Art is My Life: အလင်းရောင်

Wednesday, April 18, 2007

အလင်းရောင်



လေးဖြူ၏ သီချင်း မဟုတ်ပါ။ နေရောင် မဟုတ်ပါ။ လရောင် ကြယ်ရောင် မဟုတ်ပါ။ လျှပ်စစ်မီးအရောင် မဟုတ်သလို ဖရောင်းတိုင် အပါအ၀င် အခြားအခြား သောမီးများ၏ အရောင် များမဟုတ်ကြပါ။
အလင်းရောင်သည် အမြင်အာရုံ တွေကိုေ၀၀ါးသွား လေက်အောင် စူးရှ ပြင်းထန်း ခြင်းမရှိပါ။ သာမန် မိန်ဖျော့ဖျော့ အလင်းလေး တစ်ခုသာ ဖြစ်သည်။ အလင်းရောင်သည် မဲမှောင်သော ကျွန်တော့်၏ ဘ၀ကို အဖော်ပြုပေးပါ၏။ သို့သော် ကျွန်တော်၏ ရှေ့ဆောင်လမ်းပြ မဟုတ်ပါ။ သို့ရာတွင် ကျွန်တော်နင်း လျှေက်သော ခြေလှမ်းများ မချမှီ ဆူးဖြစ်သည် ချိုင့်ဖြစ်သည် ချေက်ဖြစ်သည် ပြန့်ဖြူးသည် ဆိုသည်ကိုတော့ ကောင်းစွာ ပြောပြ ပေးနိုင်စွမ်းရှိသည်။
အမှောင် ထဲတွင် ကြာရှည်စွာ စမ်းတ၀ါးဝါး ဖြစ်နေသော ကျွန်တော်အတွက် အလင်းရောင်သည် အဖော်ဖြစ်ခဲ့သည်။ အလင်းရောင် ပြောသော အကြောင်းပြချက် များကို ယုံကြည်ခဲ့သည်။ ထို့အတူ အလင်းရောင် ပေါ်တွင် ခင်မင် တွယ်တာ ခဲ့ပါသည်။ ထို့အပြင် အလင်းရောင်သည် ကျွန်တော့ ဘ၀ထဲတွင် ထာဝရ ထွန်းလင်းမည်ဟု ယုံကြည်ခဲ့ပါ၏။
သို့ရာတွင် မိန်ဖျော့ဖျော့  အလင်းရောင်နှင့်  ကျွန်တော့ ကြားတွင်  အမှောင်ထု တစ်ခု ၀င်ရောက်ခဲ့ ပါသည်။ အမှောင်ထုကြောင့် အလင်းရောင်နှင့် ကျွန်တော့ကြားမှာ တစ်ဦးနဲ့ တစ်ဦး အမြင်တွေ ဝေး၀ါး သွားပါသည်။ ကျွန်တော်သည် အလင်းရောင်နှင့် အတူ ရှိနေရ သည်ကို နှစ်သက်ပါ၏။ ထို့အတူ အလင်းရောင်လဲ ကျွန်တော့ကို ခင်မင်တွယ်တာသည် ယုံကြည်မိပါသည်။ သို့ရာတွင် ကျွန်တော်တို့ နှစ်ယောက်ကြားက အမှောင်ထုကို ဖြိုခွင်းပေး နိုင်မည့်သူမရှိပါ။
ဒီလိုသာ ဆိုရင် ကျွန်တော်နှင့် အလင်းရောင် တဖြည်းတဖြည်းချင်းေ၀၀ါးပျောက်ကွယ် သွားကြတော့မည်။ အလင်းရောင် သည်ကျွန်တော့ ဘ၀အတွက် ထာဝရ မထွန်းလင်း နိုင်တော့ဘူးလား .................

No comments: