Art is My Life: 2011

Thursday, November 03, 2011

သတင်းထောက်များ အားလုံးအတွက်

သူများနိုင်ငံတွေမှာလည်း သတင်းယူကြတာပဲ....... ကျွန်တော်တို့နိုင်ငံမှာလည်း သတင်းယူကြတာပဲ။ အဲလို သတင်းယူကြတာခြင်းအတူတူ ကျွန်တော်တို့နိုင်ငံမှာ ပိုပြီးတော့ လူတိုးရတယ်။ အခုနောက်ပိုင်း ပိုဆိုးလာတယ်။ ကြာလေ ဆိုးလေဖြစ်နေပြီ။ ဒီပုံလေးတွေကို ကြည့်ကြည့်ပါ.......... 





Halloween Night အတွက် ဖရုံသီးဝယ်နေတဲ့ အိုဘားနဲ့ ဇနီး


 


 ရုရှ သမတနဲ့တူ ဘာဂါစားနေတဲ့ အိုဘားမား


ဖရုံသီး ၀ယ်နေတဲ့ ပုံကို ကြည့်ပါ အဝေးကနေ တယ်လီနဲ့ ရိုက်ထားတာ မဟုတ်ပါဘူး။ wide lens နဲ့ ရိုက်ထားတာပါ။ တစ်ယောက်တည်း အေးအေး လူလူ ရိုက်လာတာ မဟုတ်ပါဘူး သတင်းထောက်တွေ အများကြီးနဲ့ ရိုက်ကြတာပါ။ ကျွန်တော်တ်ာတို့ဆီက လူတိုးပုံမျိုးနဲ့ ဆိုရင်တော့ သတင်းထောက်တွေ တက်နင်းတာနဲ့ ဖရုံသီးတွေ ကွဲရမဲ့ကိန်း။

ဒုတိယပုံကို ကြည့်ပါ။ ရုရှ သမတနဲ့ အိုဘားမား နေ့လည်စာ စားနေကြတာပါ။  ခရီးသွားနေရင်းနဲ့ လမ်းဘေးက ဘာဂါဆိုင်လေးမှာ နေ့လည်စာဝင်စားတာပါ။  ဒီပုံကို ရိုက်တာလည်း သတင်းထောက်တွေ အများကြီးပါပဲ။ ဒါပေမယ့် သူတို့ဘာသူတို့ အဆင်ပြေသလို ရိုက်သွားကြတယ်။ အေးအေးလူလူပဲ။


နိုင်ငံတကာမှာလည်း ဓာတ်ပုံရိုက်ရင် မတိုးရဘူးလားဆိုတော့ တိုးရတဲ့ အခါတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီမှာလို ရိုက်တိုင်း တိုးနေဖို့မလိုပါဘူး။  ကျွန်တော်လည်း မတိုးချင်သလို ဘယ်သူမှလည်း တိုးချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ တိုးဝှေ့ပြီးရိုက်နေရတယ်........

ဘာကြောင့်လဲ.....  

 ကျွန်တော်တို့ ၀ိုင်းပြီး အဖြေရှာချင်ပါတယ်။ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အားလုံး နေရာလေးတစ်ခုမှာ စုပြီး အစည်းဝေးလေး တစ်ခုလောက် လုပ်ချင်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 






Read More...

Monday, October 31, 2011

Halloween Night





 ဒါကတော့ ဖိုတိုရှော့နဲ့ ကျွန်တော်  ဆွဲထားတဲ့ အရုပ်လေးပါ...........




သရဲလို ၀တ်ဆင်ထားတဲ့ မော်ဒယ် ကောင်မလေး တစ်ယောက်ပါ တော်ဝင်စင်တာမှာ ရိုက်လာတာ.........



ဒါကတော့ ဒီနေ့ ညပိုင်း တော်ဝင်စင်တာမှာ Halloween Night ကို ဆင်နွဲဖို့ ရောက်လာတဲ့ စုံတွဲပါ.....

Read More...

