Art is My Life: ဆောရီးကိုကို

Monday, April 23, 2007

ဆောရီးကိုကို

ကျွန်တော် ရန်ကုန် ရောက်ခါစက တုန်းကပေါ့ဗျာ။ အဲဒီတုန်းက အခုလိုမျိုး ကားတွေကလဲ မကျပ်သေးဘူးဗျ။ ခပ်ချောင်ချောင်ပဲ။ ကျွန်တော်ဆိုတဲ့ ကောင်ကလဲ ရန်ကုန် ကိုရောက်ရောက်ခြင်း အငြိမ်နေတာ မဟုတ်ဘူး။ သင်တန်းလေး မတောက်တခေါက်တက် အတန်းဆင်းရင် အိမ်မပြန်သေးဘူး ဘတ်စ်ကား လျှေက်စီးနေတာပေါ့။ အခုလဲ ဘာရယ်မဟုတ်ဘူး သက်မွန်မြင့် အိမ်က အမှတ် ၁၀ ဇောတိက လမ်းမှာလို့ နယ်မှတုန်းက ဖတ်ရတဲ့ မြင်ကွင်းမဂ္ဂဇင်းမှာ ပါလို့ သွားရှာကြည့်တာ။
ကျွန်တော်က တစ်ယောက်တည်း မသွားတတ်တော့ အူကြောင်ကြောင် ရန်ကုန်သား တစ်ကောင်ကို ခေါ်ခဲ့ပါတယ်။ သူကလဲ ရန်ကုန်သား လို့သားပြောတယ် ဆူးလေကနေ မြေနီကုန်းကို ဘာကား ရောက်လဲ ဆိုတာမသိဘူးတဲ့။ ဒါနဲ့ပဲ ကျွန်တော်က ဦးဆောင်ပြီး သက်မွန်မြင့် အိမ်ရှာပုံတော် ခရီးကို ကျွန်တော်ရယ် ရန်ကုန်သား တစ်ကောင်ရယ် ထွက်လာကြတယ်ပေါ့။ အဲဒီတုန်းက ကျွန်တောက ၁၈နှစ် လောက်ပဲရှိသေးတယ် ၂၀၀၃ ခုနှစ်ကပါ။ ရင်ခုန်တတ်စ အချိန်ပေါ့။ :D
ဒီလိုနဲ့ မြို့တော်ခန်းမကနေ ၄၅ ဘတ်စ်ကားကြီး စီးပြီးချီတက်ခဲ့ကြတာ ပဲခူးကလပ် မှတ်တိုင်ကျော်တော့ ဆင်းခါနီးပြီလေ။ ဒါကြောင့် အပေါက်နားလေမှာ လာရပ်နေလိုက်တယ်။ ဇတ်လမ်းက အဲဒီနေရာမှာ စတွေ့တာပဲ။
ကျွန်တော့်အရှေ့မှာ ဟယ်ပင်မှာ ဆင်းမလို့ ဆိုပြီး ရပ်နေတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ ကောင်မလေးက အင်္ကျီအနီရောင်လေးကို ၀တ်ထားပါတယ်။ အသားအရေက ဖြူတာလဲ မဟုတ်ဘူး။ ၀ါတာလဲ မဟုတ်ဘူး။ မင်းလူရဲ့ ပြောတိုင်းယုံတဲ့ပုတ်သင်ညို ဇတ်လမ်းထဲက စိမ်းဖန့်ဖန့် အသားရေလေး ဆိုတာ ဒီလို ကောင်မလေး မျိုးကို ပြောတာ ဖြစ်လိမ့်မယ်ထင်တယ်ဗျ။ အင်း ကိုလုံးကို ပေါက်ကို ပြောရရင်လဲ မိုးဟေကို ရှုံးတယ်ဗျာ။ ရေမွေးနံ့လေးကလဲ သင်းလို့။ အရေးထဲမှာ ကားကပြိုင်မောင်းနေတာ ဆိုတော့ ခရီးရောက်တာက လဲမြန်လိုက်တာ ဟယ်ပင်ကို ရောက်သွားပြီ။
ကားစပါယ်ယာက တခါဖွင့်ပြီး ဆင်းဆင်းလဲ ဆိုရော ကောင်မလေးက အတင်းဆင်းပြေးပါတယ်။ ခက်တာက သူတစ်ယောက်တည်း ဆင်းတာ မဟုတ်ဘူး ကျွန်တော့လက်ကို ကိုင်ပြီး ဆွဲပြေးသွားတာ။ ( တာရာမင်းဝေရေးတဲ့ ၀တ္ထုထဲမှာလဲ ကျွန်တော့်လိုပဲ ဇတ်လိုက်မင်းသားကို မင်းသမီးက လက်ဆွဲပြီး ဆင်းပြေးသွားတာ။ ဒါပေမယ့် ကျွန်တော့အဖြစ်ပျက်က ၂၀၀၃ တုန်းက သူစာအုပ်က ၂၀၀၆ မှထွက်တာ။) ကျွန်တော်လဲ ရင်တွေခုန်လိုက်တာမှ ငါဟုတ်ရဲ့လားပေါ့ ခြေဖျားတွေ တောင်အေးသွားတယ်။
ကျွန်တော်တို့ ဘတ်စ်ကားပေါ်ကနေ ဆင်းပြီး ပလက်ဖောင်းပေါ်တက် မိတယ်ဆိုပြီပဲ ။ ဟေ့ကောင်မ ဟေ့ကောင်မ ဥာဉ်း ဘယ်သူ့ကို ခိုးပြေးမလို့ ငါကဒီမှာဟဲ့ ဆိုပြီး အသံကြား လိုက်ပါတယ်။ ကျွန်တော်သိတယ်လေ ဒါက ကျွန်တော်နဲ့ မှားတဲ့ သူ့သူငယ်ချင်း နောက်ကလိုက်လာတာပါ။ ကျွန်တော်လဲ အသံရာကို လည့်ကြည့်လိုက်ပါတယ်။ အနောက်က ခေါ်နေတာ မိန်းကလေးလားလို့ မိန်းမရှာကြီး ပါလား ။ ဒါဆိုရင် ကျွန်တော့် လက်ကို ဆွဲထားတဲ့ ကောင်မလေးက မိန်းမရှာနဲ့ ဘာလို့ တွဲရတာလဲ လို့တွေးပြီး လက်ကိုင်ထားတဲ့ ကောင်မလေး ဘက်ကို ပြန်လည့် လိုက်တော့ .... ..... ....
ဟိုက်ရှာပါး အခြောက်ကြီးဟ....
အခြောက်ပုံစံ ကြည့်ရတာ ရိုးရိုးအခြောက်တောင် ဟုတ်ဟန်မတူဘူး ပရှော်ဖက်ရှင်နယ် အခြောက်နဲ့တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကိုယ်လုံးကို မိန်းမနဲ့ တူအောင်ပြင်ထားတာကို။ ပြင်လို့မရတာက ချိုင့်ခွက်နေ့တဲ့ သူမျက်နှာကြီးနဲ့ ကွမ်းစားထားတဲ့ သွားကြီးပါပဲ။ သူက လည့်ပြီး ကျွန်တော့ကို ပြောလိုက်ပါသေးတယ်။ ဆောရီးကိုကို တဲ့ ..........
အဲဒီနေ့က သက်မွန်မြင့် အိမ်လဲ ရှာလို့ မတွေ့လိုက်ဘူး။ အရေးထဲမှ ကားပေါ်ပါသွားတဲ့ ရန်ကုန်သားကို လိုက်ရှာရတာလဲ မောလို့။

5 comments:

Thet Htoo@Myat Lone said...

ဟေ့။ ကိုစိုးဇေယျ။ ခင်ဗျားဗျာ သက်မွန်မြင့် မတွေ့မယ့်အတူတူ အဲဒီမိုးဟေကို ဘော်ဒီရှင်နဲ့ပဲ ဇတ်လမ်းလေး ဖန်တီးလိုက်ပြီးရော။ မာမီရန်လို့ ခင်ဗျားပြောပြောနေသလို မာမီစိုးပါတိုးလာတာပေါ့နော။ :P

Anonymous said...

ဟားဟား အရမ်းရီရတာပဲ ။

thantunoo said...

i like your blog.

99 said...

တကယ် ရီရတယ်ဗျာ..။

em0doLL said...

haha phyit mha phyit ya lay bro yal.. XD yee ya tel...