တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် ကျောင်းတော်ကြီးတစ်ခု
ရန်ကုန်က ကျွန်တော့်ကိုပညာတွေ သင်ပေးခဲ့တယ်
တကယ်တော့ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် စစ်မြေပြင်တစ်ခု
ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒုက္ခနဲ့အခက်ခဲတွေကို
နိစ္စဒူဝ တိုက်ခိုက်နေရတယ်
တကယ်တော့ ရန်ကုန်ဆိုတာ
ကျွန်တော့်အတွက် လယ်ယာမြေတစ်ခု
ဝါသနာဆိုတဲ့ မျိုးစေ့တွေကနေ
အနုပညာတွေအပင် ပေါက်လာဖို့
အဲဒီမြေမှာ ပျိုးကြဲခဲ့တယ်
စိတ်ကူးထဲမှာတော့ အဲဒီမျိုးစေ့လေးဟာ
ရန်ကုန်မြေကိုထိတဲ့အခါ
ဝုန်းကနဲဆို နေ့ခြင်းညခြင်းအပင်ကြီးဖြစ်သွားတယ်
အပင်ပေါ်မှာ ကဗျာတွေပွင့်
အပင်ပေါ်မှာ ၀တ္ထုတွေသီး
စိတ်ကူးကြည့်ပြီး ပျော်ခဲ့တယ်
လက်တွေ့မှာ
ဝမ်းရေးရယ် အနုပညာ
နှစ်ခုယှဉ်လာတော့ ရန်ကုန်ကကျွန်တော့်ကိုမေးတယ်
ကောင်လေးမင်းဘာကို ရွေးမလဲတဲ့ .....
မိုးလှိုင်ညဘလော့က ရန်ကုန်ကဗျာတွေကို ဖတ်ပြီး ဒါလေးကို ကျွန်တော်ရေးမိသွားတယ်
4 comments:
ဝမ်းရေးအတွက် အနုပညာနဲ့ အလုပ်လုပ်ပါမယ် ဦးရန်ကုန်ကြီး လို့ ပြန်ဖြေလိုက်ပါ။
sin dan lar ပြောသလိုသာပြောလိုက် .. :D
အင်း..ဝမ်းရေးအတွက် အနုပညာနဲ့ချည်းအလုပ်လုပ်
လို့မရဘူးကလေးမတို့ရဲ..အတတ်ပညာလေးနည်းနည်း
ထည့်၊မာနလေးနည်းနည်းလျော့၊လူပိန်းကြိုက်ကိစ္စလေး
တွေလေးနည်းနည်းပါမှ..ထမင်းစားလို့ရတာအမလက်
တွေ့ပါပဲကွယ်
ကဲ မောင်စိုးဇေယျရေ..ဘာကိုရွေးမှာလဲ..
အင်းး တကယ်ပဲ ဘ၀ထဲက ထွက်ကျလာတဲ့ ကဗျာပါလားကွယ်ရို့.. ပြီးတော့ အဲဒါက ပြဿနာလည်းဖြစ်တယ်.. ရှင်းပေရော့။
Post a Comment