Art is My Life: 10 of ......

Tuesday, April 24, 2007

10 of ......

မဂျစ်က ကစားခိုင်းတော့လည်း ကစားရတာပေါ့လေ


( ၁ ) ကျွန်တော်သည် ဆန် နို့ဆီဘူး နှစ်လုံးချက်ကို ဘာဟင်းမှမပါပဲ ကုန်အောင် စားနိုင်သူ တစ်ဦးဖြစ်သည်။ ( မယုံ ကြည်သူများ ဆန်နို့ဆီဘူး နှစ်လုံး အကုန်ခံ၍ စမ်းသပ်နိုင်ပါသည် )

( ၂ ) ကျွန်တော်သည် ဆော်ကြည် မကြည်တော့ မသိပါ အခြောက်တွေကတော့ ကျွန်တော့ကို တော်တော်လေး ကြွေကြသည်။ ( မယုံလျှင် မာမီရန်ကို သွားရောက် မေးကြည့် ကြပါကုန်)

( ၃ ) ကျွန်တော်သည် မိန်းကလေးများ စိတ်ကောက်လျှင် မချော့တတ်ပါ။ ( မယုံလျှင် သက်မွန်မြင့်ကို သွားမေးပါ )

( ၄ ) ကျွန်တော်သည် အိပ်ရေး ပုတ်သူ တစ်ဦးဖြစ်သည်။ ( ဒုတိယနှစ် စာမေးပွဲ ဖြေမည့် နေ့တွင် အဆောင်တွင် ကောင်းစွာ အိပ်ခဲ့ ဘူးပါသည် )

( ၅ ) ကောင်မလေးများ စွာသည် သူတို့၏ လက်ကို ကျွန်တော့်အား ကြည်ဖြူစွာ အတင်းကိုင် ခိုင်းကြသည်။ ( လက္ခဏာဟောခြင်း အတတ်ကို ကျွမ်းကျင်စွာ ဖြီးတတ်အောင် သင်ခဲ့ ခြင်း၏ အကျိုးဆက်ခံစား ရခြင်းဖြစ်ပါသည် )

( ၆ ) ကျွန်တော်သည် အောင်သွယ်ခြင်း အလုပ်ကို တစ်ဖက်ကမ်း ခတ်အောင် တတ်မြောက်ထား သူဖြစ်သည်။ ( အလုပ်ရှင် သမီးနှင့် သူငယ်ချင်းတို့ ထွက်ပြေးကြရာဝယ် ကျွန်တော်သည် အလုပ် ထုတ်ခြင်း ခံခဲ့ရဖူးပါ၏ )

( ၇ ) ကျွန်တော်သည် ကွန်ပြူတာကီးဘုတ် နိပ်သည့် အကျင့်ကား တခါတံရံတွင် ဖိနပ်စင်ကိုပင် ကီးဘုတ်ထင်ပြီး နိပ်နေတတ်ပါသည်။ ( ယင်းအကျင့်သည် ဘတ်စ်ကားပေါ်အထိ လိုက်လာချိန်တွင် ................. )

( ၈ ) ကျွန်တော်သည် မျက်စိမကောင်းသူ တစ်ဦးဖြစ်သည် ။ ( တခါတရံတွင် Gent နှင့် Lady ကို မှန်ကန် အောင်မဖတ်နိုင်သည့် အခါ ....................... )

( ၉ ) ကိုယ့်ဆီက ပိုက်ဆံ လာချေးသူက ပိုက်ဆံချေးရန် နိဒါန်းပြိုးနေချိန်တွင် ကျွန်တော်သည် သူ့ထံမှ ပိုက်ဆံချေးပါရန် တောင်းဆိုပြီးသာ ဖြစ်နှင့်သည်။

( ၁၀ ) ကျွန်တော်သည် ............. ငပျင်းတစ်ကောင်ဖြစ်သည်။

2 comments:

Anonymous said...

ဟားဟား ဖတ်ပြီး ရီနေတယ် ။

နို့ဆီဗူး၂လုံး အကုန်ခံပြီးတော့ စမ်းသပ်ချင်လိုက်တာ ။

ဘစ်စကားပေါ် ဘာတွေ နှိပ်တတ်လဲဟင် ။

အိမ်သာမှားဝင်တာ ပါးရိုက်ခံရဘူးလား ဟီဟီ

Mayvelous said...

Noe si buu taw 2 buu pal, yoo yoo ma chat pal, san pyout(soup) lote payy yin kaw kone nine ma lar?

#8 ka ta kal bad eyes or tamin ma mhan ag fat tar lar...sin sar sa yar pal. A yote kalay tway lal myin lite pone ma paw buu pot. :P
Oh but mm mhar Lady lal long longyi wit, Gent lal longyi wit so taw, a yote kalay tway lal khat sin sin tuu pyi mharr twar tal nay mal.

Good post.