မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကျွန်တော့်ဘလော့ဂ် စီဘောက်ကို ယာယီဖြုတ်လိုက်ပြီး ကော့မင့်အားလုံးကို မော်ဒရိတ်လုပ်လိုက်ပါပြီ။
နံပါတ် ၁ ကျွန်တော် အခုပုံကို တင်သာ သူများပြောသလို သာသနာကို အကြည်ညိုပျက်အောင်လုပ်တာမဟုတ်ပါဘူး။ သာသနာကို အကြည်ညိုပျက်ဖွယ် လုပ်ဆောင်နေကြတဲ့ သူတွေကို တွေ့လိုက်မိတဲ့ ခဏအတွင်းမှာ မှတ်တမ်းတင်လိုက်တာပါ။
နံပါတ် ၂ ဒီပုံမှာတဲ့ အတုယောင် သုံးလေးပါးလောက်ကို တွေ့သာနဲ့ တစ်နိုင်ငံလုံးက သံဃာတွေ အားလုံးဟာ အဲလိုကြီးပဲလို့လဲ မှတ်ယူလို့ မရပါဘူး။ ၀ိနည်းတော်နဲ့အညီ သတင်းသုံးနေတဲ့ သံဃာတော်တွေ အများကြီးရှိပါတယ်။
နံပါတ် ၃ ဆွမ်းဆန်ထဲကြွက်ချေးရော ဆိုသလို အစစ်မှန်တွေကြားမှာ အတုဆိုတာရှိမှာပဲလေ။ ကိုယ်စားမဲ့ဆန်ထဲမှာ ကြွက်ချေးတွေရောနေရင် အကုန်လုံးကို မဖယ်ပဲ ချက်စားကြမှာလား။ အဲဒီသဘောပဲ ဆန်ထဲမှာရောနေတဲ့ ကြွက်ချေးတွေကို ဖယ်ရှားမှသာ သန့်ပြန့်တဲ့ ထမင်းကိုရရှိမှာ ဖြစ်ပါတယ်။ အေးဒါပေမယ့် ကြွက်ချေးလေး တစ်ခုနှစ်ခုကို မမြင်ချင်ယောင်ဆောင် မျက်ကွယ်ပြု ထားလိုက်မယ်ဆိုရင် တစ်အိုးလုံးကောင်းနေတဲ့ ဆန်တွေဘာဖြစ်သွားမလဲ။ ကျွန်တော်က ကြွက်ချေးကို ပြတာပါ။ ဖယ်တာမဖယ်တာ မဖယ်တာကတော့ ချက်စားတဲ့သူရဲ့ အလုပ်ပဲဖြစ်ပါတယ်။
နံပါတ် ၄ ဒကာတွေ ဒကာမတွေက ဆွမ်းလောင်း ဒကာခံ ကိုယ်စုဆောင်းထားတဲ့ ချွေးနည်းစာတွေ လှူဒါန်းနေတယ်ဆိုတာ သာနာ့လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ဖို့၊ ဗုဒ္ဓသာသနာ ထွန်းကားလာဖို့ အဲဒီရည်ရွယ်ချက်တွေနဲ့ လှူဒါန်းနေတာပါ။ လူမမြင်ကွယ်ရာမှာ သင်္ကန်းလေးကို လူဝတ်လှဲ ကတုံးလေးကို ဦးထုပ်ဆောင်းပြီး လုပ်ချင်ရာလုပ်ဖို့ မဟုတ်ပါဘူး။
နံပါတ် ၅ ဒီပုံကို တင်တာကျွန်တော် မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်၊ ဒါကြောင့် ဆွေးနွေးတဲ့လူတွေ အနေနဲ့ မှားတယ်လို့ ထင်ရင်၊ ဘာကြောင့်မှားတယ်၊ ဘာကြောင့်မှန်တယ်ဆိုမျိုး အကျိုးအကြောင်းဆီလျှော် အောင်ဆွေးနွေးလာရင် ကျွန်တော်လက်ခံနိုင်ပါတယ်။ အခုတော့ ဘာမဆိုင်ညာမဆိုင် ဆဲရေးတိုင်းထွာတာမျိုးတွေကိုတော့ မဖြစ်သင့်ပါဘူး။

6 comments:
ကိုစိုးဇေယျ
အခုလိုမျိုး ကိုစိုးဇေယျအနေနဲ့ ရှင်းပြလာတာကို ဖတ်ရတဲ့အတွက် ကျနော်ကတော့ ကျေနပ်လက်ခံပါတယ်။ ကျနော်လည်း ကိုစိုးဇေယျကို အခုကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တခုခုကို ဖွင့်ပြောစေချင်နေတာပါ။ အစကတည်းက ဓာတ်ပုံတင်တာနဲ့ အတူတူ အခုစာတွေကိုပါ တပါတည်း ရေးတင်ထားမယ်ဆိုရင် ကျနော်လည်း ဘာမှ ၀င်ပြောမိမှာ မဟုတ်ပါဘူး။ တခြားလူ တော်တော်များများကလည်း အခုလောက်အထိ ၀င်ပြီး စွက်ဖက်ကြလိမ့်မယ်လို့ ကျနော်တော့ မထင်မိဘူး။
ကိုယ့်လူ ... နံပါတ် ၃ ကတော့ နည်းနည်းနှာတင်းနေသလိုပဲနော်။ ဒီလိုပါပဲ အသက်ကလေး တဖြည်းဖြည်း ကြီးလာပြီဆိုရင် အတွေ့အကြုံနဲ့တော့ ခေါင်းတိုက်၊နပမ်းလုံး ရတာချည်းပါပဲ။ တခုတော့ရှိတယ် အစစ်တွေ အတုတွေ ကောင်းတာ မကောင်းတာတွေ ဆိုတာက မြန်မာနိုင်ငံက နယ်ပယ်အသိုင်းအ၀ိုင်း အသီးသီးမှာ လက်ညှိုးထိုးစရာ သိန်းနဲ့သန်းနဲ့ချီပြီးရှိနေတယ်။ မြန်မာနိုင်ငံလို လူမှုပါတ်ဝန်းကျင်အများကြီးထဲမှာ ကောင်းမွန်တဲ့အရာတခုကို ပြုစုဖန်တီးရတာ ခက်ခဲပင်ပန်းသလောက် ဖျက်ဆီးပျက်သုဉ်းရမယ်ဆိုရင် အချိန်အနည်းငယ်အတွင်း အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။
အဲဒါကို ဓာတ်ပုံလေးရိုက်ပြီး တင်ပြထားရုံနဲ့တော့ တကယ့်ကိုယ်ဆိုလိုချင်တဲ့ စိတ်ရင်းရည်ရွယ်ချက်ဆီကိုတော့ သေချာပေါက်မရောက်နိုင်ဘူး။ ကျနော်တို့အနေနဲ့ ရှေးခေတ်က အသံတိတ်ရုပ်ရှင်ကြည့်နေရသလို ဟာတာတာကြီးဖြစ်ရပါတယ်။
အများနဲ့ဆိုင်သလိုမျိုး ဖြစ်လာနိုင်တဲ့ အကြိတ်အနယ် ပြောကြဆိုကြရလောက်တဲ့ ဓာတ်ပုံတွေ တင်ပြရင်တော့ အောက်ကနေ ကိုယ့်ရဲ့အထင်အမြင်လေးကိုလည်း ဆိုးကွက်ကောင်းကွက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ရေးသားထောက်ပြပေးတာမျိုးလေး ဖြစ်စေချင်ပါတယ်။ အဲဒါမျိုးဆိုရင် ဖတ်မိတဲ့သူတွေအတွက်လည်း သဲသဲကွဲကွဲ အဖြေတခု ရသွားနိုင်ပါတယ်။ ကိုစိုးဇေယျလည်း တင်ပြရကျိုးနပ်တာပေါ့။ အခုတော့ ပွဲစည်သွားတာပေါ့။ အခုလည်း လာပါလိမ့်ဦးမယ် ဘယ်သူတွေက ဘာတွေဖွကြဦးမလဲဆိုတာ စောင့်မျှော်ရသေးတာပေါ့။
ဓာတ်ပုံတွေ များများရိုက်နိုင်သလို စာတွေလည်း များများရေးနိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အင်း... သာသနာအတွက်တော့ သိပ်စိတ်မကောင်းဘူး၊ မြန်မာ ပြည်မှာ ရဟန်းတော် ငါးသိန်းခန့် ရှိတဲ့အထဲက ဒီလို စုန်းပြူးတွေပါလာတာ သိပ်တော့ မဆန်းပါဘူး။ ဦးဇင်း ကိုယ်တိုင်ဦးဇင်းတစ်ပါးအနေနဲ့ ဦးဇင်းရဲ့ပတ်ဝန်း ကျင်မှာ ကြုံတွေ့ရတာတွေ တစ်ချို့ ဆိုရင် ဒီထက်မက ရုပ်ပျက်လှပါတယ်။ ဒါကြောင့် တောင်မြို့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက တစ်ကယ်ကို သာသနာကို မကြည်ညိုဘဲ၊ တကယ်သိက္ခာပုဒ်တွေကို မထိန်းသိမ်းနိုင်ဘဲ နဲ့တော့ သာသနာတော်မှာ မနေတာ ကောင်းပါတယ်လို့ မိန့်ဖူးပါတယ်။ လူဝတ်ကြောင်အနေနဲ့လည်း သာသနာတော်ကို ကောင်းကောင်း ထောက်ပံ့နိုင်ပါတယ်လို့လည်း ဆိုပါတယ်။ လွတ်လပ်ရေးဘခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကလည်း မြန်မာပြည်မှာ ရဟန်းတွေ များလွန်းတယ် အဲဒီလောက်ထိမ လိုဘူးလို့ ပြောဖူးတယ်။ အင်းလေ ဗုဒ္ဓလက်ထက်တော်တုန်းကတောင်မှ ဗုဒ္ဓမျက်မှောက်မှာတင်ကို ဒီထက်အဆများစွာ ဆိုးတဲ့ သာသနာတော်ကိုရုပ်ပျက်စေတဲ့ စုန်းပြူးရဟန်းတွေရှိ ကြသေးတာပဲ။ ဒီဘက်ခေတ်မှာ ဒီပုံစံတွေရှိတာ တကယ်တော့ သိပ်မဆန်းပါဘူး။ ဒါပေမယ့် သာသနာတော်အတွက်တော့ ရင်လေးစရာပေါ့။ ဗုဒ္ဓလက်ထက်တော်တုန်းက ကီဋာဂီရိမြို့မှာ ဆဗ္ဗဂ္ဂီခေါ်တဲ့ ခြောက်ပါးအဖွဲ့ ရဟန်းတွေ ကဲကြပုံကို ၀ိနယ ပိဋကတ် ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်မှာ ဖတ်ရှုနိုင်ပါတယ်။ ဆဗ္ဗဂ္ဂီ ရဟန်းတွေ ကဲကြပုံကတော့ ဒီဘက်ခေတ်မှာတောင်မှ မတွေ့နိုင်ပါဘူး။ ဧကသီသင်္ကန်းတွေကို မြေကြီးပေါ်မှာ ဖြန့်ခင်း အဲဒီသင်္ကန်းအခင်းပေါ်မှာ အမျိုသမီးကချေသည်တွေကို နှမ နှမ ဒီပေါ်မှာ က လို့ဆိုပြီး အကခိုင်း၊ သီချင်းလည်းဆိုခိုင်း၊ သူတို့ကိုယ်တိုင်လည်း ၀င်က ၀င်ဆို အင်း....စိတ်ကူးထဲမှာ မြင်သာကြည့်ပါတော့ ဘယ်လောက်အရုပ်ဆိုးသလဲဆိုတာကို။ ဒါကို ဗုဒ္ဓကဘုရားရှင်က သိတော့ အဲဒီ ကီဋာဂီရိမှာ ရှိတဲ့ ဆဗ္ဗဂ္ဂီ ရဟန်းတွေကို မြို့ကနေ နှင်ထုတ်ဖို့ အရှင်သာရပုတ္တရာနဲ့ အရှင် မောဂ္ဂလာန် တို့ကို စေခိုင်းတာပေါ့။ ဒီတော့ အရှင်နှစ်ပါးက ဆဗ္ဗဂ္ဂီရဟန်းများဟာ အုပ်စုအင်အားတောင့်တဲ့ အတွက် ရဟန်းအများနဲ့ နှင်ထုတ်ပါမှ သင့်လျော်ပါမည့်အကြောင်း ဘုရားရှင်ကို လျောက်တာပေါ့။ ဒီနေရာမှာမဟာဂန္ဓာရုံဆရာတော်
ကြီးမှတ်ချက်ပေးပုံကတော့ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို မကောင်းတဲ့ရဟန်းတွေများလာရင်တော့ ကောင်းတဲ့ရဟန်းတော်တွေအနေနဲ့ နှိမ်နှင်းဖို့မလွယ်ပါဘူး။ ဒီတော့ သာသနာတော်ကို အကြည်ညို ပျက်စေမဲ့ ပုံပါပုံစံမျိုး ရဟန်းတွေများမလာခင် ရဟန်းကောင်းများကသာမက ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်း လက်တွဲညီညီ တိုက်ဖျက်သွားဖို့က အရေးကြီးလှပါတယ်။ ဒါမှသာလျှင် အစဉ်အလာကောင်းခဲ့တဲ့ မြန်မာတို့ရဲ့ အမျိုး ဘာသာ သာသနာ တန်ဖိုးဟာ တိုးတိုးသထက်တိုးလာမှာ ဖြစ်ပါတယ်။ ဦးဇင်းနောက်ဆုံးအနေနဲ့ ပြောလိုတာက ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် အကောင်းနဲ့အဆိုး အမြဲဒွန်တွဲ နေတယ်ဆိုတာကို အားလုံးသော သူတော်ကောင်းတို့ရဲ့ စိတ်ထဲမှာ တေးမှတ်ထားပြီးတော့ ကောင်းတာတွေ ပိုပြီးကောင်းလာအောင် ဆိုးတာတွေလျော့နည်းသထက် လျော့နည်းသွားအောင် အဖက်ဖက်က ၀ိုင်းဝန်းကြိုးစား ပံ့ပိုးပေးကြပါလို့။
အဲဒါကို ဓာတ်ပုံလေးရိုက်ပြီး တင်ပြထားရုံနဲ့တော့ တကယ့်ကိုယ်ဆိုလိုချင်တဲ့ စိတ်ရင်းရည်ရွယ်ချက်ဆီကိုတော့ သေချာပေါက်မရောက်နိုင်ဘူး။ ကျနော်တို့အနေနဲ့ ရှေးခေတ်က အသံတိတ်ရုပ်ရှင်ကြည့်နေရသလို ဟာတာတာကြီးဖြစ်ရပါတယ်။
အများနဲ့ဆိုင်သလိုမျိုး ဖြစ်လာနိုင်တဲ့ အကြိတ်အနယ် ပြောကြဆိုကြရလောက်တဲ့ ဓာတ်ပုံတွေ တင်ပြရင်တော့ အောက်ကနေ ကိုယ့်ရဲ့အထင်အမြင်လေးကိုလည်း ဆိုးကွက်ကောင်းကွက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ရေးသားထောက်ပြပေးတာမျိုးလေး ဖြစ်စေချင်ပါတယ်။ အဲဒါမျိုးဆိုရင် ဖတ်မိတဲ့သူတွေအတွက်လည်း သဲသဲကွဲကွဲ အဖြေတခု ရသွားနိုင်ပါတယ်။ ကိုစိုးဇေယျလည်း တင်ပြရကျိုးနပ်တာပေါ့။ အခုတော့ ပွဲစည်သွားတာပေါ့။ အခုလည်း လာပါလိမ့်ဦးမယ် ဘယ်သူတွေက ဘာတွေဖွကြဦးမလဲဆိုတာ စောင့်မျှော်ရသေးတာပေါ့။
ဓာတ်ပုံတွေ များများရိုက်နိုင်သလို စာတွေလည်း များများရေးနိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
I agree. that is the point I commented before.
လူတွေကလည်း တခါတလေတော့ ခက်တယ်ဗျာ။ သိပ်ကလေးဆန်ကြတယ်လို့ပဲ ပြောရမလားပဲ။ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
အထက်က ဦးဇင်း အမိန့်ရှိတာက မျှတပြီး ကျိုးကြောင်းညီညွတ်ပါတယ်။
အယူအဆ မတူသူတွေလဲ ဒီလို ယဉ်ကျေးသိမ်မွေ့စွာ ပြောရင် ကောင်းမှာပါ။ ခု အင်အားနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဖိဆဲသလို လုပ်လို့ ပိုရုပ်ပျက်ကုန်တာပါ။ နှစ်ပြားမတန်အောင် လာဆဲပေးလိုက်ရင် နောက် ဒီလို တင်ရဲတော့မှာ မဟုတ်ဘူးလို့ တွေးပြီး အနိုင်ကျင့်တာက ပိုဆိုးပါတယ်။
အထက်က ဦးဇင်း မိန့်သလို ''ကောင်းတာတွေ ပိုပြီးကောင်းလာအောင် ဆိုးတာတွေလျော့နည်းသထက် လျော့နည်းသွားအောင် အဖက်ဖက်က ၀ိုင်းဝန်းကြိုးစား ပံ့ပိုးပေးကြပါလို့'' ဆိုတာကို ရိုသေစွာ ထောက်ခံပါတယ်ဘုရား။
you can see not only religion but also political condition so on in myanmar. so we should see everything.not only religion.
Post a Comment