Art is My Life: joke
Showing posts with label joke. Show all posts
Showing posts with label joke. Show all posts

Tuesday, September 21, 2010

အကြော်သည် ကုလားမင်း အပိုင်းနှစ်

အပိုင်း တစ်မဖတ်ရသေးရင် ဒီကို ကလစ်ခေါက်လိုက်

အဲဒီလိုနဲ့ အကြော်သည်ကုလား ဘုရင်ရဲ့ ဆမူဆာကြော်ကြော်တဲ့ ပရိုဂရမ်တွေဟာ ဗယာကြော်နသီ ပြည်နယ်က တီဗီလိုင်းတွေမှာ ပါပြီးတဲ့အခါမှာ သူကျေနပ်ပြီး အပျော်ကြီး ပျော်နေတာပေါ့လေ။

တစ်ရက်ညီလာခံမှာ အမတ်ကြီးတပါးက အကြော်သည်ကုလား မင်းကို လျှောက်တင်တယ် အရှင်ဘုရား ဘုရင်ဖြစ်တာ တစ်ပတ်ရှိပြီ တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ စီးပွားရေးတွေကို ပြုပြင်ဖို့လဲ နှလုံးသွင်းတော်မှုပါဦးပေါ့။ အဲဒီတော့ အကြော်သည်ကုလားမင်းက ဘာပြန်ပြောလဲ ဆိုတော့ ငါက အခုမှ ဘုရင်ဖြစ်တာ တစ်ပတ်ပဲ ရှိသေးတယ် အိုဘားမားဆိုရင် တစ်နှစ်ကျော်နေပြီ ဘယ်မှာလဲ အမေရိကန်စီးပွားရေး ပြန်ကောင်းသေးလို့လား လို့ဆိုပြီး စေဒက ပြန်တက်ပါတယ်။

အဲဒီတော့ အမတ်ကြီးက ဘာပြောလဲဆိုတော့ အရှင်ဘုရား ဒီလိုနေလို့တော့ မဖြစ်ဘူး ဘာပဲ ဖြစ်ဖြစ် လူရှိန်အောင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေ ခေါ်ပြီး အစည်းဝေးလုပ်ရမယ် လို့ ပြန်ပြောတယ်။ အဲဒီတော့ အကြော်သည်ကုလားက ခဏစဉ်းစားပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစည်းဝေးလုပ်ဖို့ သဘောတူလိုက်တယ်…..

အဲဒီစီးပွားရေး ညီလာခံကို တက်ရောက် လာကြာတာကတော့ သူဌေးကြီး အနိစ္စဦးဆောင်တဲ့ လုပ်ငန်းရှင်အဖွဲ့ပါ။ ဒီနေရာမှာ သူဌေးကြီးအနိစ္စနဲ့ စပ်လင်းပြီး ပြောပြရရင်တော့ သူကလဲ နယ်နယ်ရရတော့ မဟုတ်ဘူး မျိုးနဲ့ ရိုးနဲ့ ကုန်သည်တွေလေ။ သူ့နာမည်ကို ပေးခဲ့တာတော့ သူ့ဖေ သူဌေးကြီး အနာပလပွက ပေးခဲ့တာ။ သူသားလေး မွေးတဲ့အချိန်မှာ သူ့သားလေးကို နာမည်ပေးချင်တယ်။ အားလုံးသိကြတဲ့အတိုင်းလေ လူဆိုတာ နာမည်နဲ့လိုက်ပြီး ကံကြမ္မာက ပြောင်းလဲတတ်တယ်လို့ အယုံအကြည်ရှိကြတာကိုး။ အဲဒီတော့ သူ့သားလေး နာမည်ကို အနိစ္စလို့ပေးလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ လောကမှာ ဘယ်အရာမှာ မတည်မြဲတဲ့ မမြဲခြင်းတရားဆိုတဲ့ နိရာမရှိတယ်။ ဘယ်အရာမှ မတည်မြဲဘူးလေ။ ဒါပေမယ့် မမြဲခြင်းတရားကတော့ အမြဲတမ်းတည်မြဲနေတယ်။ ဒါကြောင့် သူ့သားလေးကို အမြဲခြင်းတရားလို အမြဲတမ်းတည်မြဲ နေပါစေလို့ ရည်စူးပြီး သူ့သားလေးကို အဲလို နာမည်ပေးလိုက်တာ။ ဒါက သူဌေးကြီး အနိစ္စအကြောင်းပါ။

စောစောကဟာကို ပြန်ဆက်ရမယ်ဆိုရင်တော့ သူဌေးကြီး အနိစ္စဦးဆောင်တဲ့ ကုန်သည်တွေက ညီလာခံမှာ ရောက်နေကြပြီပေါ့လေ။ ဒါပေမယ့် အကြော်သည်ကုလားက ဘာပြောရမှန်းမသိဘူး။ ဒါပေမယ့် ဘုရင်လုပ်နေပြီဆိုမှတော့ ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း သိက္ခာကျတော့ မခံဘူးလေ။ သူဌေး အနိစ္စကိုမေးတယ် မင်းဘာလုပ်ငန်း လုပ်လဲ တစ်နှစ်ကို ဘယ်လောက် ရင်းနှီးမြုတ်နှံပြီး အမြတ်ဘယ်လောက်ရလဲပေါ့။

သူဌေး အနိစ္စက စဉ်းစားတယ်။ ငါ့လုပ်ငန်းကို မေးတာ ဘယ်လောက်ရင်းနှီးမြှပ်နှံတာက ပြောလို့ရပါတယ်။ ဒါပေမယ့် ရှော့ရှိတာက အမြတ်ငွေ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တိုင်းပြောရင် အခွန်တွေ အမှန်တိုင်း ဆောင်ရမှာစိုးတာကိုး။ အဲဒီတော့သူက လျှော့ပြောမယ်လို့ စဉ်းစားပြီ။ ကျွန်တော်မျိုးကြီးက ကွန်ပျူတာ OS ဆော့ဝဲတွေ ထုတ်ပါတယ်။ ရင်းနှီးမြှမ်နှံမှုကတော့ ရေပေါ် ကုဋေ လေးဆယ် လေပေါ် ကုဋေလေးဆယ် ရှိပါတယ်ဘုရား။ အမြတ်ငွေကတော့ တစ်နှစ်ကို တစ်ကုဋေမြတ်ပါတယ်လို့ တင်လျှောက်လိုက်တယ်။

အဲဒီတော့ အကြော်သည်ကုလားမင်းက ထပ်မေးတယ်။ တခြားကုန်သည်တွေရဲ့ လုပ်ငန်းတွေရော ဘယ်လောက်မြတ် ကြလဲဆိုတော့။ သူဌေးကြီးအနိစ္စက တခြားကုန်သည်တွေလဲ အခွန်သက်သာပါစေ ဆိုတဲ့ စေတနာနဲ့ တခြားလုပ်ငန်းတွေရဲ့ အမြတ်ငွေဟာလဲ ကျွန်တော့်လိုပါပဲ တစ်နှစ်ကို ရင်းနှီးမြှတ်နှံမှုရဲ့ ရှယ်ဆယ်ပုံ တစ်ပုံပဲ မြတ်ပါတယ်။လို့ ပြန်လျှောက်တယ်။

အဲဒီတော့ အကြော်သည်ကုလားက ဟုတ်လား ဒါဆိုရင် မင်းတို့တွေအားလုံး ဗယာကြော်စက်ရုံ တည်ဆောက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗယာကြော်က ကုလားပဲ တစ်ပိတာကို နှစ်ထောင်ဝယ်ပြီး အကြော်ကြော်ပြီး ပြန်ရောင်းရင် တစ်သောင်းရတယ်။ ဆီဖိုးနဲ့ မီးသွေးဖိုး နုတ်လိုက်ရင် စားပြီးသောက်ပြီး အသားတင် ခြောက်ထောင်လောက် ကျန်တယ်။ ငါတို့ တိုင်းပြည်ရဲ့ GDP တိုးတက်စေဖို့ တစ်နိုင်ငံလုံးက စီးပွားရေး လုပ်ငန်းရှင်တွေ ဗယာကြော်စက်ရုံ မဖြစ်မနေ ဆောက်စေ။ တတ်နိုင်တဲ့လူက တတ်နိုင်သလို ဗယာကြော်စက်ရုံကြီးတွေ ဆောက်ဖို့ မြေနေရာတွေ ချထားပေးမယ်။ မတတ်နိုင်တဲ့လူက မတတ်နိုင်သလို နိုင်သလောက် အိုးလေးနဲ့ မဖြစ်နေမနေ ကြော်ရမယ်။ ဒါငါတို့ ဗယာကြော်နသီ ပြည်ကြီးရဲ့ GDP တိုးတက်ဖို့ပဲ။ လို့ မိန့်လိုက်တယ်။

အဲဒီမှာ သူဌေးကြီး အနိစ္စက အဖြစ်နိုင်ပါဘူး အရှင်မင်းကြီး မဖြစ်နိုင်.... လို့ ဆိုကာရှိသေးတယ်။ တော်တန်တိတ် အနိစ္စ ရှာမရှည်နဲ့ ။ မင်းလုပ်ရင် မလုပ်ရင်လဲ နေ မင့်သဘောပဲ။ တစ်ခုတော့ ရှိတယ် မင်းမလုပ်ဖူးဆိုရင် မင့်ကုမ္မဏီ ထုတ်ကုန်အားလုံးကို ၁၀၀% အခွန်ကောက်ပြီး မင့်ပြိုင်ဖက် ထုတ်ကုန်တွေကို အခွန်ကင်းလွှတ်ခွင့်နဲ့ ထုတ်ပေးလိုက်မယ် ဘာမှတ်လဲ ဆိုပြီး အကြော်သည်ကုလားမင်းက ပြန်ပြောလိုက်တယ်။

အဲဒီတော့ သူဌေးကြီး အနိစ္စကလဲ ဘာပြန်ပြောလဲဆိုတော့ ဒါလိုလဲ ကျွန်တော်မျိုးကြီး ဆောင်ရွက်ပေးပါမယ်။ ဒါပေမယ့် ကျွန်တော်မျိုးကြီးကို ပါမစ်တစ်ခုတော့ ပြန်ပေးရမယ်။ အဲဒီတော့ အကြော်သည်ကုလားမင်းက ဒါဆိုလဲ ရတယ်လေ မင့်ကို ငါတို့ တပြည်လုံးမှာ ရှိတဲ့ ဆိုက္ကားတွေကို မီတာ တပ်ခွင့်လိုင်စင်ချပေးမယ်လို့ မိန့်လိုက်တယ်။

အဲဒီတော့ အနိစ္စသူဌေးက ဘာပြောပြန်ပြောမယ်။ အရှင်မင်းကြီး စဉ်းလဲစဉ်းစားပါဦး ဘယ်သူက ဆိုက္ကားကို မီတာနဲ့စီးမှာတုန်းဗျ။ တပ်လဲ ငတပ်ပေါ့ ဘယ်သူမှမစီးဘူး ဘုရင်ကြီးကို ပြန်ပြောတယ်။ အဲဒီတော့ အကြော်သည်ကုလားက ငတုံးရဲ့ ဆိုက္ကားမီတာ တပ်ရင် ဘယ်သူမှ မီတာနဲ့ မစီးတာ နင်ပြောမှလား ကလေးပေါက်စတောင် သိတယ်။ စီးတာ မစီးတာ မင့်အပူပါလို့လား။ ပါမစ်ယူမှာလား မယူဘူးလား မယူချင်နေ သူများပေးလိုက် မယ် ဆိုတော့။ သူဌေးကြီးကလဲ ယူပါမယ် ယူပါမယ်လို့ ခေါင်းကို တွင်တွင်ငြိမ့်လိုက်တယ်........

နောက်တစ်ရက်ဆက်ဖတ်ရန်.....

Read More...

Sunday, September 19, 2010

ဗယာကြော်နသီ ပြည့်ရှင် အကြော်သည်ကုလားမင်း

တရံရော အခါက ဗယာကြော်နသီ ပြည်နယ်မှာ အကြော်သည် ကုလားကြီးက မင်းလုပ်ပြီး အုပ်ချုပ်တယ်တဲ့...။ ဗယာကြော်နသီ ပြည်နယ်က ဘုရင် အကြော်သည် ကုလားကို မိတ်ပေးရမယ် ဆိုရင် သူဘုရင် ဖြစ်လာပုံကလဲ သိပ်ဆန်းတယ်ကိုး။
ရှေးခေတ် ရှေးကာလကတော့ ဘုရင်ကို သတ်နိုင်ရင် မင်းဖြစ်တဲ့ ဓလေ့ထုံးစမ်း ရှိလေတာကိုး။ အကြော်သည် ကုလား မတိုင်ခင် ဘုရင်က ဓားလှန် လေးမြှားလက်နက် ဓါဏ် အကုန်ပီးတယ်ဆိုပဲ။ သူ့ကို ဘယ်လိုမှ လုပ်ကြံ သတ်ဖြတ်လို့ မရနိုင်ဘူး။

တစ်ခါဆိုရင် ရောမက စစ်သည်သိန်းချီပါတဲ့ စစ်တပ်ကြီးတစ်ခု ချီတက်လာတုန်းက သူတစ်ယောက်တည်း သွားချတယ်။ စစ်တပ်နဲ့ မျက်နှာချင်း ရောက်ပြီဆိုတာနဲ့ ပုဆိုးချွတ်ပြီး လိုက်ရမ်းလိုက်တာ ရောမစစ်တပ်ကြီး အကုန်လုံး ကစဥ့်ကလျှား ထွက်ပြေးသွားကြရတယ်။ တစ်လွှဲ မတွေးပါနဲ့ ပုဆိုးကို လက်နဲ့ ကိုင်ပြီး တရုပ် သိုင်းကားထဲက လို လိုက်ရမ်းတာ။

အဲ လို ရဲ ရဲ တောက်ဘုရင်ကြီး ဒုတ်ပီး ဓားပီး လှန်ပြီး ဘာလက်နက်နဲ့မှ သတ်လို့မရဘူး။ တစ်ရက်မှာ အကြော်သည်ကုလားရဲ့  ပဲ အသိုးတွေနဲ့ လုပ်ထားတဲ့ ဗယာကြော်ကို စားမိရကာ ၀မ်းလျှောပြီး အဲဒီဘုရင်ကြီး မူလီရွာ စံ အိုင်တော်ကုန် သွားတယ်။ အဲဒါကြောင့် အကြော်သည်ကုလားက အော်တိုမစ်တစ် ဘုရင်ကြီး ဖြစ်လာရတာပေါ့။

အဲလိုနဲ့ အကြော်သည်ကုလား ဘုရင်ဖြစ်လာချိန်မှာ ပထဆုံး ညီလာခံတစ်ခုကို သူကျင်းပလိုက်တယ်။ အဲဒီညီလာခံမှာ အရေးကြီးဆုံး အချက်တစ်ချက်ကို ပြောစရာရှိတယ်တဲ့။ အဲဒါနဲ့ပဲ နိုင်ငံခြား သွားနေတဲ့ ၀န်ကြီးတွေ အမတ်ကြီးတွေ အားလုံး ပြန်လာပြီး သူ့ရဲ့ ပထဆုံး ညီလာခံကို လာတက်ကြရတယ်။ ပထဆုံး သူ့ရဲ့ ညီလာခံမှာ သူက ဘာပြောလဲဆိုတော့ ဗယာကြော်နသီ ပြည်မှာရှိတဲ့ TV ချယ်နယ်လိုင်း အားလုံးမှာ အကြော်ကြော်ပြတဲ့ အစီစဉ်ကို မဖြစ်မနေ ထည့်သွင်းရမယ်တဲ့။ ပြီးတော့ အဲဒီမှာ သူကိုယ်တိုင် သရုပ်ဆောင်မယ် ဆိုပဲ။

အဲဒီတော့ အမတ်ကြီးတွေက ထောက်ပြကြတယ် မလုပ်ပါနဲ့ မင်းကြီး ကျွန်တော်တို့ ရာဇ၀င်မှာ ၀န်ကြီးချုပ်တစ်ပါး TV ရဲ့ အစားသောက် ပရိုဂရမ်မှာ ထမင်းဝင်ချက်ပြလို့ အလုပ်ဖြုတ်ခဲ့ဖူးပါတယ်။ ဥပဒေအရလဲ ခွင့်ပြုမထားပါဘူး ဆိုတော့၊ ဗယာကြော်ကုလားက ဘာပြောတယ်မှတ်လဲ ဟဲ့ အမတ်ကြီး ဥပဒေမှာ ထမင်းမချက်လို့ပဲ ပါတယ် အကြော်မကြော်ရလို့မပါဘူး တဲ့လေ။ ပြောပြောဆိုဆိုပဲ ကင်မရာ မင်းတွေ ချက်ခြင်း ဆင့်ခေါ်ပြီး ညီလာခံ အလယ်မှာ စမူဆာ ကြော်နည်းကို ကိုယ်တိုင် သရုပ်ဆောင်ပြီး ရိုက်ပြပါတော့တယ်.....

နောက်တစ်ရက် ဆက်ဖတ်ရန်.....

Read More...

