Art is My Life: ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် ရုပ်ရှင်ပွဲတော် လွှတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ကျင်းပမည်

Monday, October 31, 2011

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် ရုပ်ရှင်ပွဲတော် လွှတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ကျင်းပမည်



ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် လွှတ်လပ်ခြင်းနုပညာ ရုပ်ရှင်ပွဲတော်ကို လာမည့်နှစ် ဇန်န၀ါရီ တစ်ရက်နေ့မှ လေးရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ 

ယင်းရုပ်ပွဲတော်သို့ ကြာမြင့်ချိန် မိနှစ်သုံးဆက်ထက် မပိုသော မှတ်တမ်းရုပ်ရှင် ( Documentary Film) နှင့် ဇာတ်လမ်းတို ( Short Film) များကို ပေးပို့ ပြိုင်ပွဲဝင်နိုင်ကြောင်း သိရပြီ ဆုရရှိခဲ့ပါက ဆုတံဆိပ် ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေတို့ကို ရရှိဖြစ်သည်။

ပြိုင်ပွဲနောက်ဆုံးရက်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ၂၀၁၁။ ပြိုင်ပွဲဝင် ဒီဗီဒီ အခွေများကို အလင်းတန်း ဂျာနယ်နှင့် ရွှေအမြုတေ မဂ္ဂဇင်း အခန်း ၁၇ အမှတ် ၁၅၈ ပထမထပ် မဟာဗန္ဒုလ ပန်းခြံလမ်း ကျောက်တံမြို့နယ် ရန်ကုန်သို့ ပေးပို့ရမည် ဖြစ်ကြောင်းသိရသည်။
အသေးစိတ် သိရှိလိုပါက ပြိုင်ပွဲ အကဲဖြတ်အဖွဲ့ဝင်များဖြစ်သည့် ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာ zaganar.2011@gmail.com နှင့် မင်းထင်ကိုကိုကြီး minhtinkokogyi@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်......




No comments: