Art is My Life: စာအုပ်
Showing posts with label စာအုပ်. Show all posts
Showing posts with label စာအုပ်. Show all posts

Saturday, September 13, 2008

ဘ၀နှင့်လက်ရာ

ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီကျော် တူးလုစ်လောထရက် ဘ၀နှင့်လက်ရာ အမည်ရှိ စာအုပ် လေးပါ။ Udo Felbinger ၏ Toulouse - Lautrec: Life and Work ကို လှိုင်ဘွား က ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပန်းချီကျော် တူးလုစ်ရဲ့ ငယ်စဉ်ဘ၀က အစ သေဆုံးသည်အထိ သူ့ဘ၀ နှင့် သူ၏အနုပညာလက်ရာ များအကြောင်းကို ရေးသားထားပါတယ်။

ဒီပြင် တူးလုစ်ရဲ့ နာမည်ကျော် ပန်ချီကားများကို ရောင်စုံစာမျက်နှာများ ဖြင့်ဖော်ပြထားပါတယ်။ ပန်းချီနှင့် ပန်ချီဆရာများ၏ အထုတ်ပတ္တိကို စိတ်ဝင်စားသူများအတွက် အသုံးဝင်မဲ့ စာအုပ်တစ်အုပ်ပါ။

Read More...

Tuesday, September 18, 2007

ဒို့တိုင်းဌာနီ


ဒို့တိုင်းဌာနီ အမည်ရတဲ့ စာအုပ်လေးကို ကျွန်တော်ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ ကိုလိုနီခေတ် နောက်ခံ ဇာတ်လမ်းတစ် ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ဟာ မြန်မာ့လွတ်လမ်း ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကြိတ် ထဲမှရဲဘော် ရဲဘော်တစ်ဦး အဖြစ် ဖန်တီး အသက်သွင်း ထားခြင်းဖြစ်ပါတယ်။

ဒီဝတ္ထုကို စာရေးဆရာကြီး မဟာဆွေ၏ သမီး စာရေးဆရာမ ခင်ဆွေးဦးက ရေးသားခဲ့ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ စာပိုဒ်လေးကတော့ ဒီဝတ္ထုဇာတ်လမ်းရဲ့ ဇာတ်ကောင် ကိုသူရ ရဲ့ မှတ်စု စာအုပ်အတွင်းမှ စာသားလေးများ ဖြစ်ပါတယ်။ ဤစာ သာလေးကို ကြည့်ခြင်းအားဖြင့် ကိုလိုခေတ်တွင် မြန်မာလူမျိုးတို့ နှိမ့်ကျခဲ့ရပုံကို တွေ့ရှိခံစားနိုင်ပါသည်။



လွပ်လပ်ရေး တိုက်ပွဲ

  • လူတိုင်း၌ ညီမျှသော အခွင့်တရားရှိသင့်သည်
  • လူတစ်မျိုးက လူတစ်မျိုးကို အုပ်ချုပ်ရန် အလိုမရှိ

သွေးနှင့်လဲရသည်
  • လွပ်လပ်ရေးကား သွေးနှင့်လဲယူရသော အလုပ်ဖြစ်၏
  • ရာထူးလခနှင့်လဲယူခြင်းသည် လွတ်လပ်ရေး အစစ်မဟုတ်
  • သို့ဖြစ်လျှင် လူယုတ်မာများကို သုတ်သင်ရဲသော အာဇာနည်များ အဘယ့်ကြောင့် မပေါ်ထွက်သေးသနည်း

တွေးကြည့်ပါ
  • မိတ်ဆွေ . . . အဆွေသည် မြန်မာလူမျိုးဖြစ်ပါသည်
  • မော်တော်ကားကြီးစီး တိုက်တာကြီးနှင့် စည်းစိပ်ယစ်နေသောအခါ အမိုးမလုံး သားသမီးတစ်ပြုံကြီးနှင့် တဲကုတ်လေးတွင် ငတ်ပြတ် ခွေလှဲနေသော မြန်မာများကို တွေးကြည့်ပါ

အလိုရှိသည်
  • (ဗလနံ) မဟုတ်သော လူမိုက်အလိုရှိသည်။ အလုပ် လုပ်လိုသူများ မည်သည့်နေရာမှ လျှောက်ထားဖို့မလို။


အပြည့်အစုံ ဖတ်လိုပါက တို့တိုင်းဌာနီ အမည်ရ စာအုပ်လေးကို ဒီနေရာမှာ ယူလိုက်ပါ

Read More...

