Art is My Life: လွမ်းစရာ့ ချစ်ဦး

Tuesday, February 20, 2007

လွမ်းစရာ့ ချစ်ဦး


ကျွန်တော် ၁၇ နှစ်သား ဆယ်တန်းအောင်တဲ့ နှစ်က ရေးထားတဲ့ ၀တ္ထုတိုလေးပါ။ ကျွန်တော့ ဘ၀မှာ ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးဆိုရင် လည်းမမှားပါဘူး။ အဲဒီတုန်းက ခံစားချက်တွေကြောင့် ရေးမဲ့တာရေးလိုက်တာ အချစ်ဝတ္ထုဆိုရင် တစ်အုပ်မှကို မဖတ်ဘူးသေးဘူး။ ဒါကြောင့် နည်းနည်းတော့ သီးခံဖတ်ပေါ့

(၁)

လွမ်းတုန်းလွမ်းရာ

လွမ်းကမ္ဘာမှာ

လွမ်းဘာလေဦး

လွမ်းလေဦး

ပျောက်သောသူရှာရင်တွေ့ သေသောသူ ကြာရင်မေ့ တဲ့။ ဒါပေမယ့် ထား ကိုဒို့ရင်ထဲက တစ်သက်လုံးမေ့မှာ မဟုတ်ပါဘူး။ နှလုံးသားက အချစ်တွေဟာ မဖယ်ခွာနိုင်လို့ပါ။ တစ်ဦး တစ်ယောက် တည်းကိုသာ ရှုးမလောက် စွဲအောင်ချစ်တတ်တဲ့ ဒို့နှလုံးသာမှာ ထား ကလွဲပြီး ဘယ်သူကိုမှ အစားထိုးလို့မရနိုင်ပါဘူး။ ဒို့နှစ်ယောက်ရဲ့ အချစ်တွေကို ဒို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှလဲ မသိနိုင်ပါဘူး။

ဟိုတစ်ချိန်က မှတ်မိနေပါသေးတယ်။ ထင်းရူးပင်လေးတွေ စီတန်းပေါက်နေတဲ့လမ်းလေးမှာ ထားနဲ့အတူတူ လျှောက်သွားခဲ့ကြတာတွေ၊ အနီရောင်ခြယ်တဲ့ စိန်ပန်းပင်လေးရဲ့ ထိုင်ခုံမှာ နှစ်ယောက်သား စကားတွေ ဖောင်ဖွဲ့ပြောခဲ့ကြတာတွေ၊ ယနေ့တိုင် မမေ့နိုင်အောင်ပဲ။ တစ်နေ့ ထင်းရူးပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းလေးမှာလျှောက်ရင်း

ထားရယ် နေ့တိုင်းလျှောက်နေရတာ မညှောင်းဘူးလားလို့ မေးတော့

ကိုနဲ့ဆိုရင် ကမ္ဘာဆုံးအောင်လျှောက်နိုင်ပါတယ် လို့ပြောပြီး ရယ်ခဲ့တဲ့ ထားရဲ့ ရယ်သံလေးတွေ ဒို့နားထဲမှာ အခုထိပျံ့လွင့်ဆဲပါ။

(၂)

ဆယ်တန်းစာမေးပွဲ ပြီးခါစက မြစ်ကြီးနားမြို့မှာ ရှိတဲ့ဆွေမျိုးတွေဆီကို အလည်သွားခဲ့တယ်လေ။ နှစ်ပတ်လောက်နေပြီး ကျွန်တော်တို့ မြို့လေးဆီကို ပြန်ခဲ့တယ်။ အဲဒီမှာ ထားနဲ့တွေ့တော့တာပါပဲ။

၅၆ အစုန် အထူးအမြန်ရထားရဲ့ ပထမတန်းတွဲမှာပါ။ ကျွန်တော်က ရထားမထွက်ခင်နာရီ ၀က်လောက်စောပြီး ကျွန်တော့ခုံမှာ ထိုင်နေတယ်။ ရထားပေါ်မှာ ခရီးသည်တွေ လိုက်ပို့သူတွေရဲ့ စကားသံတွေ နုတ်ဆက်သံတွေ ကလည်းညံနေတာပဲ။