Sunday, November 15, 2009

ဖိုးသူတော်နှင့် လိုတိုဗျူး

ဗလာဂေါက် ၍ ဖိုးသူတော် ဖြေသည်



ကျွန်တော်တို့ ဘလော့ဂ်ဖတ် ပရိတ်သတ်ကြီးအတွက် ဖိုးသူတော်ကို မြေနီကုန်းက ဘီယာဆိုင်မှ ခဏတွေ့ဆုံခိုက် ဗျူးထားသမျှကို တင်ပြလိုက်ရပါတယ်။

ဂေါက်။ ။ ကိုဖိုးသူတော်ခင်ဗျား ကိုဖိုးသူတော်ဆိုတဲ့ နာမည်ကို ဘာဖြစ်လို့ ပေးထားတာတုန်း
သူတော်။ ။ ဒါက Just Normal ပါ။ ရိုးရှင်းပါတယ်။ အီစွတ်ပုံပြင်ထဲက သိုးယောင်ဆောင်တဲ့ ၀ံပုလွေဆိုတာ ခင်ဗျားလဲကြားဖူးမှာပေါ့။ မကောင်းတာတွေလုပ်ဖို့ရာအတွက် သိုးအရေခြုံသလို ဒီနာမည်ကို ဖိုးသူတော်လို့ ပေးထားတာပေါ့ဗျာ။

ဂေါက်။ ။ ကိုသူတော်က ရန်ကုန် လေဆိပ်မှာ အလုပ်လုပ်တယ်လို့သိရပါတယ် ဘာအဆင့်လဲခင်ဗျာ
သူတော်။ ။ ကျွန်တော်က S.A.E ပါ

ဂေါက်။ ။ သာမာန်စာဖတ်ပရိတ်သတ်တွေနားလည်နိုင်အောင် S.A.E ရဲ့ အရှည်ကောက်လေးကို ရှင်းလင်းပေးပါဘူး။
သူတော်။ ။ သိပ်အထင်မကြီးပါနဲ့ ဒါလဲ Just Normal ပါ။ သောက်သုံးမကျတဲ့ အရူး အဂျီနီယာလို့ အဓိပွါယ်ရပါတယ်။

ဂေါက်။ ။ ကိုသူတော် B.Tech စာမေးပွဲ ဖြေသေးတယ်လို့လဲ ကြားရပါတယ်။ အခုအောင်စာရင်း ထွက်သွားပြီဆိုတော့ ကိုသူတော်ရဲ့ စာမေးပွဲ Result လေးကိုလဲ ပြောပါဦး
သူတော်။ ။ ကျွန်တော်ကျပါတယ်

ဂေါက်။ ။ ဒီလောက် ဖြေရလွယ်တဲ့ခေတ်ကြီးမှာ ကိုသူတော် ဘယ်လိုဖြစ်ပြီးကျတာတုန်း
သူတော်။ ။ ဖြေရမယ်ဆိုရင်တော့ သိပ်ရှည်ဝေးပါတယ်။ ကျွန်တော်က စာမေးပွဲခန်းထဲမှာ စာခိုးချမလို့ ကော်ပီလေးကို ထုတ်လိုက်ပါတယ်။ အဲဒီမှာ အခန်းစောင့် ဆရာမက တွေ့သွားပြီး ကော်ပီစာရွက်ကို ဆွဲယူပါတယ်။ (ဆရာမဆိုပေမယ့်လဲ ကျွန်တော်နဲ့ ရွယ်တူလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ခဏဏ ကျနေလို့ အခုမှ B.Tech ပဲရှိသေးတာ။ သူတို့ကကျောင်းပြီးလို့ ကျူတာ ပြန်လုပ်တဲ့ ဆရာမဆိုပါတော့) ကျွန်တော် ဒါလေး ခိုးချမှ စာမေးပွဲအောင်မှာလေ။ အဲဒါလေး(ကော်ပီစာရွက်) မရှိတော့ရင်ဘယ်လို စာမေးပွဲဆက်ဖြေမှာတုန်း အဲဒါနဲ့ ဆရာမရယ် မဖမ်းပါနဲ့ ဆိုပြီး တောင်းပန်တာ။ သူ့လက်ကို ဆွဲသလိုဖြစ်သွားတော့ စာမွေးပွဲခန်းထဲမှာ ဆွဲလားရမ်းလား လုပ်ပါတယ်ဆိုပြီး ပါချုပ်ရုံးခန်း သွားတိုင်လို့ စာမေးပွဲကျရတာပါ။ တကယ်ဆိုရင် အဲဒီနေ့က ကျွန်တော်ယူသွားတဲ့ ကော်ပီနဲ့ မေးခွန်းနဲ့က ဒဲ့ပဲဗျ

ဂေါက်။ ။ ကျေဇူးတင်ပါတယ် ကိုသူတော်၊ ခင်ဗျားကို တခြား ဘလော့ဂ်ကာတွေက ဆရာကြီးဆရာကြီးနဲ့ ခေါ်နေကြတယ်။ ဘာဖြစ်လို့တုန်းဗျ။
သူတော်။ ။ ဟက်ဟက် ဒါလဲ Just Normal ပါပဲ။ မြန်မာစကားပုံရှိပါတယ် ခင်ဗျားလဲ ကြားဖူးပါလိမ့်မယ်။ ဆရာဆိုတာ တပည့်မရှား တပြားမရှိ ဆိုတာ။ ကျုပ်က အဲဘား နားကားနေလေ။ သုံးစရာ ပိုက်ဆံ တစ်ပြားမှ မရှိဘူး။ တပြားမရှိကို ပြောင်းပြန်လှန်တော့ တပည့်မရှာဆိုပါတော့ဗျာ။ တပည့်မရှားမရှားမှတော့ ဆရာကြီးဖြစ်ဖူးဘူးပေါ့။ အခုတောင် နားကားနေတယ် အင်တာဗျူးပြီးရင် ဘီယာဖိုးလေး ရှင်းသွားဦး

အခုလို ဖြေကြားပေးတဲ့ ကိုဖိုးသူတော်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နောက်အပတ်တွေမှာ ဘယ်သူနဲ့တွေ့ဆုံဦးမလဲဆိုတာလဲ စောင့်မျှော်ကြပါဦးလို့ ပြောကြားရင်း ဖိုးသူတော်နှင့် လိုတိုဗျူး အစီစဉ်ကို ဒီမှာပဲ ရပ်နားပါရစေ

Read More...

Tuesday, October 20, 2009

ဓာတ်ပုံနှင့် ကင်မရာရေးရာ မေးလိုရာမေးပါ

ဗလာဂေါက် မေး၍ စိုးဇေယျထွန်း ဖြေသည် မပျင်းသူများ ဖတ်ကြသည်

မေး။ ။ Film ကင်မရာနဲ့ Digital ကင်မရာ အဓိက ဘာကွာတာလဲ။
ဖြေ။ ။ Film ထည့်ရိုက်တာနဲ့ Memory ကတ် ထည့်ရိုက်တာ ကွာသွားတာ။

မေး။ ။ ကင်နွန် နဲ့ နီကွန် ရဲ့ အသိသာ အထင်ရှားဆုံး ကွာခြားမှုက ဘာပါလဲ ။
ဖြေ။ ။ ကင်နွန် နဲ့ နီကွန် ရဲ့ အသိသာ အထင်ရှားဆုံး ကွာခြားမှုက အမှတ်တံဆိပ်ပေါ့။ ကင်နွန်က Canon လို့ရေးထားပြီး နီကွန်က Nikon လို့ရေးထားပါတယ်။ အဲဒါ အသိသာအထင်ရှားဆုံး ကွာခြားမှုပဲ


မေး။ ။ တစ်ချို့ကင်မရာတွေက Water Proof ဖြစ်တယ်လို့သိရပါတယ်။ ကိုယ့်ကင်မရာဟာ Water Proof ဖြစ်မဖြစ် သိချင်ရင် ဘယ်လိုကြည့်ရမလဲ။
ဖြေ။ ။ ကင်မရာကို ရေထဲမှာ နာရီဝက်လောက် စိမ်ပြီး ရိုက်ကြည့်ပါ။ ဆက်ရိုက်နေလို့ရသေးတယ်ဆိုရင် Water Proof ဖြစ်ပါတယ်။


မေး။ ။ ကျွန်တော်တို့ရပ်ကွက်ထဲက ဘုရားကျောင်းက အတွင်းထဲမှာ တော်တော်လေးမှောင်ပါတယ်။ ဘုရားကျောင်းက မင်္ဂလာဆောင်တွေကို ဓာတ်ပုံရိုက်ရင် ကျွန်တော့်ကင်မရာက Flash (မီး) မရှိတော့ ဘုရားကျောင်းက လျှပ်စစ်မီးရောင်ကိုပဲ အားကိုးပြီးရိုက်ရပါတယ်။ မီးပျက်သွားပြီးဆိုရင် မှောင်နေတော့ ဘယ်လိုမှ ရိုက်လို့ မရတော့ဘူး။ Flash(ကင်မရာမီး) လဲ မ၀ယ်နိုင်သေးတော့ ဘုရားကျောင်းမှာ မီးပျက်နေတဲ့အခါ ဘယ်လိုရိုက်သင့်တယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ဘုရားကျောင်းက နံရံတွေကို ခွာလိုက်ပါ။ အဲဒါမှ မှောင်နေသေးတယ်ဆိုရင် အမိုးကိုပါ ဖွင့်လိုက်ပါ။ အဲဒါဆို သင့်အတွက် လုံလောက်တဲ့ အလင်းရောင် ကောင်းကောင်း ရနိုင်ပါတယ်။




Read More...

Monday, March 23, 2009

ဆြာယော



ဒါကတော့ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဆြာယောပါ။ ဒီဗီယိုကလစ်ကို စီးပွားရေးအလို့ငှာ ကူးယူခြင်း ပြသခြင်းတို့ကို ပြုလုပ်လိုပါက မှုပိုင်ရှင် ဆြာယော နှင့် ဆက်သွယ်ပါ။ ဒါကတော့ ကင်မရာမင်း ဖြစ်တဲ့ ကျွန်တော့်ကို ဘလော့ဂ်မှာ တင်ရုံသာ တင်ခွင့်ပေးတာပါ။ ရောင်းချခွင့်မပြုပါဘူး ကျန်တဲ့ ကိစ္စများကိုတော့ ဆြာယောထံတွင် တိုက်ရိုက်ဆက်သွယ်ပါ။

Read More...

Thursday, November 13, 2008

နှစ်ယောက်တစ်ပုဒ်

တခါတုန်းက သမီးယေက္ဖနှစ်ယောက်ဟာ ကဗျာတစ်ပုဒ်စီကို နှစ်ယောက်ဝိုင်းပြီး ရေးခဲ့ကြတယ်။ အဲဒါကြောင့် အဲဒီဘလော့ဂ်ပို့ရဲ့ ခေါင်းစဉ်ကို နှစ်ယောက် တစ်ပုဒ်လို့ ပေးထားတယ်။


‘ကဗျာ’

ကျွန်တော်က ကောင်းကင်ကျယ်
သူမက တိမ်တိုက်ငယ်
ကျွန်တော့်ကမ္ဘာထဲမှာ မြူးထူးစွာ လွင့်မျောဖူးတယ်။

ကျွန်တော်က သစ်ပင်တစ်ပင်
သူမက ရေသောက်မြစ်
ကျွန်တော် အသက်ဆက်နေရခြင်းရဲ့ အကြောင်အရင်း။

ကျွန်တော်က မိုးစက်တွေ
သူမက ကလေးငယ်လို
ကျွန်တော်ရင်ခွင်ထဲ ပြေးလွှားဆော့ကစားဖူးတယ်။

ကျွန်တော်က ပန်းပွင့်ငယ်
သူမက လိပ်ပြာလေး
ကျွန်တော့်ထံပါး ရစ်သီသီနဲ့ ပျံဝဲဖူးတယ်။

ကျွန်တော်က ကျောက်ဆောင်
သူမက ရေလှိုင်းတွေလို
ကျွန်တော့်ရဲ့ မာကျောမှုတွေကို နူးညံ့စေခဲ့တယ်။

အခု ကျွန်တော်က ရိုးတံရှည်
သူမက ငှက်ငယ်
ကျွန်တော့် လက်အစုံပေါ် ခိုနားဖူးတယ်။

ကျွန်တော်က စာအုပ်လေးဖြစ်
သူမက ဖောင်တိန်ငယ်
ကျွန်တော့်စာမျက်နှာတွေပေါ် ပုံရိပ်တွေ ထားခဲ့တယ်။

ဒီလိုနဲ့ပဲ…
သူမနဲ့ကျွန်တော်ဟာ
သစ်ပင်အိုတွေကို…
အချစ်များငတ်နေမလားဆိုပြီးတော့လည်း
အတူတူ ဂရုဏာသက်ခဲ့ကြဖူးတယ်

ဟန်သစ်ငြိမ်

အကို(ညီမကိုယူထားလျှင် အကိုဟုရိုသေစွာခေါ်ရသည်)ရေးသောကဗျာ။



ကျွန်တော်က ကင်းကောင်
သူမက ဂေါ်ဇီလာ
တိုက်ခိုက်ရင်းနဲ့ ငှက်ပျော်ခင်းတွေ ပျက်စီးခဲ့ဖူးတယ်

ကျွန်တော်က သစ်ပင်
သူမက မျောက်မလေး
သူချိုးချခဲ့လို့ လူညွန့်တုံးခဲ့ရတယ်

ကျွန်တော်က မိုးစက်
သူမက ကလေးလို
ရူးရူးတွေပေါက်ချထားခဲ့လို့ ပတ်ဝန်ကျင်မှာနံဟောင်ရစ်ခဲ့တယ်

ကျွန်တော်က ပန်းပွင့်ငယ်
သူကမက ယဉ်ကောင်
ဟိုမှာဒီမှာနားပြီး ကျွန်တော့်ဘေးနားလာရစ်ဖူးတယ်
နံလိုက်တာမှ လွန်ရောပဲ

ကျွန်တော်က ကျောက်ဆောင်
သူမက ရေငြှိ
သူမကြောင့် လူတွေခဏခဏ ချော်လှဲကြရတယ်

ကျွန်တော်က ရိုးတံရှည်
သူမက ဌင်းတ
မနိုင်မနင်းသူ့ဝိတ်ကြီးနဲ့ တက်လို့ သစ်ကိုင်းကျိုးကျခဲ့ရဖူးတယ်

ကျွန်တော်က စာအုပ်လေးဖြစ်
သူကမက ခြ
သူကိုက်စားသွားလို့ နှလုံးသားတောင် တိုးလှိုပေါက်နေပြီ

ဒီလိုနဲ့ သူမနဲ့ကျွန်တော်
ဘိုးဘွားရိပ်သာက အဖိုးကြီးအိုတွေကို
အရက်ငတ်နေမလားဆိုပြီး
အတူတူ ၀ယ်တိုက်ခဲ့ကြဖူးတယ်

စိုးဇေယျ
ညီဖြစ်သူ ( ကဗျာရေးသူညီမ၏ ခင်ပွန်းလောင်း) ကပြန်ရေးသောကဗျာ


သက်ဆိုင်သူသို့ ...

ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အချစ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ အချစ်တွေရှိခဲ့တယ်
အဲဒီအချစ်တွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်

ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာနေရာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့ နန်းတော်ကြီးတစ်ခုရှိတယ်
အဲဒီနန်းတော်ကြီးကို အုပ်ချုပ်ပြီး
နင်က ဘုရင်မလုပ်ပေါ့

ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့အချစ်တွေကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် မျှော်လင့်ခြင်းတွေကို ငါပိုင်ဆိုင်တယ်

ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဂစ်တာအိုလေးပါ
သိပ်ပြီးအသုံးမ၀င်ဘူး

ကောင်မလေးရေ
ဂစ်တာအိုကထွက်လာတဲ့ သံစဉ်တွေကတော့
မျှော်လင့်ခြင်းတွေပေါ့
ကွဲရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး

ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဂစ်တာအိုလေးကိုတီးကြည့်ရင်း ထွက်လာတဲ့မျှော်လင့်ခြင်းတွေကိုခံစားရင်ခုန်ရင်း
ငါဆက်ပြီး အိပ်မက်တွေမက်နေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီးအဲဒီဂစ်တာလေးကိုမရိုက်ချိုးလိုက်ပါနဲ့နော်
ငါဆက်ပြီး အိပ်မက်တွေမက်ပါရစေ

စိုးဇေယျထွန်း


ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အမာရွတ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ ၀ဲတွေရှိခဲ့တယ်
အဲဒီ ၀ဲတွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ကူးစက်ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်

ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာ အိမ်သာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့
အမှိုက်ပုံးကြီးတစ်ခုရှိတယ်
အဲဒီအမှိုက်ပုံးကြီးကို အုပ်ချုပ်ပြီး
နင်က မစင်မလုပ်ပေါ့

ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့ နှာခေါင်းကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် နှပ်ချေးတွေကို ငါပိုင်ဆိုင်တယ်

ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဠင်းတအိုကြီးပါ
သိပ်ပြီးအသုံးမ၀င်ဘူး

ကောင်မလေးရေ
ဠင်းတအိုကထွက်လာတဲ့ သံစဉ်တွေကတော့
အညှီနံ့တွေပေါ့
စူးရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး

ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဠင်းတရုပ်ကြီးကို မှန်ကြည့်ရင်း ထွက်လာတဲ့ ၀ဲတွေကိုခံစားကုတ်ဖဲ့ရင်း
ငါဆက်ပြီး ပုတ်ပွနေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီး အဲဒီဠင်းတအိုကြီး ကိုရိုက်မောင်းမထုတ်ပါနဲ့နော်
ငါဆက်ပြီး လောက်သေတွေ စားပါရစေ။

ဟန်သစ်ငြိမ်

Read More...

Tuesday, October 07, 2008

၁၂၃၄ ကဗျာ

၁-၂ သူ့ကိုချစ်
(ကောင်မလေးက ချောတာကို ချစ်မိတာပေါ့)


၃ - ၄ စာလိုက်ပေး
(ပါးစပ်နဲ့ မပြောရဲမှတော့ စာရေးပြီး ပေးရတာပေါ့။ စာပေးတယ်ဆိုတာ ရှေးအကျဆုံးနဲ့ ခေတ်အမှီဆုံး နည်းလမ်းပဲ )

၅ - ၆ ဂါတ်ထဲရောက်
(မတော်ရသေးတဲ့ ယောက္ခမက ကဂျိုးကကြောင် လုပ်တော့ တစ်ခါတစ်လေ ရုံးရောက် ဂါတ်ရောက်ပေါ့)

ရ - ၈ အကြံသစ်
( ဒီတိုင်းနေလို့ တော့မဖြစ်သေးပါဘူး။ ဒီထက်ကောင်းတဲ့ မဟာဗျူဟာတွေကို စဉ်းစားဦးမှ)

၉-၁၀ ခိုးပြေးမယ်
(သဘောတူတူ မတူတူ ကားတင်ပြေးတာ အေးရော)

Read More...

Friday, September 26, 2008

ဝါဆိုဝါခေါင် ကင်မရာပေါင်

ကျွန်တော် သတင်းထောက်လုပ်တုန်းက ဓာတ်ပုံဆရာဆိုတဲ့လူတွေကို ကျွန်တော် ပြောဖူးတယ်။ ခင်ဗျားတို့ကတော့ အာရကေ တော်တော်လျှံမှာပဲလို့ ......
အဲဒီတုန်းက အဲဒီဓာတ်ပုံသမားက ညဉ်းတယ်။ ဘယ်ကလာကွာ။ ဒီအချိန်က ဓာတ်ပုံတွေ အလုပ်ဖြစ်တဲ့ရာ သီချိန်မဟုတ်ဘူးကွ။ ၀ါဆိုဝါခေါင် ကင်မရာ ပေါင်တဲ့။ ဓာတ်ပုံ ဆိုတာ သတင်းကျွတ်ပြီးမှ အလုပ်ဖြစ်တာကွတဲ့............

အဲဒီအချိန်တုန်းကတော့ ကျွန်တော် အမှုမဲ့ အမှတ်မဲ့ပါပဲ ..........

ဒီနေ့ မနက်မိုးလင်းလို့ အိပ်ယာထတော့။ ရေချိုးတယ်။ ရေချိုးပြီးတော့ အပြင်သွားဖို့ ယောင်ယမ်းပြီး ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ .... နှစ်ရာတန် အစုတ်လေး နှစ်ရွက်ရယ် တစ်ဆယ်တန် အစုတ်လေး တစ်ရွက်ရယ်။ ဟုတ်တာပဲ ကျွန်တော် ပိုက်ဆံ မရှိတော့ဘူး မေ့နေလိုက်တာ။ လောလောဆယ် ငွေဝင်ဖို့ အပေါက်အလမ်းကလဲ မရှိသေးဘူး။ လက်ရှိ ကျန်နေတဲ့ ငွေလေးရာ့ တစ်ဆယ်က မနက်စာစားဖို့တောင် မလုံလောက်ဘူး။ အဲဒီတော့ ကြံစမ်း လတ်တလော လိုနေတဲ့ အာရကေကို ဘယ်လိုဖြေရှင်းရပါ့ .............

ဘာမှ မခက်ပါဘူး လိုက်ချည်းတာပေါ့။ ဟိုလူ့ဆီ ဖုန်းဆက် ဒီလူ့ဆီဖုန်းဆက်။ နေ့လည် ဆယ့်နာရီ ထိုးသွားပြီ။ ဘယ်သူ့ဆီကမှ ပိုက်ဆံချည်းလို့ မရသေးဘူး။ အဲဒါဆိုရင်တော့ ဘယ်လိုလုပ်ရပါ့။ စဉ်းစားနေတုန်း ရှိသေးတယ် ၂၄ နာရီမှာ တစ်စက္ကန့်မှ မနားရအောင် ဆာလေ့ရှိတဲ့ ကျွန်တော့်ဗိုက်က အသံထွက်လာတယ် ကွီတဲ့........... ။ ဟေ့ကောင် ခဏနေဦး မကွီနဲ့ ဒီမှာ မင့်ဆရာ အကြံထုတ်နေတုန်း။

အင်း........။ အမတွေ ဆီသွားတောင်းရအောင်ကလည်း တောင်းထားတာ မကြာသေးဘူး။ ထပ်သွားတောင်းရင် နင်ပေးထားတာ ရှိလို့လားလို့ မေးနေဦးမယ်။ ပိုက်ဆံလိုက်ချည်းတာလဲ တပြားမှ မရဘူး။ ပိုက်ဆံမရှိလို့ သွားချည်းသွား။ ငါ့မှာ ပိုက်ဆံမရှိဘူးလို့ လူတကာကို လိုက်ပြောနေရသလိုပဲ။ မထူးပါဘူး။ ကျောပိုးအိတ်ထဲက ကင်မရာရယ် မင်းအပေါင်ဆိုင်မှာ ခဏနားပေးတော့။ မဟုတ်ရင် မင့်သခင်က မင့်ကို သွားလေရာ ကျောပိုးအိတ်ထဲ သယ်ပြီး မိုးရွာရွာနေပူပူ လျှောက်သွားနေတာ။ တော်ကြာနေ မိုးရွာချလို့ တုပ်ကွေးမိနေမယ်။ တုပ်ကွေးမမိရအောင် လုံခြုံတဲ့နေရာ အပေါင်ဆိုင်မှာ မင့်ကို ခဏထားခဲ့မယ်ဆိုပြီး ကျွန်တော် အပေါင်ဆိုင် ရှိရာဆီသို့ ချီတက်လို့ သွားပါတော့တယ်။

အပေါင်ဆိုင်ရှေ့ရောက်တော့။ ပြောလို့သာ ပြောရတာ ဟုတ်ဘူး။ ဒီအသက်အရွယ်အထိ အပေါင်ဆိုင်တစ်ခါမှ မရောက်ဖူးဘူးလေ။ ဆိုင်ထဲဝင်ရမှာ ဟိုရှက်တာလိုလို ဒီကြောက်တာလိုလိုနဲ့ မ၀င်ရဲဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အပေါင်ဆိုင်ကို ကျော်ကျော်ပြီး ခေါက်တုန့် ခေါက်ပြန်လျောက်နေမိတယ်။ အဲဒီမှာ တစ်ခုစဉ်းစားမိတာက ...........

ဟေ့ကောင် မင့်ဆံပင်က စုတ်တိစုတ်ဖွား။ အ၀တ်စားကလည်း ပေစုတ်စုတ်နဲ့ အပေါင်ဆိုင်သွားရင် ဘယ်ကခိုးလာတာလဲလို့ မေးလိမ့်မယ်။ မဖြစ်ချိမ့်ဘူး။ နောက်ပြီးတော့ ဘယ်မှာလည်း မှတ်ပုံတင်။ သြော်ဟုတ်ပေသားပဲ ........

အဆောင်ရောက်တော့ ကျွန်တော်ရေချိုးတယ်။ ဘေးအခန်းချင်း ကပ်လျှက်က ကောင်ဆီက မီးပူးငှားပြီး ကျွန်တော့်ဆီမှာ အသန့်ဆုံးဟု ယူဆရတဲ့ အကျီတစ်ထည်ကို မီးပူတိုက်တယ်။ ပြီးတော့ မကြာသေးခင်ကမှ ၀ယ်ထားတဲ့ ဘောင်းဘီရှည်ကို ၀တ်တယ်။ ပြီးတော့ တစ်ခန်းကျော်မှာနေတဲ့ ကောင်ဆီက ခေါင်းလိမ်းဆီကို တောင်းလိမ်းတယ်။ ပြီးတော့ မှန်ထဲမှ ကိုယ့်ကိုယ်ပြန်ကြည့်တယ်။ အိုကေ ငါ့ရုပ်က သူခိုးဂျိပိုးပုံ မပေါက်တော့ဘူး။ ပြီးတော့ အပေါင်ဆိုင်ကို ချီတက်ခဲ့တယ် ...........

အပေါင်ဆိုင်ရှေ့ရောက်တော့ သေချာအောင် ကျွန်တော့်အိပ်ကို စမ်းကြည့်တယ်။ ဘယ်မှာလဲ ကင်မရာ။ ဇစ်တွေနဲ့ ရှုပ်ပွနဲ့ ကျွန်တော့် အိပ်ထဲမှာ တစ်အိပ်ပြီးတစ်အိပ် ဖွင့်ပြီးလိုက်ရှာတယ်။ ကင်မရာကို မတွေ့ဘူး။ သြော်မှတ်မိပြီ အပေါင်ဆိုင်သွားခါနီး ကင်မရာကို နုတ်ဆက်အနမ်းပေးပြီးတော့ အိပ်ထဲ ပြန်မထည့်မိတာကိုး။ ကဲ စိတ်မရှိနဲ့ ကိုယ့်လူ အဆောင်ပေါ် ပြန်တက်ဦး ..........

အပေါင်ဆိုင်ရောက်တော့ ..........
ကင်မရာ အပေါင်မခံဘူးကွာ
ဗျာ ......... ဟုတ်ကဲ့ကဲ့

ဟန်မပျက်နဲ့ ကျွန်တော်ထွက်လာတယ်။ စာဆိုထဲမှာက ၀ါဆို ၀ါခေါင် ကင်မရာပေါင်တဲ့။ အခုကျွန်တော့်အဖြစ်က ကင်မရာတောင် အပေါင်မခံနိုင်ရှာပါလား။ အင်းလေ မထူးတော့ပါဘူး .............။ ထုံးစံအတိုင်းပဲ ပေါ့။

ဘာလုပ်တာလဲ
ကျွန်တော့်အမကမေးတယ်။ သူက အစိုးရ ရုံးတစ်ရုံးမှာ ၀န်ထမ်းလေ
ဘာရယ်မဟုတ်ပါဘူး။ လမ်းကြုံလို့ ၀င်လာတာပါ

အဲဒီလိုနဲ့ စကားလေးဘာလေး ပြော။ ပြန်ခါနီးတော့ ကျွန်တော် မုန့်ဖိုးတောင်းတာ ထောင့်နှစ်ရာပေးလိုက်တယ်။ ထပ်ပေးပါဦးလားလို့ တောင်းဖို့က မကောင်း။ အဲဒီတော့ ငွေထောင့်နှစ်ရာကို လက်ဝယ်ပိုက်ပြီး လေးဖင့်သော ခြေလှမ်းများနဲ့ ကျွန်တော် ရန်ကုန်မြို့ရဲ့ ဒေါင်းတောင်းဟု ခေါ်သော အရပ်ဒေသများကို ဦးတည်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ တွေ့တဲ့ ကောင်ဆီက ပိုက်ဆံ ချည်းပစ်မယ်ပေါ့ဗျာ ..။

မြို့လည်ကောင်ရောက်မှာ သတိရတယ်။ ပုစွန်တောင်က ဂိုလ်ထောင်တစ်ခုမှာ ကျွန်တော်သူငယ်ချင်းရှိတယ်။ သူကတော့ အဲဘား အာရလန်းတယ် လက်စွပ်တစ်ကွင်းကိုလဲ အမြဲစွပ်ထားတယ်။ ငယ်သူငယ်ချင်းဖြစ်တာကြောင့် ဒီကောင်ဆီမှာ ချည်းရင်တော့ သေချာပေါက်ရလိမ့်မယ်။ နောက်ဆုံး မရရင်တောင် လက်စွပ်ပေါင်ခိုင်းမယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီကောင်ဆီကို ဖုန်းဆက်ဖြစ်တယ်။ ဖုန်းထဲမှာတော့ ဟေ့ရောင် မင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲလို့ ဘလိုင်းကြီး မေးလို့ မကောင်းဘူးလေ။ အဲဒါကြောင့် ကျွန်တော်မေးလိုက်တယ်

ဟေ့ကောင် ရှိလား
အေးရှိတယ်
အေးအဲဒါဆို ငါလာခဲ့မယ်
လာခဲ့လေ

အဲဒီလိုဆိုတော့လည်း အိုကေသွားတာပေါ့နော်။
ငွေရေးကြေးရေး အိုကေပြီဆိုတော့လည်း လက်ဝယ်ပိုက်ထားတဲ့ ထောင့်နှစ်ရာကို စီမံခွံခွဲမှ သင့်တော်ရော့မယ်။ ဗိုက်ကလည်း ဆာနေပြီကိုး။ အဲဒါနဲ့ ခေါက်ဆွဲစားတယ်။ ရှစ်ရာ။ လေးရားပိုတယ်။ ကားတောင် မစီးတော့ဘူး နှမျှော့လို့ ဆူးလေးကနေ ပုစွန်တောင် လမ်းလျောက်သွားလိုက်တယ် ...........။

သူ့ဂိုထောင်ရောက်မှ သတိရတယ်။ မေ့နေလိုက်တာ တာမွေဘက်က အိမ်တစ်အိမ်ကို စင်္ကာပူ ဒေါ်လာတစ်ရာ ပေးဖို့ အသိတစ်ယောက်က အကူညီတောင်းထားတာ။ သူ့ပေး ပေးဖို့ ပြောဖထားတဲ့ စင်္ကာပူ ဒေါ်လာတစ်ရာက ကျောပိုအိတ်ထဲမှာ။ သူများပိုက်ဆံကို အကြာကြီး ယူထားလို့ မသင့်ချေဘူး။ အဲဒါကြောင့် သတိရတုန်း သွားပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ပုစွန်တောင်ကနေ ရွေဧည့်သည် ကားစီးသွားရင် သုံးရာ။ အသွားအပြန်ခြောက်ရာ ကျမယ်။ ကျွန်တော့ဆီမှာ ရှိတာ လေးရာ။ မဖြစ်သေးဘူး။ အပြန် လမ်လျှောက်ပြန်နေရမယ်။ အဲဒါကြောင့် အခု ကျွန်တော်နေရာက်နေတဲ့ ပုစွန်တောင် ဂိုလ်ထောင်က သူငယ်ချင်းကိုပါ ခေါ်သွားဖို့ စိတ်ကူးလိုက်တယ်.......။

ကားခလေးတွေပေးကြပါ ......
ပုစွန်တောင်ဈေးရှေ့ရောက်တော့ ရွေဧည့်သည် စပါယ်ယာက ကားခတောင်းပြီး။ ကျွန်တော်က ကျွန်တော်နဲ့ လိုက်လာတဲ့ သူငယ်ချင်းကို ကြည့်တယ်။ သူကလဲ ကျွန်တော့်ကို ပြန်ကြည့်တယ်။ ကျွန်တော့်စိတ်ထဲက ဒီကောင်ကို ကျိန်ဆဲနေမိတယ်။

ခက်ရန်ကော။ ခွေးမသား အလိုက်မသိလိုက်တာ။ ထုတ်ပေးမယ် မရှိဘူး ပေါ့။ စိတ်ထဲက အဲလို ကျိတ်ဆဲနေတာ။ နောက်ဆုံ မထူးတော့ပါဘူး ဆိုပြီ ကျွန်တော်က ပြောလိုက်တယ် .
ဟေ့ရောင် ကားခ ပေးလိုက်လေကွာ ဆိုတော့ ။ မပါဘူး တဲ့.............

ကျွန်တော်က ပြောတာပေါ့။ မင်းပြောတော့ ရှိတယ်ဆိုလို့။ ဟုတ်တယ်လေ ဒီကောင်ပဲ ဖုန်းထဲမှာ ဟေ့ကောင်ရှိလားလို့ မေးတော့ ဒီကောင်က ရှိတယ်လို့ ဖြေခဲ့တာ။

ဟာ....... ။ ရှိတယ်ဆိုတာက မင့်ငါကို ဂိုလ်ထောင်မှာ ရှိလားလို့ မေးတာ မှတ်လို့ကွ ငါက ရှိတယ် လာခဲ့လို့ ပြောလိုက်တာ။ ပိုက်ဆံရှိတယ်လို့ ပြောတာ မဟုတ်ဘူး။

သေလိုက်ပါတော့လား ခွေးသားရယ် .........။

ဘာပဲ ဖြစ်ဖြစ်လေ ဘယ်လောက်ပါလဲပါတာ အကုန်ထုတ်

နှစ်ရာပါတယ်

အေးမင့်နှစ်ရာရယ် ငါ့လေးရာရယ် ပေါင်းရင် ခြောက်ရာ။ ရွေဧည့်သည်က တစ်ယောက်သုံးရာ။ ပေးဖို့ လောက်တယ်ဆိုပြီး ကျွန်တော ရွေဧည့်သည် ကားခကို ပေးလိုက်ရတယ်..........

အခု အသွားကားခတော့ အိုကေ သွားပြီ ...။ အပြန်ကားခ ဘယ်လို လုပ်ကြမလဲ။
ဝါဆို ၀ါခေါင်ဆိုပေမယ့် ကင်မရာက ပေါင်လို့ မထွက်ဘူးကွယ် .........

Read More...

Friday, November 30, 2007

ချယ်ဆီးကို စိန်ခေါ်တော့မှာလား

`ဟော့ရောင်ထထ´

ကျွန်တော်ကို လှုပ်နိုးသံကြောင့် အိပ်နေရာက မျက်လုံးကိုဖွင့်လိုက်တယ်။ ကြည့်လိုက်တော့ ကျွန်တော့် အယ်ဒီတာ။

`ဘော့လုံး အဖွဲ့ချုပ်က ဖုန်းဆက်တယ်။ အထူးသတင်းစာ ရှင်းလင်းပွဲရှိလို့တဲ့၊ သွားတော့ အခုချက်ခြင်း´
`ဟုတ်ကဲ့´

ကျွန်တော် ကင်မရာလေးကိုဆွဲပြီး မြန်မာနိုင်ငံ ဘော့လုံး အဖွဲ့ချုပ်ရုံး တည်ရှိရာ ဝေဇယန္တာလမ်း အိုလံပစ် ဟိုတယ်ကို ထွက်လာခဲ့တယ်။ အစည်းဝေး ခန်းမထဲရောက်တော့ လူကတော်တော်လေး စုံနေပြီ။

ခါတိုင်းမတူပဲ တမှုထူးခြားတာက ကင်မရာမင်းတွေက ထန်းလျှက်ခဲ ပုရွက်ဆိတ်အုံသလို အရှေ့ဆုံးမှာ အရာဝတ္တုတစ်ခုကို အသည်းအသန် ၀ိုင်းရိုက်နေကြတယ်။

မာဒေးကား ဖလားမှာ မြန်မာ ဗိုလ်စွဲလာတုန်းကတောင် ကင်မရာမင်းတွေ ဒီလောက် မအုံကြပါဘူး ဘာဖြစ်လို့ ဒီလောက် အသည်းအသန်ဖြစ်နေပါလိမ့်။

အရှေ့ဆုံးမှာ ထိုင်နေတာက အဖွဲ့ချုပ်ဥက္ကဌ သူ့ဘေးမှာက နိုင်ငံခြားသား တစ်ယောက်ဗျ။ ကျွန်တော် တွေ့ဖူးတဲ့ နိုင်ငံခြားသား တော်တော် များများက စမတ်ကျကျ ၀တ်ကြပါတယ်။ ဒီလူကတော့ ညင်းသိုးသိုးနဲ့ ဆံပင်ကလည်း ဘုတ်သိုက်ကြီး။

ခဏလောက်နေတော့ အခမ်းနားစပါတယ်။ အခမ်းအနား စတယ်ဆိုရင်ပဲ ဥက္ကဌက စကားပြောပါတယ်။

`အခုလို လူကြီးမင်းတို့ကို အရေးတကြီး ခေါ်ပြီး ရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းက၊ မကြာမှီမှာ ကျင်းပတော့မယ့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ ၀င်ပြိုင်မယ့် မြန်မာ ဘော့လုံး အသင်းအတွက် နည်းပြချုပ် အသစ်ခန့်လိုက်တဲ့ အကြောင်း ပြောဖို့ပါပဲ။
ဟေ့ဒီဘက်က ထိုင်နေတာတော့ ကျွန်တော် နည်းပြချုပ်အသစ်ပါ´

အဲလိုလဲ မိတ်ဆက်ပေးရော ညင်းသိုးသိုးနဲ့ နိုင်ငံခြားသားက ခေါင်းငြိမ့်ပါတယ်။

`သူကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးဖို့ မလိုပါဘူး။ အားလုံး သိပြီးသားဖြစ်တဲ့ အတိုင်း ချယ်ဆီး အသင်းရဲ့ နည်းပြ ဟောင်း မော်ရင်ညိုပဲဖြစ်ပါတယ်´

`ဘာ´
ကျွန်တော်အံသြသွားတယ်။ အဲဒါကြောင့် ဘေးက ကောင်ကို လက်တို့မေးရတယ်။
`မော်ရင်ညိုဆိုတာ သူလား´
`အင်းလေ။ မင်းကလဲ သတင်းထောက်လုပ်နေပြီး ဒါလေးတောင် မသိဘူးလား´
`သိပါတယ်ကွ။ တလင်းအုံမှာ နို့ဆီခွက် ဂိုးတိုင်လုပ်ပြီး ကန်တုန်းက ဒီကောင်က ဘော့လုံးကောက် အဆင့်ပဲရှိတယ်။ အခုမှ ....... ´
`ရူးတိုးတိုး....... ဟိုမှာ စကားပြောတာ နားထောင်´

အဖွဲ့ချုပ်ဥက္ကဌ ပြီးတော့ မော်ရင်ညိုက မြန်မာ ဘော့လုံး အသင်းကို နည်းပြလုပ်ဖို့ ဖြစ်တဲ့ အကြောင်းကို ရှင်းပြပါတယ်။

`My Name is Mourinho´
ကျွန်တော့် နာမည်မော်ရင်ညိုပါ။ ကျွန်တော် ဒီကို ပြောင်းရွေ့လာတဲ့အကြောင်း ကတော့ နှစ်ချက်ရှိပါတယ်။ တစ်အချက်ကတော့ ကျွန်တော်က လူဝင်စား တစ်ယောက်ပါ။ ကျွန်တော်ဟာ မြန်မာလူမျိုး တစ်ဦး သေလို့ ၀င်စားတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဘ၀ဟောင်းက ကိုယ့်လူမျိုးတွေကို ကိုယ်တတ်နိုင်သလောက် ပေးဆပ်ချင်တာ ကြောင့်လခ မယူပဲ နည်းပြလာလုပ်တာပါ။

နောက်တစ်ချက်ကတော့ ကျွန်တော့်ရဲ့ အစွမ်းအစကို ပြချင်တာပါ။ ကျွန်တော်ဟာ ဘော့လုံး အသင်းတစ်ခုကို အသင်းကောင်း တစ်ခု ဖြစ်လာဖို့ ဘယ်လောက်ထိ ပံ့ပိုးနိုင်စွမ်းအားရှိတတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အရည်အချင်းကို ကမ္ဘာက သိအောင်။ အထူးသဖြင့် ချယ်ဆီး အသင်း ဥက္ကဌ Roman Abramovich သိအောင် ပေါ့လေ။

လူကြီးမင်းတို့ကို နောက်ထပ် ပြောပြချင်တာကတော့ ကျွန်တော့်ရဲ့ တိုက်လောင်းပလင် မြန်မာ ဘော့လုံးအသင်း အတွက် အနာဂတ် အစီအစဉ်ပါ။ အခု အရှေ့တောင် အာရှ ပွဲမှာ အိမ်ရှင်ထိုင်းကို ဂိုးပြတ်ကန်ပြီး ဖလားရအောင် လုပ်ပေးမယ်။ ပြီးတာနဲ့ ကျွန်တော် မြန်မာ ပြည်အနှံ့လှည့် လည်ပါမယ်။

အဲလို လှည့်လည်ပြီး အသက် ကိုးနှစ်နဲ့ ဆယ့်နှစ်နှစ် ကြားမှာ ရှိတဲ့ ကလေး ဘော့လုံး ခြောက်သင်းစာကို ရွေးပါမယ်။ ရွေးပြီးတာနဲ့ အဲဒီကလေးတွေကို ကန့်သွင်းပါမယ်။ ကျွန်တော် လုပ်ငန်းက ၂၀၀၈ မှာ စမှာဆိုတော့ နောက် ငါးနှစ်အကြာ ၂၀၁၃ ရောက်ရင် အဲဒီ ခြောက်သင်းထဲက လေးသင်းစာ ထပ်ရွေးပါမယ်။ အဲဒီကနေ နောင်လေးနှစ်အကြာ ၂၀၁၇ ရောက်ရင် လေးသင်းကနေ နှစ်သင်းစာ ပြန်ရွေးပါမယ်။

အဲဒီအချိန်ရောက်ရင် ကလေးတွေလဲ အသက် ၁၈ နှစ်ကနေ ၂၂ အရွယ်တွေ ဖြစ်ပြီး၊ အဲဒီ အသင်းဟာ လူငယ်ထဲမှာ ဆိုရင် ကမ္ဘာ့အကောင်း အဆုံး အသင်းတစ်သင်းဖြစ်နေပါပြီ။ အဲဒီ လူငယ်အသင်းကနေ ကိုယ်စားပြုပြီ၊ အရှေ့တောင် အာရှတင်မဟုတ်ပါဘူး အာဆီယံ ချန်ပီယံရှစ် အာရှချန်ပီရှစ် အစရှိတဲ့ ဖလားတွေကို ရယူပေးပါလိမ့်မယ်။

နောက်ထပ် သုံးနှစ်အကြာ ၂၀၂၀ ခုနှစ်ကို ရောက်ပြီဆိုရင်တော့ အဲဒီနှစ်သင်းကို တစ်သင်းစာ ရွေးထုတ်ပြီး ထပ်မံလေ့ကျင့်ပါမယ်။ အဲဒီအသင်းဟာ ၂၀၂၂ ရဲ့ ကမ္ဘာ့ဖလားကို မြန်မာ နိုင်ငံကိုယ်စား အရယူပေးပါလိမ့်မယ်။

ဒီစီမံကိန်းဟာဆိုရင် ၂၀၀၈ ခုနှစ်ကနေ ၂၀၂၂ အထိ ၁၄ နှစ်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ကျွန်တော်က ၁၉၆၃ ဇန်န၀ါရီ ၂၆ ရက်နေ့မှာ မွေးတာ ဆိုတော့ အခုမှ ကျွန်တော့် အသက်ဟာ ၄၄ လေးပဲ ရှိသေးတာ မို့ နောက်ထပ် ၁၄နှစ် ဆိုတာ ကျွန်တော့် အတွက် ကောင်းကောင်းကြီး အချိန်ရပါသေးတယ်။ ဖာဂူဆန် ဘယ်လောက် အောင်မြင်တယ် ဆိုဆို ကျွန်တော့်လို အခွင့်ရေး မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ၁၉၄၁ ဒီဇင်ဘာ ၃၁ မှာမွေးတယ်။ အခုပဲ အသက် ၆၆ နှစ်ရှိနေပြီ။ အလွန်ဆုံး သူ နေနိုင်လှ နောက်လေးနှစ်ပေါ့ဗျာ။

ကျွန်တော် စကားကို ဒီနေရာမှာ ပဲ အဆုံး သတ်ပါရစေ။

`ကျွန်တော်တို့ အောင်မြင်ရမယ် !´

မော်ရင်ညို အလန့်တကြား အော်သံလဲ ဆုံးရော လူတွေ လက်ခုပ်ကို အားရပါးပါးရတီးကြတယ်။ ကျွန်တော်လဲ လိုက်တီးလိုက်တယ်။

အဲအဲ တီးနေလို့ မဖြစ်သေးဘူး။ စောစောက သူ့ကို မော်ရင်ညိုမှန်း မသိလို့ ဓာတ်ပုံ မရိုက်ထားလိုက်ဖူး။ သွားရိုက်ဦးမှ ..............

အဲဒီအချိန်မှာ ဖုန်းက ၀င်လာတယ်။

`ဘာ´
သာကေတ ဘက်မှာ မီးလောင်တယ်ဟုတ်လား။ အေးအေး ငါအခု လာခဲ့မယ်။

ဘယ်နယ် ဆောင်တွင်းကြီး မီးလောင်ရတယ် လို့ပ။ ကျွန်တော် မျက်နှာလေးကို ကပျာကရာသစ်။ ကင်မရာလေးကိုဆွဲပြီး အိမ်မှုံစုံမွားနဲ့ တိုက်အောက်ကို ပြေးဆင်းခဲ့တယ်။ ဆောင်းမနက်ခင်းမို့ လားမသိဘူး ပတ်ဝန်းကျင်းမှာ မြူလေးတွေ ဆိုင်းလို့ .............

ယခု ပို့ဖြစ်မြောက်ရေး အတွက် အချက်အလက်များ ရှာဖွေ ပေးသော ကိုမျက်လုံးကို အထူးကျေးဇူးတင်ရှိပါသည်။




Read More...

Saturday, October 20, 2007

Chat Room ပုံပြင်

ဒါကတော့ နိုင်ငံတကာ သတင်းတစ်ခု မှ ဖတ်ဖူးတဲ့ အွန်လိုင်းက စတဲ့ ဖြစ်ရပ်မှန်လေးပါ BigGrinBigGrin
ကျွန်တော် ဟိုဇာတ်လမ်းကို ပြန်မရေးနိုင်ခင် သူငယ်ချင်းတွေ ဖတ်လို့ရအောင် တင်ထားပေးတာပေါ့ဗျာ .................

တစ်ခါတုန်းက
တခါတုန်းက ဆိုတာက အင်တာနက်တွေ ပေါ်ခါစကပေါ့ကွယ်
အဲဒီမှာ ရည်စားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်က ချက်ရွန်းဝင်တယ်ဆိုပဲ
ကျွန်တော်တို့လို နေမှာပေါ့လေ heehee

အဲလို နဲ့တစ်ရက်မှာ ချက်ရွန်းထဲကနေ ကောင်မလေး တစ်ယောက်နဲ့ တွေ့ကြပါလေရောတဲ့
အဲဒီခေတ်က ချက်ရွန်ကနေ အသံတွေ ဘလံတွေ မရသေးဘူးလေ
အဲဒါကြောင့် အီးမေးကိုသုံးပြီ အပြန်အလှန် ဆက်သွယ်ရတယ်ဆိုပဲ
တစ်ယောက်နဲ့ တစ်ယောက်ပုံလေးတွေပို့ ဘာလေးတွေပို့ပေါ့

ဒီလိုနဲ့ လေးငါးရက်လောက် ကြာလာတော့ သူတို့တွေ သမီးရည်းစားတွေ ဖြစ်သွားကြတယ်ဆိုပဲ ၊ အဲဒီမှာ လူပျိုကြီးခင်ဗျာ တစ်သက်မှာ တစ်ယောက်သာ ထားဖူးတဲ့ ရည်းစားလေးကို အပြင်မှာ မမြင်ဖူးပေမယ့် ပို့ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး စိတ်ကူးနဲ့ မျှော်မှန်းနေရပါတယ်တဲ့။

တစ်ခုသောညမှာ . . . .
လူပျိုကြီးနဲ့ သူ့ရဲ့ နယူးရည်းစားလေးတို့ ချက်တင်ထိုင်နေရာက ကောင်မလေးက စိတ်မထိန်းနိုင်တော့ဘူး အပြင်မှာ တွေ့ချင်တယ်လို့ပြောတယ်တဲ့။ လူပျိုကြီးကလည်း အတယ် လုံးဝကို မငြင်းဘူး သဘောတူလိုက်တယ်။ ကောင်မလေးက အခုချက်ခြင်းတွေ့ချင်တယ် အိမ်တံခါးဖွင့်ထားပါ ည၁၁ လောက်မှာ လူပျိုအိမ်ကို ကောင်မလေးေ၇ာက်အောင် လာခဲ့မယ်ပေါ့။
သူတို့နိုင်ငံ ယဉ်ကျေးမှုအရ ကောင်မလေးတစ်ယောက်က ညကြီး သန်းခေါင် ယေကျာင်္းလေးအိမ်ကို သွားတာ ဘယ်ဆန်းမှာလည်းနော် BigGrinBigGrin

အဲဒါကြောင့် ကောင်မလေးလာမယ်ဆိုလို့ လူပျိုကြီးက အိမ်တံခါးဖွင့်ပြီးစောင့်နေလေရဲ့
အဲဒီအချိန်မှာ စေ့ထားတဲ့ တံခါးပွင့်သွားတယ်
လူပျိုကြီးက အားရ၀မ်းသာနဲ့ တံခါးဆီပြေးအသွား

နောက်နေ့ မနက်လဲ ရောက်ရော လူပျိုကြီးခင်ဗျာ ရောင်ကိုင်းနေတဲ့ မျက်နှာနဲ့ အနုကြမ်းစီးခံရမှုအတွက် ရဲစခန်းကို သွားရပါလေေ၇ာတဲ့ ................

ကဲ ချက်ရွန်းဝင်တဲ့ ကိုကိုတွေ
လူပျိုကြီးလို အေ၇ာင်ဆောင်ပြီး အနုကြမ်းအစီးခံ၇မဲ့ ဘေးကိုလဲ သတိထားကြပါလို့ သတိပေးရင်း ............

Read More...

