Art is My Life: မိန်းကလေးများ သတိထား အင်တာနက်ပေါ် ရောက်သွားမယ်

Wednesday, April 04, 2007

မိန်းကလေးများ သတိထား အင်တာနက်ပေါ် ရောက်သွားမယ်

အခုလို ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ မဟာသင်္ကြမှာ ကဲကြမဲ့ ပျိုမဒီတွေ အ၀တ်အစားတွေကို ဟော့ရမ်းစွား ၀တ်စားဆင်ယင် ခြင်းမှ ရှောင်ကျဉ်ကြပါလို့ သတိပေးပြောကြားလိုပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီဂျစ်တယ် ခေတ်ကြီးမှာ ကင်မရာ တွေက မိုလိုပေါက် နေပါတယ်။ ဒါပြင်မှာ လက်ကိုင်ဖုန်း အင်ပီဖိုး စတာတွေမှာလဲ ကင်မရာတွေတပ် ဆင်ထားတတ်ကြပြန်ပါသေးတယ်။ အဲဒီမှာ မူးနေလို့ပဲဖြစ်ဖြစ် စတိုင်လ် လုပ်ချင်လို့ ပဲဖြစ်ဖြစ် မလုံ့တလုံ ၀တ်လာပြီဆိုရင်တော့ အဆိုပါ ကင်မရာတွေထဲက တစ်လုံးမဟုတ် တစ်လုံးမှာ မှတ်တမ်းပုံရိပ်က ကျန်သွားမယ်ဆို တာကတော့ အသေချာပါပဲ။
အဲလိုပုံ တစ်ပုံသာ အီးမေးကွန်ယက် ထဲရောက်လို့ ကတော့ နာရီပိုင်းနဲ့တင် ကမ္ဘာပတ်သွား တတ်ပါတယ်။ အဲလိုပုံ သာမေးထဲ ရောက်လာပြီဆိုရင် လူအများစုက ၀ါသနာလား စေတနာ ( ကိုကြည့်ရတဲ့ပုံလေးကို မိတ်ဆွေကိုဝေငှချင်သော ) လားတော့ မသိဘူးဗျာ ဖော်ဝပ်တူအော လုပ်ပေးလိုက်တတ်ကြတယ်ဗျ။ အဲဒီမှာတင် တချို့က အားမရသေးဘူး အင်တာနက်နဲ့ လက်လှမ်းလို့ မမှီသေးတဲ့ မိတ်ဆွေများ အတွက် ဒေါင်းလုပ်ချ စီဒီကူပြီး ဘော်လန်ဒီယာ ဒစ်စတီဗျူတာ လုပ်ပေးတတ်ကြပါ သေးတယ်။ တချို့များဆိုရင် ကွန်ပျူတာနဲ့ ဝေးလံသော သူများတွက် ဖိုတိုပရင့်အောက် တောင်ထုတ်ပြီး စေတနာသက်သက် အခမဲ့ ဝေတတ်ကြ ပြန်ပါသေးတယ်။
ယင်းကဲ့သို့ မလုံတလုံ ၀တ်ပြီး ရေကစားနေကြတဲ့ မိန်းကလေးပုံတွေဟာ မနှစ်က ၂၀၀၆ မဟာသင်္ကြန်ကြီး အပြီးမှာ ပလူပျံ အောင်ထွက်လာပါခဲ့ပါတယ်။ နာမည်ကြီးချင်လို့ တမင်ဝတ်တာ ဆိုရင်တော့လဲ မပြောတတ်တော့ ဘူးပေါ့ဗျာ။ တစ်ခုရှိတာက လူဆိုတာ မိသားစုနဲ့ ဆွေမျိုးနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ နေထိုင်နေကြရတာပါ။ အဲလို မလုံ့တလုံပုံတွေ ပျံ့နှံ့လာခြင်းကိုတော့ မြန့်မာလူ့ဘောင် အသိုင်းအ၀ိုင်း ယဉ်ကျေးမူအရ မိသားစုနဲ့ မောင်နှမတွေအပေါ် များစွာဂုဏ်သိက္ခာကျ ဆင်းစေနိုင်ပါတယ်။
ဒီဂျစ်တယ် ခေတ်မှာ ကင်မရာဆိုတာ လက်တစ်ဆုပ်စာ အရွယ်တောင် မရှိတော့ပါဘူး။ အကဲလေးတို့ အနေဖြင့် ယင်းကဲ့သို့ ဓာတ်ပုံရိုက်သွား သည့်တိုင် ရိုက်လို့ရိုက်မှန်းလဲ သိလိုက်မှာ မဟုတ်ပါဘူး။ အင်တာနက် ပေါ်ရောက်လာမှ အမေ့လေး မီး ပုံကြီးတော့ လို့ မဖြစ်ရလေအောင် အ၀တ်စားဝတ်ရာမှာ ဆင်ခြင်သတိရှိကြပါလို့ ပြောကြားလိုက်ပါရစေ။

No comments: