Art is My Life: ကျွန်တော်နှင့် ချေင်းသာ ၂

Wednesday, April 18, 2007

ကျွန်တော်နှင့် ချေင်းသာ ၂

နေကအတော် လေးမြင့်နေပြီ။ မြင့်ဆို ၁၀ ရာရီ ကျော်လာပြီကိုး။ ကျွန်တော်စက် ဘီးစီးနေရတာလဲ မောလာပြီ ဒါကြောင့် စက်ဘီးကို ငှားတဲ့ ဆီမှာ ပြန်အပ်လိုက်ပြီး ဧည့်ကြိုကို အခန်းရပြီးလားလို့ စုံစမ်းကြည့်တယ်။ အခမ်းက မရသေးဘူး။ အခမ်းရနေ အောင်စောင့် နေရင်တော့ ပင်လယ်ထဲ ဆင်းဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ၁၀ နာကျော်တာ တောင်နေက တော်တော်လေး ပြင်းနေပြီ။ ဒါကြောင့် ပင်လယ်ထဲကို ဒီတိုင်းပဲ ဆင်းခဲ့တယ်။ ပင်လယ်ထဲ ရောက်တော့ ကဲကဲသဲသဲ အော်ဟစ်ပြီး ဆော့နေတဲ့ မိန်းကလေးတွေကို တွေ့ရတယ်။ ခဏလောက်နေတော့ ရေနစ်လို့ရေနစ် လို့ ဆိုပြီး ၀ိုင်းကယ်နေကြ တာကို တွေ့လိုက်တယ်။ ဒါကြောင့် ကျွန်တော်လဲ စပ်စပ်စုစုနဲ့ သွားကြည့်လိုက်တယ်။
သူများတွေ လားလို့ အောင်းမိပါတယ် ကျွန်တော် အုပ်စုက ကောာင်မလေးတွေ။ ပြီးတော့ ရေနစ်တယ် ဆိုတဲ့ ကောာင်မလေးက ပြောလိုက်သေးတယ်။ သြော် ဘဲချောချော လေးတွေ့လို့ ဇာတ်လမ်းရလိုရ ငြား ရေနှစ်ချင်ယောင် ဆောင်လိုက်တာ လာကယ်တာက ကိုယ့်အုပ်စု ကလူတွေ ဖြစ်နေတော့ ငါပဲ ဆပ်ဆလူးစိန် ဖြစ်သွားတော့တယ်တဲ့။ အင်း သူပြောပုံအရ ဆိုရင်တော့ ရေနစ်တဲ့ သူမှာ အပြစ်မရှိဘူး ကယ်မိသူတွေရဲ့ အမှားတာ ဖြစ်ပါတော့တယ်။
အဲလိုရေကစား နေတုန်း ကမ်းခြေမှာ ဈေးလာရောင်းတဲ့ ဈေးသည်တွေကိုလဲ တွေ့ရပါတယ်။ သူ့တို့ကတော့ ငါးကင် ပုစွန်ကင် ရောင်းတဲ့ ဈေးသည်တွေပါ။ သူတို့ တွေကတော့ ထုံစံအတိုင်း ပုစွန်ကင် တစ်ကင်ကို ၁၀၀ လို့ပြောရောင်း ပါတယ်။ ဆစ်ရင်တော့ ငါးဆယ်နဲ့ ပေးပါတယ်။ ငါးကင်ကတော့ အရွယ်အကြီး အသေးပေါ် မူတည်ပြီး ၃၀၀ ကနေ ငါးရာ လောက်ထိ ရောင်းကြပါတယ်။ ရန်ကုန် ဘီယာဆိုင် တွေမှာ ၈၀၀ လောက်ရောင်းတဲ့ အကောင်ကို သူတို့ရောင်းတာ ၄၀၀ လောက်ပဲရှိပါတယ်။ ဒါပေမယ့် တလားဗီးယားနဲ့ ပင်လယ်ငါး အမျိုးစာချင်းတော့ မတူသလို ကင်တဲ့ပုံချင်းလဲ မတူဘူးပေါ့။ လာရောင်းတဲ့ ငါးကင် ပုစွန်ကင်တွေက စောစောက ဟိုတယ်ဝန်ထမ်း ပြောသလို တချို့ ဟာတွေက မကျက်တကျက် ဖြစ်သလို ကင်ထားတာကို တွေ့ရပါတယ်။ ထုံးစံတစ်ခုက ပိုက်ဆံမပါလဲ ရောင်းပါတယ်။ ကမ်းခြေမှာရှိတဲ့ ဘောကွင်း ငှားခြင်း အုန်းရည်သောက် ခြင်း ငါးကင်ပုစွန်ကင်စား ခြင်းအားလုံး ပိုက်ဆံမပါပဲ ငှားလို့ စားလို့ရပါတယ်။ ပြီးမှ သူတို့က တည်းတဲ့ဟိုတယ် အခန်းကို လိုက်ပြီး ပိုက်ဆံယူကြတပါ။ စီးပြီးသား ဘောကွင်းကိုလဲ ပြန်အပ် စရာမလိုပါဘူး ကမ်းခြေမှာ ပစ်ထားခဲ့လဲ သူတို့တံဆိပ်နဲ့ သူတို့လိုက်သိမ်း ကြပါတယ်။ အဲဒီမှာ ပြသနာက ဘာရှိသလဲဆိုတော့ ဒီအဖွဲ့က ဘောကွင်း သုံးကွင်းငှားတယ် ဆိုရင် တခါတရံမှာ လေးကွင်းငှားတယ် ငါးကွင်းငှားတယ် ဆိုတာမျိုးတွေ လုံးဝမငှားပေမယ့် အခန်းကို ပိုက်ဆံလာတောင်း တမျိုးတွေ ကြုံရပါတယ်။ ဒါကသူတို့ကအကြံ ဖန်လုပ်ပြီး လာတောင်းတာ ဖြစ်နိုင်သလို အကျင့်မကောင်းတဲ့ လူတွေက အခန်းနံပါတ် လိမ်ပြောပြီး ငှားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။
အဲလို ဘောကွင်းငှားတာ တို့စက်ဘီးငှားတို့က သာမန်အားဖြင့် ကြည့်ရင် ဘာမှမဟုတ်လောက် ဘူးထင်ပေမယ့် ၀င်ငွေက မဆိုးဘူးဗျ။ ၀င်ငွေ မဆိုးသလို ပေးရတဲ့ အခွန်ကမနည်းဘူး။ ဘောကွင်း ငှားခြင်းလုပ် ငန်းဆိုရင် တစ်နှစ်ကို ငါးသိန်းပေးရတယ် လို့သိရတယ်။ ငါးသိန်းဆိုတာက အကွက် တစ်ကွက်ကို ပြောတာပါ။ အကွက်တစ်ကွက်ကို မီတာ တစ်ရာလောက်တော့ ရှိမယ်ထင်ပါတယ်။ ကိုရထားတဲ့ အကွက်တွင်းမှာ ဘောကွင်းငှား ခြင်းလုပ်ငန်းကို သူများလာလုပ်လို့ မရသလို သူများအကွက်မှာ လဲကိုသွားလုပ်လို့မရပါဘူး။ ဘောကွင်း တစ်ကွင်းကို တစ်ထောင်လောက် ပေးဝယ်ရပါတယ်တဲ့ ။ တစ်ကွင်းကို တစ်ခါငှားရင် သုံးရာ ယူပါတယ်။ တစ်ရက်ကို အနည်းဆုံး ခြောက်ထောင်ကနေ နှစ်သောင်း ကျော်လောက်ထိ ပြန်ဝင်ပါတယ်တဲ့။
စက်ဘီငှားတာလဲ အဲလိုပါပဲ။ ဒါပေမယ့် စက်ဘီးက ကမ်းခြေစီနှင်းခွင့် လိုင်စင်ဝင်ရပါသေးတယ်။ စက်ဘီတစ်စီးကို လိုင်စင်ဝင်ရင် သုံးသောင်းကျပ် ပေးရပြီး နှစ်စဉ်ကြေးကတော့ ခုနှစ်ထောင်ကျပ် ဆောင်ရပါတယ်တဲ့။ စက်ဘီးတစ်စီးရဲ့ တန်ဖိုးကတော့ တစ်စီးကို ခုသောင်းသောင်းကနေ တစ်သိန်းခွဲလောက်ထိ တန်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ၀င်ငွေကတော့ စက်ဘီးအရေတွက် များရင်များသလို ကွာခြားကြပါတယ်။ စက်ဘီကတော့ တစ်ယောက်နင်း တစ်ဘီးကို တစ်နာရီ ငါးရာ၊ နှစ်ယောက်နင်း ဘီးကို တစ်ထောင်ယူပါတယ်။
ကျွန်တော်ရေထဲက တက်တော့ မနက်၁၁နာရီ ကျော်နေပါပြီ။ ဟိုတယ်ကို ပြန်ရောက်တော့ ကျွန်တော်တို့ နေမဲ့ အခန်းက မရသေးပါဘူးတဲ့။ ပထမ ဧည့်သည်ကလဲ ကြည့်ရတာ ၁၂ နာရီအထိ တန်အောင်နေမလို့ လားမသိပါဘူး။ အဲဒီတော့ ကျွန်တော်လဲ အခန်းရပြီးသား လူတွေရဲ့ အဆေင်မှာ ရေချိုးပါတယ်။ ရေချိုးပြီးတော့ အ၀တ်စားလှဲမလို့ ကြည့်လိုက်တော့....။
သေပါပြီ။ ထုံးစံအတိုင်း ဖြစ်လာရင် အရာရာနဲ့ အကြောင်းကြောင်း။ ပါလာတဲ့ အ၀တ်က နှစ်စုံထဲ ပိုဆိုးတာက မလျှော်ရသေးတဲ့ အ၀တ်တွေ။ ဆရာ လုပ်ချင်တဲ့ အကြိုးဆက်ခံ ဦးပေါ့။ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော်က အ၀တ်တွေကို ကိုယ်တိုင် မထည့်ပဲ။ ကျွန်တော့တို့ထဲက လူနိုင်တစ်ယောက် ကို ငါ့သေတ္တာထောင့်မှာ ပုံထားတဲ့ အ၀တ်တွေ ထည့်လိုက်ဆိုပြီး ပြောလိုက်မိပါတယ်။ တကယ်ပဲ မှားတာလား တမင် ပညာပြတာ လားတော့့ မသိဘူးဗျာ။ သေတ္တာထောင့်ပါဆို အခန်းထေင့်မှာ လျှော်မလို့ပုံထားတဲ့ အ၀တ်တွေ ကောက်ထည့်လာတယ်။ သြော် တော်တော်ကံ ဆိုးတဲ့ငါပေပဲ။ ချောင်းသာရယ် ငါရယ် မလျှော်ရသေးတဲ့ အ၀တ်တွေရယ်တော့ တွေ့ကြပြီပေါ့လေ။

1 comment:

Anonymous said...

စိတ်ဝင်တစားဖတ်နေတယ် ။ ဆက်ရေးပါဦး ။ ဟီဟီ ဗမာပြည်မှာ ရေနစ်တယ်ဆိုပြီး ဇာတ်လမ်းဖေါ်ကြသတဲ့လား စိတ်ဝင်စားစရာပဲ ။