သူများနိုင်ငံတွေမှာလည်း သတင်းယူကြတာပဲ....... ကျွန်တော်တို့နိုင်ငံမှာလည်း သတင်းယူကြတာပဲ။ အဲလို သတင်းယူကြတာခြင်းအတူတူ ကျွန်တော်တို့နိုင်ငံမှာ ပိုပြီးတော့ လူတိုးရတယ်။
အခုနောက်ပိုင်း ပိုဆိုးလာတယ်။ ကြာလေ ဆိုးလေဖြစ်နေပြီ။ ဒီပုံလေးတွေကို ကြည့်ကြည့်ပါ..........
Halloween Night အတွက် ဖရုံသီးဝယ်နေတဲ့ အိုဘားနဲ့ ဇနီး
ဖရုံသီး ၀ယ်နေတဲ့ ပုံကို ကြည့်ပါ အဝေးကနေ တယ်လီနဲ့ ရိုက်ထားတာ မဟုတ်ပါဘူး။ wide lens နဲ့ ရိုက်ထားတာပါ။ တစ်ယောက်တည်း အေးအေး လူလူ ရိုက်လာတာ မဟုတ်ပါဘူး သတင်းထောက်တွေ အများကြီးနဲ့ ရိုက်ကြတာပါ။ ကျွန်တော်တ်ာတို့ဆီက လူတိုးပုံမျိုးနဲ့ ဆိုရင်တော့ သတင်းထောက်တွေ တက်နင်းတာနဲ့ ဖရုံသီးတွေ ကွဲရမဲ့ကိန်း။
ဒုတိယပုံကို ကြည့်ပါ။ ရုရှ သမတနဲ့ အိုဘားမား နေ့လည်စာ စားနေကြတာပါ။ ခရီးသွားနေရင်းနဲ့ လမ်းဘေးက ဘာဂါဆိုင်လေးမှာ နေ့လည်စာဝင်စားတာပါ။ ဒီပုံကို ရိုက်တာလည်း သတင်းထောက်တွေ အများကြီးပါပဲ။ ဒါပေမယ့် သူတို့ဘာသူတို့ အဆင်ပြေသလို ရိုက်သွားကြတယ်။ အေးအေးလူလူပဲ။
ဒုတိယပုံကို ကြည့်ပါ။ ရုရှ သမတနဲ့ အိုဘားမား နေ့လည်စာ စားနေကြတာပါ။ ခရီးသွားနေရင်းနဲ့ လမ်းဘေးက ဘာဂါဆိုင်လေးမှာ နေ့လည်စာဝင်စားတာပါ။ ဒီပုံကို ရိုက်တာလည်း သတင်းထောက်တွေ အများကြီးပါပဲ။ ဒါပေမယ့် သူတို့ဘာသူတို့ အဆင်ပြေသလို ရိုက်သွားကြတယ်။ အေးအေးလူလူပဲ။
နိုင်ငံတကာမှာလည်း ဓာတ်ပုံရိုက်ရင် မတိုးရဘူးလားဆိုတော့ တိုးရတဲ့ အခါတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီမှာလို ရိုက်တိုင်း တိုးနေဖို့မလိုပါဘူး။ ကျွန်တော်လည်း မတိုးချင်သလို ဘယ်သူမှလည်း တိုးချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ တိုးဝှေ့ပြီးရိုက်နေရတယ်........
ဘာကြောင့်လဲ.....
ကျွန်တော်တို့ ၀ိုင်းပြီး အဖြေရှာချင်ပါတယ်။ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အားလုံး နေရာလေးတစ်ခုမှာ စုပြီး အစည်းဝေးလေး တစ်ခုလောက် လုပ်ချင်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
1 comment:
meetting louk tar myo taw ma kyar phuu wo ,,,louk yin taw po kg tar pot naw.ta youk nal ta youk nar le mhuu lay taw nal twar kya tal lo htin tar pal...
Post a Comment