Sunday, June 17, 2007

မိုးရေထဲက အမှတ်တရ

ကိုဖြိုးဆိုတဲ့လူက တက်ခိုင်းလို့ တက်လိုက်တာ သစ်ပင်ပေါ်ပဲ ရောက်သွားလား ဘတ်စကားပေါ်ပဲ ရောက်သွားလား တစ်ခုခုတော့ တစ်ခုခုပဲ အရေးကြီးတာက ၀က်ရူးမတက်ဖို့ပဲလေ။
ကဲ... ပြောနေကြာရော့မယ် မိုးရေထဲက ဇာတ်လမ်းလေး စစေ။

ဇာတ်လမ်: ၁

အဲဒီတုန်းကပေါ့ဗျာ ကျွန်တော် တစ်တန်းလား နှစ်တန်းလား ကောင်းကောင်း မမှတ်မိတော့ဘူး။ မှတ်မိလည်း မထူးပါဘူး အဓိကပြောချင်တာက အတန်းမှ မဟုတ်တာ။ မိုးရေထဲက ဇာတ်လမ်းလေ . . . .
မှတ်မိသေးတယ်ဗျ ကျွန်တော်တို့ အတန်းပိုင်ဆရာမက အရိုက်ကြမ်းတဲ့နေရာမှာ နာမည်ကြီး။ ကျောင်းကို တစ်မိနစ်လောက်နောက်ကျရင် တစ်ချက်ရိုက်ခံရတယ်။ နှစ်မိနစ်ဆိုနှစ်ချက်။
ကျွန်တော်တို့ အိမ်က ကျောင်းနဲ့ သိပ်မဝေးဘူး ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပြီ။ ဒါကြောင့် မုန့်စားကျောင်း ဆင်းချိန်မှာ အိမ်ကို ကျွန်တော်က ပြန်ပြန်သွားတယ်။ တစ်ရက်မှာ မုန့်စားကျောင်းဆင်းချိန် အိမ်ကို ပြန်တယ်။ အဲဒီနေ့က အတန်း တက်တက်ခြင်း သင်ရမှာက အရိုက်ကြမ်းတဲ့ ဆရာမ။ ဖြစ်ချင်တော့ ကျွန်တော်က နောက်ကျနေပြီ။
ကျွန်တော်လည်း ကျောင်းရှိရာကို အပြေးလေး တစ်ပိုင်းနဲ့ လွယ်အိတ်လေး ကျောပိုးလို့ ပြေးတာပေါ့။ ပြဿနာက အဲဒီမှာ စတာပဲ။ ရူးက အရမ်းကို ပေါက်ချင်နေပြီ။ လမ်းဘေးမှာ ပေါက်လို့လဲ မဖြစ်ဘူးလေ။ အိမ်ပြန်ရင်လည်း နောက်ကျမှာ စိုးရသေး။ ကျောင်းရောက်အောင်လည်း မအောင့်ချင်တော့ဘူး။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ မိုးသားတွေ ရုတ်တရက်တက်လာပြီး မိုးသီးမိုးပေါက်ကြီးတွေ ကျလာပါတော့တယ်။ အိုကေ အိမ်သာသွား စရာမလိုတော့ ကျွန်တော်ရူးကို ဘောင်းဘီထဲမှာ ပေါက်ချလိုက်တယ်။ တစ်ကိုယ်လုံး မိုးစိုသွားရင် ဘောင်းဘီထဲ သေးပေါက်တာ မသိသာတော့ဘူးလေ။
ကံများဆိုးချင်တော့ မိုးက မိုးပေါက်ကြီး တစ်ပေါက်နှစ်ပေါက် လောက်ကျပြီး ဆက်မရွာတော့ဘူး။ သေပြီလေ။ ဘောင်းဘီထဲကို ရူးကပေါက်ပြီးနေပြီ။ မိုးက မရွာတော့ ဘောင်းဘီတင် ကွက်စိုနေတာ။ ဘောင်းဘီက စိုနေတဲ့ ရူးတွေက ခြေသလုံးဆီကိုတောင် အိနြေ္ဒရရနဲ့ ဆက်ပြီးတောင် စီးကျနေလိုက်သေးတယ်။
သွားပြီ ဆိုတာ ကျွန်တော်သိလိုက်ပြီ။ ဘယ်လို လုပ်ရမလဲ အိမ်ပြန်ရင် ကျောင်းပြေးတယ် ဆိုပြီး အမေကရိုက်မယ်။ ကျောင်းသွားရင် အရှက်ကွဲမယ်။ ကျွန်တော်ဘာ လုပ်လို့လုပ်ရမှန်း မသိတော့ဘူး။
မထူးပါဘူးလေ ဆိုပြီး ကျွန်တော်လည်း ကျောင်းကိုပဲ ဆက်သွားလိုက်တယ် ။ ကျောင်းရောက်တော့ အတန်းထဲမှာ ခပ်တည်တည်နဲ့ ၀င်ထိုင်နေတယ်။ ခဏလောက်နေတော့ ဆရာမရောက်လာတယ်။ ကျွန်တော်က ကျောင်းမှာ ၀မ်းတူ ဖိုက် အတွင်းဝင်တဲ့သူ ဖြစ်နေပြန်တော့လည်း အရှေ့ဆုံးခုံမှာထိုင်ရတယ်။
ဆရာမလည်း လာရော . . . ဟယ်ဒီနားလေးက သေးစော်နံလိုက်တာတဲ့။ အားလုံးက တိတ်နေကြတယ်။ ဆရာမက ဆက်မေးတယ် ဘယ်သူ အတန်းထဲမှာ သေးပေါက်တာလဲတဲ့။ ဘယ်သူမှ ဘာမှ မပြောကြဘူး။ ဒါဆိုရင် အတန်းထဲမှာ သေးပေါက်တဲ့လူကို ကျောင်းဆင်းပေးမယ်တဲ့။ အဲဒီတော့ ကျွန်တော်လည်း ဘာရမှာလဲ သားသား ပေါက်တာဗျ။ ဆင်းပေးတော့ ဆိုပြီး လွယ်အိတ်လေးယူပြီး အတန်းထဲကနေ တစ်ချိုးထဲ ထွက်လာခဲ့တယ်။
ကျောင်းအပြင်တောင် မရောက်သေးဘူး ကောင်လေး ပြန်လာပြန်လာ ဆိုလို့ ပြန်သွားရပါတယ်။ သေချာတယ် ကံမကောင်းတော့ဘူး ဆိုတာ။
အတန်းထဲလည်း ရောက်ရော မကြီးမငယ်နဲ့ ဘောင်းဘီထဲ သေးပေါက်ချင်တဲ့ကောင် ဆိုပြီး ခုံပေါ်တက် မတ်တပ်ရပ်ပြီး အရိုက်ခံ ရပါလေရောဗျာ။ ပြီးတော့ သွား..နောက်ဆုံးမှာ သွားထိုင်တဲ့။
အရိုက်လည်း ခံရသေးတယ် နောက်ဆုံးမှာလည်း တစ်ယောက်တည်း ထိုင်ရသေးတယ်။ အင်း မိုးသာ တကယ်ရွာခဲ့ရင် ငါအဲလို ရိုက်ခံရမှာ မဟုတ်ဘူး။
တော်တော် ဆိုးတဲ့ မိုးရယ်

Read More...

Friday, May 25, 2007

ကျောက်ခဲ

ကျွန်တော့်မှာ ပေါကြောင်ကြောင်နိုင်တဲ့ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူကလှည်းတန်းမှာ နေပါတယ်။ သူ့နာမည်အရင်းက ကျောက်ခဲ မဟုတ်ပါဘူး။ ဘယ်ကနေဘယ်လို ဖြစ်ပြီး အမေပေးတဲ့ နာမည်ကနေ နေ့ချင်းညချင်း ကျောက်ခဲဆိုတဲ့ နာမည်ရသွားသလဲ ဆိုတာ ကျွန်တော်လဲ မစဉ်းတတ်အောင်ပါပဲ။ လှည်းတန်း တစ်ခုလုံး သူကိုသိတဲ့ သူတွေအားလုံးကို ဒီကောင်ကို နာမည်အရင်း မခေါ်ကြတော့ပါဘူး။ ကျောက်ခဲပဲ ခေါ်ကြပါတော့တယ်။

ကျောက်ခဲရဲ့ Profine
သူကကျွန်တော်တို့ အလုပ်ကပါ။ အလုပ်ချိန်အတွင်းမှာ အရက်သောက်လို့ အလုပ်က ထုတ်ခံထားရတာ ကြာပါပြီ။ သူ့ဖေက စသုံးလုံးက အရာရှိ။ ဒီကောင်က ဥပဓိရုပ်ကလေးကတော့ မဆိုးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပေါကြောင်ကြောင် အနေထိုင်တွေကြောင့် သူ့ကိုဘယ်ကောင်မလေးကမှ စိတ်မ၀င်စားပါဘူး။ ကျွန်တော်နဲ့ သူနဲ့တော်တော်လေးကို ခင်ပါတယ်။ ဗုံးကွဲတုန်းကလဲ နှစ်ယောက်သား အတူတူပါပဲ။
ပြီးခဲ့တဲ့ 2006 ခုနှစ် ၁၁ လပိုင်းလောက်တုန်းက ဒီကောင်ကျွန်တော့ဆီက ပိုက်ဆံ တစ်သောင်ချည်းသွားတာ ပြန်မဆပ်ပါဘူး။ အဲဒီနောက်ပိုင်း ဒီကောင်ကျွန်တော့်ဆီကို မလာတော့ဘူး။ ကျွန်တော်ကလဲသွား မတောင်းဖြစ်တော့ဘူး။ သထာလွန်းလို့တော့ မဟုတ်ဘူး။
ဘာကြောင့် မတောင်းသလဲဆိုတော့ အကြွေးရစရာရှိတာက တစ်သောင်း။ သူ့ဆီကို အကြွေးတစ်ခါသွားတောင်းရင် လှည်းတန်း အထိ တကူးတက သွားရတယ်။ ရောက်သွားရင် သူ့ဆီက အကြွေးမရတဲ့ အပြင် လက်ဖက်ရည်တိုက်ရသေးတယ်။ တစ်ခါတိုက်ရင် အနည်းဆုံး ၇၀၀ ကနေ ၁၀၀၀ ကြားကတော့ ပြေးမလွတ်ဘူး။ ဒီကြားထဲမှာ ယောက်ဖရာ လုပ်ကွာ ငါ့မှာ သုံးစရာမရှိလို့ ပိုက်ဆံလေး ချည်းထားခဲ့ပါဦးဆိုရင် ၁၀၀၀ လောက်က ပါသွားပြန်ရော။ ဒါကြောင့် ဒီကောင့်ဆီက အကြွေးမရချင်နေ နောက်ထပ်တော့ အိတ်ထဲက ထပ်အပါခံနိုင်တော့ဘူး ဆိုပြီး ဒီကောင်ဆီကို မသွားဖြစ်တော့ပါဘူး။
ကျွန်တော် မသွားဖြစ်တဲ့ နှစ်လလောက်အတွင်းမှာ ဒီကောင့်နာမည်က ကျောက်ခဲဖြစ်သွားပြီ။ ခေါင်းကလဲ ကတုံးကြီးတုန်းထားတယ်။ ကတုံးတုန်းတာနဲ့ ကျောက်ခဲနဲ့ ဆက်စပ်မှုများ ရှိနေလေမလား။ ဒီကောင်ကို မေးတယ် မပြောဘူး။
သူမပြောတာလဲ အပြစ်မရှိပါဘူး။ မင်းက ငဖွ ကောင်ကွ လောလော ဆယ်ကျောက်ခဲ ဆိုတာ လှည်းတန်းက ကောင်လောက်ပဲသိတာ မင်းကိုပြောလိုက်ရင် ရုံးကကောင်တွေမှာ သိကုန်းမှာတဲ့လေ။
နောက်တော့ ကျွန်တော်လဲ ဟိုလို အစ်မေးဒီလို အစ်မေးနဲ့ မေးတော့မှ စိတ်ဝင်စားစရာ ကောင်းတဲ့ ကျောက်ခဲ ပုံပြင်လေးရ ပါတော့တယ်

ကျောက်ခဲ ပြောတဲ့ မောင်ကျောက်ခဲ

ဒီလိုကွ . . .
ငါကလှည်းတန်း ထိပ်က ငွေဒေါင်းမင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ ဆော်လေးတွေကို ငေးခွင့်ရာတာတော့ ငါတို့လှည်းတန်းသားတွေရဲ့ ဘ၀ပေးကုသိုလ်ပေါ့ကွာ။ မင်းသိတဲ့ အတိုင်း ငါကလဲ အဲဒီငွေဒေါင်းမင်းဆိုင်မှာ ညနေတိုင်း သွားသွားထိုင်ပြီး ကျောင်းဆင်းရုံးဆင်း ကောင်မလေးတွေကို ငမ်းငမ်းနေကြ။ နောက်ဆုံး လက်ဖက်ရည်ဖိုးမရှိရင်တောင် ရေနွေးကြမ်းသောက်ပြီး ထိုင်ငမ်းတယ်။
ငါအဲလို ငမ်းတဲ့ အထဲမှာ နေ့တိုင်းတွေ့တွေ့ နေရတဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စား မိတယ်ကွ။ သူကအလွန်ဆုံးရှိမှ ၁၇ ၊ ၁၈ လောက်ပဲရှိဦးမှာ။ နောက်တော့ သူ့အိမ်ကို အနောက်က လိုက်ချောင်း။ အဲဒီက တစ်ဆင့်တက်တော့ နာမည်လိုက်မေး တာပေါ့ကွာ။ သူက KMD မှာ ကွန်ပျူတာသင်တန်းတက်တာ။ ငါလဲ ကျောင်းတက် ကျောင်းဆင်းကို စောင့်ပြီး စကားလိုက်ပြောတာပေါ့ကွာ။ ပထမ လေးရက်ကတော့ လုံးဝအိုကေတယ်ကွ။ အခြေ အနေမဆိုးဘူးပေါ့ကွာ။ ဇတ်လမ်းကတော့ ငါးရက်မြောက်တဲ့ နေ့မှ စတာပဲကွ။
အဲဒီနေ့က သူသင်တန်းသွားတာကို မမှီလိုက်ဘူး။ ဒါကြောင့် သင်တန်းဆင်းမဲ့ အချိန်လောက်ကို KMD အောက်ကနေ စောင့်နေတယ်။ ကောင်မလေးက သင်တန်းက ဆင်းတော့ ငါက လိုက်သွားတယ်။ ငါ့ကို မလိုက်ခဲ့ နဲ့လို့ ပြောတယ်။ ဒါပေမယ့် ငါကဆက်လိုက် သွားတယ်။ နောက်တော့ ကောင်မလေးက Mr. Brown ဆိုင်ထဲဝင်သွားတယ်။ ဖြစ်ချင်တော့ မင်းသိတဲ့ အတိုင်းကွ ငါကငမွဲ ပိုက်ဆံမပါဘူး။ ဒါကြောင့် လိုက်ဝင်လို့ မရဘူး။ ဒါပေမယ့် ကံကောင်းချင်တော့ ငါ့နဲ့သိတဲတစ်ကောင်ကိုတွေ့လို့ ပိုက်ဆံ ၂၀၀၀ တောင်းပြီး ဆိုင်ထဲကိုလိုက်ဝင်လိုက်တယ်။ ဆိုင်ထဲရောက်တော့ ကောင်မလေးက ကော်ဖီမှာနေတာကိုတွေ့တယ်။ ဒါနဲ့ ငါလဲ သူ့လိုပဲ ကော်ဖီမှာလိုက်တယ်။ ကောင်မလေး ငါကိုလဲ တွေ့ရော တော်ပြီ ဆိုင်မှာ မသောက်တော့ဘူး ခွက်ကလေးနဲ့ ထည့်ပေးလို့ ပြောတယ်။ ငါလဲ သူ့လိုပဲ ခွက်ကလေးနဲ့ ထည့်ပေးလို့ လိုက်ပြောတယ်။ ကောင်မလေးက အရင်မှာတာဆိုတော့ သူကအရင်ရသွားတာပေါ့ကွာ ။ သူကခွက်လေး ကိုင်ပြီးထွက်သွားတယ်။ ငါကပိုက်ဆံ အမ်းတာ စောင့်ယူပြီး ဆိုင်အပြင်ကိုထွက်ခဲ့တော့ သူ့ကိုမတွေ့တော့ဘူး။ ဘယ်ရောက်သွားတာလဲလို့ ကြည့်လိုက်တော့ ကောင်မလေးက ဟိုဘက်ပေါက်ကနေ ဆိုင်ထဲမှာ ၀င်ထိုင်နေတယ်။ အဲဒီအချိန်မှာ ငါက ဆိုင်အပြင် ရောက်နေပြီ။ ပြန်ဝင်လို့ကလဲ မကောင်းတော့ဘူးလေ။ ဒါကြောင့် ငါကဆိုင်အပြင်ကနေပဲ သူ့ကို show ပြီးကြည့်နေတယ်။ သူကငါ့ကို လျှာထုတ်ပြတယ်၊ ပြောင်ပြတယ်။ ငါလဲ သူ့ကို ပြန်ပြောင်ပြတယ်။
တော်တော်လေးကြာတော့မှ ကောင်မလေးဆိုင် အပြင်ကိုထွက်လာတယ်။ ငါက သူ့အနောက်ကနေ လိုက်သွားတော့ ငါ့ကိုလည့်ကြည့်ပြီး ဆက်မလိုက်ခဲ့နဲ့တဲ့။ ငါကို ရုပ်တည်ကြီးနဲ့ လာခြောက်တယ်ကွ။ အဲလောက်တော့ ငါလဲသိတာပေါ့ကွ။ အဲလောက်လေးနဲ့ ကြောက်ပြီး နေရင်ခဲ့ရင် ငါ့ရဲ့ Role အောက်သွားမှာပေါ့။ ငါလဲဂရုမစိုက်ဘူးဆက်လိုက်တယ်။ ကောင်မလေးက နောက်တစ်ခါ ထပ်ပြောတယ် မလိုက်ခဲ့နဲ့တဲ့ သူု့အမေလာကြိုမှာတဲ့။ မင်းစဉ်းစားကြည့်လေ ချာတိတ်မလေး တစ်ယောက်က ဖြဲခြောက်တိုင်း ငါကကြောက်ပြီး ဆက်မလိုက်ရင် ငပေါကြီး ဖြစ်နေမှာပေါ့ကွ။ ဒါကြောင့် ငါက ဂရုကိုမစိုက်ဘူး။
နောက်တော့သူ လည်းတန်း ၂ လမ်းထဲကို ၀င်သွားတယ်။ ငါလဲ ဆက်လိုက်တာပဲ။ ဒါပေမယ့် ခပ်ခွာခွာပေါ့ကွာ။ ဈေးပေါက်ဝ ရောက်တော့ ကုန်းကုန်းနဲ့ ၀င်သွားတာ တွေ့လိုက်တယ်ကွ။ ငါလဲ အဲဒီ ဈေးပေါက်ဝ ရောက်တော့ ကောင်မလေး လက်ထဲမှာ ခဲနှစ်လုံး ကိုင်ထားတယ်။ ပြီးတော့ အဲဒီ ခဲနှစ်လုံးကို ခပ်ဆဆလေး မြောက်မြောက်ပြပြီး ဘယ်ခဲ ကြိုက်သလဲတဲ့ ငါ့ကိုမေးတယ်။ ငါလဲ ရုတ်တရက်ကြီဆိုတော့ နားမလည်နိုင်ဘူး ဖြစ်သွားတယ်။ ပြီးတော့ ဘေးက လူတွေကလဲ ၀ိုင်းကြည့်နေတယ်။ ငါလဲ ရှက်ရှက်နဲ့ ဒီခဲလို့ ပြောလိုက်တယ်။ ပြောလဲ ပြောလိုက်ရော ငါပြတဲ့ ခဲနဲ့ ငါ့ရင်ဘတ်ကို အုန်းခကဲ ပစ်လိုက်တော့တာပဲ။
မင်းစဉ်းစားကြည့်ကွာ ဈေးနားမှာဆိုတော့ လူတွေကလဲ ၀ိုင်းကြည့်နေကြတယ်။ ဒါကြောင့်ငါလဲ ရှက်ကလဲရှက်ဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ဒါပေမယ့် အခြေအနေ မဟန်တော့ဘူးဆိုတာသိလို့ မင်းမလိုက်စေချင်ရင် ကိုယ်မလိုက်တော့ပါဘူးကွာ လို့ပြောပြီး လည့်ထွက်ခဲ့တယ်။ ဆယ်လှမ်းလောက် လျှေက်ပြီးတော့ အနောက်က ပြေးလိုက်လာတဲ့ ခြေသံကြားလို့ လည့်ကြည့်လိုက်တော့ အဲဒီကောင်မလေး ဖြစ်နေတယ်။ လက်ထဲမှာ ခဲတစ်လုံး ကျန်သေးတယ်။ ဒါကြောင့် ငါလဲတစ်ချိုးထဲ လစ်တော့မယ်လို့ ကျန်ကာရှိသေးတယ် အဲဒီခဲတစ်လုံးနဲ့ ငါ့ကြောကုန်းကို ပစ်တော့တာပဲ။
ဇတ်လမ်းကတော့ ဒါပဲကွာ။ ငါလဲ ရှက်တာနဲ့ ဆံပင်ရှည်ကြီးဆိုတော့ ဈေးနားကလူတွေ မှတ်မိမှာစိုးလို့ ကတုံးတုန်းထားလိုက်တော့တာပဲကွာ။ အဲဒီအချိန်ကစပြီး ငါနာမည်က လှည်းတန်းမှာ ကျောက်ခဲ ဖြစ်သွားတော့တာပါပဲ။
ဟေ့ကောင် မင်းရုံးရောက်ရင်မဖွနဲ့နော် . . .

စာကြွင်း။ ။ ကျောက်ခဲရေ ငါရုံးမှာ ဘယ်သူကိုမှ မပြောဘူးကွ အခုဟာက ဘလော့ဂ်မှာ ရေးတာ။ ဘယ်သူမှ သိဘူးနော် :P

Read More...

Monday, April 23, 2007

ဆောရီးကိုကို

ကျွန်တော် ရန်ကုန် ရောက်ခါစက တုန်းကပေါ့ဗျာ။ အဲဒီတုန်းက အခုလိုမျိုး ကားတွေကလဲ မကျပ်သေးဘူးဗျ။ ခပ်ချောင်ချောင်ပဲ။ ကျွန်တော်ဆိုတဲ့ ကောင်ကလဲ ရန်ကုန် ကိုရောက်ရောက်ခြင်း အငြိမ်နေတာ မဟုတ်ဘူး။ သင်တန်းလေး မတောက်တခေါက်တက် အတန်းဆင်းရင် အိမ်မပြန်သေးဘူး ဘတ်စ်ကား လျှေက်စီးနေတာပေါ့။ အခုလဲ ဘာရယ်မဟုတ်ဘူး သက်မွန်မြင့် အိမ်က အမှတ် ၁၀ ဇောတိက လမ်းမှာလို့ နယ်မှတုန်းက ဖတ်ရတဲ့ မြင်ကွင်းမဂ္ဂဇင်းမှာ ပါလို့ သွားရှာကြည့်တာ။
ကျွန်တော်က တစ်ယောက်တည်း မသွားတတ်တော့ အူကြောင်ကြောင် ရန်ကုန်သား တစ်ကောင်ကို ခေါ်ခဲ့ပါတယ်။ သူကလဲ ရန်ကုန်သား လို့သားပြောတယ် ဆူးလေကနေ မြေနီကုန်းကို ဘာကား ရောက်လဲ ဆိုတာမသိဘူးတဲ့။ ဒါနဲ့ပဲ ကျွန်တော်က ဦးဆောင်ပြီး သက်မွန်မြင့် အိမ်ရှာပုံတော် ခရီးကို ကျွန်တော်ရယ် ရန်ကုန်သား တစ်ကောင်ရယ် ထွက်လာကြတယ်ပေါ့။ အဲဒီတုန်းက ကျွန်တောက ၁၈နှစ် လောက်ပဲရှိသေးတယ် ၂၀၀၃ ခုနှစ်ကပါ။ ရင်ခုန်တတ်စ အချိန်ပေါ့။ :D
ဒီလိုနဲ့ မြို့တော်ခန်းမကနေ ၄၅ ဘတ်စ်ကားကြီး စီးပြီးချီတက်ခဲ့ကြတာ ပဲခူးကလပ် မှတ်တိုင်ကျော်တော့ ဆင်းခါနီးပြီလေ။ ဒါကြောင့် အပေါက်နားလေမှာ လာရပ်နေလိုက်တယ်။ ဇတ်လမ်းက အဲဒီနေရာမှာ စတွေ့တာပဲ။
ကျွန်တော့်အရှေ့မှာ ဟယ်ပင်မှာ ဆင်းမလို့ ဆိုပြီး ရပ်နေတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ ကောင်မလေးက အင်္ကျီအနီရောင်လေးကို ၀တ်ထားပါတယ်။ အသားအရေက ဖြူတာလဲ မဟုတ်ဘူး။ ၀ါတာလဲ မဟုတ်ဘူး။ မင်းလူရဲ့ ပြောတိုင်းယုံတဲ့ပုတ်သင်ညို ဇတ်လမ်းထဲက စိမ်းဖန့်ဖန့် အသားရေလေး ဆိုတာ ဒီလို ကောင်မလေး မျိုးကို ပြောတာ ဖြစ်လိမ့်မယ်ထင်တယ်ဗျ။ အင်း ကိုလုံးကို ပေါက်ကို ပြောရရင်လဲ မိုးဟေကို ရှုံးတယ်ဗျာ။ ရေမွေးနံ့လေးကလဲ သင်းလို့။ အရေးထဲမှာ ကားကပြိုင်မောင်းနေတာ ဆိုတော့ ခရီးရောက်တာက လဲမြန်လိုက်တာ ဟယ်ပင်ကို ရောက်သွားပြီ။
ကားစပါယ်ယာက တခါဖွင့်ပြီး ဆင်းဆင်းလဲ ဆိုရော ကောင်မလေးက အတင်းဆင်းပြေးပါတယ်။ ခက်တာက သူတစ်ယောက်တည်း ဆင်းတာ မဟုတ်ဘူး ကျွန်တော့လက်ကို ကိုင်ပြီး ဆွဲပြေးသွားတာ။ ( တာရာမင်းဝေရေးတဲ့ ၀တ္ထုထဲမှာလဲ ကျွန်တော့်လိုပဲ ဇတ်လိုက်မင်းသားကို မင်းသမီးက လက်ဆွဲပြီး ဆင်းပြေးသွားတာ။ ဒါပေမယ့် ကျွန်တော့အဖြစ်ပျက်က ၂၀၀၃ တုန်းက သူစာအုပ်က ၂၀၀၆ မှထွက်တာ။) ကျွန်တော်လဲ ရင်တွေခုန်လိုက်တာမှ ငါဟုတ်ရဲ့လားပေါ့ ခြေဖျားတွေ တောင်အေးသွားတယ်။
ကျွန်တော်တို့ ဘတ်စ်ကားပေါ်ကနေ ဆင်းပြီး ပလက်ဖောင်းပေါ်တက် မိတယ်ဆိုပြီပဲ ။ ဟေ့ကောင်မ ဟေ့ကောင်မ ဥာဉ်း ဘယ်သူ့ကို ခိုးပြေးမလို့ ငါကဒီမှာဟဲ့ ဆိုပြီး အသံကြား လိုက်ပါတယ်။ ကျွန်တော်သိတယ်လေ ဒါက ကျွန်တော်နဲ့ မှားတဲ့ သူ့သူငယ်ချင်း နောက်ကလိုက်လာတာပါ။ ကျွန်တော်လဲ အသံရာကို လည့်ကြည့်လိုက်ပါတယ်။ အနောက်က ခေါ်နေတာ မိန်းကလေးလားလို့ မိန်းမရှာကြီး ပါလား ။ ဒါဆိုရင် ကျွန်တော့် လက်ကို ဆွဲထားတဲ့ ကောင်မလေးက မိန်းမရှာနဲ့ ဘာလို့ တွဲရတာလဲ လို့တွေးပြီး လက်ကိုင်ထားတဲ့ ကောင်မလေး ဘက်ကို ပြန်လည့် လိုက်တော့ .... ..... ....
ဟိုက်ရှာပါး အခြောက်ကြီးဟ....
အခြောက်ပုံစံ ကြည့်ရတာ ရိုးရိုးအခြောက်တောင် ဟုတ်ဟန်မတူဘူး ပရှော်ဖက်ရှင်နယ် အခြောက်နဲ့တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကိုယ်လုံးကို မိန်းမနဲ့ တူအောင်ပြင်ထားတာကို။ ပြင်လို့မရတာက ချိုင့်ခွက်နေ့တဲ့ သူမျက်နှာကြီးနဲ့ ကွမ်းစားထားတဲ့ သွားကြီးပါပဲ။ သူက လည့်ပြီး ကျွန်တော့ကို ပြောလိုက်ပါသေးတယ်။ ဆောရီးကိုကို တဲ့ ..........
အဲဒီနေ့က သက်မွန်မြင့် အိမ်လဲ ရှာလို့ မတွေ့လိုက်ဘူး။ အရေးထဲမှ ကားပေါ်ပါသွားတဲ့ ရန်ကုန်သားကို လိုက်ရှာရတာလဲ မောလို့။

Read More...

Monday, April 09, 2007

ကျွန်တော်နှင့် ချောင်းသာ

မနက်ဖြန်ဆိုရင် ချောင်းသာကို သွားမည်။ အော်ကို ရွှေချောင်းသာ ခင်ဗျားနဲ့ ကျွန်တော် တွေ့ရဦးမှာပေါ့လေ။
တကယ်တော့ မနက်ဖြန်သွားမဲ့ ချောင်းသာခရီးက ကျွန်တော့်အတွက် တော့ဒုတိယ အကြိမ်မြောက် ဖြစ်သည်။ မနှစ်ကလည်း သင်္ကြမကျခင် သုံးရက်လောက် အလိုမှာ သွားပြီး သင်္ကြန်အကြိုနေ့ မှာပြန်လာသည်။ ပြီးတော့ ရန်ကုန် သင်္ကြန်ကို ဆက်နွဲသည်။ ဒီနှစ်တော့ ရန်ကုန်သင်္ကြန်ကို နွဲဖြစ် လိမ့်မယ်လို့ မထင်။
ချောင်းသာလိုကမ်းခြေ မျိုးက သုံးရက်ထက် ပိုနေလို့ မကောင်းဟု ထင်မိသည်။ ကျွန်တော့် အမြင်သာ ဖြစ်ပါသည်။ ဘာဖြစ်လို့ လဲဆိုတော့ သုံးရက်လောက် နေပြီးရင် လည်စရာက ကုန်သွားပြီ။ လိုင်းပုတ်နေသော ကမ်းခြေကြီး ကလဲ အသစ်ဖြစ် မလာ ရိုးသွားပြီ။ သို့သော် ကမ်းခြေတွင် ထိုင်ပြီး ကဏန်းကျော်လေး နှင့် ဘီယာထိုင် သောက်ရသည့် အရသာကတော့ ရိုးသွားသည်ဟု မထင်မိပါ။ ဒီလိုပြောရင် မင်းကတော့ ဘီယာသမားကို လို့ပြောကြမည်လား မသိ။
ချောင်းသာမှာ ကျွန်တော်လေ့လာ ကြည့်သလောက် ဒေသထွက်ကုန် ဟူ၍မည်မည် ရရ မရှိပါ။ ငါးခြောက် တို့ ပုစွန်ခြောက် တို့ကလဲ အပြင်တစ်နေရာက ယူရောင်းကြသည်။ ဆန်ဆိုလည်း ပုသိမ်က မှာရသည်ဟု ဆိုသည်။ ကုန်ကုန်ပြောရင် ပင်လယ်မှာ ထွက်တဲ့ ခရုက အစ ချောင်းသာမှာ မထွက်သလောက်ပင်။ ခရုခွံလေး နို့ဆီဘူး တစ်လုံးလောက်ရဖို့ အရေး ကမ်းခြေ ကနေ နှစ်မိုင်လောက် ပိုက်စိတ်တိုက် ရှာရသည်။ ချောင်းသာမှာ ရောင်းနေသော ခရုများက တခြား တစ်နေရာက တစ်ဆင့်ဝယ် ရောင်ခြင်း ဖြစ်ကြသည်။
အဲလို အတင်းတုပ် မှာကို ကြိုမြင်လို့လား တော့မသိဘူးဗျာ ကိုရွှေချောင်းသာက ကျွန်တော့ကို မနှစ်က ဒုက္ခပေးလိုက်သည်။ အင်းဖြစ်ပုံကတော့ ဆိုးပါတယ်။
ချောင်းသာ ရောက်ပြီး ဒုတိယ နေ့တွင်ဖြစ်သည်။ ကျွန်တော်တို့ အုပ်စုက လူတွေကို အုပ်စုနှစ်စု ခွဲပြီး ကမ်းခြေမှာ ဘော့လုံးကန်ကြသည်။ သူများတွေကတော့ ရေထဲဆင်းဖို့ ဆိုပြီး ဘောင်ဘီ အသစ်တွေ ၀ယ်လာကြသည်။ ကျွန်တော်ကတော့ ပင်လယ်ရေ ထိရင် အ၀တ်တွေ ဆွေးတတ်တယ်လို့ ကြာဖူးတာကြောင့် ပင်လယ်ထဲ ဆင်ဖို့ ဘောင်းဘီ သီခြား ၀ယ်မနေတော့။ လွန်ခဲ့ တစ်နှစ် ကျော်လောက်က မ၀တ်ပဲပစ်ထားတဲ့ ဘောင်ဘီ အဟောင်းတွေ ယူလာသည်။ အခုလို ဘောလုံး ကန်တော့လဲ ဘောင်းဘီ အဟောင်းနဲ့ ပင်ကန်ဖြစ်သည်။
အဲဒီမှာ ပြသနာက စတော့တာပေါ့။ ကန်နေတုန်း တန်းလန်းကြီးမှာ ဘောင်းဘီက ဂွပြဲသွားသည်။ ပြဲတာမှ နည်းနည်းနောနော မဟုတ်။ ဘောင်းဘီး နှစ်ခြမ်းနီးနီး ကွဲသွားအောင် ပြဲသွားသည်။ အဲဒီမှာ သေတာပေါ့။ ဘေးမှာကလဲ ဆော့ကစားနေတဲ့ မိန်းကလေးတွေက နည်းတာမဟုတ်ဘူး။ ဒီတော့ မဖြစ်ချေဘူး ရေထဲဆင်းနေမှ ဆိုပြီး ရေမှာပဲ လူတွေနဲ့ ခပ်ဝေးဝေး ကနေဆော့နေ လိုက်တော့သည်။ ကျွန်တော်တို့ အုပ်စုက လူတွေ ပြန်တော့မှာ ဆိုတော့ ဟိုတယ်ရောက်ရင် ဘောင်းဘီဒါမှ မဟုတ် ပုဆိုး လာပို့ပါလို့ မှာလိုက်သည်။ တစ်ယောက် တည်းမှာရင် မသေချာ မှာ စိုးလို့ နှစ်ယောက် သုံးယောက် လောက်ကို မှာလိုက်သည်။
နံနက် ၁၀ နာရီ ခွဲလောက်ရောက်တော့ နေအရှိန်က မြင့်လာသည်။ ကမ်းခြေမှာ လည်းရေကစား နေတဲ့ သူတွေက မရှိသလောက် နီးပါး ကျဲသွားပြီ။ ဟိုနွားတွေ ပြန်သွားတာက နာရီ ၀က်လောက်ရှိပြီ ပုဆိုးလာပို့ မဲ့လူက ရောက်မလာသေး။ သောင်ပြင်မှာ ပစ်ထားခဲ့တဲ့ ဘောကွင်များကို လိုက်သိမ်းနေတဲ့ ကလေးကို ဘယ်နှစ်နာရီ ရှိပြီလဲလို့ မေးလိုက်တော့ ၁၁ နာရီတဲ့။ လာကောင်းပါ ရဲ့ ဆိုတဲ့ အတွေးနဲ့ ပဲကျွန်တော် ရေထဲမှာ ဆက်စိမ်နေသည်။
လူတွေ အားလုံးရှင်း သွားကြပြီ ရေထဲမှာ ကျွန်တော်တစ်ယောက်တည်း ။ ကျွန်တော်နဲ့ မီတာ လေးရာလောက်မှာတော့ နိုင်ငံခြား သားစုံတွဲ နှစ်ဦး စက်ဘီးစီးနေသည်။ သေချာပြီ နွားတွေ ကျွန်တော့်ကို မေ့နေကြပြီ။ အပူဒါဏ်ကြောင့် အသားတွေလဲ နီရဲနေပြီ။ ဒီပုံအတိုင်း ဆိုရင် တစ်နေကုန် ရေထဲမှာ စိမ်နေရမည့် ကိန်း။ ဒီလိုမှန်း သိရင် စောစော ကဘောကွင်း လိုက်ကောက်နေတဲ့ ကလေးဆီက ပုဆိုးငှားလိုက်သည်။ အခု တော့ အဲဒီကလေးလဲ မရှိတော့။ အင်း ကမ်းခြေမှာ အုန်းရည် ထိုင်ရောင်းနေတဲ့ မိန်းမကြီးကတော့ ကျွန်တော့ ကိုလှမ်းကြည့်နေသည်။ သူ့ကို အော်ခေါ်ပြီး အကူညီတောင်းရင် ကောင်မလား။ ကျွန်တော် ဝေခွဲလို့မရ။ မထူးပါဘူး အုန်းရည် ရောင်းနေတဲ့ အဒေါ်ကြီးကို လှမ်းခေါ်လိုက်သည်။ အဒေါ်ကြီးက ကျွန်တော်ရှိတဲ့ ကမ်းစပ်ကို ဆင်းလာပြီ။ ခေါ်ပြီးကာမှ မှားများမှားနေမလား ဆိုတဲ့ အတွေးနဲ့ ချိတုန်ချ တုန်ဖြစ်နေသည်။ အဒေါ်ကြီး ကျွန်တော်နဲ့ စကား ပြောလို့ ရနိုင်တဲ့ အကွာဝေးကို ရောက်လာပြီ။
ဘာလဲကွဲ့
ကျွန်တော် ဘာပြောရမှန်း မသိတတ်
နောက်ဆုံးတော့မှ နွားတစ်ကောင် ပုဆိုးလေးကို ကိုင်မြောက် ပြီးကမ်းစပ်ဆီသို့ ပြေးလာသည်။ နွားပြေးလာ တာကို မြင်မှ ကျွန်တော်လဲ သက်ပြင်းချပြီး အုန်းရေ သောက်ချင်လို့ ဟုပြောလိုက်ရသည်။
ဒါများမောင်ရယ် စခေါ်ကတည်းက အုန်းရေလို့ အော်လိုက်ရင် ပြီးတာပဲ
ဆိုပြီး ပြန်တက်သွားသည်။ ကျွန်တော့ ဒုက္ခကိုကား အဖွားကြီးမသိလိုက်။ နောက်ဆုံးတော့ ချောင်းသာမှာ ပင်လယ် ဂဏန်းတွေ မပေါတာကို ကြံဖန် ကျေးဇူးတင်လိုက် ရပါတော့လိုက်ရပါတော့ သည်။

Read More...

Wednesday, April 04, 2007

ဘဲဥတစ်လုံးကို ကျော်ကြည့်ခြင်း

မိတ်ဆွေ သင့်ဘ၀မှာ အနည်းဆုံးတော့ ဘဲဥတစ်လုံးထက် မနည်းကြော်ခဲ့ဘူးမှာပါ။ ဘဲဥကို ကြော်ရတာခက်သလား သို့တည်းမဟုတ် လွယ်တယ်လို့ ထင်မိပါသလား။
ကျွန်တော်ကိုတိုင်လဲ ဘ၀မှာ မရေမတွက်နိုင်လောက်တဲ့ ဘဲဥအလုံးပေါင်းများစွာကို ကြော်ခဲ့ဘူးပါတယ်။ အခက်ခဲမရှိခဲ့ပါဘူး။ ရသ လည်း မြောက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သို့သော်......... ။ ဒီတစ်ခါကျော် တဲ့ဘဲဥကတော့ ရသ မြောက်သွားတယ်။ အခက်ခဲများကြားက အခဲရာခဲဆစ် ကျော်ရတယ်လို့လဲ ပြောလို့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်ဟာ အဲဒီဘဲဥကို ဒယ်အိုးနဲ့မကြော်ပဲ ငါးဆင့်ဂျိုင့်သုံးပြီး ယရစ်(ြ- ) မဟုတ်ပဲ ယပင်း ( -ျ) သုံးကာ ကျော်လိုက်မိလို့ပါ။
အဲဒီဇာတ်လမ်းကို ကတော့လွန်ခဲ့တဲ့ နှစ်နှစ် ၀န်းကျင် လောက်ကပါ။ ဇာတ်လမ်းလေးကို ပြန်ပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းမှာ ပါဝင်ပတ်သက်နေတဲ့ ငါးဆင့်ဂျိုင့်ကြီး ကနေစရမယ်။ ကျွန်တော်တို့ အချိန်ပိုဆင်းရတဲ့ ညတွေမှာ စားဖို့ဆိုပြီး စီအီးအို ရဲ့ ဇနီးကနေ ငါးဆင့်ဂျိုင့်ကြီးနဲ့ ဟင်းတွေပို့ပေးလေ့ရှိပါတယ်။ ရုံးဆိုတာတော့ ထုံးစံအတိုင်း ပေါ့ဗျာ။ စားကြတယ် သောက်ကြတယ်။ ကုန်သွားရင် ပစ်ထားတယ်။ ဂျိုင့်ကိုဆေးချင်တဲ့လူ မရှိဘူး။ သူအရင်စားတယ် ငါနောက်မှ စားတယ်။ ဘာညာကိကွ ဆိုပြီး မကြာခဏဆိုသလို ဂျိုင့်ဆေးတွက် ကြတဲ့ပြသနာက ဖြစ်လေ့ရှိပါတယ်။ ဒီတော့ ဒီဂျိုင့်ကြီးဟာ အမြဲတမ်းညစ်ပတ် နေတာပေါ့။ တစ်ရက်မှာ အဲဒီဂျိုင့်ကြီးက ကျွန်တော်ကို ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပေးခဲ့တယ်။
အဲဒီနေ့က တနင်္ဂနွေနေ့။ ဖေဖော်ဝါရှီလရဲ့ အလယ်ပိုင်းလောက်။ ကိုးနာရီလောက် ဆိုတာနဲ့ အပြင်ထွက်ချင်စရာ မကောင်းလောက်အောင် နေအရှိန်က ပြင်းနေပါပြီ။ ရုံးက ကောင်မလေး တစ်ယောက်ရဲ့ အဖွားလလယ် ဆွန်းကျွေးတာကို ကျွန်တော်က သွားရမှာ။ ဟိုမှာ ကျွေးမှာက ဘာမှန်းမသိသေးဘူး ရုံးက ကိုတော်ချော်တွေ ငတ်ကြီးကျ ကြတယ်။ အပြန်မှာသူတို့ အတွက်ပါဆယ် ဆွဲခဲ့ရမယ်တဲ့။ ငတ်ကြီးကျတဲ့ လူက ကိုယ့်ဆရာဖြစ်နေပြန်တော့ ပြန်ပြောလို့က မကောင်းပြန်ဘူး။ ဟေ့ကောင် မင်းဒီဂျိုင့်ကြီးယူသွား အပြည့်ထည့်လာခဲ့တဲ့။
ဘာပဲဖြစ်ဖြစ် ဆွမ်းကျွေးသွားတာဆိုတော့ လူလိုသူလိုလေးတော့ ၀တ်စားသွားမှ ဖြစ်မှာပေါ့။ ဖြစ်ချင်တော့ အဲဒီရက်က မီးပျက်တယ်။ ပိုးပုဆိုးက မီးပူမတိုက်ရသေးဘူး။ ရှိစေတော့ ဘယ်သူမှ ဂရုစိုက်လိုက်ကြည့်နေမှာ မဟုတ်ဘူး။ အကြေအတိုင်းပဲ ကောက်ဝတ်လိုက်တယ်။ အစကတော့ ကားငှားသွား မလို့ပါပဲ။ ရုံးအရှေ့မှာ ဘယ်ကရောက်နေတဲ့ စက်ဘီမှန်း မသိဘူး ရပ်ထားတာကို တွေရတယ်။ သွားရမဲ့နေရာက ကမ္ဘာအေး ဘုရားရဲ့ အရှေ့ဘက်က ရေစက်ဝင်းကြီးနားမှာ။
ပြောမယ့်သာပြောရတာ စက်ဘီးမစီးရတာကလဲ တော်တော်ကြာနေပြီ။ ရန်ကုန်ရောက် ကတည်းကဆိုပါတော့။ တာမွေအ၀ိုင်းထိပ်နဲ့ ကမ္ဘာအေး ဘုရားဆိုတာကလဲ ဘာဝေးလို့လဲ။ တောမှာတောင် စီးနေသေးတာ ရန်ကုန်လို ကတ္ဘရာလမ်း ဖြေင့်ကြီးမှာ ဆိုတော့ အေးဆေးပေါ့လို့ တွက်ပြီး စက်ဘီးနဲ့ ထွက်ချလာခဲ့တယ်။ အသွားခရီးကတော့ တာမွေအ၀ိုင်းထိပ်ကနေ ဦးချစ်မောင်လမ်း အတိုင်း စီဒိုးနာ ဟိုတယ်ဘေးကနေ ကမ္ဘာအေး ဘုရားလမ်းကိုတက် ကမ္ဘာအေးရားလမ်းတိုင်း ဆွမ်းကျွေးရှိတဲ့ အိမ်ကိုရောက်သွားတယ်ပေါ့ဗျာ။ ခရီးတစ်လျှေက်ကတော့ အိုကေစိုပြေနေတာပါပဲ။ ဆွမ်းကျွေးအိမ်ရောက်တော့ ကြက်သားပလာတာ ကျွေးတယ်။ စက်ဘီးနင်းထားတဲ့ အရှိန်နဲ့ ဆိုတော့ စားကောင်းကောင်းနဲ့ စားလိုက်တာ စားပို့မနင်ရုံတမယ် ပေါ့။ ဖရီးကျိတ်ရတာဆိုတော့လဲ စားနိုင်တာပေါ့လေ။ စူစကာ ပုံဏားလေး စားပြီးသကာလ ရုံးတွင် ကျန်ရစ်ခဲ့သော စူစကာပုံဏားကြီးများ မျိုဆို့ဖို့ ရာအတွက် ရုံးက ကောင်မလေးက ငါးဆင့်ဂျိုင့်ကြီးနဲ့ အပြည့်ထည့်ပေးလိုက်ပါတယ်။ အပြန်ခရီးကတော့ ဘိုက်ကလေး ဂျိုင့်ကလေးနဲ့ အလာခရီးလောက်တော့ အဆင်မပြေဘူးပဲ ပြောကြပါစို့ . . . .
ကမ္ဘာအေး ဘုရားလမ်းအတိုင်း စက်ဘီးကိုနင်းရင်း လက်တစ်ဘက်က ဂျိုင့်ကြီးကို မနိုင်တနိုင်ဆွဲလာသူ ကတော့ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်မင်းသား ကျွန်တော်ပေါ့ဗျာ။ ချောတွင်းကုန်း မီးပွိုင့်ကို ဖြတ်ပြီးတဲ့ အထိကတော့ အိုကေပဲ။ ပြသနာက မဖြစ်သေးဘူး။ ပြသနာက သစ္စာလမ်းနဲ့ ကမ္ဘာအေးဘုရား လမ်းထောင့် မြကျွန်းသာ မီးပွိုင့်မှာ မော်တော်ပီကယ်နဲ့ တိုးတော့တာပဲဗျာ။ အချိန်က နေ့လယ် ၁၁ နာရီခွဲလောက်။ ကျွန်တော့စက်ဘီးကို တားပြီးမင့်ကို ဖမ်းလိုက်ပြီ။ စက်ဘီးထားခဲ့။ ဒါဏ်ငွေ ၅၂၀၀ ကို ကုက္ကိုင်းရုံးချုပ်မှာ သွားဆောင် ချလန်ယူပြီးမှ စက်ဘီကို ပြန်လာယူတဲ့။ သေပီဆရာရေ။ အဲဒီခေတ်က ကားငှားသွားရင်တောင် အသွားအပြန် သုံးထောင်ပေးရမှာ မဟုတ်ဘူး။ အခုတော့ လူလဲပင်ပမ်း ပိုက်ဆံလဲကုန် ဖြစ်တော့မှာပဲ။ အင်း........ ပိုက်ဆံတော့ အကုန်ခံလို့ မဖြစ်ချိမ့်ဘူး။ နည်းလမ်းရှာလေမှ။ အနာဂတ်မှာ ကုလသမ္မက အထွေထွေအတွင်းရေးမှူးချုပ် ရွေးကောက်ပွဲ တောင်ဝင်နွဲမဲ့ ဦးနှောက်ပဲ မော်တော်ပီကယ် လောက်ကိုမှ စကားစစ်ထိုး မနိုင်ရင် ရာဇ၀င်ရိုင်းရော့မယ် ထွက်စမ်းဟဲ့ ဥာဏ်နီ ဥာဏ်နက်တွေ။
ကျွန်တော်ဝတ်ထားတဲ့ ပိုးပုဆိုးကြီးက နေရောင်မှာ ကိုရောင်ကို ၀ါတွေတောက်လို့။ စက်ဘီနင်းထားရတာကြောင့် ချွေးတွေကလဲရွှဲလို့။ ပိုးဆိုးအကြေကြီးကိုဝတ် ကတီဖိန်ပ်ထိပ်လန်ကိုစီး တီရုပ်အပြာရောင် လက်ထဲမှာကလဲ ဂျိုင့်ကြီးအကြီးကို ကိုင်ထားပြန်တော့ တောသားပုံ ပေါက်နေမှာတော့ သေချာလို့ပေါ့ဗျာ။ အင်းဒီမော်တော်ပီကယ်ကို အရူးကွက်နင်းမှ ဖြစ်တော့မယ်။
ဟေ့ကေင်ဘာရပ်နေတာလဲ ပြန်တော့လေ
မော်တော်ပီကယ်က လှမ်းအော်ပြောလိုက်တဲ့ အချိန်မှာ စက်ဘီးကို ယူထားပြီးကြပြီ။ ကျွန်တော် မျက်နှာလေးကို အတတ်နိုင် ငယ်နိုင်သမျှငယ် အောင်ငယ် ထားလိုက်တယ်။
မလုပ်ပါနဲ့ ဆရာရယ်။ ကျွန်တော့ အစ်မဆေးရုံတက်နေတာ ထမင်းဂျိုင့်သွားပို့ ရမှာမို့ပါ။
မင်းအစ်မက ဘယ်ဆေးရုံမှာတက်တာလဲ
အလုပ်သမား ဆေးရုံးကြီးမှာ တက်နေတာပါဆရာ။ ခဏနေဆိုရင် ဆရာဝန်ကြီး ရောင်းလည့်တော့မှာ။
ရပါတယ် ကိစ္စမရှိပါဘူး။ စက်ဘီးကို ထားခဲ့လိုင်းကား စီးပြီးသွား နောက်တော့ မှလာရွေး။
အော်တော်တော် ပြောရကြတ်တဲ့ လူပါလား။ ဖြစ်နိုင်ရင် နားရင်ပါးရင်းတာ ရိုက်လိုက်ချင်တယ်။ သို့သော် ရိုက်လို့ မဖြစ်သေး စက်ဘီးလေးကို ဒါဏ်ငွေ မဆောင်ပဲရအောင် ပြန်တောင်းဦးမှ
မလုပ်ပါနဲ့ ဆရာရယ် ကျွန်တော့်မှာ စက်ဘီရွေးရအောင် ပိုက်ဆံလဲမရှိပါဘူး။
ရတယ်။ မင်းပိုက်ဆံ အဆင်ပြေတဲ့နေ့မှ လာရွေး မင့်စက်ဘီးကို မပျောက်စေရဘူး။
မဟုတ်ဘူးဆရာ။ အဲဒါကျွန်တော့စက်ဘီး မဟုတ်ဘူး။ လမ်းထိပ်က ကွမ်းရာဆိုင်က ငှားလာတာ။ ပြန်လာလို့ စက်ဘီးပါမလာရင် ပြသနာတက်မှာပေါ့။
မင်းကဘယ်မှာနေတာလဲ
အင်း မော်တော်ပီကယ် လေသံနဲနဲပျော့သွားသလိုပဲ။ ဒါပေမယ့် ကရုဏာသံ ထွက်မလာသေးလာဘူး။ ထွက်အောင်လုပ်ဖို့ ကျွန်တော်မှာက တာဝန်ရှိသေးတယ်။ ဒါမှလဲ စက်ဘီးလေး ပြန်ရမှာကိုး။
ကမ္ဘာအေးဘုရားရဲ့ အရှေ့ဘက်က ရေတွန်းစက်ရုံကြီး နားလေးမှာနေတာပါဆရာ
ဟာတော်တော် ဝေးတာပဲကွ။ အဲလေက်အဝေးကြီးကို စက်ဘီးနဲ့ သွားရတယ်လို့။
ဟုတ်ပါတယ်ဆရာ
ကမ္ဘာအေးဘုရားလမ်းပေါ်မှာ စက်ဘီးမနင်းရဘူး ဆိုတာမင်းမသိဘူးလား
ဆရာရယ် အစ်မဆေးရုံတက်နေရတယ် ဆိုလို့ နယ်ကနေလိုက်လာတာ ၁၅ ရက်လောက်ပဲ ရှိပါသေးတယ်။ ဒီလမ်းမှာ စက်ဘီးမစီးရဘူး ဆိုတာ ဘယ်လိုလုပ် သိမှာလဲ။ နောက်ဆိုရင် ဒီလမ်းမှာ မစီးတော့ပါဘူးဆရာ။ ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါ။
နောက်မစီးတော့ ဘူးလို့ ပြောလို့ရမလားကွ။ မင်းကို လွတ်ပေးလိုက်ရင် နောက်လူတွေကို ဘယ်လိုဖမ်းမလဲ။
မော်တော်ပီကယ်က ကျွန်တော့်ကို ဂရုဏာဒေါသသံနှင့်ပြောသည်။ အဲဒီအချိန်မှာ ဂိတ်တဲ အတွင်းမှာ ထိုင်နေတဲ့ မော်တော်ပီကယ် တပည့်လေးနှစ်ယောက်ကလဲ ကျွန်တော့ကို သနားနေပုံပေါ်သည်။ သူ့ဆရာကို ခွင့်လွတ်ပေးလိုက်ပါ ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြသည်။ အင်းအခြေအနေ သိပ်မဆိုးဘူး။ ဆက်ကြိုးစားပေ ဦးမှ
မင်းကို အိမ်ကလူတွေက ဒီလမ်းပေါ်မှာ စက်ဘီးစီးလို့ မရဘူးလို့ မမှာလိုက်ဘူးလား။
ဟုတ် မမှာလိုက်လို့ပါ။
လုပ်ပါဆရာရယ် ကျွန်တော်ထမင်းပို့ နောက်ကြနေပြီ
ကျွန်တော်ဂျိုင့်ကြီးကို မြောက်ပြလိုက်သည်။
ခက်တာပဲကွ။ မင့်ကို လွတ်ပေးတာ အရေးမကြီးဘူး နောက်လူတွေကို ဘယ်လိုဖမ်းမလဲ
ဆရာရယ်တောင်းပန်ပါတယ်ဗျာ
ကျွန်တော့ စကားပင် မဆုံးသေး မော်တော်ပီကယ် လမ်းပေါ်ဆင်းသွားပြီး ခရာတွေမုတ်နေသည်။ ကျွန်တော်က တော့ဂိတ်တဲလေးဘေးမှာ မျက်နှာငယ်လေးနဲ့ ရပ်လို့ပေါ့။
ခဏလောက်ကြာတော့ မော်တော်ပီကယ် လမ်းပေါ်ကနေ ဂိတ်တဲဆီသို့ ပြန်လာသည်။ ပြီးတော့ ကျွန်တော့ကို ကြည့်ပြီး
ဟေ့ ထမင်းပို့ နောက်ကြနေတော့မှာ ဆို မသွားသေးလူးလား။
မော်တော်ပီကယ်က ကျွန်တော့ကို နှင်လေပြီ။ အင်းခဲလေသမျှတော့ သဲရေကျပါပြီ။ ဖွတ်မရ ဓားမ ဆုံး။ ပိုက်ဆံ ငါးထောင်နှစ်ရာလေး သက်သာမလားလို့ တော်ကီတွေ ပစ်လိုက်မိပါတယ်။ လေပါ အဆစ်ထပ်ကုန်သွားတယ်။
ကျွန်တော် ဂျိုင့်လေးဆွဲပြီး ပလက်ဖောင်းအေက်သို့ ဆင်းကာ သွားဖို့ ပြင်လိုက်သည်။ အင်းလေ ဘယ်တတ်နိုင်မလဲ လိုင်းကား စီးပြန်ရုံပေါ့။
ပလက်ဖောင်း အောက်ရောက်တော့ .........
ဟေ့ ကောင်စက်ဘီး မယူတော့ဘူးလား
ဗျာ
ယူမှာ ယူမှာ။
ကျွန်တော်လဲ ဂိတ်တဲ ဘေးမှာ ထိုးထားတဲ့ စက်ဘီးလေးကို ချက်ချင်းပဲ တက်ယူလိုက်သည်။ ပြီးတော့ စီပြီး ထွက်ဖို့ အရှိန်ယူနေတုန်း
ဟေ့ကောင်နေ ဦး
ဗျာ
မဟုတ်ဘူး။ ဒီလမ်းအတိုင်း စီးသွားရင် ရုံးချုပ် အရှေ့တည့်တည့်ရောက်သွားလိမ့်မယ် အဲဒီနေရာက ဖမ်းရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး
ဟုတ်ကဲ့
ဒီလမ်း အတိုင်း သွား။ လမ်းဆုံ ရောက်ရင် ယာကို ကွေ့ ပြီးရင် တာမွေ အ၀ိုင်းထိပ်ကို ဘယ်လိုသွားရတာလဲ လို့မေး။ တာမွေ အ၀ိုင်းကျော်ရင် ဆေးရုံရောက် ဖို့နီးသွားပြီ ...........