Sunday, September 09, 2007

ပထမမြန်မာများ


ဒီနေ့ ပထမ မြန်မာများ ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ပါတယ်။ စာရေးသူကတော့ ဆရာမင်းယုဝေပါ။

ဒီစာအုပ်မှာ ပထမဆုံး မြန်မာလူမျိုး အနေနဲ့ အင်္ဂလိပ်မြန်မာ ဒေရှင်နယ်ဒီကို ပြုစုရာမှာ ပါဝင်ခဲ့တဲ့ မက္ခရာမင်းသားကြီး၊ ပထမဆုံး သိပ္ပံစာပေကို ပြုစုသူ ရောမင်းကြီး ဦးဖိုးလှိုင်၊ ပြည်တွင်းမှာ ပထမဆုံး ဆေးကုပေးတဲ့ တိုင်းရင်းသား ဆရာဝန် ဒေါက်တာ ရှောလူး၊ ပထမဆုံး ကာလပေါ် ၀တ္ထု ကိုရေးသူ ဂျိမ်းလှကျော် အပါအ၀င် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်ကျော် ၁၈ ဦးရဲ့ ဘ၀ဖြစ်စဉ်တွေ ကြိုးပမ်းချက်တွေကို အတုယူ အားကျဖွယ် ရေးသားထားတာကို တွေ့ရပါတယ်။

အဲဒီမှာ ဖတ်ရင်း ဘုရင်အကြိုက်ကို မလိုက်ပဲ အမြဲတမ်း အမှန်တိုင်း တင်လျှောက်ဝံ့တဲ့ ယောမင်းကြီး ဦးဖိုးလှိုင် ရဲ့ စိတ်ဓာတ်၊ နဲ့ ခေတ်အမြော် မြင်ရှိတဲ့ အတွေးအမြင်တွေကို အားကျမိပါတယ်။

ဖတ်ကြည့်တဲ့ အခါမှာ ပိုကောင်းမှန်း သိလာပါလိမယ့်။ မဖတ်ရသေးသော မိတ်ဆွေများကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းပါရစေ။ စာအုပ်ကို ဒီနေရာမှာ နှိပ်ပြီး ဒေါင်းလုပ်ယူပါ

Read More...

Sunday, July 29, 2007

ထောင်တစ်သက် အတွေ့အကြုံ

ယခု ခွေးဥသြောအူသံကား အင်းစိန် ထောင်ကြီးပေါ်မှ ဆွဲလိုက်သော ဥသြသံကြီး ဖြစ်ချေသည်။

`` ဒေါင်.... ဒေါင်..... ဒေါင် ... ... ဒေါင် ..... ဒေါင်..... ´´

အဆိုပါ ဥသြသံနှင့် တစ်ဆက်တည်းပင် ထောင်ပတ်လည်ရှိ မျှော်စင်များမှ သံချောင်း ခေါက်သံများ တစ်ဒေါင်ဒေါင်နှင့် ဆူညံသွားသည်။ မောင်မောင်တို့ သင်တန်းသားများ ဘုမသိဘမသိနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။ ဘာများ ဖြစ်တာပါလိမ့်။

သင်တန်း ကျောင်းအုပ်ကြီး မစ္စတာအေကရစ်ရှနားကမှု ချက်ခြင်း သိလိုက်သည်။

`` ထောင်ထဲမှာ တစ်ခုခု ဖြစ်နေပြီဟေ့။ ရိုက်ပွဲလား လူပြေးသလား မသိဘူး။ တို့သွားကြည့်ရင်း ကူကြရအောင် ခပ်သွက်သွက်တော့ သွားရလိမ့်။´´

အထက် ဖော်ပြပါ စာပိုဒ်သည် ရန်အောင်မောင်မောင် ရေးသားသည့် ထောင်တစ်သက် အတွေ့အကြုံ အမည်ရ စာအုပ်မှ အင်းစိန်ထောင် ထောင်လန့်သည့် ဖြစ်ရပ်အကြောင်းကို ရေးထားခြင်းဖြစ်သည်။

ကျွန်တော်အရင်က ထောင်နဲ့ ပတ်သက်လို့ ကျော်မြသန်းတို့လို စာအုပ်တွေကို ဖတ်ခဲ့ဖူးပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်အများစုက ထောင် အကြောင်းကို ရေးရင် ထောင်ကျဖူးတဲ့ စာရေးဆရာတွေ ရေးတာများပါတယ်။ ကျွန်တော် ဒီစာအုပ်ကို မဖတ်ဖူးခင်က ရန်အောင် မောင်မောင်ရဲ့ ထောင်တစ်သက် အတွေ့ကြုံဆိုတော့ ထောင်ထဲမှာ တစ်သက်တစ်ကျွန်းကျတဲ့ လူတစ်ယောက်က ရေးထားလို့ ထင်ခဲ့မိပါ သေးတယ်။ တကယ်တော့ စာရေးဆရာ ရန်အောင်မောင်မောင်ဟာ ထောင်ဝန်ထမ်း ဘ၀နဲ့ နှစ်လေးနီးနီး တာဝန်ထမ်းဆောင် ခဲ့ပြီး ထောင်ထဲက အတွေ့အကြုံ ဖြစ်ရပ်ဆန်းတွေကို ရေးသားထားခြင်းဖြစ်ပါတယ်။

အဲဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာကို နှိပ်ပါ

Read More...