Art is My Life: သူမဖတ်ရန်
Showing posts with label သူမဖတ်ရန်. Show all posts
Showing posts with label သူမဖတ်ရန်. Show all posts

Sunday, April 22, 2007

သူမဖတ်ရန်

ကျွန်တော်သည် ဘ၀တွင် ထီတစ်ကြိမ် ပေါက်ဖူးပါ၏။ ထိုနေ့သည် ကျွန်တော့၏ အပျော်ဆုံးနေ့ တစ်နေ့ ဖြစ်ခဲ့သည်။

ထိုနေ့က ကျွန်တော် ထိုးထား သောထီလက်မှတ် လေးကို ကိုင်၍ ထီနံပါတ် ကြေငြာမည့် အချိန်ကို စောင့်နေခဲ့သည်။

ထီပေါက်မဲနံပါတ် ကြေငြာသူသည် ကျွန်တော့၏ နာမည်လေးလုံးကို အတိအကျ ရွတ်ဆို ကြေငြာခဲ့သည်။

ကျွန်တော်၏ ၀မ်းသာမူများက ပြောနိုင်ဖွယ်ရာ မရှိခဲ့ပါချေ။ အဲဒီအချိန်က ကျွန်တော့ လက်ထဲမှာ လော်စပီကာ တစ်လုံးသာရှိခဲ့ရင် ကျွန်တော်ထီပေါက်ပြီ ဗျို့လို့ ရန်ကုန် တခွင်တွင် လည့်လယ် ကြေငြာဟစ်ကြွေးလိုက် ချင်ပါသည်။ သို့ရာတွင် ကျွန်တော်၏ ၀မ်းသာမူများက အဲဒီအချိန်မရောက်မှီ ပျောက်ကွယ်သွားခဲ့သည်။

ယင်းပေါက်မဲနံပါတ်ကို မကြေငြာခဲ့ဘူးလို့ သဘောထားရန် ကြေငြာသူက ပြောခဲ့သည်။

ကျွန်တော် ၀မ်းနည်းပါသည်။

သို့ရာတွင် ယင်းဆုကို ရာသက်ပန် ပယ်ချလိုက်သည် မဟုတ်ပဲ ဆန္ဒရှိသည့် အချိန်တွင် ယင်းနံပါတ်ကို ရုံးတော်သို့ လာရောက်တင် ပြနိုင်သည်။ ရုံးတော်မှလဲ ဆန္ဒရှိသည့် အချိန်တွင် ပေါက်မဲကို ထုတ်ပေးမည်။ အစီစဉ် ကြေငြာသူက ပြောကြားခဲ့သည်။

ယခုအချိန်တွင်မူ ပေါက်မဲ ကြေငြာချက်ကို ဖျက်သိမ်းထားပါသည်။
ပုံ
ရုံးတော်
အကြောင်း ပြချက် လုံးဝမရှိပါ


ရုံးတော်၏ ကြေငြာချက်အရ ကျွန်တော်သည် ကန့်ကွက်ရန် ဆန္ဒမရှိပါ။ ၀မ်းနည်းခြင်းလဲ အလျှင်းမရှိတော့ပါ။ အဘယ့်ကြောင့် ဆိုသော် ရုံးတော်၏ ဆန္ဒသည် ကျွန်တော်၏ ဆန္ဒဖြစ်သည် ရုံးတော် ကြေနပ်လလျှင် ကျွန်တော်ပျော်ပါသည်။ ရုံးတော် ပူဆွေးလျှင် ကျွန်တော်လဲ သောကောရောက်မည်။
သူမ၏ ပျော်ရွင်ခြင်းသည် ကျွန်တော်၏ ဘ၀တစ်ခု ဖြစ်ပါတော့သည်

Read More...