Art is My Life: မြွေပွေးသားပေါက် ၃

Wednesday, July 29, 2009

မြွေပွေးသားပေါက် ၃

ခြောက်လက္မသာရှည်တဲ့ လျှာတစ်ချောင်းက ခြောက်ပေရှည်တဲ့ လူတစ်ယောက်ရဲ့ အသက်ကို သေစေနိုင်တယ်။ (ဂျပန်စကားပုံ)

အဲဒီလျှာတစ်ချောင်းကြောင့် နားလည်မှုတွေလွှဲပြီး သူငယ်ချင်းတွေ ဆုံးရှုံးသွားခဲ့ရဖူးတယ်။ တစ်ခါတစ်လေတော့လဲ အဲဒီလျှာကို ဖြတ်ပစ်ချင်လောက်အောင် ကိုယ့်စကားကိုယ် နောင်တရခဲ့ဖူးတယ်။ တစ်ခါတစ်လေမှာ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လူတွေ ပျော်ရွှင်သွားခဲ့တာ တွေ့ဖူးပါတယ်။ ဒါပေမယ့် စကားကြောင့် ကောင်းကြိုးရလဒ်တွေရတဲ့အခါမှာ လျှာကြောင့်လို့ မတွေးမိပဲ စကားကြောင့် အမှားတွေရတဲ့အခါကျမှ ဘာဖြစ်လို့ လူတွေက လျှာကို အပြစ်ပုံချချင်ရတာလဲ။

အင်းလေ လျှာဆိုတာ ကားမဟုတ်တော့လည်း စိတ်ရဲ့ အနှိပ်အမြှင့် အတက်အကျတွေမှာ ဘယ်လိုလုပ်ပြီး ဘရိတ်အုပ်နိုင်မှာလဲ။

1 comment:

စန္ဒကူး said...

ဟုတ်ပါတယ်.. လျှာသွားက ဓားသွားထက် ထက်တယ်လို့ ကျမ်းစာထဲမှာတောင်ရေးထားသေးတယ်..