ဒို့တိုင်းဌာနီ အမည်ရတဲ့ စာအုပ်လေးကို ကျွန်တော်ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ ကိုလိုနီခေတ် နောက်ခံ ဇာတ်လမ်းတစ် ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ဟာ မြန်မာ့လွတ်လမ်း ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကြိတ် ထဲမှရဲဘော် ရဲဘော်တစ်ဦး အဖြစ် ဖန်တီး အသက်သွင်း ထားခြင်းဖြစ်ပါတယ်။
ဒီဝတ္ထုကို စာရေးဆရာကြီး မဟာဆွေ၏ သမီး စာရေးဆရာမ ခင်ဆွေးဦးက ရေးသားခဲ့ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ စာပိုဒ်လေးကတော့ ဒီဝတ္ထုဇာတ်လမ်းရဲ့ ဇာတ်ကောင် ကိုသူရ ရဲ့ မှတ်စု စာအုပ်အတွင်းမှ စာသားလေးများ ဖြစ်ပါတယ်။ ဤစာ သာလေးကို ကြည့်ခြင်းအားဖြင့် ကိုလိုခေတ်တွင် မြန်မာလူမျိုးတို့ နှိမ့်ကျခဲ့ရပုံကို တွေ့ရှိခံစားနိုင်ပါသည်။

လွပ်လပ်ရေး တိုက်ပွဲ
- လူတိုင်း၌ ညီမျှသော အခွင့်တရားရှိသင့်သည်
- လူတစ်မျိုးက လူတစ်မျိုးကို အုပ်ချုပ်ရန် အလိုမရှိ
သွေးနှင့်လဲရသည်
- လွပ်လပ်ရေးကား သွေးနှင့်လဲယူရသော အလုပ်ဖြစ်၏
- ရာထူးလခနှင့်လဲယူခြင်းသည် လွတ်လပ်ရေး အစစ်မဟုတ်
- သို့ဖြစ်လျှင် လူယုတ်မာများကို သုတ်သင်ရဲသော အာဇာနည်များ အဘယ့်ကြောင့် မပေါ်ထွက်သေးသနည်း
တွေးကြည့်ပါ
- မိတ်ဆွေ . . . အဆွေသည် မြန်မာလူမျိုးဖြစ်ပါသည်
- မော်တော်ကားကြီးစီး တိုက်တာကြီးနှင့် စည်းစိပ်ယစ်နေသောအခါ အမိုးမလုံး သားသမီးတစ်ပြုံကြီးနှင့် တဲကုတ်လေးတွင် ငတ်ပြတ် ခွေလှဲနေသော မြန်မာများကို တွေးကြည့်ပါ
အလိုရှိသည်
- (ဗလနံ) မဟုတ်သော လူမိုက်အလိုရှိသည်။ အလုပ် လုပ်လိုသူများ မည်သည့်နေရာမှ လျှောက်ထားဖို့မလို။
အပြည့်အစုံ ဖတ်လိုပါက တို့တိုင်းဌာနီ အမည်ရ စာအုပ်လေးကို ဒီနေရာမှာ ယူလိုက်ပါ
2 comments:
Quotable Quotes လို့ မြင်ပါတယ်။ ကျေးဇူး..
link များ အားလုံးက download လုပ်မရပါ။ ကျေးဇူးပြုပြီး လုပ်လို့ရမဲ့နည်းလေး ပြောပြပါ။
Post a Comment