Art is My Life: ဆန္ဒ

Monday, April 16, 2007

ဆန္ဒ

ငါငိုတယ် မျက်ရည်မကျဘူး
ငါအော်တယ် အသံမထွက်ဘူး
ငါခြစ်တယ် အရာထင်ဘူး
ငါတီးတယ် အသံမမြည်ဘူး
ငါပြေးတယ် နေရာမရွေ့ဘူး
ငါစားတယ် အာသာမပြေဘူး
ငါအိပ်တယ် အိမ်မက်မမက်ဘူး
ငါလမ်းလျှေက်တယ် ခြေရာမထင်ဘူး

ငါငိုလို့သာ မျက်ရည်ကျရင် ကမ္ဘာမြေဟာ စင်္ကြာဝလာ အောက်မှာ ရေနှစ်သွားလိမ့်မယ်
ငါအော်လို့သာ အသံထွက်ရင် သိကြားမင်း ထွက်ပြေးသွား လိမ့်မယ်
ငါခြစ်လို့သာ အရာထင်ရင် ပင်လယ်ပြင်မှာ အရူးတစ်ယောက်ရဲ့ နာမည်ကိုရေးထား ချင်တယ်
ငါတီးလို့သာ အသံထွက်ရင် ကမ္ဘာမြေကို မိုးကြိုးဆိုတာ ပစ်ဖို့ မလိုအပ်တော့ဘူး
ငါပြေးလို့သာနေရာရွှေ့ရင် လူသားတွေ ဒုံးပြန်ကို မြန်သည်ထက် မြန်အောင် ကြိုးစာဖို့ မလိုတော့ဘူး
ဝိညာဉ် တစ်ကောင်စားတဲ့ ထမင်းက ဘယ်တော့မှ ၀မှာဟုတ်သလို သေဆုံး နေသူ တစ်ယောက် ရဲ့ ဘ၀ထဲကို ဘယ်အိမ်မက် မှ လာချင်ကြမှာ မဟုတ်ပါဘူး
ငါဟာ သေနေတဲ့ ၀ိညာဉ်တစ်ကောင်လေ ဘယ်လိုလုပ် ခြေရာကျန်မှာလဲ

No comments: