Art is My Life: လွမ်းကဗျာ

Saturday, July 25, 2009

လွမ်းကဗျာ

နင်မရှိတဲ့မိုးရာသီဟာ
ငါ့ရင်ဘတ်ပေါ်ကို အလွမ်းတွေတ၀ုန်းဝုန်းရွာချတယ်

အလွမ်းတွေရွာချလို့
တိုးလျှိုပေါက်သွားတဲ့ နှလုံးသားကို
အလွမ်းကဗျာတွေနဲ့ ဖာထေးလို့မရနိုင်တော့ဘူးဆိုတာ
သိလိုက်ရချိန်မှာတော့
နင်က ဟိုးအဝေးမှာ ......

တကယ်တော့
အလွမ်းကဗျာဆိုတာ အတောင်ပံမပါတော့လည်း
နင့်ဆီရောက်အောင်တော့ ဘယ်ပျံနိုင်မှာလဲလေ


အလွမ်းကဗျာတွေ မပျံနိုင်ပေမယ့်
နင်ပြန်လာတဲ့တစ်နေ့မှာ ဒီကဗျာတွေ့ရင်
ငါဘယ်လောက်လွမ်းခဲ့ဆိုတာ
နင်သိမှာပါ

စိုးဇေယျထွန်း

5 comments:

MANORHARY said...

လွမ်းကဗျာတဲ့
ကဗျာလေးက လွမ်းစရာ...
ပြန်မလာခဲ့ရင်ရောကွယ်..း)

Moe Hlaing Nya said...

ကိုစိုးကြီး လွမ်းလှချည်လားဗျ
မိုးရွာတိုင်းလွမ်းနေရင် နှလုံးသားတွေ
ရေနစ်နေကုန်လိမ့်မယ်ဗျ...

MieMie said...

ဒီမှာတော့ နွေရော ဆောင်းရော မိုးရွာပါ့

mie nge

YeAungThu said...

လွမ်း လွန့် လွန်း လို့
လွမ်း တေး ကို သီ
လွမ်း ရ ပါ လည်း
လွမ်း သ မျှ ပာာ
လွမ်း ည မှာ ပဲ
လွမ်း မိုး တွေ ရွာ
လွမ်း လု လင် လည်း
လွမ်း ရိပ် တွေ ဝေ
လွမ်း စေ တော့ လေ ...

Unknown said...

လွမ်းပြီးဆွေးခဲ့ တယ်ဆိုပါတော့..........လွမ်းရင်နဲ့ နွမ်းသွားမယ်နော်.......