Art is My Life: အဆုံးမှတ်

Tuesday, July 14, 2009

အဆုံးမှတ်

အလွမ်းရောင်ရင့်ရင့်နဲ့
ကြေကွဲပွင့်တွေအဆင့်ဆင့်ဖူးပွင့်နေလိုက်ကြပုံများ
တစ်လောကလုံးဆိတ်သုဉ်းတော့မလိုပါ။

စိတ်ကူးယဉ်လို့မဆုံးခင်
ငိုကြွေးစရာတွေပန်ဆင်ပေးခံရသူအဖို့
အနေအထိုင်ခက်ခဲ့ရတာပါ။

တစ်ခါတစ်လေတော့လည်း
ပိုးဖလံတစ်ကောင်ဖြစ်နေမှတော့
မီးပုံထဲဝင်တိုးဖို့မကြောက်ချင်တော့ဘူး
မီလျှံတွေကြားမှာတစ်ကိုယ်လုံးမီးတူး
ကိုယ့်ကိုယ်ကိုယ်လည်းသင်္ဂြိုခဲ့ဖူးတယ်။


တကယ်ဆို နှလုံးသားတောင်ထိပ်မှာ
အလံဖြူတလူတလူ လွင့်ထူနေတာတောင်
အသိမှတ်ပြု မခံရသူတစ်ယောက်အတွက်
ကံကြမ္မာရယ် နင့်မျက်စိမှောက်လွန်းပါတယ်။



စိုးမိုးသွင်

4 comments:

စည်သူ said...

တကယ်ဆို နှလုံးသားတောင်ထိပ်မှာ
အလံဖြူတလူတလူ လွင့်ထူနေတာတောင်
အသိမှတ်ပြု မခံရသူတစ်ယောက်အတွက်
ကံကြမ္မာရယ် နင့်မျက်စိမှောက်လွန်းပါတယ်။

ဟုတ်ပါ့ဗျာ....။
ခင်မင်ခြင်းနှင့်
စည်သူ။

minnthwin said...

ကျွန်တော်လဲ ပိုးဖလံတစ်ကောင်ပါ။......

Unknown said...

* ပိုးဖလံမျိုးနွယ် မီးကိုတိုး ကိုယ်ကျိုးနည်းရှာတယ်* ဆိုတဲ့သူချင်းတောင်ရှိသေးတာပဲ နောက်ဆိုဆင်ခြင်ပေါ့လေ နော် ...ဟိဟိ

လင်းကြယ်ဖြူ said...

တကယ်ဆို နှလုံးသားတောင်ထိပ်မှာ
အလံဖြူတလူတလူ လွင့်ထူနေတာတောင်
အသိမှတ်ပြု မခံရသူတစ်ယောက်...
စာသားတ္ဂေမိုက်ပါလားခင်ဗျာ..
ကဗျာဆရာတ္ဂေနဲ့ချည်းတ္ဂေ့နေရပါလားခင်ဗျာ..
ပျော်ပါစေ