ရထားထွက်တော့မယ်။ တွဲပေါ်မှာရှိတဲ့ ခုံတွေကတော့ လူပြည့်နေပြီ။ ဒါပေမယ့် ကျွန်တော့ ဘေးနားက ခုံကလေးကတော့ လွတ်နေဆဲပါ။ ရထားကလည်း ဥသြဆွဲပြီ။ ကျွန်တော် ဘူတာဘက်ဆီကို ငေးနေမိတယ်။ အဲဒီအချိန်မှာ ထားမှန်းမသိတဲ့ ထားတစ်ယောက် ရထားဆီကို အပြေးလေးလာနေတယ်။ ကျွန်တော့စိတ်ထဲမှာ မှီပမှိပမလားလို့ စိုးရိမ်နေပေမယ့် ရထား မထွက်ခင်လေးမှာ ထား တွဲပေါ်ကိုရောက်လာတယ်။ ထား ရထားပေါ် ရောက်တယ်ဆိုတာနဲ့ ရထားလဲ ထွက်တော့တာပဲ။ ထားက သူ့လက်မှတ်လေးကို ကြည့်ပြီး ကျွန်တော်ထိုင်နေတဲ့ ခုံဆီကိုလျှောက်လာတယ်။ ပြီးတော့ ထားနေရာ ဖယ်ပေးပါလို့ ကျွန်တော့ကို လာပြောတယ်။ သူ့နာမည်က ထားတဲ့လား ကျွန်တော်စိတ်ထဲမှာ ရေရွတ်လိုက်မိတယ်။ ကျွန်တော့ ခုံလည်းဒါပဲ ဆိုပြီး ကျွန်တော့ လက်မှတ်ကို ထုတ်ပြလိုက်တယ်။ လက်မှတ် နှစ်စောင်လုံးက C,4 ။ လက်စပ်တပ်တော့ ထားနဲ့ကျွန်တော် ခုံနံပါတ်ခြင်းလာတူနေတာလေ။ ကျွန်တော်ကလည်း ပြူတင်းပါက်နားလိုချင်လို့ ၀ယ်ထားတာ မဖယ်နိုင်ဘူးပေါ့။ အဲဒီမှာ နုတ်ခမ်းလေးစူပြီး ကျွန်တော့ကိုရန်တွေ့တော့တာပဲ။

ထားစိတ်ညိုလာရင် အရုံးပေးတတ်တဲ့ကျွန်တော်ဟာ ထားကို စတွေ့ကတည်းက အရုံးပေးခဲ့ပါတယ်။ ဒါတွေကို ထားသိမှာပါ။

ဒီလိုနဲ့ ရထားဟာ ခုတ်မောင်းလာခဲ့တယ်။ ထားကတော့ ထိုင်ခုံကိုမှီပြီး ပြူတင်းပေါက်ကနေ တဆင့် တောတောင်ရှုခင်းတွေရဲ့ အလှကို ကြည့်နေတယ်။ လေတိုက်လိုက်တိုင်း ရိမ်းနွဲ့နေတဲ့ ဆံနွယ်လေးတွေရဲ့ ကြားက ထားရဲ့ မျက်နှာအလှက ချစ်စရာလေးပါ။ ကျွန်တော်လည်း ပြူတင်းပေါက်က မြင်နေရတဲ့ တောတောင်ရှုခင်းအလှတွေကို ကြည့်နေရာကနေ တစ်ချက်တစ်ချက် အကြည့်တွေက ထားမျက်နှာလေးပေါ် ရောက်ရောက်သွားမိတယ်။ တစ်ကြိမ်မှာတော့ ထားအကြည့်နဲ့ ဆုံသွားတယ်။

အားပေးသူများရှိပါက ဆက်လက်ရေးသားပါမည်

No comments: