Art is My Life: မြို့တော်ခန်းမ ကားပါကင်တွင် ပေါက်ကွဲမှုဖြစ်ပွား

Sunday, October 30, 2011

မြို့တော်ခန်းမ ကားပါကင်တွင် ပေါက်ကွဲမှုဖြစ်ပွား

ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ရှင်းလင်းနေစဉ်......

မြို့တော်ခန်းမ ကားပါကင် ဆူးလေဘက်အခြမ်းမှာ ခြောက်ခွဲလောက်က ဗုံးတစ်လုံးကွဲတယ်။ ထပ်ရှာတော့ နှစ်လုံးထပ်တွေ့တယ်။ အဲဒီနှစ်လုံးကို သဲအိတ်တွေနဲ့ ကာပြီးတော့ သက်ဆိုင်ရာက ဖောက်ခွဲလိုက်တယ်။ လူအသေအပျောက် ထိခိုက်ဒါဏ်ရာ ရမှု မရှိပါဘူး.......

ပထမပေါက်ကွဲမှု ဖြစ်ချိန်ကနေ  ကိုးနာရီခွဲ အထိ ဆူးလေး ဘုရားလမ်းနှင့် ဘားလမ်းကြားရှိ ဗန္ဒုလမ်းကို ပိတ်ထားခဲ့ပါတယ်။  ဗုံးကို သက်ဆိုင်က ရှင်းလင်းပြီးချိန် ညကိုးနာရီခွဲ အချိန်မှာ လမ်းကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒီဓာတ်ပုံကို လမ်းပြန်ဖွင့်ခါစမှာ ရိုက်လာခဲ့တာပါ။ 

မှတ်ချက်။          ။ အနီနားရှိ မျက်မြင်သက်သေများနှင့် လုံးခြုံရေးဝန်ထမ်း၏ ပြောပြချက်အရ သာဖြစ်ပါသည်.....



No comments: