Art is My Life: ရန်ကုန် မြို့မှာ ပျက်တဲ့မီး

Thursday, April 12, 2007

ရန်ကုန် မြို့မှာ ပျက်တဲ့မီး

ရန်ကုန်မှာ အခုတလော မီးတွေအဆမတန် ပျက်နေပါသည်။ ရှေ့မီနောက်မီ လူကြီးများရဲ့ အပြောအရ ၁၉၆၅ ခုနှစ်ကနေ ၂၀၀၇ အထိ အတောအတွင်းမှာ အခုတစ်လော ပျက်နေတဲ့ မီးက အဆိုးဆုံးပါတဲ့။ တစ်ရက်ကို ခြောက်နာရီပဲ ခွဲတမ်းရတယ်။ အဲဒီခြောက်နာရီ ဆိုတာကလဲ လာချင်တဲ့ အချိန်လာ ပျက်ချင်တဲ့ အချိန်ပျက်။ ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ် ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ကြဘူး။
မီးပျက်လေလေ တိုင်းပြည်ရဲ့ နိုင်ငံခြားငွေ သုံးစွဲမူနဲ့ သစ်တောပြုန်းတီမှုက မြင့်တက် လေလေပဲ။ ဘာကြောင့်လဲ ဆိုတော မီပျက်တော့ မီစက်တွေ ၀ယ်ရတယ်။ မြန်မာပြည်မှာ မီးစက်ကို ဆင်ပဲဆင်နိုင်ပါသေးတယ် အင်ဂျင်အလုံး လိုက်မထုတ်နိုင်သေးပါဘူး။ ဒီတော့ လိုတဲ့ အင်ဂျင်ကို နိုင်ငံခြားက ၀ယ်ရတယ်။
ရန်ကုန်မြို့မှာ မီးနဲ့အလုပ်လုပ်တဲ့ လုပ်ငန်းလေးတွေ အများကြီးပါ။ တခြားမကြည့်နဲ့ ကွန်ပျူတာစာစီ နဲ့ မိတ္တူဆိုင်တင်ကို နည်းတာမှတ်လို့။ အဲလိုမီးပျက်တဲ့ အတွက် စက်နိုးရတယ်။ စက်ဆိုတာကလဲ ရေထည့်မောင်းလို့ရတာမဟုတ်တော့ ဆီထည့်ရတယ်။ ဆီဆိုတာကလဲ နိုင်ငံခြားက ၀ယ်ရတာ။
အဲဒီမှာ ကုန်ထုတ်လုပ် ငန်းတွေက စက်နိုးပြီး အလုပ်လုပ် ရလို့ ဈေးတက်တာက တစ်ခါတက်။ အဲလိုဆီဝယ်လိုအား ကောင်းလာတော့ ဆီဈေးက တက်ပါရော။ ဆီဈေးတက်ပြန်လို့ ဆိုပြီးဈေးက နောက်ထပ်ထပ် တက်။ အဲလိုအဲလို ထပ်ထပ်တက်တက် တက်တက်တက် တက် လိုက်ကြတာ။ နောက်ဆုံးတော့ ဆက်ပြောရင် ပေါ်လစီတွေပါရော့မယ်။ အဓိကပြောချင် တာကတော့ မီးပျက်တယ်။ ခဏခဏပဲ...............
တစ်ခါ တစ်လေကျတော့ သူငယ်ချင်းတွေနဲ့ စကားပြောနေရင် ပျက်သွားရင် ဒီကောင် ငါ့ကိုမခေါ်ချင်တော့လို့ မီးပျက်တယ်လို့ လိမ်တာ ထင်တယ် လို့အောင်းမိ သွားကြမလားပဲ။ အင်တာနက် သုံးတဲ့ လူတိုင်အလို အထင်လွဲခံရမှုမျိုး မကြာခဏဖြစ်လိမ့် မယ်လို့ ထင်ပါတယ်။ အဲလို အထင်လွဲ မှုမျိုးများ ရှိနေခဲ့ ကြရင်လည်း လျှပ်စစ်မီး တကယ်ပျက်နေပါတယ် နားလည် ပေးလိုက်ကြပါလို့ ပြောကြားလိုက်ပါတယ်

No comments: