Art is My Life: February 2007

Wednesday, February 28, 2007

စည်းလုံးခြင်းသည်အင်အား

ကျွန်တော်တို့ လုပ်မဲ့မြန်မာ ဘလော်ကာစာအုပ်ကတော့ ၀ိုင်းဝန်းပါဝင်လာကြတဲ့ သူငယ်ချင်းများရဲ့ အင်အားတွေကြောင့် သေချာပေါက် ထုတ်ဖြစ်ပါတော့မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလဲ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ပူးပေါင်းတိုင်ပင်နေကြပါပြီ။

ကိုညီလင်းဆက်ကတော့ seminar တစ်ခုလုပ်ရင် အဆင်ပြေမယ်လို့ ကြံပြုပါတယ်။

ဒါကြောင့် သင်တန်းစင်တာ တစ်ခုနဲ့ညှိနိုင်းပြီး seminar တစ်ခုအဖြစ် အရင် ကြိုးစား ကြည့်ပါမယ်။ ရည်ရွယ်ချက်ကတော့ အင်တာနက်ကို သုံဖြစ်သော်လည်း ဘလော့မရေး ဖြစ်သေးတဲ့လူတွေကို ဘလော့ရေးဖို့ရာအတွက် စည်းရုံးသွားမဲ့သဘောပါ။ ဒါကြောင့် မြန်မာဘလော်ကာတွေ ထပ်တိုးလာပြီး စာအုပ်ထုတ်မဲ့ အချိန်မှာ ပိုပြီးသိုက်သိုက် ၀န်းဝန်း ဖြစ်သွားပါမယ်။

ဒါ့ကြောင့် ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင် ကြမဲ့သူငယ်ချင်းရဲ့ အကြံဥာဏ်နဲ့ လမ်းညွှန်ချက်များကို လည်းကြားချင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းပါဝင်နိုင် ခြင်းမရှိသူများလည်း ပါဝင်ဆွေးနွေး အကြံပြုပေးကြဖို့ တိုက်တွန်းလိုပါတယ်။

စာအုပ်ထုတ်လုပ်မဲ့ စရိတ်ကို တစ်ဦးချင်းထည့်ဝင်ရမဲ့ ပမာဏ စာအုပ်ကို ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာ မသတ်မှတ်ရသေးပါဘူး။ အဝေးရောက်သူ ငယ်ချင်းများအနေနဲ့ ငွေကြေးပါဝင်ဖို့ အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး။ စာမူပဲ ပေးကြပါ ကျွန်တော်တို့ ဒီကနေ စုလို့ရသလောက် ငွေပမာဏနဲ့ စာအုပ်တစ်အုပ်ကို ဖြစ်အောင်လုပ်သွားမှာပါ။

လက်လှမ်းမှီရာ သူငယ်ချင်းတွေကိုလဲ ဒီမှာလာပြီး ပူးပေါင်းကြဖို့ ပြောပေးကြပါဦး

Read More...

ဝိုင်းဝန်းပါဝင် ဆွေးနွေးကြပါ

ကျွန်တော်တို့ ဘလော်ကာတွေရဲ့ အောင်မြင်မှု မှတ်တိုင်လေးကို စိုက်ထူမဲ့နေရာမှာ စုစုစည်းစည်းနဲ့ ပူးပေါင်းပါ ၀င်မယ်လို့ သိရတဲ့အတွက် ကျွန်တော့အနေနဲ့ လွန်စွာမှ ၀မ်းမြောက်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

စာအုပ်နဲ့ ပတ်သက်ပြီး email ပို့မေးကြတဲ့ သူငယ်ချင်းများရဲ့ မေးခွန်းအချို့ကို ပြန်ဖြေရမယ်ဆိုရင်။

ဘလော့တွေမှာ ရေးနေကြတာပဲ ကောင်းနိုးရာရာကို ဘယ်လိုရွေးချယ်မလဲ ဆိုတော့၊ ကျွန်တော်တို့ လုပ်ရမှာက မြန်မာနိုင်ငံမှာ တရားဝင်စာအုပ် တစ်အုပ်အနေနဲ့ ထုတ်မှာဖြစ်တဲ့ အတွက် စာပေစိစစ်ရေးကို ဖြတ်သန်းရပါမယ်။ ဒါကြောင့် ဆင်ဆာနဲ့ မညှိစွန်းနိုင်တဲ့ ပို့ဖြစ်ဖို့လိုပါမယ်။

နောက်တစ်ချက်က ကျွန်တော်တို့ ဘလော်ကာတွေရဲ့ စာအုပ်ကို ပိုက်ဆံပေးဝယ်မဲ့ စာဖတ်ပရိတ်သတ်တွေ ဘာတွေသိချင်ကြမလဲ။ သူတို့ဖတ်ချင်နေတာဘာလဲ။ ကျွန်တော်တို့ ပေးလိုက်တဲ့ Message က သူတို့အတွက် ဘယ်လောက် အသုံးဝင်မလဲ။ ဆိုတာကို အခြေခံထားပြီး ဘလော့ပိုင်ရှင်ရဲ့ အကြိုက်၊ ဘလော့စာအုပ်ထုတ်ဝေရာမှာ ပူပေါင်းကြမဲ့ Blogger အများစုရဲ့ အကြိုက်၊ လက်ရှိစာပေ ဈေးကွက်ရဲ့ အကြိုက် တွေကိုညှိနိုင်းသွားရမှာပါ။

လောလောဆယ် အကြမ်းဖျင်းစဉ်းစားထားတာက စာအုပ်မှာ ကဗျာ၊ ပညာရေး၊ အတွေ့ကြုံ၊ ဆောင်းပါး၊ ၀တ္ထုတို၊ အတွေးအမြင်၊ ဘလော်ကာတွေထဲမှာ ကာတွန်း ဆွဲနိုင်တဲ့လူရှိရင် ခေတ်ကို သရော်နိုင်တဲ့ တစ်ကွက်ကာတွန်းမျိုး လည်းပါရင် ကောင်းပါတယ်။

ပညာရေးဆိုတဲ့နေရာမှာ လက်ရှိဘလော့ရေးနေသူတွေရဲ့ တစ်ဝက်ကျော်ဟာ ကွန်ပြူတာ ပညာမှာ ထူးချွန်ကြသူများ ဖြစ်တာကြောင့် ကွန်ပြူတာ ပညာရဲ့ အခဏ်း ကဏ္ဌ။

ဘလော့ကာတွေထဲမှာ ပြည်ပရပ်ခြားမှာ ကျောင်းတက်နေတဲ့ သူတွေ ပါတာကိုလဲ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကနေ ပြည်ပမှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်နေတဲ့ ကျောင်းသားတွေကို ကိုယ့်တွေ့ဖြစ်ရပ်တွေနဲ့ ယှဉ်တဲ့ အတွေ့ကြုံတွေ အကြံပြုချက်တွေ၊ လိုအပ်ချက်တွေ၊ ဘယ်လိုကျောင်းတွေကို ဘယ်လို ဘာကြောင့် ရွေးချယ်သင့်တယ် ဆိုတာတွေ။ လက်ရှိကျောင်းတက်နေရတဲ့ အတွေ့အကြုံတွေ။ အခက်ခဲတွေ ပါဝင်ပါမယ်။

ပြည်ပရပ်ခြားမှာ အလုပ်သွားလုပ်ဖို့ စိတ်ကူယဉ်နေတဲ့ မြန်မာက စာဖတ်သူတွေအတွက် အခုပြည်မှာ လက်ရှိအလုပ်လုပ်နေတဲ့ မြန်မာ ဘလော်ကာတွေရဲ့ အကြံပြုလမ်းညွှန်ချက်တွေ အတွေ့အကြုံတွေ။

ကျန်တာကတော့ ကျွန်တော့တို့ စာအုပ်ကို ၀ယ်ဖတ်လိုက်တဲ့လူတွေကို အကျိုးရှိသွားမဲ့ အကြောင်းရာတွေကို ရေးနေကျပို့ထဲကနေ ထုတ်နုတ်တင်ဆက်သွားဖို့ရည်ရွယ်ပါတယ်။ နောက် ထပ်ဘာတွေလုပ်သင့်တယ် ဆိုတာကိုတော့ ပူပေါင်းပါဝင်ကြမဲ့ မိတ်ဆွေများရဲ့ ဆန္ဒနဲ့ အကြံဥာဏ်တွေကို ပူပေါင်းပြီး ညှိနိုင်းဆောရွက်သွားမှာ ဖြစ်ပါတယ်။

နောက်မေးခွန်းတစ်ခုက အဝေးရောက်မြန်မာတွေ အတွက် ဘယ်လိုစီစဉ်မလဲ ဆိုတဲ့ ကိစ္စပါ။ ဒါကတော့ ဝေးမှာနေတဲ့သူငယ်ချင်း ဘလော့ကာတွေ ကိုယ်စား ဆောင်ရွက်ပေးနိုင်မဲ့ ပြည်တွင်းက မိဘတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ဆီကနေတစ်ဆင့် ဆောင်ရွက် ကြည့်ရင် ဖြစ်နိုင်မယ်လို့ ယူဆမိပါတယ်။ ဒါမှ မဟုတ်ရင်လည်း အဝေးရောက် သူငယ်ချင်းတွေ အနေနဲ့ ဘယ်လိုလုပ်နိုင် မယ်လို့ ထင်ကြပါသလဲ။ ဝေးရောက်သူ ငယ်ချင်းများရဲ့ အမြင်နဲ့ ဆန္ဒ ကို ဆွေးနွေးပေးဖို့ မေတ္တာရပ် ခံချင်ပါတယ်။

နောက်တစ်ခု စဉ်းစားမိတာက စာအုပ်အနေနဲ့ ထုတ်ရင်ကောင်းမလား။ အကြောင်းအရာ ( အခန်း ကဏ္ဌတွေ ) များနေတဲ့ အတွက် မဂ္ဂဇင်း တစ်အုပ် ( eg Myanmar Blogger Day မဂ္ဂဇင်း) အနေနဲ့ ထုတ်ရင်ကောင်းမလား။ သူငယ်ချင်းတွေ ဆွေးနွေးပါဦး။

နောက်ဆုံးရည် ရွယ်ချက်တစ်ခုက မြန်မာပြည်မှာ လူငယ်တွေ အင်တာနက်ကို တွင်ကျယ်စွာသုံးနေကြပေမယ့် ကိုးဆယ်ကိုး ရာခိုင်နှုန်းက Chat ၀င်တာ။ ဒီလိုစာအုပ် ထုတ်ခြင်းအားဖြင့် ချက်ဝင်နေတဲ့ လူငယ်တွေကို အင်တာနက်ကို ချက်ဝင်တာထက် ကောင်းအောင် ဘယ်လိုအသုံးချလို့ ရတယ်ဆိုတာကို ဒီစာအုပ်ကနေ အနည်းနဲ့ အများပန်းပိုးပေး ဖို့လည်းရည်ရွယ်ပါတယ်။

နောက်ပြီး ဒီလိုစာအုပ်ထုတ်ခြင်းအားဖြင့် ဘလော့ဆိုတာ ဘာလဲဆိုကို မသိကြသေးတဲ့ လူတွေကို ဘလော့နဲ့ မိတ်ဆက်ပေးခွင့်ရမှာပါ။ အထူးသဖြင့် မြန်မာပြည်က Journalist တွေ လက်ထဲကို ဘလော့ရေးတဲ့ အလေ့အထ ရောက်သွားစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ခဗျာမှာ သတင်းတွေကို ထုတ်ပြန်တဲ့အခါ စာပေစိစစ်က ဖြတ်လိုက် ဌာနဆိုင်ရာက ဖြတ်လိုက်နဲ့ သူများတကာတွေ ဖြတ်ပြီးသား အင်္ဂါမစုံတော့တဲ့ သတင်းလေးတွေကို ဂျာနယ်တွေမှာ ရေးရပါတယ်။ သူတို့ကိုသာ ဘလော့ရဲ့ လွတ်လပ်တဲ့ အားသာချက်ကို တပ်ဆင်ပေးနိုင်ရင် ကောင်းမွန်တဲ့ သတင်းအချက်လက်တွေ ပြည်သူတွေကို ချက်ခြင်းအသိ ပေးနိုင်မှာပါ။

နောက်တစ်ခုက ဒီလို စာအုပ်ထုတ်ခြင်းအားဖြင့် လက်ရှိမြန်မာဘလော်ကာတွေရဲ့ စာရေးအားနဲ့ စာပေအဆင့်တန်း ဟာလည်း ပိုမိုတိုးတက် ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။

ကိုယ်နဲ့ နီးစပ်ရာ blogger တွေကိုလဲ အကြောင်းကြားပေး ကြပါဦး

Read More...

Tuesday, February 27, 2007

Blogger စာအုပ်ထုတ်ရအောင်

လာမယ့် World Blog Day မှာ ကျွန်တော်တို့မြန်မာ ဘလော်ကာတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ချင်တယ်။ အဲဒီစာအုပ်က ကိုယ်ပိုင် Blog မှာဖော်ပြထားကြတဲ့ ကောင်နိုးရာရာ ပို့တွေကို ရွေးချယ်ပြီး ဖော်ပြချင်တယ်။ စာအုပ်ထုတ်လို့ ရလာတဲ့ အကျိုးအမြတ်အားလုံးကို လိုအပ်နေတဲ့ ကျောင်းတစ်ကျောင်းလို နေရာမျိုးမှာ လှုဒန်းဖို့စိတ်ကူးထားတယ်။

ကျွန်တော်တို့ မြန်မာဘလော့ကာတွေ စုစုစည်းစည်းနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီစာအုပ်လေးဟာ သေချာပေါက်ဖြစ်လာမှာပါ။ စာအုပ်ထုတ်လုပ်တဲ့ စားရိတ်ကတော့ Wood Free စက္ကူ 60g နဲ့ စာမျက်နှာ သုံးရာကျော်လောက် ပါတဲ့စာအုပ်ကို အုပ်ရေနှစ်ထောင်လောက် ရိုက်ရင် ရှစ်သိန်းဝန်ကျင်လောက် ကုန်ကျတယ်လို့ အာကြမ်းဖျင်း်သိရပါတယ် ( အသေးစိတ်ကုန်ကျ စရိတ်များကို နောက်ထပ် စုံးစမ်းပြီး တင်ပြပေးပါမယ်)။ ကျွန်တော် ထင်ပါတယ် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ လူသုံးဆယ်လောက် ပါဝင်ရင် တစ်ယေက်ကို သုံးသောင်းဝန်းကျင် လောက်ကျခံရုံနဲ့ ဒီစာအုပ်လေးက ဖြစ်မြောက်သွားမှာပါ။

သုံးသောင်းလောက် ဆိုတဲ့ငွေပမာဏဟာ အခုခောတ်မှာ ဖိနပ်ဖိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းလိုက်တဲ့ ငွေနဲ့ ဘလော့ကာတွေရဲ့ မှတ်တိုင်တစ်ခုလဲ စိုက်ထူနိုင်မှာဖြစ်သလို အလှုငွေ လက်ခံရရှိကြမဲ့ ချို့တဲ့ကျောင်းသားတွေအတွက် လှေကားထစ်လေး တစ်ခုဖြစ်သွားမှာပါ။

ကျွန်တော့ဘက်က တာဝန်ယူဆောင်ရွက် ပေးနိုင်တာကတော့ စာအုပ်ဖြစ်မြောက်ရေးအတွက် စာမူများကို ဖောင်ကိုင်ခြင်း စာပေစိစစ်ရေးရုံးတင်ခြင်း မှအစ ပုံနှိပ်စက်ပို့ခြင်း စသည့်ကိစ္စရပ်များ၊ ဂျာနယ်နှင့် မီဒီယာများတွင် သတင်းအချက်အလက် ထည့်သွင်းထုတ်ပြန်ခြင်းကိစ္စများကို စေတနာ့ဝန်ထမ်း အနေနဲ့ဆောင်ရွက် ပေးနိုင်ပါတယ်။

အထူးပြောကြားချင်တာက ဒီကိစ္စက မြန်မာဘလော်ကာများ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် တစ်ယောက်စနှစ် ယောက်စနဲ့လုပ်လို့ မရပါဘူး ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

အချိန်ကလည်း ခြောက်လလောက် ရသေးတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဆန္ဒကိုလည်းဆွေးနွေး တိုင်ပင်နိုင်ကြပါတယ်။

Read More...

Monday, February 26, 2007

သရော်ပုံများ

နောက် 007 ဇတ်ကားမှာ သရုပ်ဆောင်မဲ့ ဘုသ်နှင့် ကွန်ဒိုလီဇာရိုက်

ကာယဘလမောင် ဖြစ်သွားတဲ့ ဘီလ်ဂိတ်

ကလင်တန်ကို ကြိုးဝိုင်းပေါ်မှာ အနိုင်ယူမဲ့ ဘုဘ်


Rapper ဖြစ်သွားတဲ့ ကိုဖီအာနံ

တကယ်ဆိုရင်တော့ နိုင်ငံခေါင်းဆောင်တွေကို ဒီလိုလုပ်တာတော့ မသင့်တော်ပါဘူး။ ဒါပေမယ့် ဒီဇိုင်နာများရဲ့ ကြံဖန်ဖန် ဟာဥာဏ်ဖန်တီမှုကတော့ ပေါ်လွင်ပါတယ်။ နောက်ထပ် အများကြီးကြည့်ချင်သေးရင် ဒီနေရာကို သွားပါ




Read More...

ထုံးစံအတိုင်းပေါ့ကွာ





ထုံးစံအတိုင်းပေါ့ကွာ

စုတ်ချာတဲ့ ဒီကောင်နှလုံးသားက

မင်းဆီကို ဖုန်းဆက်ဖို့ တောင်းဆိုနေတယ်

ထုံးစံအတိုင်းပေါ့ကွာ အမှတ် မရှိတဲ့ ဦးနှေက်က လက်ခံပြီး

ခပ်ချာချာ ပါးစပ်က အစီအစဉ်မကျတဲ့ စကားတွေ ပြောဖို့

အသုံးမကျတဲ့ လက်တွေနဲ့ နင့်ဆီကို ထုံးစံအတိုင်းပဲ ဖုန်းဆက်ခဲ့တယ်။

ထုံးစံအတိုင်းပေါ့ကွာ နင့်ရဲ့ဖုန်းမအားဘူး

ထုံးစံအတိုင်းပေါ့ မအားမချင်းငါကဆက်တယ်

ထုံးစံအတိုင်းပေါ့ နင်မောသွားတော့ ဖုန်းကအားသွားတယ်

ထုံးစံအတိုင်းပေါ့ ငါ့ဖုန်းဝင်သွားတယ်

ထုံးစံအတိုင်းပေါ့ နင်မကိုင်ပါဘူး

ထုံးစံအတိုင်းပေါ့ မနားတမ်းခေါ်နေတယ်

ထုံးစံအတိုင်းပေါ့ နင်စက်ပိတ်သွားတယ်

ထုံးစံအတိုင်းပေါ့ တယ်လီဖုန်းဘေးမှာ နှလုံသားတစ်ခုဟာ ကြေကွဲလို့

ထုံးစံအတိုင်းပေါ့ကွာ နှလုံးသားအက်ကြောင်းတွေက

ခံစားချက်စာကြောင်းလေးတွေ ဖြစ်သွားကြတယ်

ထုံးစံအတိုင်းပေါ့

အဲဒီညက ဖေဖာဝါရီလ ၂၅ ရက်

Read More...

Sunday, February 25, 2007

ဖားပုံပြင်

တစ်ခါတုန်းက ရေအိုင်တစ်ခု တွင်ဖားနှစ်ကောင် ရှိကြသည်။ သူတို့မှာ တစ်ကောင်လျှင် ကြာရွက်တစ်ခု စီပိုင်ဆိုင်ကြသည်။ အဲဒီဖားလေး နှစ်ကောင်သည် နေ့စဉ်ကိုယ့်ကြာရွက်ပေါ် ကိုယ်တက်ပြီး သီချင်းဆိုကြသည်။

တစ်နေ့တော့ ဖားနှစ်ကောင် သီးချင်းဆိုရာက တစ်ကောင်နှင့်တစ်ကောင် နားညဉ်းသည်ဟု ဆိုကာ စကားများကြသည်။ ဖားနှစ်ကောင်၏ အချင်းပွားမှုမှာ ပိုကြီးသည်ထက် ကြီးလာသည်။ စကားများကြရာက တစ်ကောင်နှင့် တစ်ကောင် ထသတ်တော့ မည့်အခြေအနေထိ တင်းမာလာသည်။

