- `` Boxing ကိုသင်တာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး၊ အင်္ဂလိပ်ကို ကြိုးဝိုင်းထဲမှာ တရားဝင် အလှဲထိုးဖို့
- အနောက်တိုင်း ၀တ်စုံ ၀တ်တာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး မင်းတို့ ၀တ်တတ်သလို ငါတို့လဲ ၀တ်တတ်တယ်ဆိုတာ ပြဖို့
- ဇွန်းခက်ရင်းနဲ့စားတာ အင်္ဂလိပ်ကို အထင်ကြီးလို့ မဟုတ်ဘူး မင်းတို့လို ငါတို့လဲ စားတတ်တယ်ဆိုတာ ပြဖို့
- အင်္ဂလိပ်ကို အင်္ဂလိပ်လို ဆဲဖို့ဆိုရင် အင်္ဂလိပ်စာ တတ်ဖို့လိုတယ် ´´
source The Yangon Times Journal( နှစ်(၆၀) တိုင် မမေ့နိုင် ကျောက်စာတိုင်ပမာ မြန်မာ့သမိုင်းစာမျက်နှာ ) ဆောင်းပါမှ
အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ စကားကို ပြန်ကောက် ကြည့်ရင် အင်္ဂလိပ်ကို အထင်ကြီးကြီး မကြီးကြီး အင်္ဂလိပ်ကို ပုခုံးချင်း ယှဉ်ဖို့ အင်္ဂစာကို တတ်ဖို့ လိုတယ်ဆိုတာကို ထင်ရှားပေါ်လွင်ပါတယ်။
အခုခေတ်မှာလည်း ထိုနည်းလည်း ကောင်းပါပဲ။ ကျွန်တော်တို့ မြန်မာလူ ငယ်တွေအနေနဲ့ နိုင်ငံတကာ နဲ့ရင်ဘောင်တန်း ဖို့ဆိုရင် အနည်းဆုံးတော့ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်တဲ့ အင်္ဂလိပ်စာကိုတော့ တတ်ဖို့လိုပါတယ်။
သင်ဟာ အင်္ဂစာကို လေ့လာနေသူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မြန်မာ ဘလော့ဂ်ကာ တစ်ဦး ဖန်တီးထားတဲ့ Unisonity အမည်ရတဲ့ ဆိုဒ်လေးမှာ သွားရောက် လေ့လာနိုင်ပါတယ်။ အဲဒီ ဆိုဒ်လေးဟာ အင်္ဂလိပ်စာကို လေ့လာ လိုက်စား လိုသူများ အတွက် ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ မြန်မာလို ဘာသာပြန် ရှင်းပြပေးထားပါတယ်။ သင့်အတွက် အထောက် အကူ ဖြစ်မှာ သေချာပါတယ်။
တကယ်လို့ သင်ဟာ အင်္ဂလိပ် စာကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် လည်း ဒီဆိုဒ်ရဲ့ အားနည်းချက်လေး တွေကို ပြင်ပေးခြင်း၊ အကြံပေးခြင်း၊ အီးစာအုပ်များ သင်ထောက်ကူပြု အော်ဒီယို ဖိုင်များ ရှဲပေးခြင်း၊ အစရှိ သဖြင့် သင်ပါဝင် တတ်နိုင်သည်များကို ကူညီခြင်းဖြင့် နိုင်ငံတကာကို ရင်ဘောင်တန်းဖို့ အင်္ဂလိပ်စာကို လေ့လာ သင်ယူကြမည့် လူငယ်များကို ကူညီရာရောက်ပါသည်။
သို့ဖြစ်သောကြောင့် ကျွန်တော့်ဘလော့ဂ်ကို တမင်တကာ လာလည်သူပဲ ဖြစ်ဖြစ် မျက်စိလည်၍ ရောက်လာသူပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းနဲ့ ရောက်လာခဲ့သည် ဖြစ်စေ ဒီနေရာလေးကို နှိပ်ပြီး အင်္ဂလိပ်စာ သင်ထောက်ကူပြု ဆိုက်လေးကို လေ့လာပြီး လိုအပ်သည့် အကြံဥာဏ်များ ပေးစေလိုပါသည်။
ဆက်သွယ်ရန် mg.equanimity@gmail.com
No comments:
Post a Comment