Art is My Life: လရောင်နမ်းမှပွင့်တဲ့ပန်း

Tuesday, November 24, 2009

လရောင်နမ်းမှပွင့်တဲ့ပန်း

သော်တာ ….
လူတွေက ပြောကြလိမ့်မယ်
လတစ်စင်းဟာ နေတစ်စင်းလောက်အရေးမကြီးဘူးတဲ့

သော်တာ…..
ကုမုဒ္ဒြာကြာပန်းလေးတစ်ပွင့် အတွက်တော့
လတစ်စင်းက အရေးကြီးပါတယ်

သော်တာ …..
တကယ်တော့ အချစ်ဆိုတာ
ရင်ဘတ်ထဲက ကြာပန်းလေးတစ်ပွင့်ပါ

သော်တာ ……
အချစ်ပန်းလေးဖူးပွင့်စေဖို့
နှလုံးသားထဲမှာ ထာဝရထွန်းလင်းပေးပါ

2 comments:

BEACH said...

ဘယ်ဆရာမကို သွားကြိုက်ပြန်ပြီလဲ။

Full said...

လ.. ကို ၀ ဆွဲ လို့ နောက်ပြစ်ရင်း လွှဲ ခဲ့ ရင်..။ ဘ၀ဟာ.. အစထဲက အခြောက်ဖြစ်ပြီး ပြဲ တဲ့ မစင်..။ က.. ကို ၀.. ပူးကြီး.. ဆွဲ.. လို့ ဟက်တက်ကြီး ကွဲ ခဲ့ ချင်.... :P