Art is My Life: ပိုင်ဆိုင်မှုတွေဆုံးရှုံးခြင်း

Saturday, July 18, 2009

ပိုင်ဆိုင်မှုတွေဆုံးရှုံးခြင်း

ပိုင်ဆိုင်ခွင့်မရခြင်းကြောင့် ခံစားရတာထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားတဲ့အခါမှာ ပိုပြီးခံစားရတယ် ..........


ဒီလိုရယ်ပါ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော် ၂၀၀၉ ဧပြီလလောက်အထိ ရိုက်ခဲ့သမျှ ပုံတွေကို သိမ်းထားတဲ့ စီဒီအယ်ဘမ်လေး ပျောက်သွားတယ်။ ဒါရောဆိုရင် ကျွန်တော်ဒေတာတွေ ဆုံးရှုံးဖူးသွားတာ နှစ်ကြိမ်ရှိသွားပါပြီ။ ပထဆုံး အကြိမ်တုန်းကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာထဲမှာ သိမ်းထားတာပါ။ သူ့ကွန်ပျူတာကို အိမ်ပြန်ယူသွားပါတယ်။ သူ့အိမ်က လာယူတဲ့အချိန်မှာ ဒေတာတွေယူနေရင် စောင့်နေရမှာ စိုးတာကြောင့် ဒီတိုင်းပေးလိုက်ပါတယ် နောက်နေ့မှ လာယူမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်လည်းတော်တော်နဲ့ သွားမယူဖြစ်ဘူး။ သုံးလလောက်ကြာမှ သွားယူတော့ အဲဒီကွန်ပျူတာကို ဆိုင်ဘာကဖေးထဲမှာ ထည့်ထားတယ်တဲ့။ ဘယ်အလုံးလဲဆိုတော့ မမှတ်မိတော့ဘူး။ အဲဒါကြောင့် ဆိုင်ဘာကဖေးထဲမှာရှိတဲ့ ကွန်ပျူတာ ဆယ့်ငါးလုံးလောက်မှာ တစ်လုံးပြီးတစ်လုံး လိုက်ရှာကြည့်တယ် ဘယ်အလုံးမှာမှ မရှိတော့ဘူး။ Recovery လုပ်ဖို့ကျတော့လည်း ဘယ်အလုံးမှန်းမသိတော့ ခက်ပြန်တယ်။ ဒါနဲ့ပဲ အဲဒီဒေတာလေးတွေ ပလုံးသွားတယ်။ အဲဒီပလုံသွားတဲ့ထဲမှာ ရေးလက်စ တစ်ဝက်တစ်ပျက် ၀တ္တုလေးတွေ ဓာတ်ပုံတွေပါသွားပါတယ်။ အဲဒီအထဲမှာ နှမျှောဆုံးကတော့ ပလောင်ရွာမှာရိုက်ခဲ့တဲ့ ပုံလေးတွေပါ။

အခုတစ်ကြိမ်ကတော့ .....
ကွန်ပျူတာထဲမှာ ပုံတွေထည့်ပြီဆိုတာနဲ့ DVD ဘန်းထားလိုက်ပါတယ်။ ဒီတစ်ခါတော့ စနစ်ကျအောင်ဆိုပြီ စီဒီချပ်မှာ နံပါတ်တွေထိုး အဲဒီထဲမှာပါတဲ့ ပုံအမျိုးစားတွေကို သေချာရေးပြီး မှတ်ထားပါတယ်။ ပြီးတော့ စီဒီဘန်းဘန်းပြီးချင်းမှာလဲ ချက်ခြင်းမဖျက်သေးပဲ စီဒီဘန်းပြီးသားဆိုတဲ့ Folder လေးဆောက်ပြီး ထည့်ထားပါတယ်။ ဟက်ဒစ်မှာ ပုံတွေပြည့်လုပြည့်ချင် ဖြစ်နေပြီဆိုမှ စီဒီဘန်းပြီးသားလို့ နာမည်ပေးထားတဲ့ Folder ထဲကို ၀င်ပြီး အရေးမကြီးတဲ့ဟာတွေကို ဦးစားပေးပြီး ဖျက်ပါတယ်။

အဲဒီလိုနဲ့ အရင်တစ်ပတ်ကျော်က ကွန်ပျူတာကို ၀င်းဒိုးအသစ်တင်ဖို့ အကြောင်းပေါ်လာပါတယ်။ ၀င်းဒိုးတင်မယ်ဆိုတော့ စီဒီမဘန်းရသေးတာတွေကို စီဒီဘမ်းပါတယ်။ ပြီးတော့ ကွန်ပျူတာထဲက ရှိသမျှဒေတာတွေ အကုန်လုံးကို ဒလိလုပ်ပြီး ဆိုင်ပို့လိုက်ပါတယ်။ အကုန်လုံးကို ဒလိလုပ်ပြီးမှ ဆိုင်ပို့တယ်ဆိုတာကလဲ အော်ရယ်ဂျင်နယ် ဓာတ်ပုံဖိုင်တွေ မလိုအပ်ပဲ အပြင်ကို မရောက်အောင်လို့ပါ။ ဓာတ်ပုံသမားတစ်ယောက်အတွက် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ အပြင်မှာ ဘယ်လိုပဲ ပျံ့နေပါစေ ကိုယ့်ဆီမှာ အော်ရင်ဂျင်နယ် ဖိုင်ရှိနေသမျှ ကာလပတ်လုံး မူပိုင့်ခွင့်ဥပဒေရ တရားဝင်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဖျက်ပြီးမှ ပေးလိုက်တာပါ။ ရည်ရွယ်ချက်ကတော့ တခြားလူရဲ့ လက်ထဲကို အော်ရယ်ဂျင်နယ်ဖိုင် ရောက်မသွားနိုင်ပေါ့။

ကွန်ပျူတာလဲ ပြန်ရတော့ ပုံတွေပြန်ကြည့်ဖို့ရှာတာ စီဒီအယ်ဘမ်နှစ်ခုထဲက တစ်ခုပျောက်နေတယ်။ ဘယ်မှာ ဘယ်လိုပျောက်တာလဲ။ စဉ်းစားကြည့်တယ်..။ သေချာတာကတော့ ဆိုင်ဘာကဖေးဆိုင်မှာ ကျန်ခဲ့တာ ဖြစ်ဖို့များပါတယ်။ ဘယ်တုန်းက ပျောက်နေမှန်းမသိတဲ့ စီဒီအယ်ဘမ်ကို ပြန်ရဖို့ဆိုတာတော့ ပင်လယ်ထဲ အပ်ကျသလိုပဲ မျှော်လင့်ချက်လဲ မရှိတော့ပါဘူး။ တတ်သလောက်မှတ်သလောက် ပညာစွမ်းလေးနဲ့ ရီကာဘာရီ လုပ်ကြည့်တော့ ပုံတွေက သုံးမရပါဘူး အထစ်တွေ အပိုင်းတွေ အပြတ်တွေ ဖြစ်နေပါတယ်။ နားလည်တဲ့လူတွေကို မေးကြည့်တော့ ရီကာဘာရီ ခဏခဏ လုပ်ထားတဲ့ ဟက်ဒစ်ဆိုရင်တော့ ပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ ပျောက်သွားတဲ့ ပုံလေးတွေကို မျက်စိထဲပြန်မြင်ကြည့်မိရင် ရင်နာလို့ မဆုံးတာတော့ အမှန်ပါပဲ။


ပြန်ရဖို့ မဖြစ်နိုင်တော့တဲ့ ဓာတ်ပုံလေးတွေထဲက တစ်ချို့ကိုတော့ ဒီနေရာမှာ ကလစ်နှိပ်ကြည့်လို့ရပါတယ်။

4 comments:

Linn Zaw Win said...

I understand your feeling.
As for me, I usually have two copies of my important data.
One in my PC and another one in my external HD.
I am now thinking about buying file hosting account.
In that way, I can also upload and store my data.
You can also try these ways.

စန္ဒကူး said...

အကိုနှမြောသင့်ပါတယ်.. အဲလိုအဖြစ်မျိုးခဏခဏ ကြံခဲ့ဖူးလို့.. အခု ကျွန်မဆို ကိုယ့်စိတ်ကြိုက်ပုံလေးတွေ usb မှာရော.. CD မှာရေ.. online.. flickr/photobucket... အကုန်သိမ်းထားတာ.. တစ်ခုပျောက်လဲနောက်တစ်ခုပေါ့..

Nyi Nyi Myanmar said...

စိတ်မကောင်းဘူး အစ်ကိုရေ နောက်ဆိုရင်တော့ သေချာ backup လုပ်ထားနော်
ဒီ DVD ဘန်းရင်တောင် အချိန်ကြာနေအုံးမယ် external hard disk သာဝယ်ထားလိုက်တော့ အကို

Anonymous said...

အကိုစိုးဇေယျထွန်း
မဟာအံ့ထူးကံသာဆုတောင်းပြည့်စေတီတော် (သို့မဟုတ်) ပြည်ချစ်ဘုရား သမိုင်း တင်ပြီးပါပြီ။ ။

အခုလိုတောင်းဆိုမှု အတွက် အထူးကျေးဇူးတင်ပါတယ် အကိုစိုးဇေယျထွန်း။ ။

ခင်မင်စွာဖြင့်
မောင်ရွှေပြည်ဦး