အဲဒီအဖြစ်တွေ ဖြစ်ပြီး သုံးလခန့် အကြာ။
၅၁ လမ်း ကြိုးမဲ့ကြေးနန်းနှင့်ယာဉ်ထိမ်းတပ်ဖွဲမှူးရုံးကို အထက်ပါ သုံးရစ် အဆင့်ရှိ မော်တော်ပီကယ် သတင်းလာပို့ရန် ရောက်ရှိနေခိုက်၊တပ်ဖွဲ့မှူရုံးခန်းထဲသို့ မြင်လိုက်သည်နှင့် ကြွေသွားလောက်အောင် ဣဒြေရရနှင့် သူ့အရှေ့က ဖြတ်လျှေက်ဝင်သွားတဲ့ လူငယ်တစ်ဦးကို အရင်က ရင်းရင်း နီးနီး မြင်ဖူးသလိုလိုပဲ ဆိုတဲ့ အကြည့်နဲ့ အဆိုပါ မော်တော်ပီကယ် ငေးမောကာနေလေတော့သည်။

Read More...

Thursday, March 15, 2007

နိုင်ငံကျော် သတင်းထောက် တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

ကဲဗျာ ဒီတခါတော့ အယ်ဒီတာမင်း က သင်္ကြန် အတင်းတွေ (မှားလို့) သတင်းတွေ နဲ့ အတူ သတင်းဒေါက် မှားပြန်ပီ သတင်းထောက် တွေရဲ့ သင်္ကြန်အပေါ် ခံစားချက်တွေပါ ရေးပေးပါလို့ တောင်းဆိုလို့ လာပြန်ပါတယ်။ ငါ နိုင်ငံကျော် သတင်းထောက် ကြီးပဲလို့ အိုက်တင်ခံ နေချင်ပေမယ့် သနားစဖွယ် အယ်ဒီတာရဲ့ မျက်နှာကို ငှဲ့ကွက်လို့ သင်္ကြန်တွင်း ခံစားချက်တွေကို ဖွင့်ဖောက်ရေးပေး လိုက်ပါတယ်။

မှတ်မိပါသေးတယ်ဗျာ ကျွန်တော်တို့ ခပ်ငယ်ငယ်က သင်္ကြန်ရောက်ရင် တူးပို့တူးပို့ ဆိုင်းသံလေးတွေ ကြားရတာကြောင့် တူးပို့တူးပို့ သင်္ကြန် ရယ်လို့ ခေါ်ကြပါတယ်။ နောက်ပိုင်း မှာတော့ ဒုံဂွမ်ဒုံဂွမ်နဲ့ ဒရမ်သံတွေ ကြောင့် ဒုံဂွမ် သင်္ကြန်ဖြစ်ခဲ့ ရပြန်ပါတယ်။ ယနေ့ ဒီဂျေတွေ စီဆတ်တွေ ဘီသမင်တွေ လက်စွမ်းကြောင့် တူးပို့တူးပို့နဲ့ ဒုံဂွမ်ဒုံ၈ွမ် ပေါင်းမိသွားပြီ ဖြစ်တာကြောင့် ဒီနှစ် သင်္ကြန်ကို တူးပို့ဒုံဂွမ် ဂျန်ဂျန် လို့နာမည် ပေးရင် ကောင်းမလားလို့။

အဲလို တူးပို့ဒုံဂွမ် သံတွေက ဖေဖ်ာဝါရီလ ကုန်ပြီဆိုတာနဲ့ နေရာ အနှံ့မှာ ကြားနေရပါပြီဗျ။ သတင်းထောက် ဆိုတာလဲ ကဗျာဆန်ဆန် ပြောရရင် အရိုးနဲ့ အသားနဲ့ အသွေးနဲ့ နှလုံးသားနဲ့ ဖွဲ့စည်း တည်ဆောက် ထားတဲ့ လူတွေပဲမို့ ဂီတ သံဇဉ်လေးတွေ နားထဲ ၀င်သွားတာနဲ့ ခံစားချက်တွေ ထဲမှာ သင်္ကြန်ရနံ့လေးတွေက သင်းလို့ပေါ့။

အဲလိုသင်္ကြန်ရနံ့တွေ သင်းလာတယ်လို့ ပြောတော့ အလိုက် မသိတဲ့ သူငယ်ချင်း သတင်းထောက် တစ်ယောက်က မင်းရနေတဲ့ အနံ့က ဘီယာနံ့နဲ့ မှားတာများ မဟုတ်ဘူးလားတဲ့။ အဲလိုအဲလို လာမေးတော့ ဟေ့ကောင် သိရင်လည်း တိတ်တိတ်နေ လျှာမရှည်နဲ့ ဒါမျိုးတွေ ဂျာနယ်မှာ ထဲ့ရေးရင် သတင်းထောက်တွေ သိက္ခာကျ မှာပေါ့ကွလို့ ပြောလိုက် ရပါသေးတယ်။

သင်္ကြရောက်တော့ မယ်ဆိုတော့ ပျိုမဒီကလျှာ ကလည်း အပြတ်ကဲမယ်ဆိုပဲ။ နှစ်ရက်က မဏ္ဌပ် ထိုင်မယ် နောက်ဆုံးရက်မှာ လျှောက်လည်မယ်တဲ့ ဗျ။ အလိုက်မသိတဲ့ ပျိုမဒီကို ပိုက်ဆံမရှိတဲ့ သတင်းထောက် ကိုကိုက ညီမရယ် အမေက လွမ်းတယ်ဆိုလို့ တောပြန်ရမယ်လို့ ပြောလိုက်ရပါတယ်။ အဲလိုအဲလို နိုင်ငံကျော် သတင်းထောက်ကြီး ဘိုင်ပြတ်နေတာကို မသိရှာလေသော တောက ဆွေမျိုးတွေက သင်္ကြန်ပြန်လာဖို့ ဖုန်းတဂွမ်ဂွမ် ဆက်လို့ခေါ်နေ ကြပြန်ပါသေးတယ်။ သတင်းထောက်က ပိုက်ဆံမရှိပေမယ့် အာကတော့ ရှိတယ်ဗျာ။ ညီလေးရယ် အစ်ကိုမှာကွာ မိသားစု ရေးထက် ၅၄ သန်းသော ပြည်သူတွေ သိသင့် သိအပ်သော သတင်းတွေ ရေးပေးရမှာမို့ ပြန်မလာ နိုင်သေးပါ ဘူးလို့ ပြောနေတုန်း Reception ထိုင်တဲ့ ကောင်မလေးက လမ်းစရိတ် မရှိလို့ မပြန်ရင် မပြန်ဘူးပေါ့ ကြီးကြီး ကျယ်ကျယ် လျှောက်ပြောနေသေးတယ် လို့ လှမ်းအော်လိုက်တာကြောင့် ညီတော်မောင် မကြားအောင် တယ်လီဖုန်းခွက်ကို ကဗျာကယာ လက်နဲ့အုပ်လိုက် ရပါသေးတယ်။ တော်တော်ကို အထူအပါး နားမလည်တဲ့ Reception ပေပဲ။

ကဲဗျာ ပြသနာတွေကတော့ ရှင်းသွားပါပြီ။ ရှင်းစရာ ကျန်သေးတာက သင်္ကြန်တွင်းမှာ နိုင်ငံကျော် သတင်းထောက်ကြီး ဘယ်သွားနေမလဲ။ ရန်ကုန်မှာ နေပြန်ရင် မဒီကလျှာရဲ့ ဘေးရန်က မသေးဘူး။ တောမပြန်ရင် သူနဲ့ မဏ္ဌပ် လိုက်ထိုင်ရမှာ။ ပိုက်ဆံလဲကုန် ဘီယာလဲ ငတ်။ ဘီယာ ဆိုတာကလည်း ကြင်ရာမှာ မဒီကလျှာထက် စီနီယာ ဖြစ်တာကြောင့် သူများသောက်လို့ ကိုယ်မသောက်ရရင် မအီမသာ ဖြစ်မှာ သေချာတယ်ပေါ့ဗျာ။ ဒီတော့ သတင်းထောက် ကျော်ကြီးမှာ တစ်ကိုယ်ထဲ စဉ်းစား အတွေးတွေထဲမှာ အချင်းများလို့နေပြန် ပါတော့တယ်။ ဟေ့ကောင် မင်းဘာလုပ်မှာလဲ။

ဘုန်းကြီးဝတ်မလား။ ပိုဆိုးတောပေါ့ ညစာပါ ငတ်မှာ။ တရားစခန်းဆိုရင် ကော။ တော်ပါ ဘီယာ မှသောက်လို့ မရတာ။ ဟေးကောင် စဉ်းစာနော် မင်းမှာ ရွေးစရာ ဒီလမ်းပဲ ရှိတော့တယ်။ တစ်လမ်းက ပိုက်ဆံလဲကုန်မယ် ဘီယာလဲ ငတ်မယ်။ ဒီလမ်းက ဘီယာတော့ ငတ်မယ် ပိုက်ဆံမကုန်ဘူး။ အဲ …… မဆိုးဘူးဗျာ

နောက်ဆုံး ရရှိတဲ့ သတင်းမှာတော့ နိုင်ငံကျော် သတင်းထောက်ကြီး တစ်ယောက် အလှုငွေ ထည့်စရာ မလိုပဲ ထမင်း အလားကား ကျွေးမည့် တရားစခန်းများကို လိုက်ရှာလျှက်ရှိနေ ပါကြောင်း ခိုင်လုံသော သတင်းရပ်ကွက် မှ သိရှိရပါသည်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံမှ သတင်းထောက်များသည် ဘီယာကို များများ မသောက်ကြပါ။ တစ်ကြိမ်မှာ တစ်ခွက်သာ သောက်ပါသည်။ တစ်ခွက်မှာ တစ်ပီပါ ဆံ့ပါသည်။

Read More...