Art is My Life: ကမ္ဘာမြေကမေးသော မေးခွန်းသုံးခု

Monday, April 16, 2007

ကမ္ဘာမြေကမေးသော မေးခွန်းသုံးခု

ကမ္ဘာမြေသည် လူသာများ အပေါ် ချစ်ခြင်းလဲမှရှိ မုန်းချင်းလဲ မရှိ သလို မြတ်နိုးခြင်းလဲမရှိပါ။ ဖာသိဖာသာ နေလေ့ရှိသည်။ ကမ္ဘာမြေသည် လူသားတို့ အပေါ်ကို ဆုံးမခြင်း ဆုချခြင်း ဒါဏ်ခတ်ခြင်း အလျှင်းမရှိပါ။
ကမ္ဘာမြေသည် ရွှေဥဥပေးတဲ့ ငန်းတစ်ကောင်နဲ့ တူပါ၏။ သူ့ကိုဒါဏ်ရာတွေ ရအောင်လုပ်ထားရင်တော့ ဥဥပေးနိုင်မည် မဟုတ်ပါ။ ကောင်းကောင်း ပြုစုလျှင်လူသား တို့အတွက် ဥများစွာကို ဥပေးပါသည်။ တခါတည်း အပြီးသတ်စား ချင်ရင်လဲရပါသည်။ သို့သော် နောက်ထပ် ရွှေဥပေးနိုင်တော့ မည်မဟုတ်ပါ။
လူသားတို့သည် ကမ္ဘာမြေပေါ်ကို ဖက်တွယ်ကြ၏။ ကမ္ဘာကြီးပေါတွင် အသက်ရှင် နေထိုင်ကြသည်။ သေဆုံးသွားကြသည်။
ကမ္ဘမြေကြီးသည် လူသားတို့ကို ဂရုမစိုက်ပါ။ သို့ရာတွင် ကမ္ဘာမြေကြီးသည် သူထံတွင် ခေတ္တတည်းခိုရန် လာရောက်သူများကို မေးခွန်း သုံးခုမေးလေ့ရှိသည်။
ယင်းမေးခွန်းသုံးခုထဲမှ
ပထမမေးခွန်း အတွက် အဖြေကို ရွေးချယ်ခွင့်မရှိကြပါ။
ဒုတိယမေးခွန်း၏ ဖြေကို လူသားတို့ မသိကြပါ။
တတိယ မေးခွန်း၏ အဖြေကိုကား လူသားတို့ စိတ်တိုင်ကျ ရွှေးချယ် ဖြေဆိုခွင့်ရှိပါသည်

မေးခွန်းနံပါတ်တစ် ဘယ်တုန်းကရောက်သလဲ
မေးခွန်းနံပါတ်နှစ် ဘယ်တော့ပြန်မလဲ
မေးခွန်းနံပါတ်သုံး ဘာအတွက် လာတာလဲ




1 comment:

Anonymous said...

ဒီဟာလေးကြိုက်တယ် ။ အစ်မဘာသာလည်း အဲလို မေးခွန်းတွေ အမြဲစဉ်းစားဘူးတယ် ။ အဖြေမရဘဲ ရူးကြောင်ကြောင်ဖြစ်မှာစိုးလို့ ဆက်မစဉ်းစားတော့ဘူး ။