Art is My Life: ဘလော့ဂ် ဆင်မနာ အောင်မြင်စွာ ကျင်းပပြီးစီး

Sunday, September 02, 2007

ဘလော့ဂ် ဆင်မနာ အောင်မြင်စွာ ကျင်းပပြီးစီး




ဒီနေ့ ရန်ကုန်မြို့ မြန်မာအင်ဖိုတက် မှာကျင်းပတဲ့ Why Do We Blog ဆင်မနာကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

အစက ဒီဆင်မနာကို လာတက်မဲ့ လူတွေဟာ လူငယ်တွေပဲ ဖြစ်မယ်လို့ ထင်ထားမိပေမယ့် ပညာအသိုင်းဝိုင်းက ပါမောက္ခတွေ စာပေနယ် နဲ့ အနုပညာ နယ်အသီးသီးက အောင်မြင်ကြော်ကြားသူများ အပါဝင် အသက်ကြီးပိုင်း လူများလည်း စိတ်ဝင်တစား လာရောက်ကြတာကို တွေ့မြင်ရပါတယ်။

လာတဲ့ လူတွေကတော့ မြန်မာအင်ဖိုတက်ရဲ့ မိန်းဟောခန်းမကြီးမှာ ထိုင်ခုံသစ်တွေ ထပ်ထည့်ပေးတာတောင် နေရာမရလို့ မတ်ရပ် နားလေထာင်တဲ့ လူတွေရှိတဲ့ အထိ ခန်းလုံးပြည့်လျှံ သွားပါတယ်။ တက်ရောက် အားလုံးပေါင်းလိုက်ရင် လူခြောက်ရာ ကျော်သွားပါတယ်။

ဘလော့ဂ်မှာ ရင်းနှီးပြီးသား ဘလော့ဂ်ကာတွေ အဲဒီပွဲမှာ တွေ့ဆုံခွင့်ရတဲ့ ၀မ်းသာမိပါတယ်။

နောင်ကိုလည်း မြန်မာဘလော့ဂ်ကာ ဆင်မနာကို အလျှင်းသင့်လျှင် သင့်သလို ဆက်လက်ကျင်းပ သွားပါမယ်။ ဘလော့ဂ်ကာတွေ ဆင်မနာပြီးရင် ဘာလုပ်ကြမလဲ လို့မေးရင်တော့ ကျွန်တော်တို့ လုပ်စရာကျန်သေးတဲ့ စာအုပ်ကိစ္စကို အပြီးသတ်လုပ်သွားပါမယ်။

လွန်တယ်လို့ တော့ပြောကြမလားတော့ မသိဘူး။ သင်္ကြန်ရောက်ရင်လည်း မြန်မာဘလော့ဂ်ကာ ရေကစား မဏ္ဍပ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆင်မနာနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာချင်တယ် ဆိုရင်တော့
ဒီနေရာလေးကို ကလစ်ခေါက်လိုက်ပါနော် . . . .

2 comments:

ယူဆဂိ said...

တကယ်ကို အောင်မြင်တဲ့ ပွဲလေးပါဘဲ..
ကိုယ်တွေ့ ကိုယ်တွေ့..
နောင်များမှာလည်း ဒီလိုအောင်မြင်တဲ့ပွဲများစွားကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

အမှတ်တရ
ယူဆဂိ

စိုးဇေယျထွန်း said...

အင်း ကျေးဇူးပါ ယူဆာကီး