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် ရုပ်ရှင်ပွဲတော် လွှတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ကျင်းပမည်



ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် လွှတ်လပ်ခြင်းနုပညာ ရုပ်ရှင်ပွဲတော်ကို လာမည့်နှစ် ဇန်န၀ါရီ တစ်ရက်နေ့မှ လေးရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ 

ယင်းရုပ်ပွဲတော်သို့ ကြာမြင့်ချိန် မိနှစ်သုံးဆက်ထက် မပိုသော မှတ်တမ်းရုပ်ရှင် ( Documentary Film) နှင့် ဇာတ်လမ်းတို ( Short Film) များကို ပေးပို့ ပြိုင်ပွဲဝင်နိုင်ကြောင်း သိရပြီ ဆုရရှိခဲ့ပါက ဆုတံဆိပ် ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေတို့ကို ရရှိဖြစ်သည်။

ပြိုင်ပွဲနောက်ဆုံးရက်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ၂၀၁၁။ ပြိုင်ပွဲဝင် ဒီဗီဒီ အခွေများကို အလင်းတန်း ဂျာနယ်နှင့် ရွှေအမြုတေ မဂ္ဂဇင်း အခန်း ၁၇ အမှတ် ၁၅၈ ပထမထပ် မဟာဗန္ဒုလ ပန်းခြံလမ်း ကျောက်တံမြို့နယ် ရန်ကုန်သို့ ပေးပို့ရမည် ဖြစ်ကြောင်းသိရသည်။
အသေးစိတ် သိရှိလိုပါက ပြိုင်ပွဲ အကဲဖြတ်အဖွဲ့ဝင်များဖြစ်သည့် ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာ zaganar.2011@gmail.com နှင့် မင်းထင်ကိုကိုကြီး minhtinkokogyi@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်......




Read More...

ပြင်သစ်ကြီးရဲ့ Essay Photo ပြိုင်ပွဲ ဒေါ်လာနှစ်ထောင်ပေးမည်

A Photo-essay masterclass  will happen at the French Institute (formerly Alliance Française) from November 16 to 23.

Emphasis will be placed on professional standards required for gallery or photo festival exhibition, newspapers, magazines and book publishing.

Designed for all those who have already developed a special interest in photography, this week-long workshop will help you to expand your skills by creating a photo-essay. 

The best works will participate to the Best Photo-essay Awards with 2000$ worth of prices during the Yangon Photo Festival 2012 that will happen from January 23 to 28. The 2012 theme will be the Environment.

Register with Didi at 536 900 / 537 122 before November 11th. Selection of the candidates will be on November 14-15th. Bring your port-folio and your own ideas about subject matters for a photo essay.


Read More...

Sunday, October 30, 2011

မြို့တော်ခန်းမ ကားပါကင်တွင် ပေါက်ကွဲမှုဖြစ်ပွား

ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ရှင်းလင်းနေစဉ်......

မြို့တော်ခန်းမ ကားပါကင် ဆူးလေဘက်အခြမ်းမှာ ခြောက်ခွဲလောက်က ဗုံးတစ်လုံးကွဲတယ်။ ထပ်ရှာတော့ နှစ်လုံးထပ်တွေ့တယ်။ အဲဒီနှစ်လုံးကို သဲအိတ်တွေနဲ့ ကာပြီးတော့ သက်ဆိုင်ရာက ဖောက်ခွဲလိုက်တယ်။ လူအသေအပျောက် ထိခိုက်ဒါဏ်ရာ ရမှု မရှိပါဘူး.......

ပထမပေါက်ကွဲမှု ဖြစ်ချိန်ကနေ  ကိုးနာရီခွဲ အထိ ဆူးလေး ဘုရားလမ်းနှင့် ဘားလမ်းကြားရှိ ဗန္ဒုလမ်းကို ပိတ်ထားခဲ့ပါတယ်။  ဗုံးကို သက်ဆိုင်က ရှင်းလင်းပြီးချိန် ညကိုးနာရီခွဲ အချိန်မှာ လမ်းကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒီဓာတ်ပုံကို လမ်းပြန်ဖွင့်ခါစမှာ ရိုက်လာခဲ့တာပါ။ 

မှတ်ချက်။          ။ အနီနားရှိ မျက်မြင်သက်သေများနှင့် လုံးခြုံရေးဝန်ထမ်း၏ ပြောပြချက်အရ သာဖြစ်ပါသည်.....



Read More...

Thursday, October 20, 2011

Canon EOS-1D X

Canon ကနေ  EOS-1D X ကင်မရာကို လာမဲ့နှစ် March လကနေ စတင်ရောင်းချတော့မယ်လို့ ဒီနေ့ကြေငြာလိုက်ပါတယ်။  အခုထွက်မဲ့ အကင်မရာကတော့ 1D series ထဲကပါ။ ရောင်းဈေးကတော့ US of $6,800

1D series ဆိုတာ...... 

Canon ကင်မရာရဲ့ အမြင့်ဆုံး Series ပါ။ EOS 1D ကို ၂၀၀၁ ခုနှစ်မှာ စရောင်းခဲ့ပြီး 4 Mega pixel  ပဲရှိပါတယ်။ ဒါပေမယ့် Digital Camera ခေတ်ဦးမှာတော့ အဲဒီကင်မရာက ဆရာပေါ့လေ။ သူ့နောက်မှာတော့ 1Ds(2002), 1D Mark II (2004), 1Ds Mark II (2004), 1D Mark II N (2005), 1D Mark III (2007), 1Ds Mark III (2007), 1D Mark IV (2009) တွေမှာ ဈေးကွက်တင် ရောင်းချခဲ့ပါတယ်။ အခုလာမယ့် 2012 မှာတော့ 1D X ဆိုပြီး ထုတ်လုပ်ရောင်းချတော့မှာပါ။


ဒါကတော့ 1DX ရဲ့ အသေးစိတ်အချက်အလက်တွေပါ။

Type Single-lens reflex
Sensor 36 mm × 24 mm CMOS
Maximum resolution 18.1 Megapixels
Lens Interchangeable (EF)
Shutter Electromechanical carbon fiber focal-plane shutter. Selectable electronic 1st curtain shutter.
Shutter speed range 1/8000 to 30 sec. (1/3-stop increments), bulb, X-sync at 1/250 sec.
Exposure metering 100,000 pixel RGB sensor, 0-20 EV, 252-zones
Focus areas 61 AF points
Focus modes One-shot, AI Servo, Manual
Continuous shooting 14 fps JPEG with mirror locked up. 12 fps RAW, JPEG, RAW+JPEG.
Viewfinder Optical pentaprism
ASA/ISO range 100–51,200 in 1/3 stops. Simulations of ISO 50, 102,400 and 204,800.
Rear LCD monitor 3.2 inch 1,040,000-dot LCD
Storage Dual CompactFlash (Type I or Type II)
Battery LP-E4N lithium-ion battery pack
Made in Japan   







Read More...

Monday, October 10, 2011

ဘေဂျင်းသူတောင်းစားက သာမာန်သူဌေးထက် ချမ်းသာဆိုပဲ......

ဘေးဂျင်းမြို့ လမ်းဘေးတစ်နေရာမှာ တွေ့နေကျ သူတောင်းစားတစ်ယောက်ဟာ ထင်မှတ်မထားရလောက်အောင် ချမ်းသာနေတယ်လို့ Jiangxi Satellite TV စက်တင်ဘာလ သီတင်းတစ်ပုဒ်က ဆိုပါတယ်။ 

သူ့မှာ ကားလေးစီးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတော်တော်များများ ရှိနေတယ်လို့ Jiangxi Satellite TV ကဆိုပါတယ်။

ယင်းသတင်းရဲ့ အဆိုရ သူဌေးသူတောင်းစားဟာ သူ၏ မိခင်၊ သားနှစ်ယောက်နှင့် အတူ တရုပ်နိုင်ငံရဲ့မြို့တော် ဘေကျင်းမြို့မှာ နေထိုင်ပါတယ်တဲ့။ မိခင်က ရွှေနဲ့ ကျောက်မျက်ရတနာတွေကို ၀တ်ဆင်ထားပြီး သားနှစ်ယောက်ကတော့ ဦးခေါင်းကနေ ခြေဖျားအထိ နာမည်ကြီး အသုံးအဆောင်တွေကို ၀တ်ဆင်ထားတယ်လို့ဆိုပါတယ်။ သူ့ဆီမှာ ပိုက်ဆံလာထည့်တဲ့ လူတွေထက် သူက ပိုပြီး ချမ်းသာတာ သေချာပါတယ်လို့ တီဗီက ဆက်ပြောပါတယ်။ 

သူ့ကိုတော့ Xidan ဒေသရဲ့ လမ်းတွေပေါ်မှာ လိုက်တောင်းနေတာကို မှာတွေ့ရပါလိမ့်မယ်တဲ့။ တရုပ်ပြည်က သူတောင်းစားမှ မဟုတ်ပါဘူး မြန်မာပြည်က သူတောင်းစားတွေကိုလည်း အထင်မသေးလိုက်ပါနဲ့။ ပြီးခဲ့တဲ့လပိုင်းက NLD ရုံးအရှေ့မှာတွေ့တဲ့ ကလေးတစ်ယောက်ကို မေးကြည့်လိုက်တာ တစ်နေ့ကို ခုနှစ်ထောင်လောက် ရတယ်တဲ့.... ကျွန်တော်တို့ လမ်းထဲက အဖိုးကြီးကတော့ တစ်သောင်းခွဲလောက်များ ရမလားမသိဘူး၊ ကျွန်တော် အကဲခတ်ကြည့်နေတာ သူ့ကို ထည့်တဲ့လူတွေက အနှိမ့်ဆုံး ငါးရာတစ်ထောင်ပဲ.......

Read More...

IPhone မှာ Slr Lens တွေတပ်ပြီးရိုက်ရအောင်



IPhone 4 အတွက် SLR lens Mount ပါ။  တန်ဖိုးကတော့၂၄၉ ဒေါ်လာပါ။ အခုလောလောဆယ်မှာတော့ Canon နဲ့ Nikon Lens တွေအတွက်ထုတ်ထားတာပါ။ Nikon Lens Mount မှာတော့ Nikon ကင်မရာမှာ တပ်လို့ရတဲ့ Lens အားလုံး တပ်လို့ရပါတယ်။ Canon Lens Mount မှာတော့ EF Lens( အနီစက်) တွေပဲ တပ်လို့မှာဖြစ်ပြီး EFS (အဖြူစက်) ပါတဲ့ Lens တွေ တပ်လို့ရမှာ မဟုတ်ပါဘူး။ 

Aperture 
Lens Aperture တစ်ခါတည်း တွဲပါတဲ့ Lens တွေသုံးမယ်ဆိုရင်တော့ Aperture ကို ချိန်လို့ရမှာဖြစ်ပေမယ့်၊ နောက်ထွက်တဲ့ Lens တော်တော်များများမှာ Lens Aperture မပါတော့ပါဘူး။ အဲဒီလို Lens မျိုးကို သုံးမယ်ဆိုရင်တော့ Lens Aperture သုံးလို့ရတော့မှာ မဟုတ်ပါဘူး။

Focus 
Focus ကိုတော့ SLR Lens Mount က Auto မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့်  မြင်ရတဲ့ မြင်ကွင်းအတိုင်းကို IPhone မှာ ပါတဲ့ ကင်မရာက Auto Focus လုပ်နိုင်ပါတယ်။ ပိုပြီး Sharp ဖြစ်ဖို့ဆိုရင်တော့ Lens မှာ Manual ( ကိုယ့်လက်နဲ့ကိုယ်) ချိန်ပေးဖို့ လိုပါလိမ့်မယ်။



ဒါကတော့ ရေဘ၀ဲ ခြေထောက်ပေါ်မှာ တင်ထားတဲ့ IPhone




50 MM ခေါ် ၅၀ မမ ခေါ် Normal Lens  နဲ့ ရိုက်ထားတဲ့ အရုပ်ပါ




 400 MM 5.6 နဲ့ တွဲထားတာပါ








 Canon 50 mm 1.4 နဲ့ ရိုက်ထားတဲ့ စတော်ဘယ်ရီလေးတွေပါ




50mm Canon 1.4 ကို တပ်ပြနေတာပါ 



24 ~ 70 Canon 2.8 နဲ့ တွဲထားတာပါ 





400 mm Canon 5.6 ပါ 




Canon 24 70, F 2.8 နဲ့ 




Canon 50mm 1.4 နဲ့ ရိုက်ထားတဲ့ အရုပ်ပါ..





Read More...

Saturday, September 17, 2011

Nik Color Efex Pro


ဒီနေ့ ကျွန်တော် ပြောပြမှာကတော့ Nik Color Efex Pro လို့ခေါ်တဲ့ ဓာတ်ပုံပြင်တဲ့ ဆော့ဝဲ အကြောင်းဖြစ်ပါတယ်။ ဒီဆော့ဝဲကို Photo Shop နဲ့ တွဲပြီးသုံးရတာ ဖြစ်ပါတယ်။ အခုအချိန်မှာ Pro4 version အထိထွက်နေပါပြီ။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ 3.0 version ပဲရှိပါသေးတယ်။ Pro 4 version ကို တွေ့ရင် ကျွန်တော် ထပ်ပြီး အပ်ဒိတ် လုပ်ပေးပါမယ်။ တကယ်လို့များ အဲဒီ ဘားရှင်းကို ရှိတဲ့လူ ရှိရင်လည်း ပြန်ရှဲပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ပထဆုံးအနေနဲ့ NIK ကို ဒီနေရာကနေ ဒေါင်းလုပ်ပါ။ Install လုပ်နေတဲ့ အချိန်မှာ ဖိုတိုရှော့ကို ပိတ်ထားရပါမယ်။ အင်စတော လုပ်ပြီးတဲ့ အခါမှာ ဖိုတိုရှော့ကို ဖွင့်လိုက်ပါ။    

ဖိုတိုရှော့ထဲမှာ Nik ရဲ့ Tools ဘောက်လေးကို အခုလို မြင်နေရပါလိမ့်မယ်။


ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဓာတ်ပုံကို ဖိုတိုရှော့ထဲမှာ ဖွင့်ပါ။ ဒါကတော့ ဘာမှ မပြုပြင်ရသေးခင် အနေထားလေးပါ အခုလို ဖွင့်ပြီးသွားတဲ့ အခါမှာ ဘေးနားမှာမှာရှိတဲ့ Nik Tools ဘောက်ထဲက နှစ်သက်ရာ တစ်ခုကိုကို ရွေးကြည့်ပါ။ 




 
 အခုလို ဘောက်လေး ကျလာပါလိမ့်မယ်။ ဘယ်ဘက်မှာ အနီနဲ့ ပြထားတာတော့ Nik Effects တွေရဲ့ နာမည်တွေပါ။ အစိမ်းလေးနဲ့ ပြထားတာတော့ Effects တွေကို မျိုးတူရာ တူရာ အုပ်စုလိုက် စုစည်းပေးထားတဲ့ ဘောက်လေးပါ။ ညာဘက်မှာ အပြာနဲ့ ပြထားတာတော့ Nik ကနေ အလိုလျှောက် လုပ်ပေးတဲ့ Effects တွေကို မိမိ အလိုရှိသလောက် အတိုးအလျှော့ လုပ်တဲ့ Function ပါ။ ပုံကို ဘယ်လို Effect နဲ့ ပြင်မယ် Effect amount ဘယ်လောက်ထိပေးမယ်ဆိုတာကတော့ မိမိပြင်မဲ့ ပုံ မိမိလိုအပ်ချက်ပေါ်မှုတည်ပြီး သင့်တော်ရာကို ကိုယ့်ဘာသာကိုယ် ရွှေးချယ်ရမှာပါ။ 



လောလောယ် ဒီပုံလေးကိုတော့ Colorize နဲ့ လိုက်ဖက်မယ်လို့ ထင်လို့ အဲဒါလေးကို ရွှေးလိုက်ပါပြီ။ အဲလို ရွေချယ်လိုက်တဲ့အခါမှာ ပုံတစ်ပုံလုံး အုတ်နီခဲရောင်ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။



