Art is My Life: ဘဲဥတစ်လုံးကို ကျော်ကြည့်ခြင်း

Wednesday, April 04, 2007

ဘဲဥတစ်လုံးကို ကျော်ကြည့်ခြင်း

မိတ်ဆွေ သင့်ဘ၀မှာ အနည်းဆုံးတော့ ဘဲဥတစ်လုံးထက် မနည်းကြော်ခဲ့ဘူးမှာပါ။ ဘဲဥကို ကြော်ရတာခက်သလား သို့တည်းမဟုတ် လွယ်တယ်လို့ ထင်မိပါသလား။
ကျွန်တော်ကိုတိုင်လဲ ဘ၀မှာ မရေမတွက်နိုင်လောက်တဲ့ ဘဲဥအလုံးပေါင်းများစွာကို ကြော်ခဲ့ဘူးပါတယ်။ အခက်ခဲမရှိခဲ့ပါဘူး။ ရသ လည်း မြောက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သို့သော်......... ။ ဒီတစ်ခါကျော် တဲ့ဘဲဥကတော့ ရသ မြောက်သွားတယ်။ အခက်ခဲများကြားက အခဲရာခဲဆစ် ကျော်ရတယ်လို့လဲ ပြောလို့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်ဟာ အဲဒီဘဲဥကို ဒယ်အိုးနဲ့မကြော်ပဲ ငါးဆင့်ဂျိုင့်သုံးပြီး ယရစ်(ြ- ) မဟုတ်ပဲ ယပင်း ( -ျ) သုံးကာ ကျော်လိုက်မိလို့ပါ။
အဲဒီဇာတ်လမ်းကို ကတော့လွန်ခဲ့တဲ့ နှစ်နှစ် ၀န်းကျင် လောက်ကပါ။ ဇာတ်လမ်းလေးကို ပြန်ပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းမှာ ပါဝင်ပတ်သက်နေတဲ့ ငါးဆင့်ဂျိုင့်ကြီး ကနေစရမယ်။ ကျွန်တော်တို့ အချိန်ပိုဆင်းရတဲ့ ညတွေမှာ စားဖို့ဆိုပြီး စီအီးအို ရဲ့ ဇနီးကနေ ငါးဆင့်ဂျိုင့်ကြီးနဲ့ ဟင်းတွေပို့ပေးလေ့ရှိပါတယ်။ ရုံးဆိုတာတော့ ထုံးစံအတိုင်း ပေါ့ဗျာ။ စားကြတယ် သောက်ကြတယ်။ ကုန်သွားရင် ပစ်ထားတယ်။ ဂျိုင့်ကိုဆေးချင်တဲ့လူ မရှိဘူး။ သူအရင်စားတယ် ငါနောက်မှ စားတယ်။ ဘာညာကိကွ ဆိုပြီး မကြာခဏဆိုသလို ဂျိုင့်ဆေးတွက် ကြတဲ့ပြသနာက ဖြစ်လေ့ရှိပါတယ်။ ဒီတော့ ဒီဂျိုင့်ကြီးဟာ အမြဲတမ်းညစ်ပတ် နေတာပေါ့။ တစ်ရက်မှာ အဲဒီဂျိုင့်ကြီးက ကျွန်တော်ကို ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပေးခဲ့တယ်။
အဲဒီနေ့က တနင်္ဂနွေနေ့။ ဖေဖော်ဝါရှီလရဲ့ အလယ်ပိုင်းလောက်။ ကိုးနာရီလောက် ဆိုတာနဲ့ အပြင်ထွက်ချင်စရာ မကောင်းလောက်အောင် နေအရှိန်က ပြင်းနေပါပြီ။ ရုံးက ကောင်မလေး တစ်ယောက်ရဲ့ အဖွားလလယ် ဆွန်းကျွေးတာကို ကျွန်တော်က သွားရမှာ။ ဟိုမှာ ကျွေးမှာက ဘာမှန်းမသိသေးဘူး ရုံးက ကိုတော်ချော်တွေ ငတ်ကြီးကျ ကြတယ်။ အပြန်မှာသူတို့ အတွက်ပါဆယ် ဆွဲခဲ့ရမယ်တဲ့။ ငတ်ကြီးကျတဲ့ လူက ကိုယ့်ဆရာဖြစ်နေပြန်တော့ ပြန်ပြောလို့က မကောင်းပြန်ဘူး။ ဟေ့ကောင် မင်းဒီဂျိုင့်ကြီးယူသွား အပြည့်ထည့်လာခဲ့တဲ့။
ဘာပဲဖြစ်ဖြစ် ဆွမ်းကျွေးသွားတာဆိုတော့ လူလိုသူလိုလေးတော့ ၀တ်စားသွားမှ ဖြစ်မှာပေါ့။ ဖြစ်ချင်တော့ အဲဒီရက်က မီးပျက်တယ်။ ပိုးပုဆိုးက မီးပူမတိုက်ရသေးဘူး။ ရှိစေတော့ ဘယ်သူမှ ဂရုစိုက်လိုက်ကြည့်နေမှာ မဟုတ်ဘူး။ အကြေအတိုင်းပဲ ကောက်ဝတ်လိုက်တယ်။ အစကတော့ ကားငှားသွား မလို့ပါပဲ။ ရုံးအရှေ့မှာ ဘယ်ကရောက်နေတဲ့ စက်ဘီမှန်း မသိဘူး ရပ်ထားတာကို တွေရတယ်။ သွားရမဲ့နေရာက ကမ္ဘာအေး ဘုရားရဲ့ အရှေ့ဘက်က ရေစက်ဝင်းကြီးနားမှာ။
ပြောမယ့်သာပြောရတာ စက်ဘီးမစီးရတာကလဲ တော်တော်ကြာနေပြီ။ ရန်ကုန်ရောက် ကတည်းကဆိုပါတော့။ တာမွေအ၀ိုင်းထိပ်နဲ့ ကမ္ဘာအေး ဘုရားဆိုတာကလဲ ဘာဝေးလို့လဲ။ တောမှာတောင် စီးနေသေးတာ ရန်ကုန်လို ကတ္ဘရာလမ်း ဖြေင့်ကြီးမှာ ဆိုတော့ အေးဆေးပေါ့လို့ တွက်ပြီး စက်ဘီးနဲ့ ထွက်ချလာခဲ့တယ်။ အသွားခရီးကတော့ တာမွေအ၀ိုင်းထိပ်ကနေ ဦးချစ်မောင်လမ်း အတိုင်း စီဒိုးနာ ဟိုတယ်ဘေးကနေ ကမ္ဘာအေး ဘုရားလမ်းကိုတက် ကမ္ဘာအေးရားလမ်းတိုင်း ဆွမ်းကျွေးရှိတဲ့ အိမ်ကိုရောက်သွားတယ်ပေါ့ဗျာ။ ခရီးတစ်လျှေက်ကတော့ အိုကေစိုပြေနေတာပါပဲ။ ဆွမ်းကျွေးအိမ်ရောက်တော့ ကြက်သားပလာတာ ကျွေးတယ်။ စက်ဘီးနင်းထားတဲ့ အရှိန်နဲ့ ဆိုတော့ စားကောင်းကောင်းနဲ့ စားလိုက်တာ စားပို့မနင်ရုံတမယ် ပေါ့။ ဖရီးကျိတ်ရတာဆိုတော့လဲ စားနိုင်တာပေါ့လေ။ စူစကာ ပုံဏားလေး စားပြီးသကာလ ရုံးတွင် ကျန်ရစ်ခဲ့သော စူစကာပုံဏားကြီးများ မျိုဆို့ဖို့ ရာအတွက် ရုံးက ကောင်မလေးက ငါးဆင့်ဂျိုင့်ကြီးနဲ့ အပြည့်ထည့်ပေးလိုက်ပါတယ်။ အပြန်ခရီးကတော့ ဘိုက်ကလေး ဂျိုင့်ကလေးနဲ့ အလာခရီးလောက်တော့ အဆင်မပြေဘူးပဲ ပြောကြပါစို့ . . . .
ကမ္ဘာအေး ဘုရားလမ်းအတိုင်း စက်ဘီးကိုနင်းရင်း လက်တစ်ဘက်က ဂျိုင့်ကြီးကို မနိုင်တနိုင်ဆွဲလာသူ ကတော့ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်မင်းသား ကျွန်တော်ပေါ့ဗျာ။ ချောတွင်းကုန်း မီးပွိုင့်ကို ဖြတ်ပြီးတဲ့ အထိကတော့ အိုကေပဲ။ ပြသနာက မဖြစ်သေးဘူး။ ပြသနာက သစ္စာလမ်းနဲ့ ကမ္ဘာအေးဘုရား လမ်းထောင့် မြကျွန်းသာ မီးပွိုင့်မှာ မော်တော်ပီကယ်နဲ့ တိုးတော့တာပဲဗျာ။ အချိန်က နေ့လယ် ၁၁ နာရီခွဲလောက်။ ကျွန်တော့စက်ဘီးကို တားပြီးမင့်ကို ဖမ်းလိုက်ပြီ။ စက်ဘီးထားခဲ့။ ဒါဏ်ငွေ ၅၂၀၀ ကို ကုက္ကိုင်းရုံးချုပ်မှာ သွားဆောင် ချလန်ယူပြီးမှ စက်ဘီကို ပြန်လာယူတဲ့။ သေပီဆရာရေ။ အဲဒီခေတ်က ကားငှားသွားရင်တောင် အသွားအပြန် သုံးထောင်ပေးရမှာ မဟုတ်ဘူး။ အခုတော့ လူလဲပင်ပမ်း ပိုက်ဆံလဲကုန် ဖြစ်တော့မှာပဲ။ အင်း........ ပိုက်ဆံတော့ အကုန်ခံလို့ မဖြစ်ချိမ့်ဘူး။ နည်းလမ်းရှာလေမှ။ အနာဂတ်မှာ ကုလသမ္မက အထွေထွေအတွင်းရေးမှူးချုပ် ရွေးကောက်ပွဲ တောင်ဝင်နွဲမဲ့ ဦးနှောက်ပဲ မော်တော်ပီကယ် လောက်ကိုမှ စကားစစ်ထိုး မနိုင်ရင် ရာဇ၀င်ရိုင်းရော့မယ် ထွက်စမ်းဟဲ့ ဥာဏ်နီ ဥာဏ်နက်တွေ။
ကျွန်တော်ဝတ်ထားတဲ့ ပိုးပုဆိုးကြီးက နေရောင်မှာ ကိုရောင်ကို ၀ါတွေတောက်လို့။ စက်ဘီနင်းထားရတာကြောင့် ချွေးတွေကလဲရွှဲလို့။ ပိုးဆိုးအကြေကြီးကိုဝတ် ကတီဖိန်ပ်ထိပ်လန်ကိုစီး တီရုပ်အပြာရောင် လက်ထဲမှာကလဲ ဂျိုင့်ကြီးအကြီးကို ကိုင်ထားပြန်တော့ တောသားပုံ ပေါက်နေမှာတော့ သေချာလို့ပေါ့ဗျာ။ အင်းဒီမော်တော်ပီကယ်ကို အရူးကွက်နင်းမှ ဖြစ်တော့မယ်။
ဟေ့ကေင်ဘာရပ်နေတာလဲ ပြန်တော့လေ
မော်တော်ပီကယ်က လှမ်းအော်ပြောလိုက်တဲ့ အချိန်မှာ စက်ဘီးကို ယူထားပြီးကြပြီ။ ကျွန်တော် မျက်နှာလေးကို အတတ်နိုင် ငယ်နိုင်သမျှငယ် အောင်ငယ် ထားလိုက်တယ်။
မလုပ်ပါနဲ့ ဆရာရယ်။ ကျွန်တော့ အစ်မဆေးရုံတက်နေတာ ထမင်းဂျိုင့်သွားပို့ ရမှာမို့ပါ။
မင်းအစ်မက ဘယ်ဆေးရုံမှာတက်တာလဲ
အလုပ်သမား ဆေးရုံးကြီးမှာ တက်နေတာပါဆရာ။ ခဏနေဆိုရင် ဆရာဝန်ကြီး ရောင်းလည့်တော့မှာ။
ရပါတယ် ကိစ္စမရှိပါဘူး။ စက်ဘီးကို ထားခဲ့လိုင်းကား စီးပြီးသွား နောက်တော့ မှလာရွေး။
အော်တော်တော် ပြောရကြတ်တဲ့ လူပါလား။ ဖြစ်နိုင်ရင် နားရင်ပါးရင်းတာ ရိုက်လိုက်ချင်တယ်။ သို့သော် ရိုက်လို့ မဖြစ်သေး စက်ဘီးလေးကို ဒါဏ်ငွေ မဆောင်ပဲရအောင် ပြန်တောင်းဦးမှ
မလုပ်ပါနဲ့ ဆရာရယ် ကျွန်တော့်မှာ စက်ဘီရွေးရအောင် ပိုက်ဆံလဲမရှိပါဘူး။
ရတယ်။ မင်းပိုက်ဆံ အဆင်ပြေတဲ့နေ့မှ လာရွေး မင့်စက်ဘီးကို မပျောက်စေရဘူး။
မဟုတ်ဘူးဆရာ။ အဲဒါကျွန်တော့စက်ဘီး မဟုတ်ဘူး။ လမ်းထိပ်က ကွမ်းရာဆိုင်က ငှားလာတာ။ ပြန်လာလို့ စက်ဘီးပါမလာရင် ပြသနာတက်မှာပေါ့။
မင်းကဘယ်မှာနေတာလဲ
အင်း မော်တော်ပီကယ် လေသံနဲနဲပျော့သွားသလိုပဲ။ ဒါပေမယ့် ကရုဏာသံ ထွက်မလာသေးလာဘူး။ ထွက်အောင်လုပ်ဖို့ ကျွန်တော်မှာက တာဝန်ရှိသေးတယ်။ ဒါမှလဲ စက်ဘီးလေး ပြန်ရမှာကိုး။
ကမ္ဘာအေးဘုရားရဲ့ အရှေ့ဘက်က ရေတွန်းစက်ရုံကြီး နားလေးမှာနေတာပါဆရာ
ဟာတော်တော် ဝေးတာပဲကွ။ အဲလေက်အဝေးကြီးကို စက်ဘီးနဲ့ သွားရတယ်လို့။
ဟုတ်ပါတယ်ဆရာ
ကမ္ဘာအေးဘုရားလမ်းပေါ်မှာ စက်ဘီးမနင်းရဘူး ဆိုတာမင်းမသိဘူးလား
ဆရာရယ် အစ်မဆေးရုံတက်နေရတယ် ဆိုလို့ နယ်ကနေလိုက်လာတာ ၁၅ ရက်လောက်ပဲ ရှိပါသေးတယ်။ ဒီလမ်းမှာ စက်ဘီးမစီးရဘူး ဆိုတာ ဘယ်လိုလုပ် သိမှာလဲ။ နောက်ဆိုရင် ဒီလမ်းမှာ မစီးတော့ပါဘူးဆရာ။ ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါ။
နောက်မစီးတော့ ဘူးလို့ ပြောလို့ရမလားကွ။ မင်းကို လွတ်ပေးလိုက်ရင် နောက်လူတွေကို ဘယ်လိုဖမ်းမလဲ။
မော်တော်ပီကယ်က ကျွန်တော့်ကို ဂရုဏာဒေါသသံနှင့်ပြောသည်။ အဲဒီအချိန်မှာ ဂိတ်တဲ အတွင်းမှာ ထိုင်နေတဲ့ မော်တော်ပီကယ် တပည့်လေးနှစ်ယောက်ကလဲ ကျွန်တော့ကို သနားနေပုံပေါ်သည်။ သူ့ဆရာကို ခွင့်လွတ်ပေးလိုက်ပါ ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြသည်။ အင်းအခြေအနေ သိပ်မဆိုးဘူး။ ဆက်ကြိုးစားပေ ဦးမှ
မင်းကို အိမ်ကလူတွေက ဒီလမ်းပေါ်မှာ စက်ဘီးစီးလို့ မရဘူးလို့ မမှာလိုက်ဘူးလား။
ဟုတ် မမှာလိုက်လို့ပါ။
လုပ်ပါဆရာရယ် ကျွန်တော်ထမင်းပို့ နောက်ကြနေပြီ
ကျွန်တော်ဂျိုင့်ကြီးကို မြောက်ပြလိုက်သည်။
ခက်တာပဲကွ။ မင့်ကို လွတ်ပေးတာ အရေးမကြီးဘူး နောက်လူတွေကို ဘယ်လိုဖမ်းမလဲ
ဆရာရယ်တောင်းပန်ပါတယ်ဗျာ
ကျွန်တော့ စကားပင် မဆုံးသေး မော်တော်ပီကယ် လမ်းပေါ်ဆင်းသွားပြီး ခရာတွေမုတ်နေသည်။ ကျွန်တော်က တော့ဂိတ်တဲလေးဘေးမှာ မျက်နှာငယ်လေးနဲ့ ရပ်လို့ပေါ့။
ခဏလောက်ကြာတော့ မော်တော်ပီကယ် လမ်းပေါ်ကနေ ဂိတ်တဲဆီသို့ ပြန်လာသည်။ ပြီးတော့ ကျွန်တော့ကို ကြည့်ပြီး
ဟေ့ ထမင်းပို့ နောက်ကြနေတော့မှာ ဆို မသွားသေးလူးလား။
မော်တော်ပီကယ်က ကျွန်တော့ကို နှင်လေပြီ။ အင်းခဲလေသမျှတော့ သဲရေကျပါပြီ။ ဖွတ်မရ ဓားမ ဆုံး။ ပိုက်ဆံ ငါးထောင်နှစ်ရာလေး သက်သာမလားလို့ တော်ကီတွေ ပစ်လိုက်မိပါတယ်။ လေပါ အဆစ်ထပ်ကုန်သွားတယ်။
ကျွန်တော် ဂျိုင့်လေးဆွဲပြီး ပလက်ဖောင်းအေက်သို့ ဆင်းကာ သွားဖို့ ပြင်လိုက်သည်။ အင်းလေ ဘယ်တတ်နိုင်မလဲ လိုင်းကား စီးပြန်ရုံပေါ့။
ပလက်ဖောင်း အောက်ရောက်တော့ .........
ဟေ့ ကောင်စက်ဘီး မယူတော့ဘူးလား
ဗျာ
ယူမှာ ယူမှာ။
ကျွန်တော်လဲ ဂိတ်တဲ ဘေးမှာ ထိုးထားတဲ့ စက်ဘီးလေးကို ချက်ချင်းပဲ တက်ယူလိုက်သည်။ ပြီးတော့ စီပြီး ထွက်ဖို့ အရှိန်ယူနေတုန်း
ဟေ့ကောင်နေ ဦး
ဗျာ
မဟုတ်ဘူး။ ဒီလမ်းအတိုင်း စီးသွားရင် ရုံးချုပ် အရှေ့တည့်တည့်ရောက်သွားလိမ့်မယ် အဲဒီနေရာက ဖမ်းရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး
ဟုတ်ကဲ့
ဒီလမ်း အတိုင်း သွား။ လမ်းဆုံ ရောက်ရင် ယာကို ကွေ့ ပြီးရင် တာမွေ အ၀ိုင်းထိပ်ကို ဘယ်လိုသွားရတာလဲ လို့မေး။ တာမွေ အ၀ိုင်းကျော်ရင် ဆေးရုံရောက် ဖို့နီးသွားပြီ ...........

အဲဒီအဖြစ်တွေ ဖြစ်ပြီး သုံးလခန့် အကြာ။
၅၁ လမ်း ကြိုးမဲ့ကြေးနန်းနှင့်ယာဉ်ထိမ်းတပ်ဖွဲမှူးရုံးကို အထက်ပါ သုံးရစ် အဆင့်ရှိ မော်တော်ပီကယ် သတင်းလာပို့ရန် ရောက်ရှိနေခိုက်၊တပ်ဖွဲ့မှူရုံးခန်းထဲသို့ မြင်လိုက်သည်နှင့် ကြွေသွားလောက်အောင် ဣဒြေရရနှင့် သူ့အရှေ့က ဖြတ်လျှေက်ဝင်သွားတဲ့ လူငယ်တစ်ဦးကို အရင်က ရင်းရင်း နီးနီး မြင်ဖူးသလိုလိုပဲ ဆိုတဲ့ အကြည့်နဲ့ အဆိုပါ မော်တော်ပီကယ် ငေးမောကာနေလေတော့သည်။

1 comment:

ဂျစ်တူး - gyit_tu said...

စိုးဇေယျ.. ညဏ်နီညဏ်နက်တော့ တကယ်ကောင်းပဲ ။ ဟားဟား ။ ဒါကြောင့် ဘလောက်ခ့် ခေါင်းစဉ်မှာ Debate with me လို့ စိန်ခေါ်ထားတာ ထင်ပါရဲ့ ။ မော်တော်ပီကယ်လိုလူကိုတောင် သနားအောင် ပြောနိုင်တဲ့ ပညာ.. မနည်းဘူးး)

There was an error in this gadget