Art is My Life: ဖိုးသူတော်နှင့် လိုတိုဗျူး

Sunday, November 15, 2009

ဖိုးသူတော်နှင့် လိုတိုဗျူး

ဗလာဂေါက် ဖိုးသူတော် ဖြေသည်



ကျွန်တော်တို့ ဘလော့ဂ်ဖတ် ပရိတ်သတ်ကြီးအတွက် ဖိုးသူတော်ကို မြေနီကုန်းက ဘီယာဆိုင်မှ ခဏတွေ့ဆုံခိုက် ဗျူးထားသမျှကို တင်ပြလိုက်ရပါတယ်။

ဂေါက်။ ။ ကိုဖိုးသူတော်ခင်ဗျား ကိုဖိုးသူတော်ဆိုတဲ့ နာမည်ကို ဘာဖြစ်လို့ ပေးထားတာတုန်း
သူတော်။ ။ ဒါက Just Normal ပါ။ ရိုးရှင်းပါတယ်။ အီစွတ်ပုံပြင်ထဲက သိုးယောင်ဆောင်တဲ့ ၀ံပုလွေဆိုတာ ခင်ဗျားလဲကြားဖူးမှာပေါ့။ မကောင်းတာတွေလုပ်ဖို့ရာအတွက် သိုးအရေခြုံသလို ဒီနာမည်ကို ဖိုးသူတော်လို့ ပေးထားတာပေါ့ဗျာ။

ဂေါက်။ ။ ကိုသူတော်က ရန်ကုန် လေဆိပ်မှာ အလုပ်လုပ်တယ်လို့သိရပါတယ် ဘာအဆင့်လဲခင်ဗျာ
သူတော်။ ။ ကျွန်တော်က S.A.E ပါ

ဂေါက်။ ။ သာမာန်စာဖတ်ပရိတ်သတ်တွေနားလည်နိုင်အောင် S.A.E ရဲ့ အရှည်ကောက်လေးကို ရှင်းလင်းပေးပါဘူး။
သူတော်။ ။ သိပ်အထင်မကြီးပါနဲ့ ဒါလဲ Just Normal ပါ။ သောက်သုံးမကျတဲ့ အရူး အဂျီနီယာလို့ အဓိပွါယ်ရပါတယ်။

ဂေါက်။ ။ ကိုသူတော် B.Tech စာမေးပွဲ ဖြေသေးတယ်လို့လဲ ကြားရပါတယ်။ အခုအောင်စာရင်း ထွက်သွားပြီဆိုတော့ ကိုသူတော်ရဲ့ စာမေးပွဲ Result လေးကိုလဲ ပြောပါဦး
သူတော်။ ။ ကျွန်တော်ကျပါတယ်

ဂေါက်။ ။ ဒီလောက် ဖြေရလွယ်တဲ့ခေတ်ကြီးမှာ ကိုသူတော် ဘယ်လိုဖြစ်ပြီးကျတာတုန်း
သူတော်။ ။ ဖြေရမယ်ဆိုရင်တော့ သိပ်ရှည်ဝေးပါတယ်။ ကျွန်တော်က စာမေးပွဲခန်းထဲမှာ စာခိုးချမလို့ ကော်ပီလေးကို ထုတ်လိုက်ပါတယ်။ အဲဒီမှာ အခန်းစောင့် ဆရာမက တွေ့သွားပြီး ကော်ပီစာရွက်ကို ဆွဲယူပါတယ်။ (ဆရာမဆိုပေမယ့်လဲ ကျွန်တော်နဲ့ ရွယ်တူလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ခဏဏ ကျနေလို့ အခုမှ B.Tech ပဲရှိသေးတာ။ သူတို့ကကျောင်းပြီးလို့ ကျူတာ ပြန်လုပ်တဲ့ ဆရာမဆိုပါတော့) ကျွန်တော် ဒါလေး ခိုးချမှ စာမေးပွဲအောင်မှာလေ။ အဲဒါလေး(ကော်ပီစာရွက်) မရှိတော့ရင်ဘယ်လို စာမေးပွဲဆက်ဖြေမှာတုန်း အဲဒါနဲ့ ဆရာမရယ် မဖမ်းပါနဲ့ ဆိုပြီး တောင်းပန်တာ။ သူ့လက်ကို ဆွဲသလိုဖြစ်သွားတော့ စာမွေးပွဲခန်းထဲမှာ ဆွဲလားရမ်းလား လုပ်ပါတယ်ဆိုပြီး ပါချုပ်ရုံးခန်း သွားတိုင်လို့ စာမေးပွဲကျရတာပါ။ တကယ်ဆိုရင် အဲဒီနေ့က ကျွန်တော်ယူသွားတဲ့ ကော်ပီနဲ့ မေးခွန်းနဲ့က ဒဲ့ပဲဗျ

ဂေါက်။ ။ ကျေဇူးတင်ပါတယ် ကိုသူတော်၊ ခင်ဗျားကို တခြား ဘလော့ဂ်ကာတွေက ဆရာကြီးဆရာကြီးနဲ့ ခေါ်နေကြတယ်။ ဘာဖြစ်လို့တုန်းဗျ။
သူတော်။ ။ ဟက်ဟက် ဒါလဲ Just Normal ပါပဲ။ မြန်မာစကားပုံရှိပါတယ် ခင်ဗျားလဲ ကြားဖူးပါလိမ့်မယ်။ ဆရာဆိုတာ တပည့်မရှား တပြားမရှိ ဆိုတာ။ ကျုပ်က အဲဘား နားကားနေလေ။ သုံးစရာ ပိုက်ဆံ တစ်ပြားမှ မရှိဘူး။ တပြားမရှိကို ပြောင်းပြန်လှန်တော့ တပည့်မရှာဆိုပါတော့ဗျာ။ တပည့်မရှားမရှားမှတော့ ဆရာကြီးဖြစ်ဖူးဘူးပေါ့။ အခုတောင် နားကားနေတယ် အင်တာဗျူးပြီးရင် ဘီယာဖိုးလေး ရှင်းသွားဦး

အခုလို ဖြေကြားပေးတဲ့ ကိုဖိုးသူတော်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နောက်အပတ်တွေမှာ ဘယ်သူနဲ့တွေ့ဆုံဦးမလဲဆိုတာလဲ စောင့်မျှော်ကြပါဦးလို့ ပြောကြားရင်း ဖိုးသူတော်နှင့် လိုတိုဗျူး အစီစဉ်ကို ဒီမှာပဲ ရပ်နားပါရစေ

10 comments:

khin oo may said...

ဘာလာဂေါက်မေးရွေ့

မေးတစ်လုံးပြုတ်နေသလားလို့

MieMie said...

ရန်ကုန်လေဆိပ်မှာ အလုပ်လုပ်တယ်ဆိုလို့ ရန်ကုန်ပြန်လာရင် အဆင်ပြေမယ်ထင်ပြီး အကောင်းအောက်မေ့လို့ ...း)

စိုးဇေယျထွန်း said...

MieMie သူက လေဆိပ်မှာ တကယ်လုပ်တာပါ ။ လေဆိပ်က အငယ်တန်း အကျီနီယာပါ။ ဦးတေဇက သူ့ကို လေယဉ်နှစ်စီး ပေးထားတယ်။ ဖုန်သုတ်ဖို့တဲ့လေ :P

ရန်အောင် said...

စောက်ရူးမေး စောက်ပေါဖြေပေါ့ ဟားဟားဟား

phoethutaw said...

ရန်အောင် ကွန့်မန့် ဆိုးလှချည်လား။ စိုးဇေယျ လုပ်ချင်တာ လျှောက်လုပ်တာကို ဘာဖြစ်လို့ ရေးတာတုန်း။

MieMie said...

ဟား ဟား ဟား ... လူဂျီးတွေကို တော်တော် နောက်

MieMie said...

ဒီဘလော့လာရင် ရေချိုးတာ သတိရမိတယ်... အခုရော ရေလာ မီးလာ ပြီလားဗျို့ ...

စိုးဇေယျထွန်း said...

လာဒယ်

စိုးဇေယျထွန်း said...

လာဒယ်

ourstream said...

ကိုသူတော့် အဖြေကို သဘောကျတယ်...။

There was an error in this gadget