 
 ဘာဖြစ်လို့ လဲဆိုတော့ ၀ိုင်းပြထားတဲ့ နေရာလေးမှာ အုတ်နီခဲရောင်ဖြစ်နေလို့ပါ။  



အုတ်နီခဲရောင်ဟာ ဒီပုံနဲ့ မလိုက်တဲ့ အတွက်ကြောင့်မို့လို့ သူနဲ့ လိုက်ဖက်မယ် ထင်တဲ့ အစိမ်းရောင်းလေးကို ရွေးလိုက်ပါတယ်။ နောက်ပြီးတော့ amount ကို 100% ထားလိုက်ပါတယ်။ ဒီနေရာမှာ ဘယ်လောက် ရာနှုန်းထားရမယ်ဆိုတာတော့ ကိုယ်ရွေးတဲ့ အရောင် ကိုယ်ပြင်တဲ့ ပုံပေါ်မှာ မူတည်ပြီး လိုက်ဖက်တဲ့ ဟာကို မိမိဘာသာ ဆုံးဖြတ်ရမှာပါ။ 


 
 အခုလို အစိမ်းဖျော့ရောင်ကို အပေါ်ကနေ အုပ်လိုက်တဲ့ အတွက်ကြောင့် တစ်ပုံလုံး အခုလို စိမ်းစိမ်းကြီးဖြစ်သွားပါပြီ။ လူပုံပါ စိမ်းစိမ်းဖြစ်နေတာကို မကြိုက်ပါဘူး။ ဒါကြောင့် လူပုံပေါ်မှာ အုပ်ထားတဲ့ အစိမ်းရောင်တွေကို ပြန်နုတ်ပါမယ်။ 
                               
အဲလို နုတ်ဖို့ရာအတွက် ညာဘက်မှာရှိတဲ့ Control Point အနုတ်ကိုရွှေးပါ။ အဲဒီအနုတ်ရဲ့ ဆိုလိုရင်းကတော့ ဒီပုံမှာ ပြင်ထားတဲ့ Effect မသက်ရောက်ချင်တဲ့ နေရာတွေကို ပြန်နုတ်တာပါ။ ဘေးနားလေးက အပေါင်းကတော့ Control Point လိုက်မှတ်ပေးတဲ့ ဧရိယာကိုပဲ ပြင်မှာဖြစ်ပါတယ်။ 



 အဲဒီမှာ မိမိ စိတ်ကြိုက် လိုသလောက် ပွိုင့်လေးတွေ ပေးပါ။ ပွိုင့်ရဲ့ အရွယ်အစား ဧရိယာကိုလည်း မိမိစိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ သူက select ဧရိယာအတွင်းမှာရှိတဲ့ ဗဟိုချက်နဲ့ အရောင်တူတွေ အားလုံးကို လိုက်နုတ်ပေးတာပါ။ 


ကိုယ်လိုတဲ့နေရာမှာ ပွိုင့်လေးတွေ လိုက်ပေးပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် Ok နဲ့ ထွက်လိုက်ပါ။ 




ဒါကတော့ နောက်ဆုံး ဖိုင်နယ် ထွက်လာတဲ့ပုံပါ။ နောက်ဆုံး ဖိုင်နယ်ထွက်လာတဲ့ အခါမှာ အလင်းအမှောင် Level တွေကို ပုံပေါ်မှာ မူတည်ပြီး အနည်းငယ်တော့ ပြုပြင်ဖို့ လိုမှာ ဖြစ်ပါတယ်။




ဒါကတော့ ပြင်ပြီးပုံနဲ့ မပြင်ခင်ပုံ။ အကယ်၍ မရှင်းလင်းတာများ ရှိပါက soezeya@gmail.com ကို အီးမေးပို့မေးနိုင်ပါတယ်။ မသိတဲ့ အီးမေးအကောင့်တွေကို Gtalks မှာ Accept လုပ်လေ့ မရှိတာကြောင့် ဂျီတော့ကို အင်ဗိုက်လုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ နောက်အပတ်ကျရင် အခုပြင်ထားပြီးသားပုံကို onone software သုံးပြီး မွန်းမံတဲ့ အကြောင်းကို ဆက်လက် တင်ပေးသွားပါမယ်။ 


စိုးဇေယျထွန်း
All Rights Reserved




Read More...

Tuesday, September 13, 2011

ကျိန်စာသင့်သူများ......

ဟိုရှေးရှေးတုန်းက ဗာရာသီပြည့်ရှင် အာသောက မင်းတရားကြီးဟာ ကမ္ဘာပတ်ပြီး စေတီပေါင်း ရှစ်သောင်းလေးထောင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ညောင်ပင်ပေါင်း ရှစ်သောင်းလေးထောင် စိုက်လှူသတဲ့။ အဲလို စိုက်လှူတဲ့ အကြောင်းကို နိုင်ငံတကာက သိရှိရလေအောင် သတင်းထောက်တွေကို လေယဉ်လက်မှတ်ခတွေ စပွန်ဆာပေးပြီးတော့ သူလှူခဲ့တဲ့နေရာတွေကို ခေါ်သွားတယ်တဲ့။

အဲလို ကမ္ဘာပတ်ခေါ်သွားပြီး အပြန်ခရီးမှာ အာသောက မင်းတရားကြီးက သတင်းထောက်တွေကို မိန့်သတဲ့။

“ငါလှူထားတာလေးတွေကို မင်းတို့ ဂျာနယ်ထဲမှာ ဆောင်းပါးလေးရေးပြီး သေချာ ထည့်ပေးပါကွာ၊ တစ်ချို့နေရာတွေမှာတော့ အားနည်းချက်တွေ ရှိလိမ့်မယ်။ အဲဒါကိုတော့ ထိန်းထိန်း သိမ်းသိမ်းလေး လုပ်ကြပေါ့”

ဒါပေမယ့် ဂျာနယ်ထွက်လို့ ဖတ်ကြည့်လိုက်တော့........ ဘယ်ဂျာနယ်ကမှ သူ့အကြောင်းကို အရေးလုပ်ပြီး မထည့်ဘူးတဲ့လေ။ အဲဒီတော့ အာသောက မင်းကြီးက ဘယ်လို တွေးလိုက်မိလဲဆိုတော့ သတင်းထောက်တွေကို လက်ဆောင် မပေးလို့ မရေးတာလား။ လက်ဆောင်လေး သွားပေးရင်တော့ ရေးကောင်းပါရဲ့ ဆိုပြီး ဒေါ်လာတွေကို စာအိတ်လေးထဲ ထည့်ပြီး သတင်းထောက်တွေကို သွားပေးတယ်တဲ့။

အဲဒီမှာ သတင်းထောက်က ဘာပြန်ပြောလဲဆိုတော့......
“ ခင်ဗျားက ဘုရင်လုပ်နေပြီး ရှိတ်စပီးယား ရေးတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်းမဖတ်ဖူးဘူး ထင်တယ်။ ကျုပ်တို့ကို ဒီလိုလဒ်ထိုးလို့ဘယ်ရမှာလဲ” လို့ ပြန်ပြောလိုက်တယ်တဲ့။

အဲဒီမှာ ဘုရင်ကြီးက ပြာပြာသလဲ တောင်းပန်ပြီး။ အဲလို မဟုတ်ရပါဘူး ကိုယ့်တော့်ရဲ့ အလှူကို နတ်လူသာဓုခေါ်နိုင်အောင်လို့ ဂျာနယ်မှာထည့်ဖို့ တောင်းပန်တာပါ။ ထည့်ဖြစ်အောင်တော့ ထည့်ပေးပါလို့တောင်းပန်ပြီး ပြန်လာခဲ့တယ်။

တစ်ပတ်အကြာမှာတော့.......

တစ်ချို့ဂျာနယ်တွေက လုံးဝ မထည့်ဘူး၊ တစ်ချို့ဂျာနယ်တွေက တိုတိုလေး ထည့်တယ်။ အလကားသက်သက် ပိုက်ဆံ ဖြုန်းတာပါ ဆိုပြီး တစ်ဂျို့ဂျာနယ်တွေက ရေးကြတယ်။ ထိန်းထိန်းသိမ်းသိမ်း ရေးပေးပါလို့ မှာထားတဲ့ ကြားက အဲလိုရေးတော့ အာသောက မင်းကြီးက ဖုသွားတယ်။

အဲဒါနဲ့ပဲ ဂျာနယ်တိုက်တွေကို ဖုန်းလှမ်းဆက်ပါရော.......
“ ဘာဖြစ်လို့ ဂျာနယ်ထဲမှာ မထည့်တာလဲ မင်းတို့ကို ခေါ်သွားရတဲ့ လေယဉ်လက်မှတ်က အလကားရတယ်များ မှတ်နေလား”
“ဘာဖြစ်လို့ တိုတိုလေး ရေးတာလဲ ”
“ငါဒီလောက် ကောင်းအောင် လုပ်ထားတာကို ဘာဖြစ်လို့ အပြစ်ပြောရတာလဲ”

“အေး ငါ့ရဲ့ သဘောထားကြီးမှု အပေါ်မှာ စော်ကားတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ အသေဆိုးနဲ့ သေပါစေ။ ငါပေးတဲ့ပိုက်ဆံကို သောက်ကြီးသောက်ကျယ် စကားတွေပြောပြီး မယူတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ မွဲပါစေ။ ငါပေးတဲ့ သတင်းစာ လွှတ်လပ်ခွင့်ကို အလွှဲသုံးစားလုပ်ပြီး ငါ့ကို အပြစ်ပြောတဲ့ သတင်းထောက်တွေ ဖြစ်လေရာ ဘ၀မှာ သတင်းစာ လွှတ်လပ်ခွင့်တွေ ဆုံးရှုံးပါစေ” ဆိုပြီး ကျိန်စာ တိုက်လိုက်တယ်........

သူကျိန်စာတိုက်ပြီး သိပ်မကြာခင်မှာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပြီး စစ်အတွင်းမှာ သတင်းထောက် ၆၈ ယောက် အသေဆိုးနဲ့ သေဆုံးခဲ့တယ်။ မရှေးမနောင်းမှာပဲ ဆက်တိုက်ဆိုသလို စစ်ပွဲတွေ တစ်ခုပြီး တစ်ခု ဖြစ်ပြီး ၁၉၅၅ ဗီယက်နမ်စစ်ပွဲမှာ သတင်းထောက် ၆၃ ယောက်သေဆုံးခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာတော့ အီရတ်မှာ စစ်ဖြစ်ပြီး သတင်းထောက် ၂၁၅ ယောက်သေဆုံးခဲ့တယ်။

ပထမ ကြိမ်စာ သင့်ခံရသူတွေကတော့ ဥရောပနဲ့ အမေရိကားက သတင်းထောက်တွေဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယ ကြိမ်စာသင့်ခံရတာတော့ နိုင်ငံတစ်ခုက သတင်းထောက်တွေပဲ။ ဘယ်နိုင်ငံက သတင်းထောက်တွေလဲ ဆိုတာတော့ ပြောတော့ဘူးနော် ကိုယ်ဘာသာကိုယ်ပဲ ဆက်လေ့လာပေတော့...........

Read More...

Monday, August 29, 2011

လေးနှစ်နီးပါးအကြာမှာ ပွင့်လာတဲ့ Blogspot

ဘလော့ဂ်ဆိုတာကို ၂၀၀၅ ခုနှစ်လောက်မှာ စပြီးကြားဖူးပါတယ်။ အဲဒီတုန်းကတည်းက ဘလော့ဂ်ကို စပြီးစမ်းရေးကြည့်ပါတယ်။ တကယ်တမ်း ပုံမှန်ရေးဖြစ်ခဲ့တာကတော့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှပါ။ ဘလော့ဂ်ကို ခရေဇီဖြစ်ပြီး ရေးလို့ကောင်းနေတုန်းရှိသေးတယ် ၂၀၀၇ စက်တင်ဘာလမှာ blogspot.com ကို အပိတ်ခံခဲ့ရပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ကျွန်တော်တို့တွေ တာမွေဈေးနားလေးက အင်တာနက်ဆိုင်ထဲမှာပါ။ သူများတွေ လမ်းလျှောက်တာကို လိုက်ကြည့်ပြီး၊ ညနေပိုင်းအင်တာနက် သုံးတော့၊ သုံးနေတုန်း တန်းလန်းကြီးမှာပဲ Blogspot ကိုပိတ်သွားခဲ့တာပါ။

အခု ၂၀၁၁ ဆိုတော့ ရှေ့လဆိုရင် blogspot ကိုပိတ်တာ လေးနှစ်ပြည့်ပြည့်ပါပြီ။ လေးနှစ်မပြည့်ခင်လေးမှာ ပြန်ပွင့်လာတဲ့ အတွက် ၀မ်းသာမိပါတယ်။

Read More...