Art is My Life: မိုးဆိပ်ကမ်းသို့ ဆိုက်ကပ်သွားသော လှေကြီးတစ်စင်း

Sunday, April 08, 2007

မိုးဆိပ်ကမ်းသို့ ဆိုက်ကပ်သွားသော လှေကြီးတစ်စင်း

တစ်ခါတုန်းက . . . .
အလုပ်တစ်ခု တည်းတွင် အတူတူ လုပ်လုပ်နေကြသော ကောင်လေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက်တို့ သည် မျက်လုံး ခြင်း စကားပြောလျှက်ရှိကြသည်။ သို့ သော်သူ တို့မျက်လုံး ထဲကစကားသံ များကား ပြင်ပသို့ ရောက်ရှိလာ ခြင်းမရှိကြ။ ဘာကြောင့်ပါလဲ...
အဲဒီအလုပ်မှာက တင်းကျပ်သော စည်းကမ်းတစ်ခုရှိသည်။ တစ်ရုံးချင်းရည်းစား မထားရ။ ထားလျှင် တစ်ယောက်ထွက်။ သူမျက်လုံးထဲက စကားတွေ အပြင် ထွက်မလာစေ သောအဓိက အကြောင်း အရင်းမှာ ကောင်လေးက ကောင်မလေးထက် အသက်အားဖြင့် လည်းကြီးသည်။ အလုပ်ထဲမှာ ရာထူးအားဖြင့်လည်းကြီးသည်။ ပိုဆိုးသည်က သူတို့ သည်အလုပ်ထဲတွင် ဆရာတပည့်ပုံ စံလိုဖြစ်နေသည်။ သို့ သော် အကင်းပါးသည့် ၀န်ထမ်းတစ်ယောက်က သူတို့ မျက်လုံးထဲက စကားတွေကို ရိပ်မိနေသည်။ တစ်ရက်တွင် အဲဒီဝန်ထမ်းက သူတို့မျက်လုံးထဲက စကားတွေ ကိုထွက်ကျလာအောင် ညစ်ထုတ် ပေးလိုက်သည်

ဘယ်လို ညစ်ထုတ် ပေးခဲ့တာလဲ

တစ်ရက်တွင် ကောင်လေးက အလုပ်ကိစ္စနှင့် ခရီးသွားရသည်။ ခရီးသွားတော့ ကောင်မလေးက လွမ်းသလိုလို ဖြစ်နေသည်။ လွမ်းနေတာကို ရိပ်မိသည့် အကင်းပါးသော ၀န်ထမ်းက ကောင်မလေးကို စကားကြောင်း ကြည့်သည်။
အစ်မ သူ့ကို လွမ်းနေတာ မဟုတ်လား
ဟာ ပေါက်ကရ။ ဘာတွေ လာပြောနေတာလဲ။ တော်တော်နေ သူကြားသွားရင် နင့်ကို လက်သီးနဲ့ ထိုးလိမ့်မယ်။
အာဘယ်က ထိုးရမှာလဲ ဆုတောင်ချ နေမလားမသိဘူး
ဘာတွေ လျှေက်ပြောနေတာလဲ။ ငါကသူ့ကို မန္တလေးဖိနပ် မှာချင်တာ ငရဲကြီးမှာ စိုးလို့ မမှာလိုက်ရဘူး။ အဲဒါကိုစဉ်းစားနေတာ။
အော်အစ်မရယ် သူဝယ်လာမှာပါ။
မှာမှ မှာလိုက်တာ ဘယ်လိုဝယ်လာမှာလဲ
အစ်မနဲ့ သူနဲ့က စိတ်ချင်းဆက်စပ်နေတာပဲ ၀ယ်လာမှာပေါ့။
တော်တော်နင်သွားတော့ စိတ်ညစ်ရတဲ့ အထဲ

ညပိုင်းရောက်တော့ ကောင်လေးက အလုပ်ကိစ္စအတွက် ရုံးကိုဖုန်းဆက်သည်။ အဲဒီမှာ စောစောက၀န်ထမ်းက ကောင်လေးကို မန္တလေးဖိနပ် တစ်ရန် ကောင်မလေး အတွက် ၀ယ်လာဖို့ မှာလိုက်သည်။ ကောင်လေးပြန်လာတော့ ကောင်မလေးအတွက် ဖိနပ်ပါလာသည်။
ဘယ်လိုလဲ အစ်မ ဖိနပ်ပါလာတယ်မဟုတ်လား
သေနာ နင်ပြောလိုက်တာ မဟုတ်လား
ဘယ်ကလာ။ သူကခရီးသွားနေတာ ဘယ်လိုပြောလို့ ရမှာလဲ။ စိတ်ချင်းဆက်စပ်နေလို့ ၀ယ်လာတာ ဖြစ်မှာပေါ့။
တော်တော့နော် နင့်အစ်ကိုကြားရင် နင်ကိုလာထိုး လိမ့်မယ်။
မထိုးပါဘူး ဗျာ

မိုးက သည်းထန်စွာ ရွာသွန်း လျှက်ရှိသည်။ ကောင်မလေး စိတ်ထဲမှာ စောစောက ၀န်ထမ်းကို မေတ္တာပို့ နေသည်။ သူ့ထီးကို ယူသွားပြီး စောစောပြန်လာ ပါလို့မှာ လိုက်သည့်ကြားက ပြန်မလာ။ ညနေက ခြောက်နာရီ ထိုးတော့မည်။ ထီငှားသွား သောဝန်ထမ်း ကပြန်မလာသေး။ ရုံးမှာ လည်းအာလုံး ပြန်ကုန်ကြပြီ။ တစ်ရုံးလုံးမှာ မိန်းကလေး ဆိုလို့ ကောင်မလေး တစ်ယောက်သာ ကျန်တော့သည်။ အဲဒီအချိန် တွင်ကောင်လေးက ထီးကြီးအကြီးကို ဆောင်းကာ အပြင်သွားမလို့ ထွက်ခဲ့သည်။ ရုံးအပြင်ရောက်တော့ ငုတ်တုပ်လေး ထိုင်ပြီး မိုးစက်တွေကို ငေးနေသော ကောင်မလေးကို တွေ့လိုက်သည်။
မပြန်သေးဘူးလား
ဟိုသေနာကောင် ထီးငှား သွားတာ ပြန်မလာလို့ စောင့်တာ
ဒါဆို အစ်ကို လိုက်ပို့ လိုက်မယ်လေ
ကောင်မလေးကလဲ နှစ်ခါမခေါ်ရ လိုက်လာသည်။ လမ်းအရောက်တွင်
အစ်ကို
ပြော
အစ်ကိုညီ တွေကိုကြည့်ဆုံးမ ထားဦးနော်
ဘာဖြစ်လို့ လဲ
အစ်ကိုနဲ့ ညီမနဲ့ ကိုစစ နေကြတယ်
ဘာလဲ။ ညီမက အစ်ကို့ညီတွေ စတဲ့ အတိုင်း အဖြစ်မခံနိုင်လို့လား
အလစ်ချောင်းနေသော အကြံသမားက ရတဲ့ အခွင့်ရေး တစ်ခုကို လက်လွတ်မခံပဲ အသုံးချလိုက်သည်။
ရှင်
ဟုတ်တယ် ညီမ ။ ညီမကို ......... ..................... ................. .................. ...............

နှစ်သုံးဆယ်ခရီး တစ်ကိုယ်တည်း ရွှက်လွင့်နေသော လှေကြီးတစ်စင်းသည် သိုင်းဖွဲ့ စွေစွာ ရွာလေသော မိုးတစ်ရက် တွင် မိုးဆိပ်ကမ်းသို့ ဆိုက်ကပ်သွားပါတော့ သည်။

ဇာတ်ပေါင်းသော်
ကောင်လေးသည် ရန်ကုန်မီဒီယာ ဂရု၏ ဒုတိယအယ်ဒီတာချုပ် စောလင်းအောင် ဖြစ်ပြီး
ကောင်မလေးသည် MRTV-4 Presenter ဂျူလှိုင်မိုး ဖြစ်သည်။
သူတို့ နှစ်ဦးသည် ဧပြီလ ၇ ရက်နေ့က ဆန်းမစ်ပတ်ဗျူး တွင်လက်ထပ်သွားကြပါပြီ

အကင်းပါသော ၀န်ထမ်းဆိုသူကား ဘယ်သူဖြစ် မလဲလို့ ခန့်မှန်းကြည့်ကြပါ။

ကိုစောလင်းအောင် နှင့် မဂျူလှိုင် အိုအောင်မင်း အောင်ပေါင်းရပါစေ။ ဆုတောင်းပေးလိုက် ပါတယ်။ တောင်းပေးမှာ ပေါ့ခဲဖိုး ရထားတာကိုး

No comments: