မထိုက်ရဲ့ ဒီပို့လေးကို ကြည့်ပြီး ကျွန်တော် ဒီပို့ကိုတင်ဖြစ်သွားတယ်
အကြမ်းဖျင်း အားဖြင့်ကြည့် မယ်ဆိုရင် မိမိနိုင်ငံက အကောင်းဆုံး ဦးနှောက်တွေ ပြည်ပကို ရောက်သွားတာကို ဦးနှေက်ယိုစီးမှု Brain Drain လို့ယူဆကြပါတယ်။ ဒီယူဆချက်ဟာ တစ်ကယ်မှန်ရဲ့ လား။နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်ကို Brain Drain လို့မယူဆတော့ပဲ ဦးနှောက်ပြန်စီးမှု Brain Gain လို့ပြောင်းလဲ လက်ခံလာကြပါပြီ။
အမိမြေနဲ့ ဝေးနေတဲ့ လူတစ်ယောက် တစ်နှစ်တစ်ခေါက် ပြန်လာမည်။ အနည်းဆုံးတော့ သူမိဘဆီကို ငွေပို့လိမ့်မည်။ သို့မဟုတ် သူတတ်ထားသော ပညာများကို တစ်နည်းနည်း ဖြင့်ဖြန့်ဝေနိုင်သည်။ နောက်ဆုံးမှာတော့ အဝေးတစ်နေရာကနေ အမိမြေကို ပြန်လည် ကျေးဇူးပြုနိုင်စရာ ရှိတယ်လို့ နိုင်ငံအတော်များများ လက်ခံလာကြပါပြီ။
မကင်ဆီသုသေသန အဖွဲ့ရဲ့ လေ့လာချက်ရ အမေရိကန်ရောက် အန္ဒိယနိုင်ငံသားများ၏ အခွန်တော် ထည့်ဝင်ငွေဟာ နှစ်စဉ် ဒေါ်လာ ၅၀၀ မီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အန္ဒိယနိုင်ငံရဲ့ Soft Ware လုပ်ငန်း အံ့မခန်းတိုးတက် လာတာဟာ အဝေးရောက် အန္ဒိယ ပညာရှင်များ ရဲ့ ပါဝင်စွမ်းဆောာင် ချက်များ ကြောင့်လို့ဆိုပါတယ်။ အန္ဒိယနိုင်ငံ ရဲ့ FDI နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုတ်နှံမူ၏ ၁၆ ရာခိုင်နှုန်းဟာ အဆိုပါ အဝေးရောက် များနှင့် ဆက်နွယ်ရရှိတာဖြစ်ပါတယ်။
တရုပ်ပြည်မှာ ဆိုရင်လည်း FDI ၆၀ ရာခိုင်နှုန်းဟာ ပင်လယ်ရပ်ခြား တရုပ်အမျိုးသားတွေနဲ့ ဆက်စပ်နေပါတယ်။ 9/11 အရေးအခင်း အပြီးမှာ အမေရိကန်က ဗီဇာကန့်သတ်လိုက်တဲ့ အတွက် ပြည်တော်ပြန် တရုပ်တွေမှာ နည်းပညာသစ်များနှင့် အိုင်ဒီယာသစ်များ ပါလာကြပါတယ်။ အခုဆိုလျှင် တရုပ်နိုင်ငံရဲ့ ပြည်တော်ပြန် အရေအတွက်ဟာ နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှန်မှန် တက်နေပါပြီ။
သွားတိုင်းလဲ ဦးနှောက်ယိုစီး တယ်လို့ပြောလို့မရပါဘူး။ နီပေါနိုင်ငံ GDP ရဲ့ ၂၅ ရခိုင်နှုန်းကျော်ဟာ ပြည်ပရောက် အလုပ်သမားတွေ ဆီကရတာပါ။
ဆိုလိုတာကတော့ အိမ်လေးတစ်လုံး နေရာလေးတစ်ခု တွင်းလေးတစ်တွင်းမှာတော့ ဘယ်တော့မှ ပြည့်စုံတယ်ဆို တာရှိမှာ မဟုတ်ပါဘူး။ မြန်မာက လူတွေ ဂျပန်ကို အိမ်မက်နေချိန်မှာ ဂျပန်က အင်ဂျင်နီယာတွေ တရုပ်က စက်ရုံတွေကို သွားနေကြတယ်။ တရုပ်ကလူတွေလဲ အမေရိကကို သွားကြတယ်။ အဲလိုသွားကြတာဟာ နိုင်ငံနဲ့ လူမျိုးကို မုန်းလို့မဟုတ်သလို ။ ကိုယ်သွားမဲ့နိုင်ငံကို ချစ်လို့လဲမဟုတ်ကြပါဘူး။
ကိုးကား။ ။ ကျော်ဝင်း ၏ ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းနှင့်ပန်း
2 comments:
Thanks for your comments ko soe zayya. I also had some view to your post at my blog too. :)
Soezeya ရဲ့ ကိုးကားတင်ပြချက်လေး အလွန်ကောင်းပါတယ်။
ပြင်ပကမ္ဘာမှာ Migration ဟာရှောင်လွှဲလို့မရတဲ့ Phenomenon တစ်ခုဖြစ်လာတာ ကြာပါပြီ။ ကျနော်တို့ မြန်မာပြည်မှာ (၂၆) နှစ် တံခါးပိတ်ခံထားရတဲ့ အတွက် နိုင်ငံခြားကို ရွှေ့ပြောင်းနေထိုင်ခြင်းကို အပြစ်တစ်ခု၊ တိုင်းပြည်အတွက် ဆုံရှုံးမှုတစ်ခုလို့ မြင်နေကြဆဲပါ။
Post a Comment