သူမသည် ဥစ္စာစောင့်မလေး တစ်ယောက် ကဲ့သို့ ချောမောသူ ဖြစ်သည်။ သူမတွင် ဥစ္စာစောင့်မလေး ကဲ့သို့ ပစ္စည်းဥစ္စာ များစွာရှိသည်။
သူသည် သေးနုတ်သော လူငယ် တစ်ယောက်သာ ဖြစ်သည်။ သူ့တွင် ကောင်ထည်ဖော်မပြ နိုင်သေးသော ရည်မှန်းချက် ဆိုသည့်အရာ များကလွဲ၍ ပိုင်ဆိုင်မှုပြစရာ ဘာမျှမရှိ။ သူသည့် သူ့၏ရည်မှန်းချက် များကိုသာ နေ့စဉ် စိတ်ကူးယဉ်နေ၏။ သူ့၏ရည်မှန်းချက်များကို ပျေက်ပျက်မသွား ရလေအောင် ထိန်းကျောင်းနေသော နွားကျောင်းသား တစ်ဦးနှင့်သာတူလေ၏။
တစ်ရက်တွင် ဥစ္စာစောင့်မလေးနှင့် နွားကျောင်းသားလေးတို့ ဆုံမိပြီး များမကြာမှီ နှစ်ဦးသဘောတူ မေတ္တာသက်ဝင် ချစ်ကြင်သူများ ဖြစ်သွားကြသည်။
သူမပိုင်ဆိုင်သော ပစ္စည်းဥစ္စာများသည် နွားကျောင်သားလေး၏ ရင်ခွင်လောက် နွေးထွေးမှုကို မပေးနိုင်ကြောင်း ဥစ္စာစောင့် မလေးက ပြော၏။ နွားကျောင်းသား လေးပြောပြသော ပုံပြင်များလောက် သူမပိုင်ဆိုင်သော ပစ္စည်းဥစ္စာများက နှစ်သိမ့် ကြေနပ်မူကို ပေးနိုင်စွမ်း မရှိဟုလည်း မကြာခဏ ပြောလေ့ရှိသည်။
ဥစ္စာစောင့်မလေးတို့ မိဘများက နွားကျောင်းသားလေးကို သိုက်တူမည့်သူ တစ်ယောက် အဖြစ်သာ မြင်သည်။ နွားကျောင်း သားလေးကိုလည်း သိုက်ဆရာ တစ်ယောက်ကဲ့ ရွှံရှာ၏။ ပတ်ဝန်းကျင်ကလည်း ထိုနည်းလည်းကောင်းပင် နွားကျောင်းသားလေးသည် သိုက်ဆရာ ဖြစ်သည်ဟုသာ ထင်မြင်ချက်ပေးလေ့ ရှိကြသည်။
တစ်ရက်တွင် ဥစ္စာစောင့်မလေးနှင့် နွားကျောင်သား လေးတို့ အဆက်အသွယ် ပြတ်သွားကြသည်။ နွားကျောင်းသားလေး ကြိုးစား၍ဆက် သွယ်ကြည့်သည်။ ဥစ္စာစောင့်မလေး တို့သိုက်သည် သရဲသဘက် အစောင့်အရှောက် များဖြင့် တင်ကျပ်စွာ ချထားသောကြောင့် မည်သို့မျှ အဆက်အသွယ်မရ ပဲဖြစ်နေလေသည်။
နွားကျောင်သား လေသည် နေ့ရှိသရွှေ့ ဥစ္စာစောင့် မလေးကိုသာ မျှော်ကိုးနေသောကြောင့် သူကျောင်းနေသော နွားတချို့မှာ လမ်းပျေက်ကုန်သည် အချို့မှာ သေးဆုံးသွားကြသည်။ ဥစ္စာစောင့်မလေး နှင့် အဆက်အသွယ်ရသော နေ့သည် နွားကျောင်း သားလေးအတွက် ပျော်စရာ အကောင်းဆုံး နေ့ရက်ဖြစ်လာ လိမ့်မည်ဟုသာ ယုံကြည်မိ၏။
တစ်ရက်တွင် နွားကျောင်း သားလေးနှင့် ဥစ္စာစောင့်မလေးတို့ အဆက်အသွယ် ရသည်။ ဥစ္စာစောင့်မလေးက ရှင်ကျမကို အဲလောက်ထိ အသဲအသန် ဖြစ်နေတာ သိုက်တူချင်လို့ မဟုတ်လားလို့ နွားကျောင်းသား လေးကို ပြောလိုက်သည်။ မထင်ထား သောစကား ကို ကြာလိုက်ရခြင်းကြောင့် နွားကျောင်းသားလေး မှာတုန့်ပြန် နိုင်စွမ်းမရှိတော့။ တချိန်တည်းမှာပင် သူ့အချစ်တွေ အစော်ကား ခံလိုက်ရပြီဟု ခံစားနား လည်လိုက်သည်။ သူ၏မေတ္တာလည်း သိက္ခာ ကျသွားခဲ့ပြီ။
No comments:
Post a Comment