Art is My Life: ကျွန်တော်နှင့် သိပ္ပံနည်းကျ ချစ်ခြင်း၏နိယာမများ

Sunday, April 08, 2007

ကျွန်တော်နှင့် သိပ္ပံနည်းကျ ချစ်ခြင်း၏နိယာမများ

အရာဝထ္တုတစ်ခုပေါ်ကို အား တစ်စုံတရာ သက်ရောက်ခြင်းခံရပါက အားသက်ရောက်ခြင်း ခံရသော အရာဝထ္တုသည် တူညီသော အား တစ်ခုကို တန်ပြန်တယ်လို့ နယူတန်ရဲ့ နိယာမက ဆိုပါတယ်။
နှလုံးဆိုသော အရာဝထ္တုတစ်ခုပေါ်ကို အချစ်ဆိုသော အားတစ်ခု သက်ရောက်ခြင်းခံရပါက အား သက်ရောက် ခြင်းခံရသော နှလုံးသားသည် သက်ရောက်သော အချစ်အင်အားနှင့်ညီမျှသည့် ခံစားချက်တစ်ခုကို တုန့်ပြန်သည်။ ယင်းခံစားချက် တွင် အချစ်ကြီးပဲတုန့်ပြန် တတ်သည်မဟုတ်ပဲ တစ်ခါတစ်ရံတွင် အမုန်းနှင့် နာကျဉ်ခြင်းများ လည်းပါဝင်တတ်သည်. . .

အရှိန်ပြင်းစွာ မောင်းနှင်းနေသော ကားတစ်စီးကို ရုတ်တရက် ရပ်လိုက်ပါက ကားပေါ်တွင် ပါလာသော ခရီးသည်များသည် ကားရပ်သကဲ့ သို့ရပ်တန့်မသွားပဲ အရှိန်ဖြင့်ရှေ့သို့ လဲကျသွားတတ်တယ်လို့ အင်နားရှား သီအိုရီကဆိုပါတယ်။
အရှိန်ပြင်းစွာ မောင်းနှင်လာသော အချစ်ဘတ်စ် ကားကြီး ရုတ်တရက် ရပ်တန့်လိုက်ပါက အချစ်ယာဉ်ပေါ်တွင် စီးနှင်း လိုက်ပါ လာသော နှလုံးသား ခရီးသည်များသည် အလိုက်သင့်ရပ် တန့်သွားခြင်းမရှိပဲ အင်နားရှား သီအိုရီအရ အရှေ့သို့ ဟတ်ထိုး လဲကျသွား တတ်ကြသည်။
အချစ်ယာဉ်သည် တဖြည်းဖြည်းချင်း အရှိန်လျှော့ကာ ရပ်တပ်သွားခြင်းဖြစ်ပါက နှလုံးသား ခရီးသည်များ ဟတ်ထိုးလဲကျမူ သက်သာသော်လည်း အရှိန်ပြင်းမှာ ရုတ်တရက် ရပ်တပ်သွာ ခြင်းဖြစ်ပါက ပိုမို အထိနာတတ်ကြသည် . . .

ရေဇလုံတစ်ခု အတွင်းသို့ အရာဝထ္တုတစ်ခု ထည့်လိုက်ပါ ယင်းအရာဝထ္တု နှင့်တူညီသော ပမာဏရှိသည့် ရေများသည် ပြင်ပသို့ ဖိတ်ကျသွား တယ်လို့ အာခီမီဒီး ရဲ့ နိယာမက ဆိုပါတယ်။
ဘ၀ဆိုသော ရေဇလုံကြီးထဲသို့ အချစ်ဆိုသော အရာဝထ္တုတစ်ခု ကိုထည့်လိုက်ပါက ထည့်လိုက်သည့် အချစ်ပမာဏနှင့် ညီမျှသော ဘ၀အစိတ်ပိုင်းများသည် ပြင်ပသို့ ဖိတ်စင်သွား တတ်ကြသည်။
ပြင်ပသို့ ဖိတ်စင်သွားသော ဘ၀အစိတ်ပိုင်းများသည် တစ်ခါတရံတွင် မပြောပလောက်သော်လဲ တစ်ခါတစ်ရံတွင် အနာဂတ်ဘ၀ကြီး တစ်ခုလုံးကို မဲမှောင်သွားစေသည် . . .

ရေကို နောက်ဆုံး အဆင့်အထိ ဓာတ်ခွဲကြည့်ပါက H2O ဆိုသော အက်တန်လေး သုံးခုသာ ကျန်ကြောင်း ဓာတုဗေဒ သီအိုရီများက ဆိုသည်။
နှလုံးသား တစ်ခုကို နောက်ဆုံး အဆင့်အထိ ဓာတ်ခွဲကြည့်လိုက်ပါက ရေကဲ့သို့ပင် အက်တန်လေး သုံးခုသာ ကျန်ရှိကြောင်းကို တွေ့ရသည်။ ယင်းအက်တန် သုံးခုမှာ ချစ်ခြင်း မုန်းခြင်း နှင့်ခံစား ခြင်းတို့ ဖြစ်ကြသည်။ ချစ်ခြင်းနှင့် မုန်းခြင်းသည် ဓာတ်သဘောတူ သောအက်တန် နှစ်လုံး ဖြစ်ပြီ H2 နှင့် တူညီသည်။ ခံစားခြင်းသည် သီးခြား အက်တန် ဖြစ်ပြီး O နှင့် တူညီသည်။
ချစ်ခြင်း နှင့် မုန်းခြင်း ဆိုသော အက်တန်လေး နှစ်လုံးသည် နှလုံးသား၏ တစ်ဘက်တစ်ချက် စီတွင် နေရာယူသည်။ ခံစား ခြင်းဆိုသော အက်တန်လေးသည် သီးခြားနေရာမရှိပဲ ချစ်ခြင်းနှင့် မုန်းခြင်း ပေါ်တွင်လည့်ပတ်သွားလာသည်။ ယင်းသိုလည့်ပတ်ရာတွင် ချစ်ခြင်း ဘက်အခြမ်း တွင်ရောက်နေပါက ချစ်သည်။ ချစ်ရင်း ချစ်ရင်း အချစ်တွေ ဂိတ်ဆုံး သွားပါက အမုန်းဘက် အခြမ်းသို့ ရောက်သွားတော့သည်။ အမုန်းဘက် အခြမ်းတွင် ရောက်ရှိနေပါကလည်း မုန်းသည်။ မုန်းရင်း မုန်းရင်း နှင့် အမုန်းတွေ ဂိတ်ဆုံးသွားပါက အချစ်ဘက် အခြမ်းသို့ ရောက်သွားပါတော့သည် . . .