Art is My Life: ကျွန်တော်မေးချင်သော မေးခွန်းများ

Saturday, April 21, 2007

ကျွန်တော်မေးချင်သော မေးခွန်းများ

မမြဲခြင်းနိယမ အရ အရာခပ် သိမ်းသော အရာအားလုံး သည် တည်မြဲခြင်း မရှိကြပါ။
သို့ရာတွင် ဘာကြောင့် မမြဲခြင်းဆိုတဲ့ နိယမကြီးက တည်မြဲနေရတာလဲ။

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ စကားပုံ နေရာတိုင်းမှာ မှန်ပါ့မလား။

ထိုင်နေလို့ တော့ဘာမှ ဖြစ်မလာ ဘူးတဲ့။
အဲဒါမှန်ရဲ့လား။
ဘာမှန်တယ် ဟုတ်လား ဒါဆိုရင် ငါ ဘာမှ မလုပ်ပဲ ထိုင်ခဲ့တာ ဘာကြောင့်
ငမွဲဖြစ်သွားရတာလဲ။

ပင်လယ်ဒီရေတက်တာ လရဲ့ ဆွဲငင်အားကြောင့်လို့ ပြောကြတယ်။ လရဲ့ဆွဲအားက
ပင်လယ်ပြင်က ရေတွေကို ကြွတက်လာ ဆွဲနိုင်တယ် ဆိုရင် ဖန်ခွက်ထဲက ရေတွေကို
ဘာကြောင့် ကြွတက်လာအောင် မဆွဲတာလဲ။

လူများသည် မိမိကို ချစ်ခင်နှစ်သက် သာကို လိုလားကြသည်။ မှန်ပါသလား
မှန်တယ်ဆိုရင် အချို့သောလူများ သည် မိမိကို ချစ်ပါသည် လို့ပြောလာ
သောလူကို မုန်းကြသည်။ ဘာကြောင့်ပါလဲ။

No comments: