Art is My Life: Journal
Showing posts with label Journal. Show all posts
Showing posts with label Journal. Show all posts

Thursday, August 21, 2008

Blogger Gossip ဂျာနယ် ထွက်ရှိမည်

ရန်ကုန်အခြေစိုက် အလုပ်လက်မဲ့ ဘလော့ဂ်ကာများ ဦးဆောင်ကာ အလုပ်ပြုတ်လုပြုတ် ခါနီး ဘလော့ဂ်ကာများ ၀ိုင်းဝန်းပံ့ပိုးမှုဖြင့် Blogger Gossip အမည်ရှိ ဂျာနယ်ကြီး တစ်စောင်ကို ဘလော့ဂ်ဒေး အမှတ်တရ အဖြစ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သတင်း အတိအကျ ရရှိသည်။

ယင်းစာစောင်တွင် ကမ္ဘာအရပ်ရပ်မှ ဘလော့ဂ်ကာများ၏ အတင်းအဖျင်းနှင့် သတင်းအစုံလင်ကို ပါရှိမည်ဟု ရန်ကုန်အခြေစိုက် အလုပ်လက်မဲ့ ဘလော့ဂ်ကာ အသိုင်း ၀ိုင်းမှ သိရသည်။

ဒီစာစောင်မှာ ဘာတွေပါမလဲ ဆိုတော့ ဥပမာ ပြောမယ်ဗျာ တစ်ချို့ ဘလောဂ်ကာတွေက လူရှေ့သူရှေ့မှာ မင်နဲ့ မောင်းနဲ့ နေပြီး လူကွယ်ရာမှ ပေါက်ကရ လုပ်ကြရင်း လူမိသွားတဲ့ ဖြစ်ရပ် ဆန်းလေးတွေ အပါဝင် ထူးခြားတဲ့ နေချာလေးတွေ ကို ရေးသား ဖော်ပြ သွားမှာ ဖြစ်ပါတယ် ဟု ရန်ကုန် အခြေ စိုက် အလုပ်လက်မဲ့ ဘလော့ဂ်ကာ ဗလာဂေါက်က ပြောကြားလိုက်သည်။

သို့ဖြစ်သောကြောင့် မည်သူမဆို ဘလော့ဂ်ကာများ၏ အတင်းအဖျင်းများကို အလုပ်လက်မဲ့ ဥက္ကဌ ဇော်ဇော်မျိုးလွင် ခေါ် ဇော်ပိန်ခေါ် ဘလာဂေါက် ထံသို့ ဖြစ်စေ၊ ပင်ကူခေါ်၊ ကျူစီ ပင့်ဂိုး ခေါ် ပိန်ဂိုးခေါ် ပင့်ဂိုး ထံသို့ ဖြစ်စေ၊ ဘာညာ ခေါ် အစားပုတ်သော ဘလော့ဂ်ကာ မလေးထံသို့ ဖြစ်စေ စာမူများ ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

ထိုဂျာနယ်တွင် ပါဝင်သည့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်အချို့မှာ ....

  • အာရကေ ပြတ်နေသော ဘာညာ သူမ ဘလော့ဂ်ကို အပြီးသတ် ရောင်းထုတ်ရန် စီစဉ်နေ
  • လန်ဒန်ရောက် ဘလော့ဂ်ကာတစ်ယောက် စင်္ကာပူတွင် အိမ်တစ်လုံး အသည်းသန်ရှာ
  • ရည်းစားနှစ်ယောက်ကြား နားကားနေတဲ့ ကီးစိန်
  • ဘလာဂေါက် ဆိတ်သားချက်သည် ဒီရေနူး၏ မနူး၏

တို့ ဖြစ်ကြကြောင်း သိရသည်။

နောက်တိုး ခေါင်းစဉ်များ

  • မြန်မာဘလော့ဂ်များ နိုင်ငံဂုဏ်ဆောင် ဘေကျင်းအိုလံပစ်ပြိုင်ပွဲတွင် စံချိန်ချိုးရွေတံဆိပ်ဆုများရ( ဘီယာသောက် ပြိုင်ပွဲ၊ ၀ီစကီသောက်ပြိုင်ပွဲ၊ အစားသောက်ပြိုင်ပွဲ၊ ဖဲရိုက်ပြိုင်ပွဲ ..... )
  • တက်လော့ဟုန်းနှင့် မဟတ်တမ ဂန်ပြားကြီး နှစ်ယောက်တစ်ဝက် တေးစီးရီး ထုတ်ရန် ပြင်ဆင်
  • ပေါက်ကရရှစ်ဆယ် ခါးပိုက်နှိက်ကို ရိုက်သည့် လက်ဖြင့် သီသီလေးလို
  • မော်ဒယ်မင်းသားချော တိုလီ (ကာဗာတွင် ထည့်သွင်းပြီး စိတ်ဝင်စားဖွယ် ပုံစာထိုးထားသည်)
မှတ်ချက် ဆက်လက်တက်လာသော သတင်းခေါင်းစဉ်များကို အပ်ဒိတ်လုပ်ပေးသွားမည် ဖြစ်ကြောင်း


28 ရက်နေ့ ဖောင်ပိတ်မည် ဖြစ်သောကြောင့် စာမူများကို အမြန်ဆုံး ပေးပို့ ကြရန် နိုးဆော်အပ်ပါသည်

Read More...

Tuesday, August 21, 2007

လူတိုင်း မျှော်နေကြတဲ့ အီးစာစောင်တော်ကြီး ထွက်ပြီ

.










အားလုံးကို တောင်းပန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြေငြာထားတဲ့နေမှာ ဂျာနယ်မထုတ်နိုင်လို့ပါ။ မထုတ်နိုင်တဲ့ အကြောင်းအရင်းကတော့ နည်းပညာအခက်ခဲပါပဲ။
ကျွန်တော်က စာတာရေးနိုင်တယ် ဖိုတိုရှော့ နည်းနည်းပါးပါးရတယ် အဲဒါလွဲလို့ လေးအောက်ချတာတာတွေကို မလုပ်တတ်ပါဘူး။ ဒါကြောင့် နည်းပညာ တတ်ကျွမ်းတဲ့ ကျွန်တော့ အသိတစ်ယောက် ဆီမှာ အကူညီတောင်းရပါတယ်။ သူကလဲ အလုပ်မအားတာနဲ့ ဘာနဲ့ဆိုတော့ နည်းနည်းကြံ့ကြာသွားတာပါ။
ထုတ်ဖြစ်ပြန်ပြီဆို တော့လည်း သူငယ်ချင်းတွေကို စမ်းပြကြည့်တော့ အယ်ဒါတစ်ချို့ကို တွေ့ရပါတယ်။ အဲဒီအယ်ဒါကို ပြင်ဖို့ စောင့်နေတာနဲ့ ထွက်မယ်လို့ ပြောထားတဲ့ ရက်မှာ မထွက်နိုင်တာပါ။
သူငယ်ချင်းကလည်း သူ့အလုပ်နဲ့သူ မအားတာနဲ့ အဲဒီအယ်ဒါကို မပြင်အားပါဘူး။ ကျွန်တော်လဲ မပြင်တတ်ပါဘူး။ ဒါကြောင့် ကြံ့ကြာသွားတာပါ။ အခုတော့ သူငယ်ချင်းကလည်း အလုပ်အရမ်းများနေလို့ မပြင်အားဘူး။ ဒါကြောင့် အမှား အယ်ဒါပါလျှက် နဲ့ပဲ ထုတ်လိုက်ပါတယ်။

ပြင်ဖတ်ရမဲ့ နေရာတွေကတော့

စာမျက်နှာ ခုနှစ်က ခေါင်းစဉ်ကို `` ထိတ်ထိတ်ကြဲ မြန်မာ ဘလော့ဂ်ကာများရဲ့ အောင်မြင်မှုကို ခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကို နာမည်ကြီးအောင် ဖန်တီးသူများရှိလာပြီ ´´

စာမျက်နှာ ရှစ်က ခေါင်းစဉ်ကို `` စနေနံနှင့် စသော ဘလော့ဂ်ကာများ မျက်ခုံးလုပ်နေကြပြီ ´´

စာမျက်နှာ တစ်ဆယ် ကခေါင်းစဉ်ကို `` ကျေးဇူးတင်ရှိခြင်း ´´ အစရှိသဖြင့် ပြင်ဆင် ဖတ်ရှုပေးဖို့ ဖြစ်ပါတယ်

ဂျာနယ်ဖတ်ရန် ဒီကိုနှိပ်ပါ

Read More...

Saturday, August 18, 2007

မနက်ဖြန် ဂျာနယ်ထွက်ပါပြီ

ပရိတ်သတ်ကြီး မျှော်လင့် စောင့်စားနေတဲ့ ဂျာနယ် မနက်ဖြန်ထွက်ပါပြီ။



သားရေး သမီးရေး ပြသာ အဖြေရှာနေကြတဲ့ မျက်လုံးနဲ့ ဘလာဂေါက်




နှစ်ရက်မှ ရေတစ်ခါချိုးသည့် ဘလော့ဂ်မယ်လေး




သံတိုင်တွေရဲ့ အနောက်က ဘယ်သူလဲ



အစရှိသည့် တိကျခိုင်လုံသေ သတင်းဓာတ်ပုံ ဝေေ၀ဆာဆာ များဖြင့် မနက်ဖြန် ဖြန့်ချိပါမည်။
အကယ်၍ စာဖတ်သူ မိတ်ဆွေ စိတ်ဝင်စား ဖတ်ရှုလိုပါက မနက်ဖြန် ဒီနေရာလေးမှာ လာရောက် ဖတ်ရှုနိုင်ပြီ ဖြစ်ပါကြောင်း

Read More...