တစ်ခါတုန်းက
ဘူတာရုံလေး တစ်ခုရှိတယ်
အဲဒီဘူတာရုံလေးမှာ
ရထားတွေတစ်စီးပြီး တစ်စီးရပ်နားလို့
ခရီးသည်တွေ ၀င်ထွက်သူတွေနဲ့
စည်ကားလို့ပေါ့ . . . .
တစ်နေ့မှာ အဲဒီဘူတာရုံထဲကို
ထူးဆန်းဆန်း ရထားကြီးတစ်စင်းဝင်လာတယ်
အဲဒီရထားနာမည်က အချစ်တဲ့
အဲဒီရထားကြီး ထွက်သွားပြီးတော့
နှစ်လတွေကြာတဲ့အခါမှာ
ဘူတာရုံလေးကပြောတယ်
“ရထားဟာ ထွက်ခွာသွားခဲ့ပေမယ်၊ ဒီဘူတာရုံလေးထဲမှာ တစ်ချိန်က ရပ်နားခဲ့ဖူးတယ်ဆိုတဲ့ အသိနဲ့၊ ရထားသံလမ်းတွေကို ငေးကြည့်နေမိတယ်” တဲ့
ဒါပေမယ့် ဘူတာရုံက နောက်ထပ်ဘယ်ရထားကိုမှ လက်မခံတော့ဘူး
လူတစ်ယောက်ရဲ့ နှလုံးသားကို အရှင်လတ်လတ် တက်ကြိတ်သွားလို့တဲ့လေ
5 comments:
ဘူတားရုံ..အဲ ..ဘူတာရုံလေးကိုလာဖတ်သွားတယ်း)
တောက်..သနားလိုက်တာ...နွဲ့ချက်ကတော့ကမ်းကုန်ပဲ..
ဘူတားရုံတဲ့.....ဟားဟားဟား.....
တိန်... ကောမန့် မော်ဒရိတ်လုပ်နေပြီလား....
ရထားလေးကလည်း နောင်တရပါတယ်တဲ့ . (နှလုံးသားကို မဟုတ်ပဲ လူကိုပါ မြေကြီးထဲ ၀င်သွားအောင် မကြိတ်ခဲ့ရလေခြင်း ဆိုပြီး..) စိတ်လျှော့လိုက်ပါ ကိုယ့်လူရယ် မြူဆွယ်မနေပါနဲ့တော့.... မသိတာကြနေတာပဲ .. ဘူတာကို အသစ်လိုလို ဘာလိုလိုနဲ့ ဆေးမှုတ်ပြီး ခဏခဏ အသစ် ဖွင့်နေတဲ့သူကများ...
Post a Comment