သူများပြောတာ ကြားဖူးခဲ့တယ်
လွမ်းတာကို နာတာနဲ့ဖြေတယ်တဲ့
ငါကတော့ နာတာကို လွမ်းတာနဲ့ပဲဖြေတော့မယ်
တကယ်တော့ချစ်သူ . . . .
အမြဲတွေ့ကြတဲ့ နင့်နဲ့ငါ
လွမ်းဖို့တော့ မလိုလောက်ပါဘူး
ဒါပေမယ့်ချစ်သူ . . . .
တွေ့နေစဉ်ခဏမှာ
အေးစက်ခြင်းဆိုတဲ့ ဆူးချွန်တွေက
နင့်အချစ်တွေကို ဆုပ်ကိုင်ထားတဲ့
ငါ့နှလုံးသားကို စူးဝင်စေခဲ့တယ်
ဒါကြောင့်ပေါ့ ချစ်သူ
နာကျဉ်ခြင်းတွေကို အဆုံးသတ်ဖို့
ဆုပ်ကိုင်ခြင်းတွေကို လွှတ်ချလိုက်ပြီ
ငါ့ရင်ဘတ်ထဲက နာကျဉ်ခြင်းတွေကို
လွမ်းတာနဲ့ပဲဖြေတော့မယ်
နင်သွားလိုရာ သွားပါတော့
4 comments:
သင်သွားလိုရာ သွားနိုင်သည်။
ချလွမ်း...
ကဗျာလေးကိုခံစားသွားပါတယ်ဗျာ...။ နောက်ဆုံးစာတန်း နင်သွားလိုရာ သွားပါတော့ ဆိုတာက အမိန့်ပြန်တမ်း ထုတ်လိုက်သလိုပဲနော် အဟီး
ခံစားလိုက်ရတာ ကဗျာလေးက တကယ်ကိုကောင်းပါတယ် ကိုစိုးဇေယျ
"ဘီယာ"ကိုပြောတာပဲဖြစ်ရမယ်...
Post a Comment