မနက်ဖြန်ဆိုရင် ပြည်ထောာင်စုနေ့ ရောက်ပြီ၊ တစ်နည်းအားဖြင့်တော့ မနက်ဖြန်ဆိုရင် ကျွန်တော့ အသက် ၂၂ နှစ် ပြည့်ပါပြီ။
၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြတယ်။ ကျွန်တောကတော့ ၁၉၈၅ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာမွေးပါတယ်။
ဒီအချိန်လောက် ဆိုရင် နယ်မှာကျန်ထားခဲ့တဲ့ ကျွန်တော့ရဲ့အမေ အလုပ်တော်တော် ရှုပ်နေရောမယ်။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးတွေရဲ့ မွေးနေ့တိုင်းမှာ ဘုရားသွား ဆွမ်းကပ် ဆီမီးထွန်း ဗေဒင်မေး ရတြာခြေ ဆုတောင်း။ ဒါတွေအတွက် ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင် နေလောက်ပြီပေါ့။ ဒါကတော့ မိခင်တိုင်းမှာ သားသမီး အပေါ်ထားရှိတဲ့ မေတ္တာတရားတွေပေါ့။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက အမေ့မွေးနေ့မှာ ကျွန်တော် ဘာမှ မလုပ်ပေး ဖူးဘူး။
မှတ်မိတဲ့ မွေးနေ့တချို့
ကျွန်တော့် ဘ၀မှာ မွေးနေ့ပွဲဆိုတာကို တစ်ခါမှ မလုပ်ဖူးဘူး။ ကျွန်တော် ၆ နှစ်ပြည့်တဲ့နေ့မှာ မမကြီး ပေးတဲ့ ပိုက်ဆံ ၁၀ ရဖူးတယ်။ ကျန်တဲ့နှစ်တွေကတော့ စာမွေးနား နီးနေတာဆိုတော့ စာပဲ ကျက်နေရတယ်။ အသက် ၁၉ နှစ်ပြည့်တဲ့နေမှာ ပထမဆုံး မွေးနေ့လက် ဆောင်ကို ရဖူးတယ်။ အသက် ၂၀ ပြည့်တဲ့နေ့မှာ ရွှေတိံဂုံဘုရား ဆူးလေဘုရား တို့ကို တစ်ယောက်တည်း သွားဖူးပြီး ပြည်ထောင်စု အလံသယ်တာကို လိုက်ကြည့်ခဲ့တယ်။ အဲဒီအချိန် အထိကျွန်တော့ မွေးနေ့မှာ ဘယ်သူ့ကို မှ မှန့်မကျွေးဖူး ခဲ့ဘူး။
အသက် ၂၁ ပြည့်မွေးနေ့ သူငယ်ချင်းတွေကို မနက်ပိုင်းမှာ မှန့်လိုက်ကျွေးတယ်။ နေ့လည်ပိုင်းမှာ မိန်းကလေးတစ် ယောက်နဲ့ ရွှေတိံဂုံသွားတယ်။ အဲဒီမိန်းကလေးက ကျွန်တော့ ဘ၀မှာ ပထဆုံးရေးတဲ့ ရည်းစားစာကို လက်ခံရရှိ ထားတဲ့မိန်းကလေး ပေါ့။ သူနဲ့ကျွန်တော် ရွှေတိံဂုံ အရှေ့ဘက်မုဒ်က ရှင်ဥပဗုဒ္ဓပန်းခြံ ထဲမှာ တစ်နေကုန် ထိုင်နေတယ်။ ကျွန်တော် ပေးထားတဲ့ စာကို ဖတ်ပြီးပြီလားလို့ ကျွန်တော်က မေးချင်တယ်။ ဒါပေမယ့် မမေးရဲလို့ မမေးဖြစ်ဘူး။ သူကလည်း အဲဒီစာ နဲ့ပတ်သက်လို့ သူလည်း ကျွန်တော့ကို ဘာမှ မပြောဘူး။ ပြန်ခါနီးကျတော့ ဘောပင်လေး တစ်ချောင်းကို မွေးနေ့လက်ဆောင် အဖြစ်ပေးတယ်။ ညပိုင်းရောက်တော့ သူငယ်ချင်းတွေကို ဘီယာလိုက်တိုက်တယ်။
မနက်ဖြန် ၂၂ နှစ်ပြည့်မွေးနေ့ ဘယ်မှလည်းသွားချင်ဘူး။ မနှစ်ကလို သူငယ်ချင်းတွေကို ဘီယာလိုက်တိုက်စရာ ပိုက်ဆံလည်းမရှိဘူး။ ဘုရားပေါ်ကို အဖော်လိုက်ပေးမဲ့ ကောင်မလေးလဲ မရှိတော့ဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ အဝေးမှာ နေတဲ့ အမေကတော့ ကျွန်တော့အတွက် ဆုတောင်းပေးနေမှာပါ။
3 comments:
သိပ်မှန်တာပေါ့ဗျာ။ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ။
ကိုစိုးဇေယျရေ..ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။
ပိုစ့်ကိုတွေ့ကတည်းက wish လုပ်ချင်နေတာ..Connection နည်းနည်းကျနေတာနဲ့ပဲ ဒီနေ့မှတင်ဖြစ်တော့တယ်။
ဒါကတော့ကျနော့်ရဲ့မွေးနေ့လက်ဆောင်လေးပါ။ ကိုစိုးဇေယျနဲ့မွေးနေ့မှာ ထင်ရှားတဲ့ဖြစ်ရပ်တွေ၊ မွေးနေ့တူတွေပေါ့။
http://en.wikipedia.org/wiki/12_February
ရန်ကုန်ကိုဒီနေ့ညနေပြန်လာမယ်။ ရန်ကုန်ရောက်မှပဲ မုန့်စားတော့မယ်။ :P
<<<<< ပျော်ရွှင်ဖွယ် မွှေးနေ့ပါ >>>>>
(ကျေးဇူးပြုပြီး အဲ့စကားလေးကို တရက်နုတ်လိုက်ပါ အခုမှတွေ့လို့- ဟီး)
Post a Comment