Art is My Life: သက်မဲ့

Friday, July 10, 2009

သက်မဲ့

ရိုးရာအလိုက်ကျစ်ကျစ်ပါအောင်စွဲမှတ်ထားတဲ့
တစ်ဖက်သတ်အချစ်တွေက
ဟိုတစ်စ ဒီတစ်စ
စုလိုက်တော့ခက်မလေးဖြာ
အုပ်ဆိုင်းရင့်မာလာပေမယ့်
ခုခံအားကျဆင်းစပြုနေတဲ့မျှော်လင့်ချက်တွေပေါ်
ထိုးကျလာတဲ့လောင်းရိပ်ကလည်း
နေလောင်ကွက်တွေလိုပဲ
အညိုအမွဲတွေစွဲထင်စေခဲ့

သူ့ရဲ့တုံ့ပြန်မှုတိုင်းဟာ ကိုယ့်အတွက်
အီဂျစ်ပြကဒိန်ဟောင်းတစ်ခုလို
ရင်ခုန်သံတွေဆယ်ရက်စာလောက်နားကြားလွဲနေစေတယ်

တောင့်တပေမယ့်
မရနိုင်တာတွေစုပုံမီးရှို့လိုက်ရင်
တောက်ပတဲ့အနာဂါတ်တွေရနိုင်လိမ့်မယ်
ဆိုပေမယ့် ကိုယ်ဟာ
မှော်ဆရာတစ်ယောက်ရဲ့လက်မှာ
ဝိညာဉ်ချုပ် လိပ်ပြာနုတ်ခံလိုက်ရတယ်။



စိုးမိုးသွင်

3 comments:

သုခုမလေဒီ said...

၁၁၁၁၁၁၁၁၁၁း) နံပါတ် တစ်မရဘူးလို့ လေး)
သက်မဲ့ ကဗျာလေး ခံစားသွားတယ်။ တကယ်ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

MANORHARY said...

who's soe moe thwin??
Soe Zeya Tun??

Beauty Studio USA Branded Store said...

စာသားတွေအားကောင်းတယ်ဗျာ။