Mystic Ball လျှို့ဝှက်သော ဘောလုံး လို့အမည်ရတဲ့ မှတ်တမ်းရှပ်ရှင်ကား ကတော့ မြန်မာ့ရိုးရာ ခြင်းလုံး အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီ Mystic Ball မှတ်တမ်းရုပ်ရှင်ကို ကမ္ဘာကသိခဲ့ပေမယ့် နောက်ကွယ်က လူသိနည်းသေးတဲ့ ဖြစ်ရပ်လေးတစ်ခုကို ပြောပြသွားမှာပါ။
Mystic Ball အကြောင်းမသိသေးရင် ဒီ ဘလော့တွေမှာ ဖတ်လို့ရပါတယ် 1 2 3
Mystic Ball ဇတ်လမ်းရဲ့နောက်ခံ တီလုံးက မြန်မာဆိုင်းဆရာ စိန်ဗိုလ်တင့်ရဲ့ ရောင်တော်ဖွင့် ကိုအသုံးပြု ထားတာပါ။ အသုံးပြုမည့် အကြောင်းကို ကွယ်လွန်သူ ဆရာစိန်ဗိုလ်တင့်ရဲ့ မူပိုင်ခွင့် ဆက်ခံပိုင်ခွင့်ရှိသူ ထံမှာ အကြောင်းကြား အသိပေးခြင်း မရှိဘူးလို့ သူရဲ့ဇနီး ကပြောပါတယ်။
ဒီနေရာမှာ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ပြောရရင်၊ WIPO ( World Intellectual Property Organization ) ကပြဌန်းချက်အရ အနုပညာ လက်ရာတစ်ခုကို ဖန်တီးသူ ကွယ်လွန်ပြီး နှစ် ၅၀ ကနေ နှစ် ၇၀ အထိ အမွေဆက်ခံသူက ပိုင်ပါတယ်။ မြန်မာနိုင်ငံမှာ Copy Right ဥပဒေ ရယ်လို့ သီခြားပြဌန်းရခြင်း မရှိပေမယ့် အနုပညာနှင့် ပတ်သက်၍ ဖန်တီးသူ ကွယ်လွန်ပြီး နှစ် ၅၀ အထိ မူပိုင်ခွင့်ကို ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုတာ ပြဌန်းထား ပြီးဖြစ်ပါတယ်။
မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ပါက ချိုးဖောက်သည့် ပမာဏပေါ်မှာ မူတည်ပြီး လျှော်ကြေးငွေပေး ဆောင်ရပါတယ်။ WIPO ၏ ပြဌန်းချက် အရ စီးပွားရေး အလို့ငှာ နိုင်ငံတကာသို့ ဖြန့်ချိ ပြသ ရောင်းချခြင်းဖြစ်ပါက $ ငါးထောင် မှ တစ်သောင်းကြား လျှော်ရမှာ ဖြစ်ပါတယ်။
Mystic Ball ဟာနိုင်ငံတကာ ရုပ်ရှင်ပွဲတော် များဖြစ်တဲ့
- Vancouver International ရုပ်ရှင်ပွဲတော် (စက်တင်ဘာ - နိုဝင်ဘာ 2006)
- မဲလ်ဘုန်း အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် ( ဂျူလှိုင် - သြောဂုတ် 2006)
- BRITDOC ပွဲတော် အောက်စဖို့ ၊ ယူကေ ( ဂျူလှိုင် 2006)
- Academy of Canadian Cinema and Television ( တိုရန်တို ကနေဒါ July 2006)
- Hot DOCS International Documentary Flim Festival World Premier ( တိုရန်တို ကနေဒါ May 2006)
တွေမှာပြသခဲ့ပြီး
- Vancouver International ရုပ်ရှင်ပွဲတော် မှာ Auience Award For Best Candion Feature Film ဆု
- Hot DOCS International Documentary Flim Festival World Premie မှာ Special Jury Award For Best Candian Feature & 2nd Place Audience Award ဆု
- Academy of Canadian Cinema and Television မှာ Critic’s Choice ဆု
အပါအ၀င် အခြား ရုပ်ရှင်ပွဲတော် တစ်ခုမှာ အကောင်းဆုံး ဆုကို ရရှိထားခဲ့ပြီး ဖြစ်ပါတယ်
ဒါကြောင့် ဆိုင်းဆရာ စိန်ဗိုလ်တင့် ရဲ့ ဇနီးဖြစ်သူ ဒေါ်စန်းပွင့် က လျှော်ကြေးငွေ တောင်းခံခဲ့ရာ မှာ ထိုင်းနိုင်ငံ အခြေစိုက် ကိုယ်စလှယ် တစ်ဦးတစ်ဦး ဖြစ်သူ Mr. Greg Hamition ကနေတစ်ဆင့် ဒေါ်လာ ၃၀၀ ပေးမယ့် အကြောင်း ကမ်းလှမ်း လာတယ်လို့ ဆိုပါတယ်။
Mr. Greg Hamition အနေဖြင့် ဆရာစိန်ဗိုလ်တင့်ရဲ့ ရောင်တော်ဖွင့် ဂီသသံစဉ် အားလုံးကို ဒေါ်လာ ၃၀၀ နှင့် အပြီးပြတ် လွဲပြောင်းပေးအပ် သည့်အချက်များပါတဲ့ စာချုပ်တစ်ခုကိုပါ ယူဆောင်လာ တယ်လို့ဆိုပါတယ်။ ဆိုလိုတာကတော့ ရောင်တော်ဖွင့် သံစဉ်အားလုံးကို ဒေါ်လာသုံးရာနဲ့ အပြတ်ဝယ်လိုက်ပြီ နောက်ထပ် ဇတ်လမ်းတွေမှာ သုံးချင်သုံးမယ် ၀ယ်မဲ့လူရှိရင် ရောင်းမယ် ဒီသံစဉ်တွေ မင်းတို့ မပိုင်တော့ဘူး ဆိုတဲ့ သဘောပါပဲ။
ဒါ့ကြောင့် ဆရာစိန်ဗိုလ်တင့်ရဲ့ ဇနီးက လက်မခံပဲ ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ရုပ်ရှင်ထုပ်လုပ် သူဟာ အမေရိကန် နယူးယောက် အခြေစိုက်ဖြစ်တဲ့ အတွက် အမေရိကန် ဂီတအသင်း နဲ့ Stamford မြို့မှာရှိတဲ့ Law Firm တစ်ခုတို့ ကို မြန်မာနိုင်ငံ တရားရုံးချုပ် ရှေ့နေတစ်ဦး ဆီကတစ်ဆင့် မှုပိုင်ခွင့် ချိုးဖောက်မူ အတွက် အကူညီ တောင်းခံစာများ ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေ အထိကတော့ အကြောင်း မပြန်သေး ဘူးလို့ ဆိုပါတယ်။
Friday, February 02, 2007
မှတ်တမ်းရုပ်ရှင် Mystic Ball နှင့် မူပိုင်ခွင့်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:06 AM
5 comments:
ဟုတ်ပခင်ဗျာ၊ အနုပညာကို မူလဖန်တီးတဲ့သူဟာ..
သူရဲ့တန်ရာတန်ကြေးတော့ ရသင့်တာပေါ့ခင်ဗျာ...
ခုတော့ နိုင်ငံကြီးသားများက ဒီလိုလုပ်တာတော့...
မကောင်းပါဘူးဗျာ.........
နောက်ဆက်တွဲ..သတင်းလေးများရရင်..
ထပ်မံဖော်ပြပေးပါဦး.....
ဟုတ်တယ်
၃၀၀ ကတော့လုံးဝကိုမတန်တာပါကွာ....
ကိုယ်ကိုယ်တိုင်က မူပိုင်ခွင့်ကိုချိုးဖောက်နေမှတော့ သူများကလဲဖောက်မှာပေါ့။ အဲဒီဆိုင်းဆရာရဲ့ ဇနီးကိုပြန်မေးကြည့်ပါလား သူကိုယ်တိုင်ရော အင်္ဂလိပ်ကားတွေ ဝယ်ကြည့်သလားလို့။
မူပိုင်ခွင့်ဆိုတဲ့စကားလုံးကို မြန်မာပြည်မှာကြားလိုက်ရတာ
တော်တော်တော့ အံ့သြဖို့ကောင်းမိပါတယ်..........
ဂီတလောကမှာလည်း အဲဒီအကြောင်းတွေခုချိန်ထိရေလဲ
သုံးနေပြောနေကြတုံးပါဘဲ.....အနည်းဆုံးတော့ သီချင်းတော်တော်များများဟာနိုင်ငံခြားက သံစဉ်တွေထဲကို
မြန်မာစာသားလေးတွေထဲ့ပြီးဆိုနေကြတာတွေချည်းဘာဘဲ.....အမှန်အကန်လေးတွေလည်းရှိပါတယ်........
လက်ရှိမှာပေါက်နေကြတဲ့သီချင်းကောင်းတော်တော်များ များကိုနားထောင်ဖူးတဲ့သူတိုင်းသိကြမှာပါဘဲဗျာ.......
အမှန်တကယ်တော့ ဆိုင်းစရာစိန်ဗိုလ်တင့်ရဲ့ လက်သံ ကိုသဘောကျတဲ့အတွက် အဲဒီရုပ်ရှင်ကားမှာ
ယူသုံးတဲ့သူတို့ကို ကိုယ်တွေဖက်ကတောင် ဂုဏ်ယူစွာ နဲ့သဘောတူရအုံးမှာလို့တောင်ထင်မိပါတယ်....ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ့်မြန်မာဆိုင်းဆရာတယောက်ရဲ့
လက်ရာ မြန်မာသံစဉ်လေးကိုတခြားတခြားသောတိုင်း
ပြည်တွေမှာ ကြားခွင့် နားထောင်ခွင့် ရသွားတဲ့အတွက် မြန်မာပြည်အတွက်ကော.......
မြန်မာ့ဆိုင်းလောကအတွက်ပါ....သိပ်ကို ကြီးကျယ်တဲ့ အခွင့်အလမ်းလေးတခုအဖြစ် ကျွန်တော်
မြင်မိလို့ပါ.........ဒါဟာ ဝေဖန်မှုမဟုတ်ပါဘူး..
အမြင်လေးတခုအနေနဲ့ဘဲ ဆွေးနွေးကြည့်တာပါ....
Post a Comment