မနေ့က စမ်းချောင်းလမ်း ပွင့်မြတ်မိုးခေါ် ၀က်မြှီးဆိုင်မှာ ဘလော့ဂ်ကာများရဲ့ ဘာရွှန်ဘီယာ သောက်ပြိုင်ပွဲကို ကျင်ခဲ့ရာမှာ ဘလာဂေါက်က ဗိုလ်စွဲသွားပါတယ်။
ပြိုင်ပွဲကတော့ ဘလာဂေါက်နဲ့ ကျွန်တော် စိုးဇေယျထွန်း တို့ ယဉ်ပြိုင်ကြတာဖြစ်ပြီး ဘလာဂေါက်က အနိုင်ရသွားတာဖြစ်ပါတယ်။ အနိုင်ရတဲ့အတွက် လောင်းကြေး 1000(မြန်မာငွေ) ကို ဘလာဂေါက်ရရှိသွားတာ ဖြစ်ပါတယ်။
တက်ရောက်လာကြတာကတော့ တွေ့ဆုံနေကြ ရန်ကုန် ဘလော့ဂ်ကာများနဲ့ အမည်မဖော်လိုသူ အထူးဧည့်သည်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အားလုံးပေါင်းရှစ်ယောက်ပေါ့။ ဘာရွှန် ဘီယာဆိုတာကတော့ နာမည်ကျော် မြန်မာဘီယာထုတဲ့ မြန်မာဘရူဝါရီကနေ ထုတ်တာပါ။ အယ်ကိုဟော 8.8 ပါပါတယ်။ တော်တော်လည်း မူးပါတယ်။ ဒေါင်ချာစိုင်းပြီး လည်ထွက်သွားတာပဲ။

8 comments:
ညက ကံကောင်းလို့အိမ်ပြန်ရောက်တယ်ဆိုတဲ့
အမည်မဖော်လိုသူတစ်ယောက်ရဲ့
စတေးတပ်စ ကဒါကြောင့် ထင်တယ်နော်..
း)
အော် ဆက်စပ်တွေးတောတာ တော်လိုက်တဲ့အမ။ ဒါပေမယ့် အဲဒီ အမည်မဖော်လိုသူက ကျွန်တော် မဟုတ်ပါဘူးဗျ။ :D
နားထောင်ကာ သုံ့းသပ်သွား၏
ဒေါင်ချာစိုင်းပြီး လည်ထွက်သွားလို့ဖြစ်မယ်၊အဲ့ဒီနေ့ညက ဘိုဖတ်ကို စမ်းချောင်းမီးပွိုင့်မှာကားတွေနဲ့အတူတူမီးနီဝင်တန်းစီနေတာတွေ့ခဲ့တယ်တယ့်။
ဘယ်သူတုန်းဟ အမည်မဖော်လိုသူက..
ဟေ့လူ ခင်ဗျား ဘာရွန်က ကောင်မလေးကိုကဒ်ပေးပြီး စည်းရုံးမလို့ဆိုဗျ.......
စိတ်မညစ်ပါနဲ့...၊ နိုင်တာရှုံးတာ ပဓာနမဟုတ်ပါဘူး...။
ယှဉ်ပြိုင်ခြင်းသည်သာ အဓိက မဟုတ်လား...။
ကိုစိုးဇေယျ - ခင်ဗျားတို့ ကိုကြီးကျော်ကိုပါ ပြိုင်ပွဲဝင်ခွင့် ပေးသင့်တာဗျ။ သူက ယူကရိန်းအထာနပ်တယ်။ မယုံရင် မေးကြည့်။
Post a Comment