Art is My Life: နောက်ဆုံးနှင်းဆီ

Monday, April 09, 2007

နောက်ဆုံးနှင်းဆီ

ကောင်မလေးရယ် ........
ကမ္ဘာမြေမှာ နှင်းဆီတွေ အကြိမ်ကြိမ်ပွင့်ခဲ့ ပြီ
နှင်းဆီတွေပွင့်လာ တာလောက်ငါ့ ဘ၀ကို ခမ်းနားစေတဲ့အရာ မရှိခဲ့ဘူး
ဒ‘ီနေ့တော့ ငါ့ရင်မှာ နှင်းဆီတွေ မျိုးတုံးကုန်ကြပြီ
တကယ်ပါချစ်သူ
နင့်ကိုဒီနေ့လာပေးတာ ငါ့ဘ၀အတွက်နောက် ဆုံးနှင်းဆီပါ
နမ်းရှိုက်လိုက်ပါချစ်သူ လို့မတောင်းဆိုပါဘူး ဆန္ဒအတိုင်းပါ ချစ်သူ

ကောင်မလေးရေ . . .
ငါ နင့်အခန်း ထဲကိုရောက်တဲ့ အချိန်မှာ အေးစိမ့်တဲ့ အထိတွေ့ ကိုခံစားရတယ်။ နင်က အဲကွန်းကို ပါဝါမြင့်ပြီး ဖွင့်ထားတာကို။ ဒီနေ့ ငါနင့်ကို ပေးဖို့ ကျန်နေသေးတဲ့ နောက်ဆုံးနှင်းဆီပွင့်ကိုလာ ပေးတာပါ။ နှင်းဆီပွင့်နဲ့ အတူကဗျာလေး တစ်ပုဒ်ပါတယ်။ နင်ဖတ်တာ မဖတ်တာ ငါ့အပိုင်း မဟုတ်ဘူးလေ။ အဓိက ငါလာသွား တယ်ဆိုနင်သိရင် ရပါပြီ။ ငါနင့်ကို ပြောထားတဲ့ အတိုင်း နှင်းဆီ ခြေက်ပွင့်ကို နင့်ဆီကို အရောက်ပို့ ခဲ့ပြီးပြီလေ။ ဒီညက ၇ ပွင့်မြောက် နောက်ဆုံးနှင်းဆီလာ ပို့တဲ့ညပေါ့။
ချစ်သူရယ် နင်ကတော့ မိန်ဖျော့ဖျော့ မီးရောင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေရဲ့။ ချစ်သူရယ် နင့်မျက်နှာလေးကို ငေးကြည့်ရင်း သြော် ..... နမ်းရှိုက်ခွင့် မရှိတော့ပါလား။
ငါယူလာတဲ့ နှင်းဆီတစ်ပွင့်နဲ့ ကဗျာလေးကို နင့်မှန်တင်ခုံပေါ်မှာတင်ထားပြီး ငါဟာ နင့်အနားက အပြီးခွဲရတော့မှာပါလား ဆိုတဲ့အသိက ငါ့နှလုံးသား ကိုရိုက်ခတ်လာတယ်။ ချစ်သူရယ် ဘာကြောင့်များ လမ်းခွဲ ချင်ရတာလဲကွာ။ ဖြစ်နိုင်ရင် နင့်နားလေးမှာ တစ်ညလုံး ထိုင်ပြီး ငါ့ရင်ဘတ် ထဲကခံစားချက်တွေကို ဖွင့်ထုတ် နေလိုက်ချင်တယ်။ ချစ်သူ. . . နင်နဲ့ငါ ချစ်ကြတုန်းက နင်ငါ့ကိုပေးထားတဲ့ လက်ဆေင်လေးတွေကို ငါအမြတ် တနိုးသိမ်း ဆည်းထားပေမယ့် နင့်အခန်းထဲမှာ တော့ငါပေးခဲ့တဲ့ လက်ဆေင်နဲ့ ခပ်ဆင်ဆင်တူတဲ့ အရာလေးတောင်မရှိပါလား။
ကောင်မလေးရေ ငါပြန်ရတော့မယ် ငါနုတ်ဆက်တယ်နော်။ ဒါပေမယ့် အရမ်းအေးတဲ့ အဲကွန်းကိုတော့ လျှော့ထားခဲ့တယ်။ နင်ကိုယ်ပေါ်က စောင်ကိုလဲ ငါဆွဲတင်ပေးထားခဲ့ တယ်။ နင်အအေးပတ် နေမှာစိုးလို့ပါ။ နင့်ကိုငါ စောင်ချုံပေးရင်းနဲ့ နင့်ရဲ့ နဖူးလေးကို နမ်းရှိုက်လိုက်ချင်တယ်။ ဒါပေမယ့် ကောင်မလေးရယ် ငါ့တို့စည်း ခြားခဲ့ကြပြီလေ။ နင့်ကို ငါဆက်ချစ် နေသေးပေမယ့် နင်ငါ့ကို မချစ်တော့လို့ သားခဲ့စည်းကို ငါမကျော်ပါဘူး ကောင်မလေးရယ်။
အဲကွန်းကြောင့် အေးစိမ့်နေတဲ့ နင့်အခန်းထဲက ငါထွက်လိုက်တော့ ပြင်ပလေက နွေးထွေးနေသလိုပဲ။ ငါလာရာလမ်း အတိုင်း ပြူတင်းပေါက် ကနေအပြင်ကို ဆင်းခဲ့တယ်။ အလာတုန်းက လိုပဲ အုပ်နံကို ကျော်ရမှာ။ အလာတုန်းက တော့သွေးပူပူနဲ့ မို့ ကျော်ရတာ ဘာမှ မဖြစ်သလို ရှိပေမယ့် အပြန်မှာတော့ နဲနဲ ခက်နေသလိုပဲ။ တော်သေး တာပေါ့ နင်တို့ အိမ်က ခွေးသေ သွားပြီး နောက်ထပ် မွေးမထားလို့။
ငါအုပ်တံတိုင်းကို စတက်ဖို့ ပြင်လိုက်ပြီးမှ နင့်ရဲ့ အိပ်ခန်းလေးကို ငါတစ်ချက်လှမ်း ကြည့်လိုက်တယ်။ ငါနင့် အိပ်ခန်းကို လှမ်းကြည့်နေတုန်းမှာ နင်တို့ ဆင်ဝင်အေက်က မီးပွင့်လာတယ်။ သေချာပြီ နင်တို့ အိမ်ကလူ တစ်ယောက် နိုးလာတာ။ ငါအုပ်တံတိုင်းကို ကပြာ ကရာ ပြေးတက်လိုက်တယ်။ ငါတက်နေတုန်းမှာ နင်တို့ အိမ်ရှေ့တခါး ပွင့်လာပြီး လူတစ်ယောက် ပြေးထွက်လာတယ်။
ဟေ့ကောင် မင်းဘယ်သူလဲ
ငါအသံကို ဂရုမစိုက်နိုင်ဘူး ငါလွတ်ဖို့ ရာပဲ အားခဲနေတယ်။ ငါအုပ်တံတိုင်းပေါ်က နေလမ်းဘက်ကို ခုန်ချပြီး လမ်းမကြီးအတိုင်း ဆက်ပြေးတယ်။ ဒါပေမယ့် ကောင်မလေးရယ် နှစ်လမ်းသုံး လမ်းပဲ ပြေးလိုက်ရတယ် ခွေလဲကျသွားတယ်။ ငါဆက်ပြေးဖို့ အားယူထပေ မယ့် ဘယ်ဘက်ခြေ ထောက်က မထောက်နိုင်တော့ဘူး။ အဲဒီအချိန်မှာ နင်တို့ အိမ်ထဲက ပြေးထွက် လာတဲ့ လူက ငါ့ခေါင်းကို သူ့လက်ထဲက တုတ်နဲ့ ရိုက်လိုက်တယ်။


ငါ့ခေါင်းထဲက ကိုက်နေတယ်။ ငါမျက်လုံ ဖွင့်လိုက်တော့ ငါ့ဘေးနာမှာ သူနာပြုဆရာမလေး တစ်ယောက် ထိုင်နေတယ်။
သတိရလာ ပြီလား
အဲဒီအသံ ကိုငါရင်းရင်း နှီးနှီး ကြာဖူးသလိုပဲ။ မျက်လုံးတွေက အလင်းရောင်မှာ ကျင့်သားမရ သေးလို့ သူ့မျက်နှာ ကိုသေချာမမြင်ရဘူး။ မျက်လုံး တွေက ကျင့်သားရလာတော့ သူနာပြုဆရာမလေး ရဲ့မျက်နှာက တစ်ဖြေးဖြေး ပီပြင်လာတယ်။
ဟင် အမေ
ဟုတ်လို့ လား။ အမေက သူနာပြုဆရာမကနေ ငါတို့ ငယ်ငယ် လေးကတည်းက အငြိမ်းစား ယူခဲ့တာပဲ။
ဟုတ်တယ် သား ။ ဒီဆေးရုံက စည်းကမ်းကြီး တယ်။ လူနာရှင်ကို တစ်ယောက်ပဲ ၀င်လို့ရတယ်။ ဒါကြောင့် အမေက ယူနီဖောင်း ၀တ်လာရတာ။
အမေ တစ်ယောက်တည်း လာတာပဲ ယူနီဖောင်း ၀တ်စရာလို လို့လား
မဟုတ်ဘူး။ အမေက လူနာရှင် အနေနဲ့ လာတာ မဟုတ်ဘူး သူနာပြု ဆရာမ တစ်ယောက် အနေနဲ့ လာတာ။သားရဲ့ လူနာရှင်က ဟိုမှာ ။
ငါ့လူနာ ရှင်ဆိုတာ ဘယ်သူလဲ လို့လှမ်း ကြည့်လိုက်တော့ ကောင်မလေး နင်ဖြစ်နေတာကိုး။
အဲဒီ အချိန်မှာ နင်က အနောက်တိုင် သတို့သမီး ၀တ်စုံ အဖြူရောင်ကို ၀တ်ထားပြီး လက်ထဲမှာ ပန်းခြင်းတစ်ခုကို ကိုင်ထားတယ်။ ပြီးတော့ ငါ့ကုတင်ရှိရာကို တဖြည်းဖြည်းချင်း လှမ်းလာနေတယ်။ ပန်းခြင်းထဲက နှင်းဆီတွေကလည်း ရဲရဲတောက်နေတယ်။

လူနာ လာမေးတာက ပန်းခြင်းကြီးနဲ့ အဆန်းပါလား
လူနာလာမေးတာ မဟုတ်ဘူး
ဒါဆိုရင် ဘာလာလုပ်တာ လဲ
လွမ်းသူ့ပန်း ခွေလာချတာ
ဘာ......။ ဘယ်သူ့ အတွက်လဲ
အစ်ကို အတွက်
ဟာ။ ဘာဆိုင်လို့ လဲ
အစ်ကိုက မကြာခင်ဆိုရင် သေတော့မှာလေ

နင်ငါကို အဲလို ပြောလိုက်တဲ့ အချိန်မှာ ငါ့ဘ၀ကြီး တကယ်သေ သွားတာထက် ပိုပြီး ခံစားလိုက်ရတယ်ချစ်သူ။ တကယ်ပါ ချစ်သူ။ မင်းသာ အဲလို လွမ်းသူ့ပန်း ခွေလာချပေး မယ်ဆိုရင် ဒီဘ၀တစ်ခု တည်းမဟုတ်ပါဘူး။ ဆယ်ဘ၀စာ သေပေးလိုက်ချင် ပါတယ်ချစ်သူ။
ပြီးတော့ နင်ငါ့ကို နှင်းဆီပန်း တစ်ပွင့် ပန်းခြင်းထဲကနေထုတ် ပေးတယ်။ ငါနင်ပေးတဲ့ နှင်းဆီပန်းလေးကို လှမ်းယူလိုက်တယ်။ နင်ပေးတာ လှပပြီး နှစ်လိုဖွယ်ရာ ကောင်တဲ့ပန်းလေး ဖြစ်ပေမယ့် လှပခြင်းရဲ့ နောက်ကွယ်က ဆူးတွေက ငါ့နှလုံးသား ကိုစူဝင်သွားခဲ့ကြပြီလေ။ အဲဒီဆူးတွေထဲမှာ အဆိပ်တွေ ပါတယ်ဆိုတာကိုတော့ နှလုံးသားထဲက ဆူးကို ပြန်နုတ်ယူလို့ မရနိုင်တော့တဲ့ အချိန်ရောက်မှ သိလိုက်တယ်။
ငါမျက်လုံးတွေ ပြာဝေလာပြီ။ ကောင်မလေးရယ် ငါတကယ်ပဲ သေရတော့မှာလား။ ငါအားကိုးလို့ ရမလားလို့ ကြည့်လိုက်တော့ အမေက မရှိတော့ဘူး။ နင်ကတော့ ငါ့ကို ကြည့်ပြီး ၀မ်းနည်းနေမလား ဟားတိုက် ရယ်နေမလား ငါမသိတော့ဘူး။ ဘာဖြစ်လို့ လဲဆိုတော့  ငါ သေသွားပြီလေ

ဟုတ်တယ် ကောင်မလေး။ နင်ငါ့ကို အဆက်ဖြတ် ပြီးခဲ့တဲ့ နောက်ပိုင်းမှာ အဲလိုခြောက်ခြားဖွယ်ရာ အိမ်မက်တွေက ငါ့ကို လာပြီး နိုးဆွနေကြတယ်။ အိမ်မက် ဆိုးတွေ ဘယ်လောက် မက်မက် ငါကတော့ နင့်ကို အချစ်တွေ မပျက်သေးပါဘူး။ ငါ့နင့်ကို ပြောခဲ့ တဲ့အတိုင်း နှင်းဆီ ခုနှစ်ပွင့် ပြည့်အောင် ပေးသွားမှာပါ။
ပထမဆုံးအကြိမ်မှာ နှင်းဆီလေးပွင့် ပေးမယ်။ ဒုတိယ အကြိမ်မှာ နှင်းဆီနှစ်ပွင့် ပေးမယ်။ နောက်ဆုံး အကြိမ်မှာ နှင်းဆီ တစ်ပွင့် ပေးမယ်။ အဲလို နောက်ဆုံး နှင်းဆီ ပေးပြီးသွားရင် ငါနင့်ကို ပြောထားတဲ့ အတိုင်း လုံးဝမေ့လိုက်မယ်။ ငါဆိုတဲ့ ကောင်ကလဲ ငါပဲ။ နင့်ကို နောက်ဆုံး နှင်းဆီ ပေးပြီး သွားတဲ့နေ့ မှာ နင့်ကိုငါ မုန်းလိုက်မှာ မဟုတ်ဘူးနော်။ မုန်းလိုက် မှာမဟုတ်လို့ ဆက်ချစ်နေဦးမှာလား လို့လဲ မထင်လိုက်ပါနဲ့။ ငါ့ဦးနှေက်ထဲက နင်နဲ့ ပတ်သက်တဲ့ ဒေတာတွေကို ဒလိလုပ်လိုက်မှာ။ ဒါကြောင့် နင်အပေါ်မှာ ချစ်ခြင်းမုန်း ခြင်းတွေ မရှိတော့သလို နင်ဆိုသော ကောင်မလေးကလဲ ငါ့ဦးနှေက်ထဲမှာ ရှိတော့မှာ မဟုတ်ဘူး။

နှင်းဆီလေးပွင့်

ငါပန်းဆိုင်ကနေ နှင်းဆီလေးပွင် ၀ယ်လာတယ်။ ပန်းတွေရဲ့ အရိုးတွေက တိုနေတော့ ထုပ်ရတာ မလှဘူလို့ စတိုးဆိုင်က အစ်မကြီးက ပြောတယ်။ ပြီးတော့ ကတ်သီးကတ်သတ် လေးပွင့်ပေး ရတယ်လို့ ပန်းက ငါးပွင့် ဒါမှ မဟုတ်ရင် သုံးပွင့်မှ ထုပ်ရတာ လှတာတဲ့။ ကျွန်တော့်ရဲ့ အချစ်တွေလေး နက်တယ်ဆိုတာ အဓိပ္ပယ်ပေါ်လွင်အောင် လို့ပါလို့ ဆိုင်ရှင်ကို လွယ်လွယ်ပဲ ပြောလိုက်တယ်။ ဆိုင်ရှင်ကို ကြည့်ရတာ ငါ့ရဲ့ စကားကို ဘ၀င်မကျသလိုပဲ။
ငါနင်တို့ အိမ်ရှေ့ကိုရောက်သွာတော့ နေ့လည် ၁၂ နာရီကျော်ပြီ။ နင်တို့ ခြံတံခါးက ဖွင့်ထားတယ်။ အပြင်မှာ နင့်အဖေ အပါဝင် တရုပ်လိုလို လူကြီးလေး ငါးယေက်လောက် ထိုင်နေကြတယ်။ ငါ ဖွင့်ထားတဲ့ နင်တို့ တခါးဝမှာ ရပ်လိုက်တော့။ စောစော ကလူကြီးတွေက ပြောလက်စ စကားကို ရပ်ပြီး ဘာလဲဆိုတဲ့ အကြည့်နဲ့ ငါ့ကိုကြည့်ကြတယ်။ ဒါအိမ်မက် မဟုတ်ဘူး ဆိုတာတော့ ငါသိလိုက်တယ်။ ဒါပြင်မှာ တကယ်ဖြစ်နေတာ။ အတိ အကျပြောရရင် မတ်လ ၂၉ ရက်နေ့။
ကောင်မလေး နင်တို့အိမ်ဟုတ် သလားလို့ မေးလိုက်တော့။ နင်အဖေက ဟုတ်ပါတယ် ဘာကိစ္စလဲ ဆိုပြီး ထလာတယ်။ ငါကလဲ ချစ်သူများ နေ့တုန်းက လိုပဲပေါ့။ ဂစ်ရှော့ဆိုင်က ပါဆိုပြီး နှင်းဆီပန်းတွေနဲ့ ကဗျာ တစ်ပုတ်ကို နင့်အဖေလက် ထဲမှာ ပေးထားခဲ့လိုက်တယ်။
ကောင်မလေး အဲဒီနေ့က နင်အိမ်မှာ အဆဲခံလိုက်ရသေးလား ဟင် . . .


နောက်ထပ်ကျန်သေးတဲ့ နှင်းဆီတွေလား
နင်မပြောနဲ့ ငါကိုယ်တိုင်ကို ဘယ်နေ့လာပို့ မယ် ဘယ်လောက်ကြမယ် ဆိုတာ မသိသေးဘူး။ ငါ့စိတ်ကူးရတဲ့ရက် ကိုလာပို့ မယ်။ လာပို့ရင် ဒီနည်းကို တော့သုံးတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ရိုးသွားပြီ။ ဘယ်နည်းကို သုံးမှာလဲ
လာမမေးပါနဲ့ ငါကိုယ်တိုင်ကို မသိသေးလို့ပါ

No comments: