အခုဘလော့ဂ်ကို ကျွန်တော်ရေးနေတဲ့ အချိန်အထိ ကျွန်တော် ရေမချိုးရသေးပါဘူး။ ရေမချိုးရသေးဘူးဆိုတာ အိမ်မှာ ရေမလာလို့ပါ။ ရေမလာလို့ဆိုတာ ကျွန်တော့်တို့ အိမ်က ဘယ်အချိန်မှာ ရေလာလဲ မသိပါဘူး။ မီးလာရင် မော်တာကို ဖွင့်ကြည့်တယ် ရေမတက်ရင် ပြန်ပိတ်ထား၊ ၁၅ မိနစ်လောက်နေရင် ပြန်ဖွင့် ရေမတက်ရင် ပြန်ပိတ်ထား အဲဒီစစ်စတန်နဲ့ ရေတင်ရတာပါ။ အဲဒီလိုနဲ့ လွန်ခဲ့တဲ့ သုံးရက်ကစပြီး ရေမတက်တာ ယနေ့အထိပဲ။ တင်ထားတဲ့ရေလေးတွေကို အ၀တ်တွေတောင်မလျှော်ပဲ ချွေတာသုံးလာတာ ဒီနေ့မနက် မျက်နှာသစ်ဖို့ ရေဘားကိုဖွင့်တော့ ရေမကျတော့မှ ရေကုန်သွားပြီဆိုတာ သိလိုက်ရတယ်။ မျက်နှာသစ်တာကတော့ဗျာ ရေသန့်ဘူးထဲက ရေလေးနဲ့ သစ်လိုက်ရတာပေါ့။
ကျွန်တော်နေတာကတော့ ၃၈ လမ်းမှာပါ။ သူများတိုက်တွေ လိုက်မေးကြည့်တော့ ၃၈ လမ်းမှာ ညပိုင်းမှာ ရေတင်လို့ရတယ်တဲ့ တင်လို့မရတာက ကျွန်တော်တို့တိုက် တစ်တိုက်ထဲဖြစ်နေတယ်။ ဘေးအခန်းတွေ ပြောတာကတော့ ကျွန်တော်တို့ တိုက်ကို ဆောက်တဲ့ ကန်ထရိုက်က ကပ်စီးကုတ်ပြီး တစ်တိုက်လုံးအတွက် စည်ပင်ရေပိုက်ကို နှစ်ပိုက်ထဲယူထားတယ်လို့ ပြောတယ် ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ သေချာတာကတော့ ရေတင်ဖို့ တော်တော်ခက်တယ်။ ဘာကြောင့်လဲဆိုတော့ စည်ပင်ကနေ လာတဲ့ရေလိုင်းကို ဆွဲထားတာကနှစ်ပိုက် အဲဒီနှစ်ပိုက်ကနေဆွဲတာက ရှစ်လွှာ ၁၆ ခန်း၊ မီးလာတဲ့အချိန်လေးမှာ ၀ိုင်းဆွဲကျတော့ ရေကဘယ်လိုလုပ်ပြီး အခန်းပေါက်စေ့ရနိုင်တော့မှာလဲ။
ဆိုလိုချင်တာကတော့ဗျာ နောက်ဆိုရင် အိမ်ငှားကြမယ်ဆိုရင် သေချာစုံစမ်းကြပါ။ အိမ်ခန်းသွားကြည့်ရင် မီးလာတဲ့အချိန်မှာသွားကြည့်ပါ ရေကိုတင်ကြည့်ပါ။ သူများတွေလို ရည်းစားမရှိလို့ပဲ တော်သေးတယ်လို့ ပြောရမလားမသိဘူး။ အခုလို ရေပြတ်လို့ ရေမချိုးရတဲ့နေမျိုးမှာ ရည်းစားနဲ့ ချိန်းပြီးသားဖြစ်နေရင် စဉ်းတောင်မစဉ်းစားဝံ့တော့ဘူး။

5 comments:
ဘိုဝကလည်း ရည်းစားမရှိတာလေး ထည့်ပြောရသေးတယ်. .. ရည်စားရှိတဲ့အချိန်ရေမရရင် ဆိုတာက နိုင်ငံရေး ပါသွားပြီး ဟဟ...
ဟာ.ဟေ့လူ။
တစ်ကောင်ခွဲ မော်တာပြစ်ထိုင်ပလိုက်လေဗျာ.ကြာလို့.(ရှစ်လွှာလောက်ကတော့ အေးဆေးပဲ)
ဒါနဲ့...ခင်များ....ဗျာ
ရည်းစားနဲ့ ချိန်းတွေ့တဲ့ အချိန်မျိုးမှာ ရေချိုးတမ်း ကစားရတယ် လို့ဗျာ :-)
P.s>>ဟိုတလောလာသေးတယ် ဝင်မရလို့
ကြော်ငြာခြင်းတစ်မျိုးပါလား... ဟက်ဟက် တော်ပါပေတယ်...
ရည်းစားမရှိလို့ပဲ တော်သေးတယ်လို့ ပြောရမလားမသိဘူး
(ဖတ်ပြီးလန့်သွားတယ် ဆက်ဖတ်တော့မှ.. ဟူး.)
hay zoe zeyar, i thought u r married, now i learn u dont even have girlfriend, nice posts, good reading, i admire ur commitment as a blogger, ... and nice monywa pix also
Post a Comment