နင်မရှိတဲ့အခါ ....
နင်သိဖို့ စကားလုံးတွေ
နင်မသိတဲ့ တစ်နေရာမှာကျန်ရစ်တယ်
အဲဒီစကားလုံးတွေက
နင်ရှိတဲ့နေရာ ရောက်အောင်မသွားနိုင်သလို
စကားလုံးတွေရှိတဲ့နေရာကို နင်ရောက်လာမဟုတ်တော့လည်း
ဝမ်းနည်းမိတာတော့ အမှန်ပဲလေ
ဒါတွေထားလိုက်ပါတော့
အခုငါ မရှိတော့ဘူး
ဒါပေမယ့်
ငါမရှိတဲ့တော့တဲ့ ကမ္ဘာမှာ
နင်မသိသေးတဲ့ စကားလုံးတွေကတော့
ကျန်ရစ်နေဦးမှာပါ
နင်တွေ့တဲ့အထိပေါ့လေ
5 comments:
I hope
One day, she will reach.
One day, she will catch.
One day, she will get.
One day, she will give and take.
I think ...
she never go aways from u.
She is ur near ..
Belive her.
ခံစားနားလည်လွယ်တဲ့ကဗျာကောင်းလေးပါပဲ။
ကြိုက်လို့ ကူးယူသွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
ကဗျာလေးကိုဖတ်မိတော့ကို့ဘာသာမှန်ကြည့်ဖြစ်သွားတယ် ငါ့ကိုများစောင်းပြောသလားလို့ပေါ့ အဲ့ဒီလောက်ထိခံစားသွားရပါတယ် အဖြစ်ပျက်ခြင်းတိုက်ဆိုင်သွားလို့ပါ အကို
ိခံစားမိတယ်...
နားလည်ပေးနိုင်ပါတယ်....
Post a Comment