကျော်ပြီးပြေးဝင် လာကြသည်။ ပညာရေးမှူးရုံးထဲက ဆရာတွေလဲ ထွက်လာပြီး တိတ်တိတ်ကြည့်ကြဖို့ ဆူညံဆူညံ မလုပ်ဖို့ ပြောသည်။ ကျွန်တော်ကတော့ အောင်စာရင်းကြည့်ပြီးပြီ ဖြစ်သည့်အတွက် ကျောင်းအုတ်တံတိုင်းကို ပြန်ကျော်ထွက်ခဲ့ပြီး စက်ဘီးကို အိမ်ရှိရာသို့ ခြေသုတ်တင်နင်းခဲ့လိုက်တော့သည်။


ဗိုလ်တစ်ထောင်ခြောက် ကျောင်းထဲကို ရောက်တော့ မနက်စောလွန်းသေးလို့ ဖြစ်မည်ထင်သည် အောင်စာရင်းလာကြည့်သူ တော်တော်နည်းသေးသည်။ ဂုဏ်ထူးတွေ တစီကြီးရသွားသည့် ကျောင်းသား ကျောင်းသူများကတော့ ပျော်ပြီးပြန်ကြသည်။ အောင်စာရင်း မပါသည့် ကျောင်းသားများကတော့ တိတ်ဆိတ်လို့။

ဗိုလ်တစ်ထောင်ခြောက်တွင် ကပ်သည့်အောင်စာရင်းကို ဘာရယ်မဟုတ် လာကြည့်ခြင်းသာ ဖြစ်ပြီး သိသူလည်းမပါ၊ နာမည်တပ်ပြီး ကြည့်စရာလူလည်းမရှိ၊ မနက်ကျရင် Class ရှိသေးသည်။ ထို့ကြောင့် အောင်စာရင်းဘုတ်တွေ အရှေ့မှာ နည်းနည်းပါးပါး လျှောက်ကြည့်ပြီး ကျွန်တော် အိမ်သို့ ပြန်ခဲ့သည်။ ထိုအချိန်တွင် မိုးကဖွဲဖွဲကျလာသည်။ မိုးဖွဲဖွဲကျနေသော လမ်းမှာထီးမပါပဲ လမ်းလျှောက်ရင် ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။


အောင်စာရင်းဟု ပြောလျှင် စာမေးပွဲဖြေပြီး နံရံမှာထုတ်ပြန်ကြေငြာ ပေးသည့် စာမေးပွဲ အောင်စာရင်းဟု သာလူတော်တော်များများက မြင်ကြသည်။ တကယ်တော့ ဘ၀မှာ စာသင်ခန်းထဲမှာ မဟုတ်ပဲ ဘ၀ထဲမှာ သင်ခန်းစာတွေ ထပ်တက်နေရသည်။ စာသင်ခန်းထဲမှာ စာမေးပွဲမဖြေပဲ လက်တွေ့ဘ၀ထဲမှာ ဒုက္ခတွေ ပြသနာတွေကို ဖြေနေရသည်။ နံရံပေါ်မှာ ကပ်မထားပေမယ့် ကိုယ်လုပ်ထားတဲ့ အရာတစ်ခုရဲ့ အောင်မြင်မှုကို ဘ၀မှာ အမြဲတမ်း စောင့်မျှော်နေရသည်။ ထို့ကြောင့် ကျွန်တော်တို့ အသက်ရှင်သရွှေ့ ကျွန်တော်တို့ လက်တွေ့ဘ၀ထဲမှာ စာမေးပွဲတွေ အကြိမ်ကြိမ်ဖြေရင်း ဘ၀အောင်စာရင်းတွေ ထွက်မည့်နေ့များကိုလည်း အသက်ရှင်နေသရွေ့ ကြုံတွေ့ဖြတ်သန်းနေကြရဦးမည် ဖြစ်သည်။




Read More...

Friday, May 15, 2009

နေမကောင်းဘူး

အခုရက်ပိုင်း နေမကောင်းဘူး အဆုပ်အအေးပတ်လို့ နာစေးချောင်းဆိုးဖြစ်နေတယ်။ ဆေးခန်းလဲ မသွားတော့ပါဘူး ဆေးတွေဘာတွေလဲ မသောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ခံအားကို ကိုယ့်ဘာသာကို ယုံကြည့်မှု အပြည့်အ၀ ရှိတယ်လေ။ :P တစ်ရက်နှစ်ရက်နေရင်တော့ ပျောက်သွားမယ်ထင်တာပဲ။ လောလောဆယ်တော့ နာစေးချောင်းဆိုး ဆိုတော့ နေရတော်တော်ခက်တယ်။

စကားမစပ် မနေ့ညက အိပ်မက်ထဲမှာတော့ ဘုရားထီးတင်ရတယ်လို့ အိပ်မက်မက်တယ်။ အဲလိုအိပ်မက်မျိုးတခါမှ မမက်ဖူးဘူး။

Read More...

Tuesday, May 12, 2009

အင်တာနက်ဆိုင်က စိတ်ပျက်ဖွယ်ရာ လူတန်းစားနှစ်မျိုး

ဂျီတော့ ပီဖင်းဂိုး Vzo အစရှိသည်တို့ အသုံးပြုသည့်အခါတွင် ဘေးလူများ နားမခံနိုင်အောင် အော်ဟစ်ပြောဆို နေသူများ။

မက်တာကဖေး အစရှိသော ရယ်စရာများကိုကြည့်ပြီး တစ်လောကလုံးမှာ တစ်ယောက်ထဲ ရှိသသို့ တခွီးတဟီးဟီးနဲ့ အော်နေတတ်သူများ။

အဲလိုလူမျိုးတွေသာ ကိုယ်သုံးနေတဲ့ အင်တာနက်ဆိုင်ထဲ ရောက်လာပြီဆိုလို့ကတော့ အာရုံပျက်ပြီသာ မှတ်ပေတော့။ အခုလည်း စိတ်ကူးလေးရတုန်း ကဗျာလေးတစ်ပုဒ်ကို လမ်းမှာစာစီလာတာ ဘေးနားလေးမှာ တဟီးဟီး တစ်ဟားဟားနဲ့ အာရုံလာနောက်နေလို့ ဘာမှကို ရေးချင်စိတ်မရှိတော့ဘူး။


Read More...

Friday, May 01, 2009

နာဂစ်

Nargis Photo

ဒီနေရာကို ကလစ်လုပ်ပြီးကြည့်

Read More...

Wednesday, April 29, 2009

မရှိတော့တဲ့ငါ

နင်မရှိတဲ့အခါ ....
နင်သိဖို့ စကားလုံးတွေ
နင်မသိတဲ့ တစ်နေရာမှာကျန်ရစ်တယ်

အဲဒီစကားလုံးတွေက
နင်ရှိတဲ့နေရာ ရောက်အောင်မသွားနိုင်သလို
စကားလုံးတွေရှိတဲ့နေရာကို နင်ရောက်လာမဟုတ်တော့လည်း
ဝမ်းနည်းမိတာတော့ အမှန်ပဲလေ

ဒါတွေထားလိုက်ပါတော့
အခုငါ မရှိတော့ဘူး
ဒါပေမယ့်
ငါမရှိတဲ့တော့တဲ့ ကမ္ဘာမှာ
နင်မသိသေးတဲ့ စကားလုံးတွေကတော့
ကျန်ရစ်နေဦးမှာပါ
နင်တွေ့တဲ့အထိပေါ့လေ

Read More...

Sunday, April 26, 2009

BOB

Bay Of Bengal
ဘင်္ဂလား ပင်လယ်အော် အမှတ်တရ

Read More...

Friday, April 24, 2009

ဘူတာရုံ

တစ်ခါတုန်းက
ဘူတာရုံလေး တစ်ခုရှိတယ်

အဲဒီဘူတာရုံလေးမှာ
ရထားတွေတစ်စီးပြီး တစ်စီးရပ်နားလို့

ခရီးသည်တွေ ၀င်ထွက်သူတွေနဲ့
စည်ကားလို့ပေါ့ . . . .

တစ်နေ့မှာ အဲဒီဘူတာရုံထဲကို
ထူးဆန်းဆန်း ရထားကြီးတစ်စင်းဝင်လာတယ်
အဲဒီရထားနာမည်က အချစ်တဲ့

အဲဒီရထားကြီး ထွက်သွားပြီးတော့
နှစ်လတွေကြာတဲ့အခါမှာ
ဘူတာရုံလေးကပြောတယ်
“ရထားဟာ ထွက်ခွာသွားခဲ့ပေမယ်၊ ဒီဘူတာရုံလေးထဲမှာ တစ်ချိန်က ရပ်နားခဲ့ဖူးတယ်ဆိုတဲ့ အသိနဲ့၊ ရထားသံလမ်းတွေကို ငေးကြည့်နေမိတယ်” တဲ့

ဒါပေမယ့် ဘူတာရုံက နောက်ထပ်ဘယ်ရထားကိုမှ လက်မခံတော့ဘူး
လူတစ်ယောက်ရဲ့ နှလုံးသားကို အရှင်လတ်လတ် တက်ကြိတ်သွားလို့တဲ့လေ

Read More...

Thursday, April 23, 2009

မော်ဒယ်အမည်သိပါပြီ

အမည်မသိ ခေတ်မော်ဒယ်ဆိုပြီး ဒီနေရောမှာ တင်ခဲ့ဖူးတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ သူနာမည်က အိန္ဒြာစိုးအောင် ပါတဲ့။ မနေ့ညက မက်ဆေ့ပို့ပြီး နာမည်လေး ထည့်ပေးပါဦးဆိုလို့ ထည့်ပေးရခြင်း ဖြစ်ပါတယ်။ သူနဲ့ ဂျီတော့ ပြောချင်တယ်ဆိုရင်တော့ ဖိုးသူဆော်ဆီမှာ သွားမေးပါ။

Read More...

Wednesday, April 22, 2009

ဒါရိုက်တာသင်တန်း ၁/၂၀၀၈ သင်တန်းဆင်းပွဲ

သင်တန်းတော့ဆင်းပြီ။ ဇာတ်ကားတော့ ရိုက်ချင်တဲ့နေ့ ရိုက်မည်။

Read More...

Tuesday, April 21, 2009

ကြေငြာချက်

မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကျွန်တော့်ဘလော့ဂ် စီဘောက်ကို ယာယီဖြုတ်လိုက်ပြီး ကော့မင့်အားလုံးကို မော်ဒရိတ်လုပ်လိုက်ပါပြီ။

နံပါတ် ၁ ကျွန်တော် အခုပုံကို တင်သာ သူများပြောသလို သာသနာကို အကြည်ညိုပျက်အောင်လုပ်တာမဟုတ်ပါဘူး။ သာသနာကို အကြည်ညိုပျက်ဖွယ် လုပ်ဆောင်နေကြတဲ့ သူတွေကို တွေ့လိုက်မိတဲ့ ခဏအတွင်းမှာ မှတ်တမ်းတင်လိုက်တာပါ။


နံပါတ် ၂ ဒီပုံမှာတဲ့ အတုယောင် သုံးလေးပါးလောက်ကို တွေ့သာနဲ့ တစ်နိုင်ငံလုံးက သံဃာတွေ အားလုံးဟာ အဲလိုကြီးပဲလို့လဲ မှတ်ယူလို့ မရပါဘူး။ ၀ိနည်းတော်နဲ့အညီ သတင်းသုံးနေတဲ့ သံဃာတော်တွေ အများကြီးရှိပါတယ်။

နံပါတ် ၃ ဆွမ်းဆန်ထဲကြွက်ချေးရော ဆိုသလို အစစ်မှန်တွေကြားမှာ အတုဆိုတာရှိမှာပဲလေ။ ကိုယ်စားမဲ့ဆန်ထဲမှာ ကြွက်ချေးတွေရောနေရင် အကုန်လုံးကို မဖယ်ပဲ ချက်စားကြမှာလား။ အဲဒီသဘောပဲ ဆန်ထဲမှာရောနေတဲ့ ကြွက်ချေးတွေကို ဖယ်ရှားမှသာ သန့်ပြန့်တဲ့ ထမင်းကိုရရှိမှာ ဖြစ်ပါတယ်။ အေးဒါပေမယ့် ကြွက်ချေးလေး တစ်ခုနှစ်ခုကို မမြင်ချင်ယောင်ဆောင် မျက်ကွယ်ပြု ထားလိုက်မယ်ဆိုရင် တစ်အိုးလုံးကောင်းနေတဲ့ ဆန်တွေဘာဖြစ်သွားမလဲ။ ကျွန်တော်က ကြွက်ချေးကို ပြတာပါ။ ဖယ်တာမဖယ်တာ မဖယ်တာကတော့ ချက်စားတဲ့သူရဲ့ အလုပ်ပဲဖြစ်ပါတယ်။

နံပါတ် ၄ ဒကာတွေ ဒကာမတွေက ဆွမ်းလောင်း ဒကာခံ ကိုယ်စုဆောင်းထားတဲ့ ချွေးနည်းစာတွေ လှူဒါန်းနေတယ်ဆိုတာ သာနာ့လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ဖို့၊ ဗုဒ္ဓသာသနာ ထွန်းကားလာဖို့ အဲဒီရည်ရွယ်ချက်တွေနဲ့ လှူဒါန်းနေတာပါ။ လူမမြင်ကွယ်ရာမှာ သင်္ကန်းလေးကို လူဝတ်လှဲ ကတုံးလေးကို ဦးထုပ်ဆောင်းပြီး လုပ်ချင်ရာလုပ်ဖို့ မဟုတ်ပါဘူး။


နံပါတ် ၅ ဒီပုံကို တင်တာကျွန်တော် မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်၊ ဒါကြောင့် ဆွေးနွေးတဲ့လူတွေ အနေနဲ့ မှားတယ်လို့ ထင်ရင်၊ ဘာကြောင့်မှားတယ်၊ ဘာကြောင့်မှန်တယ်ဆိုမျိုး အကျိုးအကြောင်းဆီလျှော် အောင်ဆွေးနွေးလာရင် ကျွန်တော်လက်ခံနိုင်ပါတယ်။ အခုတော့ ဘာမဆိုင်ညာမဆိုင် ဆဲရေးတိုင်းထွာတာမျိုးတွေကိုတော့ မဖြစ်သင့်ပါဘူး။

Read More...

Monday, April 20, 2009

ရှဥ့်လေးတစ်ကောင်ပါ



-


သစ်ပင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ရှဥ့်လေးတစ်ကောင်ပါ။ သူငယ်ချင်းက သနားလို့ မွေးထားတာ။

ပြင်လိုက်ပြီနော်..။ အမှား ...

Read More...

Tuesday, April 14, 2009

သင်္ကြန်ပုံတွေ

ဖြစ်နိုင်ရင်တော့ သင်္ကြန်ပုံတွေ အများကြီး တင်ထားချင်တာ။ ဒါပေမယ့် ဘလော့ဂ်ကာ မရလို့ မေးတူ ဘလော့ဂ်နဲ့ပဲ တင်လိုက်တယ်။ အဆင်ပြေမယ်လို့တော့ မျှော်လင့်ပါတယ်။


Read More...

Friday, April 03, 2009

တော်တော်ဆိုးတဲ့ အင်တာနက်

အခု မြန်မာပြည်မှာ ဘတ်ပုံးဆိုလား လောက်လေးဂွပုံးဆိုလား ပြင်နေလို့တဲ့။ အင်တာနက်တွေ ဂျန့်ဖြစ်နေတယ်တဲ့ ကြော်ငြာထားပါတယ်။ အဲဒါနဲ့ MPT ဆိုင်လို့ အများသိကြတဲ့ အင်တာနက်ဆိုင် တစ်ဆိုင်မှာ အင်တာနက်သွားသုံးတာ ၀က်ဆိုက်တစ်ချို့ ဖွင့်လို့ရတယ်။ ဘလော့ဂ်ရေးလို့မရဘူး။ ဂျီမေးမရဘူး။ ဂူဂဲ ဟုန်းပေ့ ကိုတောင် ဖွင့်မရဘူး။ အဲဒါနဲ့ နောက်တစ်ဆိုင်ပြောင်းတယ် ဆိုင်ကတော့ အများက ပုဂံ လို့သိကြတဲ့ ဆိုင်ပေါ့။ အဲဒီဆိုင်မှာ ဘလော့ဂ် ဖွင့်မရဘူး။ ဖတ်မရဘူး။ ဂျီမေးကလွှဲရင် တခြားဝက်ဆိုက် အကုန်ရတယ်။ အဲဒါနဲ့ ဘလော့ဂ်ရေးလို့ရမရ သိချင်လို့ ဖွင့်ကြည့်တော့ရတယ်။ အဲဒါကြောင့် အခုရေးလိုက်တယ်။ ကြောင်တောင်တောင်နဲ့ ဘာမှန်းကို မသိတော့ဘူး။

အင်တာနက်ဆိုင်က အမကြီးကတော့ ရေရွှတ်နေတယ် ဒီလ လစဉ်ကြေးလာကောက်ရင် မပေးဘူးတဲ့ :P

Read More...

Sunday, March 29, 2009

အားနာလိုက်တာယောရယ်




သို့ချစ်လှစွာသော ယော.....။ ကျွန်ုပ်ဘီယာ သောက်နေချိန်မှာ သင့်ကို သတိရမိတာတော့ အမှန်ပဲလေ။ ခင်ဗျားနဲ့ ကျုပ် ရန်ကုန်မှာတုန်းက ဘီယာအတူတူ သောက်ရင်း ဘန်းကီးမွန်းဆီ ဖုန်းဆက်သင့် မဆက်သင့်၊ ဂျော့ဘုနဲ့ ဆာဒန်ဟူစိန် ဘယ်သူမှန်မှန် ဆိုတာ လည်ပင်ရိုးကြီးတွေ ထောင်ပြီး ငြင်းကြတာလဲ မှတ်မိသေးပါတယ်။

မနက်ဖြန် ကျုပ်ရန်ကုန် ပြန်တော့မယ်ဗျာ။ ဒီညတော့ ကျုပ်အခန်းထဲမှာ ခုံလေးနှစ်လုံးချပြီး တစ်နေရာကို ခင်ဗျားအမှတ်နဲ့ ကျုပ်သောက်နေတယ်။ ခင်ဗျားကို မမြင်ရပေမယ့် ကျုပ်မျက်နှာခြင်းဆိုင်က ခုံကို ကြည့်ပြီး ခင်ဗျားရှိတယ် အမှတ်နဲ့ ထိုင်ဆဲနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် မြန်မာပြည်ပြန်ရာက်ရင် ခင်ဗျားစကားယုံစားမိလို့ လုပ်ခဲ့တဲ့ အလုပ်က အကြွေးရှင်တွေ မျက်နှာကို ရင်ဆိုင်ရတော့လေ။ ခင်ဗျားကို မယုံကြည်ရဘူးဆိုတာ သိလို့ အထပ်ထပ်အခါအခါ မေးတယ် မောင်မောင်ယောရယ် သေချာရဲ့လား။ သေချာပါတယ် ဒီလကုန်ရင် ဒေါ်လာထောင့်ငါးရာလွှဲလိုက်မယ် ခင်ဗျားဆိုင်ခန်းကိုသာ ငှားထားနှင့်။ ဆိုင်ခန်းနေရာလေးကလည်း မဆိုး ဈေးကလည်းတော် သူများလက်ဦးသွားမှာစိုးလို့ ငွေတိုးလေးယူပြီး စရံချထားလိုက်တယ်။ ကိုညီလင်းဆက်က တော့ ပြောရှာပါတယ်။ “ဟေ့လူ ယောသား စကားယုံစားလို့ ” ဆိုပြီး သတိပေးရှသေးတယ်။ ဒါပေမယ့် ငမိုက်သားကျုပ် သြော်ဒီတစ်ခါတော့ မောင်ယော မကြည်စားလောက်ပါဘူး ထင်ပြီး လုပ်လိုက်မိတယ်။

အင်း .............

မနက်ဖြန် ရန်ကုန်ရောက်ရင် အကြွေးရှင်တွေ ဘယ်လို ရင်ဆိုင်ရမလဲ .....

သြော်ဒီည ဘီယာသောက်နေတာကိုတော့ ခင်ဗျားကို တိုက်ချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက သင်္ဘောပေါ်မှာ ရာသီဥတုဆိုးကြီးထဲမှာ ရုန်းကန်နေရရှာတယ်ဆိုတော့ မတိုက်ရတာ အားနာမိတယ်ဗျာ ......

Read More...

မြန်မာဘလော့ဂ်ကာ နှစ်သောင်းကျော်သွားပြီ


ဒီနေ့ ဘလော့ဂ်ကာမှာ ကြည့်လိုက်တာ။ ဘလော့စပေါ့နဲ့ မြန်မာပြည်နာမည်ခံပြီး ပရိုးဖိုင်ဖွင့်ထားတဲ့လူ နှစ်သောင်းကျော်သွားပြီဆိုတာ တွေ့လိုက်ရတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က တစ်ထောင်ကျော်ပဲရှိတယ်။ အခုတော့ နှစ်သောင်းကျော်တဲ့။ မြန်လိုက်တာ။

Read More...

Saturday, March 28, 2009

မနက်ဖြန် ဘန်ကောက်မှာ အိုင်စီရှိုးရှိတယ်


မနက်ဖြန် တနင်္ဂနွေနေ့ညမှာ ဘန်ကာက်မှာ အိုင်စီရှိုးရှိတယ်။ နေရာကတော့ မသိဘူး :P။ ၀င်ကြေးကတော့ ဘတ်လေးရာတဲ့။ ကျွန်တော်ကတော့ သူတော်ကောင်း ဇနီးမောင်နှံက ဒကာခံမယ်ဆိုလို့ သွားကြည့်ဖြစ် ဦးမယ်ထင်တယ်။ သွားကြည့်ဖြစ်ရင်တော့ ပုံလေးတွေ တင်ပေးပါမယ်။ အခုပုံလေးကတော့ သုဝဏ္ဏမှာ Nargis ရံပုံငွေတုန်းက ရိုက်ထားတာပါ။ အခုတင်ထားတဲ့ပုံကတော့ ဆိုက်ချုံ့ထားတာပါ။ ပုံဆိုက်အကြီးကြီး လိုချင်ရင် ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပါ။

Read More...

Thursday, March 26, 2009

ဝမ်းစာတွေကုန်ပြီလား . . . .

ဒါရိုက်တာကြီး တစ်ယောက်က ပြောဖူးသည်။ “ငါဒါရိုက်တာ လုပ်ခါစက၊ ဒါရိုက်တာ ဘယ်သူရိုက်သည် ဆိုတာမျိုး မလုပ်ချင်ဘူး ခပ်ဆန်းဆန်းလေး လုပ်ချင်တယ်။ ဒါကြောင့် ဒါရိုက်တာ ........ ရေးညွှန်းရိုက်ကူးသည် ဆိုပြီး လုပ်တယ်။ ပထမသုံးလေးကား၊ အိုကေနေတာပဲ။ ဆယ်ကားလောက်လဲ ရိုက်ပြီးရော ၀မ်းစာက ကုန်သွားတယ်။ ငါ့မှာ ဆက်ရေးစရာ ကိုယ်ပိုင်ဇာတ်လမ်း မရှိတော့ဘူး။ အဲဒီတော့ သူများဇာတ်လမ်းတွေကို ယူပြီးရိုက်ရတယ်။ သူများဇာတ်လမ်းတွေကို ရိုက်ပြီဆိုမှတော့ ကိုယ်ရေးတာ မဟုတ်တော့ဘူးလေ။ အဲဒါကြောင့် ဒါရိုက်တာ....... ရေးညွှန်းရိုက်ကူးသည် ဆိုတာကြီးကို ဖျက်လိုက်ရတယ်။ ”


ကျွန်တော်တို့ ငယ်ငယ်က မင်းသိင်္ခ စာအုပ်တွေကို တော်တော်ကြီး ဖတ်ဖြစ်သည်။ ကျွန်တော်တို့ ကိုတန်းဆယ်တန်း အရွယ်လောက်တွင် မင်းသိင်္ခလို ကောင်းတဲ့ စာရေးဆရာ တစ်ယောက် ထွက်နေတယ် ဖတ်ကြည့်ဆိုလို့ ကျွန်တော် ဖတ်ဖြစ်သည်။ သူ့စာအုပ်ကို တစ်အုပ်ဖတ်ပြီးတော့ ကျွန်တော်ကြိုက်သွားသည်။ နောက်ထပ် သူစာအုပ်တွေကို ထပ်ဖတ်ကြည့်ဖြစ်သည်။ လေးငါးအုပ်လောက်လဲ ဖတ်ပြီးရော သူ့ဇာတ်လမ်းတွေက ထပ်လာသည်။ တစ်အုပ်နဲ့ တစ်အုပ်က သိပ်မကွာခြားမှု မရှိတော့ပေ။ နောက်အုပ်တွေကျရင်တော့ ပြောင်းမလား ပြောင်းမလား ဆိုသည့် မျှော်လင့်ချက်နှင့် ဆက်ဖတ်ဖြစ်သေးသည်။ သို့ပေမယ့် ဇာတ်လမ်းတွေက အပ်ကြောင်း ထပ်နေသည်။ ဆယ်အုပ် ကျော်ကျော်လောက်လဲ ဖတ်ပြီးရော သူ့စာအုပ်ဆိုလျှင် ကိုင်ပင်မကြည့်ဖြစ်တော့ပေ။


အရင်ကဆိုလျှင် ကျွန်တော် စာအရမ်းရေးချင်သည်။ ၀တ္ထုပဲ ဖြစ်ဖြစ်ကဗျာပဲ ဖြစ်ဖြစ်၊ ချမရေးဖြစ်သည့်တိုင် ခေါင်းထဲမှာ စီကြည့်လျှင် သူ့ဘာနှင့်တူ အစီအရီ။ ထိုစဉ်က နေ့ခင်ဘက်တွင် ဘတ်စကားစီးပြီး တစ်နေကုန် လျှောက်သွားရသော အလုပ်ကိုလုပ်ရသည်။ ဘတ်စကားပေါ်တွင် ကိုယ်ရေးမဲ့ ဇာတ်လမ်းလေး အကြောင်းကို အစီအရီ နေရာချကြည့်ရင်း တော်တော်လေး ဟုတ်နေခဲ့သည်။ ညဘက်ကျတော့ တစ်နေကုန် ပင်ပန်းထားသည့် အရှိန်ကြောင့် အိပ်ချင်သည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ချရေးဖြစ်ပေမယ့် တစ်ခါတရံတွင်တော့ ချမရေးဖြစ်ခဲ့ပေ။ ထိုစဉ်က ကျွန်တော် အရမ်းအားနေသော လူတစ်ယောက် ဖြစ်ချင်သည်။ အားနေလျှင် ကျွန်တော် ဇာတ်လမ်းတွေကို အကုန်ချရေးဖြစ်လိမ့်မည်ပေါ့။

တကယ်တမ်း လူအားတစ်ယောက် ဖြစ်လာသည့် အချိန်ရောက်တော့ အသက်နှစ်ဆယ် အရွယ်လောက်ထိ ကွန်ပျူတာ မသုံးတတ်သေးတဲ့ ကျွန်တော်က ကျွန်တော်ပျူတာမရှိလျှင် စာမရေးတတ်တော့ဘူးတဲ့လေ။ စိတ်ကူးလေးရလို့ ရေးချင်ပါတယ်ဆိုတဲ့ အချိန်ကျတော့လည်း မီးပျက်နေတာနဲ့ မရေးဖြစ်။ မီးလာပြန်တော့လည်း ဘီယာသောက်နေရတာနဲ့ မရေးဖြစ်။ တကယ်ရေးရတော့မယ် အရင်က အားအားယားယား လျှောက်ရေးခဲ့သမျှ အခုနေ ရေးတာနဲ့ နည်းသာများသာ အသာထား ပိုက်ဆံ ရတော့မယ် ရေးတော့ဟေ့ ဆိုတဲ့ အချိန်ရောက်တော့ ကျွန်တော်တွေဝေ သွားသည်။ ဘာရေးရမှန်းမသိ။ သေချာစဉ်းစားကြည့်ပြန်တော့လည်း ဘာမှ ရေးစရာလည်းမရှိ။ ရေးစရာက မရှိလို့ မဖြစ် ဇာတ်ညွန်းကို လက်ခံထားပြီးပြီ။ ထိုအခါ မဖြစ်မနေ ရေးရတော့မည်။ မရေးတော့ဘူး ဆိုပြန်လျှင်လည်း နာမည်က မစရသေးဘူး ပျက်တော့မည်။ ထို့ကြောင့် မဖြစ်မနေ ဇာတ်လမ်း တစ်ပုဒ်ကိုတော့ ရေးဖြစ်လိုက်သည်။ ဘာပဲ ဖြစ်ဖြစ် နဂိုအရှိန်လေးနဲ့ မို့လားမသိ ဇာတ်ညွှန်းတစ်ခုကတော့ ရှောရှောရူရူနဲ့ ပြီးသွားရှာသည်။ ဒါပေမယ့် နောက်တစ်ခု ထပ်ရေးဖို့ဆိုတာတော့ ကျွန်တော်စဉ်းစားရင်း ရင်မောသွားသည်။


တကယ်တော့ ၀မ်းစာ ဆိုတဲ့ စကားလုံးကို ကျွန်တော် ရင်းနှီးနေတာတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့် အဲဒီဝမ်းစာ ဆိုတာကြီးကို အရင်က ကျွန်တော် သိပ်မယုံကြည်ဘူး။ ကဗျာပဲ ဖြစ်ဖြစ် စာပဲဖြစ်ဖြစ် စိတ်ကူးယဉ်လိုက်ရင် ဖြစ်လာတာပဲ။ အရင်က ကျွန်တော် အဲလိုထင်ထားခဲ့သည်။ အခု နင်လားငါလား တကယ်ရေးရမည့် အချိန်မှာ ရေးစရာတွေ မရှိဖြစ်တော့ ကျွန်တော် ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ကြည့်သည်။ ဘာကြောင့်လဲ ......

ကျွန်တော် စာကို အရင်လို အရူးအမှုး မဖတ်ဖြစ် မရေးဖြစ်တာ သုံးနှစ်ကျော်သွားပြီ။ ဥပမာ အနေဖြင့် ပြောရလျှင် ဓာတ်ပုံသမား တစ်ယောက်ဖြစ် ပရော်ဖက်ရှင်နယ် လုပ်စားတော့မည် ဆိုပါက ကင်မရာကြောင်း ဓတ်ပုံအကြောင်းကို အပျော်တမ်း သမားထက် ပိုပြီး အချိန်ပေးလေ့လာရမည်။ ပိုပြီး လေ့ကျင့်ရမည်။ ထို့အတူ စာရေးဆရာ တစ်ယောက်အဖြစ် ပရော်ဖက်ရှင်နယ် လုပ်စားတော့မည် ဆိုပါက အပျော်ဖတ်သူထက် စာပေကို ပိုဖတ်ရမည်။ ပတ်ဝန်းကျင်ထဲက လူတွေရဲ့ အကြောင်းကို လေ့လာရမည်။ သာမန် ကင်မရာ ၀ါသနာ သမားလောက်တောင် ဓာတ်ပုံအကြောင်းကို မလေ့လာပဲ ပရော်ဖက်ရှင်လုပ်စားရင် အောင်မြင်မှု မရရှိနိုင်သလို၊ သာမန် စာဖတ်ဝါသနာ ပါသူလောက်တောင် စာမဖတ်ပဲနဲ့တော့ စာရေးဆရာကောင်း တစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်ပေ။

နောက်ဆုံးတော့ ကျွန်တော်ဒါရိုက်တာ ကြီးပြောသည့် စကားကိုပဲ ပြန်သွားသတိရသည်။ “၀မ်းစာ ကုန်သွားတာကို”တဲ့။ ၀မ်းစာ ဖြည့်တင်းဖို့ အတွက် ကျွန်တော် စာပြန်ဖတ်ရမည်။





Read More...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း




ဆရာကြီး သခင်ကိုယ်တော်မှိုင်း အပါဝင် မြန်မာပြည်ရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးများ ဖြစ်သည့် ဦးသန့် စုဘုရားလဒ် ဒေါ်ခင်ကြည် (ဗိုလ်ချုပ်၏ဇနီး) တို့ အုတ်ဂူများ ဘယ်မှာ ရှိသနည်းဟု မေးလျှင် ရန်ကုန်နေ လူတော်တော်များများပင် မသိကြပါဘူး။

Read More...

Wednesday, March 25, 2009

ဓာတ်ပုံ



အရင်က ယူကျုမှာ တင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ကော်နက်ရှင် မကောင်းလို့ မအောင်မြင်ခဲ့ဖူး။ အခုမှ အောင်မြင်သွားတယ်။

Read More...

Tuesday, March 24, 2009

ရန်ကုန်

တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် ကျောင်းတော်ကြီးတစ်ခု
ရန်ကုန်က ကျွန်တော့်ကိုပညာတွေ သင်ပေးခဲ့တယ်

တကယ်တော့ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် စစ်မြေပြင်တစ်ခု
ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒုက္ခနဲ့အခက်ခဲတွေကို
နိစ္စဒူဝ တိုက်ခိုက်နေရတယ်

တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် လယ်ယာမြေတစ်ခု
ဝါသနာဆိုတဲ့ မျိုးစေ့တွေကနေ
အနုပညာတွေအပင် ပေါက်လာဖို့
အဲဒီမြေမှာ ပျိုးကြဲခဲ့တယ်

စိတ်ကူးထဲမှာတော့ အဲဒီမျိုးစေ့လေးဟာ
ရန်ကုန်မြေကိုထိတဲ့အခါ
ဝုန်းကနဲဆို နေ့ခြင်းညခြင်းအပင်ကြီးဖြစ်သွားတယ်
အပင်ပေါ်မှာ ကဗျာတွေပွင့်
အပင်ပေါ်မှာ ၀တ္ထုတွေသီး
စိတ်ကူးကြည့်ပြီး ပျော်ခဲ့တယ်

လက်တွေ့မှာ
ဝမ်းရေးရယ် အနုပညာ
နှစ်ခုယှဉ်လာတော့ ရန်ကုန်ကကျွန်တော့်ကိုမေးတယ်
ကောင်လေးမင်းဘာကို ရွေးမလဲတဲ့ .....



မိုးလှိုင်ညဘလော့က
ရန်ကုန်ကဗျာတွေကို ဖတ်ပြီး ဒါလေးကို ကျွန်တော်ရေးမိသွားတယ်

Read More...

Monday, March 23, 2009

စွယ်တော်ပင်အလွမ်း

စွယ်တော်ရွက် ဆိုတာ နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်တယ်။ နှစ်ရွက်ပေါင်းထားတဲ့ စွယ်တော်ရွက်တွေဟာ တစ်ရွက်နဲ့နဲ့ တစ်ရွက် ဘယ်တော့မှ မခွဲပဲ ရော်ရွက်ဝါအဖြစ် ကြွေလွင့်သွားသည့် တိုင်အောင် မခွဲစတမ်း အမြဲတန်း ဒွန်တွဲလို့ . . . .



နင်နဲ့ငါ စွယ်တောပင်အောက်မှာထိုင် စွယ်တော် ရွက်လေးကိုခူး စွယ်တော်ပန်းလေးကို နင့်ခေါင်းမှာ ပန်ပေးရင် သစ္စာတွေ ဆိုခဲ့ကြတယ်။ ငါတို့တွေ နှစ်ယောက်ရဲ့ ဘ၀ကို ပေါင်းပြီး ဘ၀တစ်ခုကို ထူထောင်ကြမယ်။ ရော်ရွက်ဝါဖြစ် ကြွေလွင့်သည့်တိုင် ငါတို့ နှစ်ယောက် မခွဲကြေးပေါ့



အဲဒီအရာတွေ တက်တက်စင်အောင်လွဲ။ အခုတော့လည်း တစ်ယောက်တည်း စွယ်တော် ပင်အောက်မှာ ရွာက်ခြောက်လေးတွေကို ကောက်ရင်း ငါ့နှလုံးသားတွေ ပြိုကျခဲ့ပြီ။ နင်များ သိလေမလား . . .



တစ်ရက်မှာတော့ အမှတ်တမဲ့၊ စိမ်းစိမ်းစိုစိုနဲ့ စွက်တော်ရွက်လေးတွေ နှစ်ခြမ်းကွဲပြီး လမ်းပေါ်မှာ ကြွေကျနေကြတယ်။ မနေ့ညက လေ တော်တော်ပြင်းတာကိုး ..........



မခွဲဘူးဆိုတဲ့ စွယ်တော်ရွက်တွေက လေမုန်တိုင်းကိုတော့ အံမတုနိုင်ရှာပါဘူး။



အဲဒီလိုပဲ ငါ့တို့နှစ်ယောက် ဘ၀ထဲကို ၀င်တိုက်ခဲ့တဲ့ ကံကြမ္မာမုန်တိုင်းကို ငါတို့တွေ အံမတုနိုင်ခဲ့ဘူး။ လေမုန်တိုင်းကပဲ ပြင်းလေးသလား ငါတို့တွေပဲ ညံ့ခဲ့လေလား ........



အခုတော့လည်း ငါတို့တွေ ...

တကွဲစီပေါ့ ..........

ဒါပေမယ့် ငါ့ရင်မှာ ဖြစ်တည်နေတာကို စွယ်တော်ပင်ရင်းမှာ ရေးထားခဲ့တယ်။ အဲဒီစွယ်တော်ပင်ရင်းက ကဗျာတစ်ပုဒ်က နင့်လာဖတ်မဲ့ နေ့ကို စောင့်နေလေရဲ့ .............

Read More...

ဆြာယော



ဒါကတော့ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဆြာယောပါ။ ဒီဗီယိုကလစ်ကို စီးပွားရေးအလို့ငှာ ကူးယူခြင်း ပြသခြင်းတို့ကို ပြုလုပ်လိုပါက မှုပိုင်ရှင် ဆြာယော နှင့် ဆက်သွယ်ပါ။ ဒါကတော့ ကင်မရာမင်း ဖြစ်တဲ့ ကျွန်တော့်ကို ဘလော့ဂ်မှာ တင်ရုံသာ တင်ခွင့်ပေးတာပါ။ ရောင်းချခွင့်မပြုပါဘူး ကျန်တဲ့ ကိစ္စများကိုတော့ ဆြာယောထံတွင် တိုက်ရိုက်ဆက်သွယ်ပါ။

Read More...

လူချင်းအတူတူ အသက်ရှုခြင်းကွဲ





ကင်မရာခြင်းအတူတူ မှန်ဘီလူးကွဲတော့ ........

Read More...

နောင်ချိုအမှတ်တရ




နောင်ချိုကနေ မိုင်သုံးဆယ်လောက်ဝေးတဲ့ ညောင်နီဆိုတဲ့ ရွာလေးကို အသွားမှာ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး ရိုက်ခဲ့တာပါ

Read More...

love=wind

ကောင်မလေး။ ။ အချစ်ဆိုတာ လေ နဲ့တူတယ်တဲ့

အဲဒီလေကို မမြင်ရဘူး

ဒါပေမယ့် လေ ဟာတကယ်ရှိနေတယ်

ပြီးတော့ အဲဒီလေမရှိပဲနဲ့ အသက်ရှင်လို့မရဘူး …………..


အချစ်ဆိုတာလဲ လေ လိုပဲ

တကယ်ရှိနေပေမယ့် မမြင်နိုင်ဘူး

ဒါပေမယ့်လူတွေဟာ အချစ်မရှိပဲလဲ နေလို့မဖြစ်ဘူး






ကောင်လေး။ ။ ဟုတ်ပါတယ်လေဟာ အချိန်တိုင်းမှာမမြင်ရပါဘူး

ဒါပေမယ့်

လေရှိနေတယ်ဆိုတဲ့ သင်္ကေတလေးတွေကိုတော့ မြင်ရတယ်

နည်းနည်းလေး တိုက်ရင်တော့ သစ်ရွက်လေးတွေလုပ်တာကို မြင်ရမယ်

တိုက်နှုန်းတွေများလာရင်တော့ နာဂစ်တုန်းကလို သစ်ပင်ကြီးတွေ ကျိုးပျက်သွားမှာပေါ့

နင်ပြောသလို

အချစ်ဆိုတာ တကယ်တော့ မမြင်နိုင်ဘူး

ဒါပေမယ့် ရင်ခုန်လာတာကို ကြည့်ခြင်းအားဖြင့်

ရင်ဘတ်ထဲမှာ အချစ်ရှိတယ်ဆိုတာကို သိနိုင်တယ်

အချစ်တွေ ပိုများလာရင်တော့ နှလုံးသားတွေ တုန်လုပ်ကုန်ပြီပေါ့

မိန်းကလေးရယ်

အခုတော့လည်း ကိုယ့်နှလုံးသား

အရမ်းကို တုန်လုပ်နေရပြီ. . . . . .

အဲဒါ

မိန်းကလေးကို သိပ်ချစ်လို့ပေါ့

Read More...

ဒီနေ့မီးလေးတို့နဲ့တွေ့ဖြစ်တယ်



ဒီနေ့ လုံပနီညဈေးမှာ ဘလော့ဂ်ကာ မီးလေးဇာတို့ အုပ်စုနဲ့ ညစာစားဖြစ်ပါတယ်။ အခုတင်ထားတဲ့ ပုံတွေထဲမှာ မီးလေးပုံ ပါပါတယ်။ သူဘယ်သူဆိုတာ မှန်အောင်ဖြေနိုင်ရင် ဆုချမယ်လို့ ဆိုပါတယ်။

Read More...

There was an error in this gadget