Art is My Life: အိမ်မက် ၁

Sunday, April 01, 2007

အိမ်မက် ၁

ကောင်မလေးရေ နင်နဲ့ငါမတွေ့ ဖြစ်ကြတာ ဒီနေ့ဆိုရင် ငါးလတောင်ကြာခဲ့ပြီ။ မှတ်မှတ်ရရ တဆောင်မုန်း လပြည့်နေ့ နင်တို့လမ်းထဲမှာ တွေ့ပြီးကတည်းက နောက်ထပ် မတွေ့ ဖြစ်ကြတော့ဘူးနော်။ အဲဒီနေ့က နင့်ငါ့ကို ရှပ်တစ်ဘူး ၀ယ်တိုက်တယ်။ နင်တို့ လမ်းထိပ်က ကုန်စုံဆိုင်လေးမှာလေ။ ငါမသောက်ဘူးလို့ ပြောတော့ ကလေးကျွေးတာကို လူကြီးဆိုတာ စားရတယ်လို့ နင်ပြောခဲ့တာလေ။ နင်နဲ့ငါ စကားတောင် အသေချာ မပြောရသေးဘူး အမေပြန်လာတော့မှာ မို့လို့သွားလိုက်ပါ ဦးမယ်တဲ့။ လူကြီးကို ဦးစားပေးတဲ့ အနေနဲ့ အရင်သွားပါတဲ့။ ငါထွက်လာခဲ့တော့ ၀ထ္တုဇာတ်လမ်းထဲမှာလို နင်ငါ့ကြောပြင်ကို ငေးနေမလားလို့ ..........။
ဒီနေ့ ငါကျောင်း သွားတက်တယ်။ ငါတို့လမ်းထဲက သင်တန်းပေါ့။ ကျောင်းရောက်တော့ ငါနည်းနည်းနောက်ကျ နေပြီ။ စာသင်ခန်း ထဲရောက်တော့ ဆရာစာသင်နေပြီ။ ငါလဲစာအုပ်လေးဖွင့်ပြီး ဆရာသင်တာကို လိုက်မှတ်တယ်။ အဲဒီမှာ ဆရာက ဒီနေ့မှလာတဲ့ ကျောင်းသူသစ် လိုက်နိုင်ရဲ့လား မလိုက်နိုင်ရင် ဒီထက်နှိမ့်တဲ့ အတန်းမှာ လာတက်လို့ရတယ်တဲ့။ ဆရာပြောတဲ့ ကျောင်းသူသစ်ကို ငါကြည့်လိုက်တယ်။ ငါ့မျက်လုံးတွေကို မယုံနိုင်ဘူး။ အဲဒီကျောင်းသူသစ်က အနောက်ကကြည့်ရင် နင်နဲ့တော်တော်ကို တူတာပဲ။ ငါ ဆရာစာသင်တာကို စိတ်မပါတော့ဘူး။ အဲဒီကျောင်းသူကိုပဲ ကြည့်နေတယ်။ ငါကြည့်နေတုန်းမှာ အဲဒီကျောင်းသူက ဘေးကိုလှဲ့လိုက်တယ်။ ငါအသက်ရူမှားသွားတယ်။ နင်နဲ့တော်တော်ကို တူတာပဲ။ ဘယ်ဘက်နားရွက်ကို ကြည့်လိုက်တော့ နားသုံးပေါက်ဖောက်ထားတယ်။
ဟင်......... ငါအံ့သြသွားတယ် နင်နဲ့တူတာ မဟုတ်ဘူး ကောင်မလေး နင်ကိုတိုင်ရောက် နေတာပါလား။ ဘုရားဘုရား။ ငါပျော်သွားတယ် ကောင်မလေးရယ်။ ဒါပေမယ့် ငါ့ပျော်ရွင်မှုတွေ ကြာရှည်မခံပါဘူး။ ဒီကျောင်းမှာ ငါ တက်နေတာ ကို နင်မသိလို့ လာတက်တာပဲဖြစ် မယ်။ ငါဒီမှာ ရှိနေမှန်း နင်သိသွားရင် နင်နောက်ရက်ကို လာတော့မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ ဒီတစ်ကြိမ်မှာ အခွင့်ရေးတစ်ခုအနေနဲ့ နင်ငါ့ကို ဘာ အကြောင်းပြချက် မှ မပေးပဲ ဘာကြောင့်အဆက်သွယ် ဖြတ်ချင်နေရတာလဲ ဆိုတာကိုတော့ မေးခွင့်ရတာပေါ့။ ကောင်မလေးရယ် ရှောင်မပြေးပါနဲ့ ငါမေးတဲ့ မေးခွန်းလေးကို တော့ဖြစ်ပါ။
အရင်က ဒီကျောင်းကို တစ်ချိန်မှာ တစ်နာခွဲပဲ သင်လို့ တက်ရတာ မတန်ဘူးလို့ တောင်ထင်မိတယ်။ ဒီနေ့တော့ အဲဒီတစ်နာရီခွဲကို ငါ့အသက် နှစ်ဆယ့်နှစ်နှစ် နေခဲ့ရချိန်ထက် တောင်ပိုကြာနေသလားလို့။ ဆရာကလည်း ဒီနေ့မှ လေကြောရှည်နေတယ်။ ကျောင်းကတော်တော်နဲ့ မဆင်းနိုင်ဘူး။ ရယ်စရာတွေ ပြောနဲ့ ဆရာကြောင့် တစ်တန်းလုံး တ၀ါးဝါး တဟားဟား ရယ်နေချိန်မှာတော့ ငါ့ရင်ထဲမှာ ကမ္ဘာပြိုလို့ ခံစားချက်တွေ ထွက်ပြေးနေကြပြီ။ ကျောင်းရယ် မြန်မြန်ဆင်းပါတော့။
ကျောင်းဆင်းတာနဲ့ နင်ထိုင်နေတဲ့ ခုန်ကိုသွားပြီး ခံစားချက်တွေကို ဖောက်ခွဲပစ်မယ်လို့ ကျိန်းထားပေမဲ့ တကယ် ကျောင်းဆင်းချိန် ရောက်တော့ ငါ့ခြေထောက်တွေ ဆွံ့အနေတယ်။ နင်ကို စကားပြောဖို့ ငါမှာ သတ္တိနဲ့ ခွန်အား မရှိတော့ပါလား။ ဒါပေမယ့် ငါထိုင်နေတဲ့ ခုံဆီကို ဦးတည်ပြီး နင် လျှောက်လာတယ်။ ငါ့အရှေ့ကိုရောက်တော့ နင်ရပ်ပြီး ငါ့ကို ကြည့်နေတယ်။ ငါလဲထိုင်ရကနေ ရပ်လိုက်တယ်။ အရင်က ပစ်ကွင်းကို ရောက်တာနဲ့က တရစပ် ပစ်ဖို့ ချွန်ထားတဲ့ ငါ့စကားလုံးတွေ အအေးပတ်ကုန်ကြပြီ။ ငါ့နားထဲမှာ ငါ့အသိစိတ်ထဲမှာ ငါ့နှလုံသားတွေ ခုန်နေကြပါလား ဆိုတာကလွဲရင် ကျန်တာ ဘာမှ မသိတော့ဘူး။
နင်ကစမေးတယ် နေကောင်းလားတဲ့။ ဒီစကားလုံးက နင့်ရဲ့ ကိုယ်ပိုင်စကားလုံး ဖုန်းထဲမှာ တွေ့တွေ့ ဂျီတော့မှာ တွေ့တွေ့ အပြင်မှာ တွေ့တွေ့ တွေ့ချင်တဲ့နေရာမှာတွေ့ အရင်ဆုံးစပြောလေ့ရှိတာ က ဒီစကားလုံးပဲလေ။
ကောင်းပါတယ်။ ကျောင်းလာတက်တာလား
ငါအဲလိုမေးလိုက်တော့ ခေါင်းခါပြတယ်။ ဒါဆိုဘာလုပ်လုပ်တာလဲ လို့မေးတော့။ အစ်ကို လာတွေ့တာတဲ့။ ဘုရားရား ငါ့နားထဲက ဆော့ဝဲတွေ ဗိုင်းရပ် ၀င်ကိုက်သွားပြီလား။ ဟက်ဒစ်ဆီကို ဒေတာ အမှားတွေပို့နေတယ်။
အစ်ကိုနားကြားမမှား ပါဘူး ညီမ အစ်ကိုကို တွေ့ချင်လို့ ဒီကျောင်းကိုလာတာပါ။
ငါဒီမှာ တက်နေတာ ဘယ်လိုသိတာလဲ လို့မေးတော့ ဒီလိုပါပဲတဲ့။ ငါဝမ်းသာသွားတယ် ကောင်မလေး။ နင်နဲ့ငါဒီလိုဆိုရင် အမြဲတွေ့လို့ ရပြီပေါ့။ အေးပါ အရင်ကဘာကြောင့်ပဲ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ ငါမေ့လို့ရပါတယ်။ ငါ့အရှေ့မှာ နင်တစ်ယေက်လုံရှိနေပြီပဲ။ မနက်ဖြန် စောစော လာလေ လို့ငါက ပြောတော့ နင်ခေါင်းခါပြတယ်။ ဘာဖြစ်လို့လဲ လို့မေးတော့ ။ မလာတော့ဘူးတဲ့။
နောက်ရက်တွေရော ..............
နောက်ထပ် ဘယ်တော့မှာ လာဖြစ်တော့မှာ မဟုတ်ဘူး အစ်ကိုနဲ့ လဲတွေ့ဖြစ်ကြတော့မှာ မဟုတ်ဘူး
ဘာဖြစ်လို့လဲ
တစ်နေ့တော့ အလိုလိုသိလာမှာပါ
ကောင်မလေး နင်က ဘာလဲဟာ ဒူးထောက်ပြီး ခေါင်းငုံ့နေတဲ့ လူကို ခေါင်းပေါ်တက် နင်းချင်တာလား။ ရပါတယ်။ နင်းပါ။ ငါဘ၀ တစ်ခုလုံးကို နင့်ကိုပေးဖို့ ဆုံးဖြတ်ပြီးပြီပဲ။ ငါအဲလို ပြောလိုက်တော့ နင်တည်တည် ငြိမ်ငြိမ်ပဲ။
အစ်ကိုကို ပေးစရာရှိလို့
ဆိုပြီး ငါ့ကို ဂျူးရေးတဲ့ ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဆိုတဲ့ စာအုပ်ကို နင်ကပေးတယ်။ ငါက အပိုင်ပေး တာလားလို့ မေးတော့ မဟုတ်ဘူး
ညီမလဲ သူများဆီက ငှားလာတာ ပြန်ယူမှာတဲ့။
နင်ပြောတော့ မတွေ့တော့ ဘူးဆို
အိမ်က ကောင်မလေး တစ်ယောက်ယောက် ကိုလွတ်လိုက်မယ်။ အဲဒီအချိန်မှာ ဆရာက ငါ့ကို ခေါ်လို့ လည့်ကြည့်လိုက်တယ်။ သူ့အကောင်ကား ပြန်ယူလာဦးတဲ့ ။ ဟုတ်ကဲ့လို့ ပြောပြီး ပြန်လည့်လိုက်တော့ ငါ့အရှေ့မှာ နင်မရှိတော့ဘူး။ ငါလှေကား အတိုင်း နင်နာမည်ကို အော်ခေါ်ပြီး ပြေးလိုက်ခဲ့တယ်။ လှေကားရင်း ရောက်တော့ အဖြူရောင် မှတ်တူး ကားလေး တစ်စီး စက်နိုးပြီး ထွက်ဖို့ အရှိန်ယူနေတယ်။ ငါပြေးသွား ပြီး အရှေ့က ရပ်လိုက်တယ်။ ငါ့ပါးစပ် ကလဲ အော်နေတယ် ကျေးဇူးပြုပြီး မသွားပါနဲ့။
နင်က ကားနောက်ခန်းမှာ ငါ့ကို မြင်ပုံ မရဘူး။ ကားမောင်းတဲ့ အော်တာ လိုလို ဟစ်ဟော့လိုလို ၀တ်စား ထားတဲ့ ကောင်က။ ဟိတ်ကောင် အရူး ကားထွက်တော့မယ် ဖယ် သေချင်တားလားတဲ့။ ငါလည်းဖယ်မပေး တိုက်ချင်လဲတိုက်လိုက်ပေါ့။ ဖြစ်သမျှကို ငါခံရဲတယ်။ ကားက နောက်ကို နည်းနည်း ဆုတ်သွားတယ်။ ပြီတော့ အရှိန်ယူ ပြီးငါ့တည့်တည့် ဆီကို မောင်းလာတယ်။ ငါရပ်ကြည့်နေတယ်။ ရပ်ကြည့်နေတုန်းမှာ ကားကငါနဲ့ လက်တစ်ကမ်းမှာ ရောက်နေပြီ။ နေထိုးတဲ့ အရောင်က ကားလေကာမှန်ကို ကျနေတယ်။ အဲဒီရောင်က လက်ပြီး ငါ့မျက်စိကို စူးတော့ ငါမျက်စိမှိတ် လိုက်တယ်။ နားထဲမှာ ကားမောင်းသံ လူးအော်သံတွေကြားနေရတယ်။ မျက်စိပြန်ဖွင့် လိုက်တော့ အ၀ါရောင် အင်္ကျီလေးမှာ အနီရောင်သွေး တွေစွန်းသွားတယ်။ နင့်အလှတွေကို ခံစားတဲ့ မျက်လုံးက အပြာရောင်တွေ သန်းနေတယ်။ နှလုံးသား တစ်ခုက သွေးအိုင်ထဲမှာ လူးနေတယ်။ အဲဒီနေ့က အဖြူရောင် ဆေးဆိုးထားတဲ့ ကားက အနီရောင် နှလုံသား တစ်လုံသား တစ်ခုကို နင်းဖြတ်ပြီးပြီ အမည်းရောင် ကတ္တရာ လမ်းအတိုင်း မောင်းနှင်သွားလေရဲ့။

3 comments:

Yan said...

"နင်နဲ့တော်တော်ကို တူတာပဲ။ ဘယ်ဘက်နားရွက်ကို ကြည့်လိုက်တော့ နားသုံးပေါက်ဖောက်ထားတယ်။"

ကောင်မလေးက တော်တော် ခေတ်မီတာပဲဗျ...ကျန်တာတွေကို ဆက်ဖတ်ဖို့တော့ ခွန်အား မရှိတော့ဘူးဗျာ. အသည်းကွဲ ဘလော့ခ်ဂါများ အသင်းက လှိုက်လှဲ ပျူဌာစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ..

soe zeya said...

အသည်းကွဲ ဘလော့ခ်ဂါများ အသင်းက ka pa thu chearman lot tar lae bya :P

NOTHING said...

အမည်းရောင် ကတ္တရာ လမ်းတွေ ပျက်နေတယ်ဗျ။ စည်ပင်ကတော့ သိတဲ့အတိုင်းပဲ။

There was an error in this gadget