Art is My Life: သင်္ကြန်
Showing posts with label သင်္ကြန်. Show all posts
Showing posts with label သင်္ကြန်. Show all posts

Sunday, April 15, 2007

ရန်ကုန် မဟာသင်္ကြန် စက်ရပ်သတင်း


စည်ကားနေတဲ့ အင်းယားလမ်း


မဟာသင်္ကြန်နဲ့ ပတ်သက်လို့ စက်ရပ်သတင်း ကိုတင်ပြလိုပါတယ်။ စက်ရပ်သတင်း ဆိုတာကတော့ မြန်မာနိုင်ငံမှာ သတင်းစာတွေ ခေတ်ကောင်းတဲ့ အချိန်တုန်းက ညပိုင်းမှာ သတင်းစာ ပုံနှိပ်စက်မှာ ရိုက်နေတုန်း သတင်းထူးလာလို့ အရေးတကြီး ထည့်ရမယ်ဆိုရင် ရိုက်လက်စ ပုံနှိပ်စက်ကို ရပ်လိုက်ပြီး အရေးကြီးသတင်းကို ထည့်လေ့ရှိပါတယ်။ အဲလိုစက်ကို ရပ်ပြီးထည့်တဲ့ သတင်းကို စက်ရပ်သတင်းလို့ ခေါ်ကြပါတယ်။
တက္ကသိုလ်ရိပ်သာလမ်း UFL အရှေ့က ပုံပါ


နောက်ပိုင်းမှာတော့ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်ယူပြီးမှ ထည့်ရတာဆိုတော့ စက်ရပ်သတင်းဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် စာပေစိစစ်ရေး တင်စရာမလိုတဲ့ ဘလော့မှာတော့ အရေးတကြီး သတင်းတွေကို ရေးလက်စ တွေပစ်ထားပြီး တင်လို့ရပါတယ် ဒါကြောင့်စက်ရပ်သတင်းလို့ နာမည်ပေး လိုက်ပါရစေ။
ကျွန်တော် ချောင်းသာက ပြန်လာပြီးကတည်းက ဘယ်မှမထွက်ပဲ အိမ်တွင်းအောင်းနေရာက ဒီနေ့ညနေပိုင်းမှာတော့ ဆိပ်ကမ်းသာ လမ်းထိပ်က ၃၈ လမ်းဈေးကို သွားခဲ့ပါတယ်။ ၀ယ်စရာဆိုင်တွေ ပိတ်တော့ ကိုယ်တိုင်ချက်စားလို့ ရအောင် ခရမ်းချဉ်သီးလေး ဆူပုတ်၇ွက်လေး ထွက်ဝယ်တယ် ဆိုပါတော့ဗျာ။
ထွက်လာတယ်ဆိုရင်ပဲ ရေပက်နေတဲ့ကလေးတွေ လောင်းမှာစိုးလို့ ဘေးကပ်ပြီး လျှေက်လာပါတယ် မိုးပေါ်ကရေတွေကျ လာပြီးတကိုယ်လုံး ရွှဲသွားတယ်။ ဘယ်လိုဖြစ်တာလဲ လို့ကြည့်လိုက်တော့ တိုက်သုံးလွာလောက်က ကလေးပေါက်စလေး တွေက ရေနဲ့လောင်းလိုက်တာဗျ။ အော်ကလေး ပေါက်စလေး တွေမို့တော်သေးတယ် ကောင်မလေးတွေ သာဆိုရင် အဲနားလေမှာ သုံးလေးခေါက်လောက် ခေါတုန့်ခေါက်ပြန် လျှေက်မိနေမလားပဲ။ အဲလိုနဲ့ ၃၈ လမ်းဈေးရောက်တဲ့အထိ မကြာခဏန ဆိုလို တိုက်ပေါ်ကနေ ရေပက်တာကို ခံရပါတယ်။ မြေပြင်ပေါ်မှာ ပက်တဲ့ရေက လျှောင်တိမ်းလို့ ရပေမယ့် တိုက်ပေါ်က ပက်တဲ့ရေကတော့ ဘယ်ကနေပက်မှန် မသိတော့ မြေအောက်မှာ မြုတ်ထားတဲ့ မိုင်းတလုံးလိုပဲ ဘယ်နားမှာရှိတယ် ဆိုတာ ကြိုမသိနိုင်ဘူး လောင်းခံလိုက်ရမှ အော်ဒီအပေါ်မှာ ရှိပါကလား လို့သိလိုက်ရတယ်ပေါ့ဗျာ ။
ပြည်လမ်း အင်းယားကန်ဘေးက ပုံပါ


အဖွင့်ကတော့ သိရိမင်္ဂလားဈေးက ကုန်စိမ်းသည်တွေနဲ့ စလိုက်ရအောင်ဗျာ။ ဒီမှာ ပြောချင်တာကတော့ အားလုံးက စကားသတင်းတွေပါ ကျွန်တော်ကိုယ်တိုင်ရောက်ခဲ့ တာတော့ မဟုတ်ဘူးပေါ့ဗျာ။
ခရမ်းချဉ်သီး ၀ယ်နေတုန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကြောပြင်ကို ရေတွေစိုလာတာ သတိထားမိလိုက်တယ်။ ရေက စိမ်ပြေနပြေ ဖြည်းဖြည်း ချင်းလေး လောင်းနေတာဗျ။ ရေမွေးနံ့လေးတွေက လဲသင်းနေတာပဲ။ အင်းလည့်ကြည့်လိုက်ရင်တော့ မျက်လုံးချင်းဆုံရင် ရင်တွေ ခုန်ရော့မယ် ဆိုပြီးကျွန်တော်လည့် မကြည့်ပါဘူး။ ခရမ်းခဉ်သီးတွေပဲ ဆက်ရွေးနေပါတယ်။ ရေလောင်းနေတဲ့ ကောင်မလေး ထွက်သွားတော့ ဒီနှစ်သင်္ကြန်ကတော့ လူကြီးတွေကဲတဲ့ သင်္ကြန်ဖြစ် နေတယ် အဲလိုပဲမိန်းမကြီတွေကြီး ကဲနေတာ လို့ ခရမ်းချဉ်သီးသည်က ပြောတော့မှ စောစောက ကျွန်တော့ကို ရေလောင်းသွားတဲ့ ကောင်မလေးကို လမ်းကြည့်လိုက်ပါတယ်။ အားပါး အသက် လေးဆယ်လောက်ရှိတဲ့ မိန်းမ၀၀ကြီးဗျာ ဘောင်ဘီကျပ်ကျပ်ကို ၀တ်ပြီး လုပ်လီလုပ်လဲနဲ့ လက်တစ်လက်က ရေပုံးကိုဆွဲပြီး ထွက်သွားတာကို လှမ်းမြင်လိုက်ရပါတယ်။ အဲလိုပုံမျိုးကို ကိုရန်အောင်နဲ့ ကိုကျော်ဇေယျ တို့ကတော့ ကြိုက်ချင်လဲ ကြိုက်မှာပေါ့လေ ။
အင်းယားလမ်းမှာပါ


အဆိုပါခရမ်းချဉ်သီသည်ရဲ့ ဆက်လက်သတင်း ပေးပို့ချက်အရ သိရိမင်္ဂလာဈေးသည် ကုန်စိမ်းသည်များ လုံချီများ ချွတ်ကာ ဘောင်ဘီများ ၀တ်၍ အပြတ်ကဲနေကြကြောင်း မူးတဲ့ဈေးသည်တွေ လဲမူးနေကြောင်း။ အများစုမှာ သုံးဆယ်ဝိုဗာ အသက်ကြီးပိုင်းများ ဖြစ်ကြကြောင်း။ သင်္ကြန်တွင် ဖြစ်၍သိရိ မင်္ဂလာဈေးနဲ့ ၃၈ လမ်းကို ကားခအသွား အပြန် လေးရာ ပေးရကြောင်း ဆက်လက်သတင်းပေး ပို့ပါတယ်။
နန္ဒာလှိုင်ပါ အင်းယားလမ်းမှာ



အနော်ရထာ လမ်းမကြီးမှာ မြင်နေရတဲ့ အနေထားကတော့ ရေပက်ကားတွေ ပြည့်ကြပ်နေပါတယ်။ ရန်ကုန်ရဲ့ ထုံးစံအတိုင်း ရေပက်ခံ ထွက်သူနဲ့ ရေပက်ခံမဏ္ဌပ် ဒီမန်းနဲ့ဆပ်ပလိုင်း မမျှတဲ့အတွက် ကားတွေပုံ နေရခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလဲ အကြောင်းရှိပါတယ်။ မဏ္ဌပ်တစ်ခုရဲ့ ကုန်ကျစရိတ်က အနည်းဆုံးသိန်းခြောက်ဆယ် လောက်ကနေ သိန်းရာချီပြီး ကုန်ကျပါတယ်။ မဏ္ဌပ်တစ်ခု ဆောက်ခွင့်ပါ မစ်ရဖို့ကလဲ မလွယ်ပါဘူး။ ဒါကြောင့် ရေပက်မဲ့လက်မှတ် တွေကလဲ တရက်ပက်ရင် အနည်းဆုံး တစ်သောင်းခွဲကနေ ရေမီးအငြိမ်းဆိုရင် နှစ်သောင်းခွဲ လောက်ထိရှိ တတ်ပါတယ်။ ကားနဲ့လယ်ရင် သူငယ်ချင်း ဆယ်ယောက်လောက် စုမိရင် တစ်ယောက်ကို ငါးထောင်စီလောက် စပ်ထည့်လိုက်တာနဲ့ ကားတစ်စီးငှားလို့ ရတဲ့အနေထားမှာရှိပါတယ်။ ဒါကြောင့် ရေပက်ခံသူနဲ့ ရေပက်သူ အရေအတွက်က အဆမတန် ကွာခြားနေရခြင်း ဖြစ်နိုင်ပါတယ်။
အင်္ကျီအ၀ါလေးကို အပေါ်က လက်ရှည်အမည်းနဲ့ ရေကစားနေတဲ့ အလယ်က ကောင်မလေးက မယ်လိုဒီပါ


မကြီးမငယ်နဲ့ အသက်လေးဆယ်ကျော်မှ ဘောင်းဘီတိုလေး ၀တ်ပြီး ရန်ကုန်မြို့တခွင် ပြဲပြဲစင်အောင် လျှောက်သွားပြီး ဓာတ်ပုံရိုက်လာတဲ့ အမည်မဖော်လို တစ်ဦး၏ သတင်းပေး ပို့ချက်အရ အင်းယားလမ်းသည် ထုံးစံအတိုင်းပင် စည်ကားလျှက်ရှိ နေကြောင်း ။ ရာဇာနေ၀င်း မန္တလေးသွား နေတာကြောင့် ရာဇာမဏ္ဌပ် ကိုနှစ်စဉ်လုပ်ပေး နေကြ မေတ္တဦး မျက်စိအထူးက ဆေးခန်းက ဒီနှစ်မှာတော့ ဟေမာနေ၀င်း မဏ္ဌပ် ဆိုပြီး တက္ကသိုလ် ရိပ်သာလမ်း မှာ လုပ်ထားပြန်ပါတယ်တဲ့။ သူရဲ့ သတင်းဆက် လက်ပေးပို့ ချက်အရ ကန်တော်ကြီး ယခင်ငါးပြတိုက်နေရာက အိုင်းယွန်းခရော့ ဖျော်ဖြေရေး စင်မှာတော့ လူတွေတိုးလို့ မပေါက် အောင်ရှိနေပြန်ပါတယ်တဲ့။ သိမ်ဖြူလမ်းမှာတော့ ရခိုင်ရိုးယာရေသပင် ပွဲတော်ကို ယခင်နှစ်များက အတိုင်ပင် ကျင်းပလျှက်ရှိနေပြန်တယ် လို့ပြောပါတယ်။
သိပ်ဖြူကွင်းက ရခိုင်ရေသပင်ပွဲပါ

လည်းတန်းမှ ဂျပိုးတစ်ယောက် ဖုန်းဆက်ပြီး သတင်းပေးပို့ ချက်အရ ။ ဒီနှစ်ကတော့ကွာ မိုက်တယ်ဗျို့ ခါတိုင်းလိုနေက လဲမပူဘူး။ မိုးလေးအုံ့နေတာ့ ရှက်ကီလဲ ဖြဲချင်သလောက်ဖြဲ လူကိုသိပ်မထိဘူး။ မနက်ကဆိုရင် မိုးပြေးလေးတောင်ရွာလို့နေသေးတယ်။ ရေပက်ခံ ထွက်တဲ့ကားတွေကလဲ ဘာပေါသလဲမမေးနဲ့ အကျနဲ့အကြတ်ပဲရှိသေးတယ် အတက်နေ့ဆိုရင် ပိုကျပ်လိမ့်မယ်ကွ။ ရယ်လို့ သတင်းပေးပို့ခဲ့ပြန်ပါတယ်။

Read More...