ဘေးဂျင်းမြို့ လမ်းဘေးတစ်နေရာမှာ တွေ့နေကျ သူတောင်းစားတစ်ယောက်ဟာ ထင်မှတ်မထားရလောက်အောင် ချမ်းသာနေတယ်လို့ Jiangxi Satellite TV စက်တင်ဘာလ သီတင်းတစ်ပုဒ်က ဆိုပါတယ်။
သူ့မှာ ကားလေးစီးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတော်တော်များများ ရှိနေတယ်လို့ Jiangxi Satellite TV ကဆိုပါတယ်။
ယင်းသတင်းရဲ့ အဆိုရ သူဌေးသူတောင်းစားဟာ သူ၏ မိခင်၊ သားနှစ်ယောက်နှင့် အတူ တရုပ်နိုင်ငံရဲ့မြို့တော် ဘေကျင်းမြို့မှာ နေထိုင်ပါတယ်တဲ့။
မိခင်က ရွှေနဲ့ ကျောက်မျက်ရတနာတွေကို ၀တ်ဆင်ထားပြီး သားနှစ်ယောက်ကတော့ ဦးခေါင်းကနေ ခြေဖျားအထိ နာမည်ကြီး အသုံးအဆောင်တွေကို ၀တ်ဆင်ထားတယ်လို့ဆိုပါတယ်။ သူ့ဆီမှာ ပိုက်ဆံလာထည့်တဲ့ လူတွေထက် သူက ပိုပြီး ချမ်းသာတာ သေချာပါတယ်လို့ တီဗီက ဆက်ပြောပါတယ်။
သူ့ကိုတော့ Xidan ဒေသရဲ့ လမ်းတွေပေါ်မှာ လိုက်တောင်းနေတာကို မှာတွေ့ရပါလိမ့်မယ်တဲ့။ တရုပ်ပြည်က သူတောင်းစားမှ မဟုတ်ပါဘူး မြန်မာပြည်က သူတောင်းစားတွေကိုလည်း အထင်မသေးလိုက်ပါနဲ့။ ပြီးခဲ့တဲ့လပိုင်းက NLD ရုံးအရှေ့မှာတွေ့တဲ့ ကလေးတစ်ယောက်ကို မေးကြည့်လိုက်တာ တစ်နေ့ကို ခုနှစ်ထောင်လောက် ရတယ်တဲ့.... ကျွန်တော်တို့ လမ်းထဲက အဖိုးကြီးကတော့ တစ်သောင်းခွဲလောက်များ ရမလားမသိဘူး၊ ကျွန်တော် အကဲခတ်ကြည့်နေတာ သူ့ကို ထည့်တဲ့လူတွေက အနှိမ့်ဆုံး ငါးရာတစ်ထောင်ပဲ.......
No comments:
Post a Comment