စကားများရင်က ဖားတစ်ကောင်က မပြောမဆိုနှင့် ရေထဲသို့ ငုပ်သွားသည်။ ပြန်တက်လာတော့ လက်ထဲမှာ ခဲတစ်လုံးပါလာပြီး ယင်းခဲကို သူ၏ကြာရွက်ပေါ်တွင် တင်ထားလိုက်သည်။ ဒီတော့ နောက်ဖားတစ် ကောင်ကလည်း ရေထဲသို့ ငုပ်သွားပြန်သည်။ ပြန်တက်လာတော့ ပထမဖားလိုပဲ လက်ထဲမှာ ခဲတစ်လုံးယူလာပြီး သူ၏ကြာရွက်ပေါ်မှာ တင်ထားလိုက်သည်။

ပထမဖားက နောက်တစ် ကြိမ်ရေထဲသို့ ငုတ်သွားပြန်သည်။ ပြန်တက်လာတော့ ပထအကြိမ်တုန်းကလို နောက်ထပ် ခဲတစ်လုံး ပါလာပြီး သူ့၏ကြာဖက် ပေါ်တွင်တင်ထားလိုက်သည်။ ဒီတော့ ပထမဖား ဆီမှာခဲနှစ်လုံး ဒုတိယဖားက ခဲတစ်လုံးဖြစ်နေသည်။ ဒုတိယဖားကလည်း နောက်တစ်ကြိမ် ထပ်ငုပ်ပြန်သည်။ ပြန်တက်လာ တော့ ခဲနှစ်လုံးယူလာပြီး သူကြာရွက်ပေါ် တင်ထားလိုက်သည်။

ပထဖားကလည်း ပြန်ငုတ်ပြီး ခဲသုံးလုံးထပ်တင်သည်။ ဒုတိယဖားက နောက်ထပ် လေးလုံးထပ်တင်သည်။ ဒီလိုနဲ့ အပြိုင်အဆိုင် ခဲတွေ တင်လာလိုက်ကြတာ ကြာရွက်များပေါ်တွင် ခဲများပြည့်သွားတော့သည်။ သိပ်မကြာလိုက်ပါ ကြာရွက်နှစ်ခုလုံး ခဲဝိတ်ကို မခိုင်၍ ရေထဲနှစ်မြုတ်သွားသည်။ ဖားနှစ်ကောင်လဲ ဘုံပျောက်သွားတော့သည်။

ဒါကပုံ ပြင်မဟုတ်ပါဘူး နိုင်ငံတကာ ရှော့ရှော့ဖလင်ခေါ် ကာတွန်းရုပ်ရှင် ပြိုင်ပွဲမှာ ဆုရသွားတဲ့ ရုရှ ကားတွန်းဆရာရဲ့လက်ရာလေးပါ။ သူက ယနေ့မျက်မောက်ခေတ်ကို ဖားပုံပြင် ဥပမာလေးပေးပြီး သရော်ထားတာပါ။

ယခုမျက်မှေက် ခေတ်မှာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ သူထက်ငါသာအောင် လက်နက်တွေ အပြိုင်အဆိုင် တီထွင်ထုတ်လုပ်နေကြပါတယ်။ ကိုယ့်နိုင်ငံက လက်နက်က သူ့နိုင်ငံက လက်နက်ထက် မသာရင်တောင် အောက်ကျလို့ မဖြစ်ပါဘူး။ ဒါကြောင့် ခောတ်မမှီတော့တဲ့ လက်နက်တွေကို ဖျက်သိမ်းလိုက်။ လက်နက်အသစ်တွေ ထုတ်လုပ်လိုက်နဲ့ အပြိုင်အဆိုင် တပ်ဆင်နေကြပါတယ်။

လက်နက်တွေ တပ်ဆင်ထုတ်လုပ်တယ်တယ် ဆိုတဲ့နေရာမှာ စရိတ်စက များစွာကြီးမားပါတယ်။ သုသေသနလုပ်ရတယ်။ လိုအပ်ရင် နည်းပညာကို ဈေးကြီးပေးပြီး ၀ယ်ရတယ်။ မြောက်ကိုးရီးယားဆိုရင် နယူးကလီးယား လက်နက်လုပ်တာ နိုင်ငံသားတွေ ဆင်းရဲကုန်ပါတယ်။ အမေရိကန်ဆိုရင် လက်နက်သုသေသန စရိတ်က တစ်နှစ်ကို ဘီလီယံ ငါးဆယ်ကျော် ရှိပါတယ်တဲ့။ အခုအီရန်ကလည်း နယူးကင်္လီးယား လက်နက်ပိုင်ဆိုင်ရေး လစဉ် ရုရှကို သန်း ၂၅၀ ပေးပြီး ကြိုးပမ်းနေပြန်ပါပြီ။

အန္ဒိယကလည်း ကီလိုတန် သုံးရာရှိတဲ့ နယူးကလီးယား ထိပ်ဖူးကို သယ်ဆေင်ပြီး မိုင်ပေါင်း ၁၉၀၀ အကွာကို ပစ်ခတ်နိုင်မဲ့ Agni III ဒုံးကျည်ကို စမ်းသပ်နေပါပြီ။ တရုပ်ကလည်း နိုင်ငံပိုင် မိုးလေ၀သ ဂြိုလ်တုဟောင်းကို ဒီတိုင်းမဖျက်ပဲ ဒုံးကျည်နဲ့ လှမ်းပစ်ချပြီး ငါတို့မှာ ဂြိုလ်တုတွေကို မှန်အောင်ပစ်ချနိုင်တဲ့ ခဲလုံးတွေရှိတယ်ဆိုတာကို ကြာရွက်ပေါ်မှာ တင်ပြီးကြွားထားပါတယ်။

ဒီတိုင်းတာ စစ်လက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေကြဦး မယ်ဆိုရင် ရုရှ ကာတွန်းဆရာရဲ့ ဖားပုံပြင်လို ကမ္ဘာကြီလည်း မလွဲမသွေ နှစ်မြုတ်သွားမှာပါ။

Read More...

ပိုက်ဆံအိတ်ပိုင်ရှင် ရှာပုံတော် ၂


လုပ်ချင်စိတ်တွေ ပျင်းပြနေချိန်မှာ လုပ်မိတဲ့ အလုပ်တွေဟာ တစ်ခါတစ်ရံမှာ တူမတူအောင် ပြောင်မြောက်သလို တစ်ခါတစ်ရံမှာ တစ်သက်စာ ရှင်းမရတဲ့ အမှားတွေလည်း ဖြစ်သွားတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခု လုပ်ခြင်းကြောင့် ဖြစ်လာမည့် ဆိုးကြိုးများကို အဆုံးထိသာ တွေးကြည့်လိုက်ပါ။ အဲဒီလောက် ငါ့ကံကြမ္မာက ဆိုးရွားခဲ့ရင် ငါဘာဖြစ်သွားနိုင်လဲ။

ကျွန်တော် သေချာစဉ်းစားကြည့်သည်။ အကောင်းဘက်က စဉ်းစားကြည့်ရင် ပိုက်ဆံအိတ် ပိုင်ရှင်သာ သူပိုက်ဆံတွေ ပြန်ရရင် ဘယ်လောက်များ ၀မ်းသာသွားမလဲ။ တကယ်လို့ အမှုခင်းတစ်ခု မှာပါဝင်ပတ်သက် နေတယ်ဆိုရင် အဆိုးဆုံး အခြေနေသည် ရဲစခန်းရောက် ရုံးရောက် ဖြေရှင်းရမည်။ ကျွန်တော့ဘက်က မှန်နေသဖြင့် အမှုမှာ ပတ်သက်ခဲ့သည့်တိုင် ကောင်းကောင်း မွန်မွန် ဖြေရှင်းပါက ဘာမှဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ပိုင်ရှင်လက်ကို မရောက်ရောက်အောင် ထည့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ အခုလောက်ဆိုရင် တောင်ပိုက်ဆံအိတ် ပိုင်ရှင်စိတ်ပူနေရောမည်။

ကျွန်တော် နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ကြည့်တော့ ဖုန်းကိုင်သည်။ ကျော်ကျော်လတ် ဟုတ်ပါသလားလို့ ကျွန်တော့က မေးလိုက်တော့ ဟုတ်ပါသည်တဲ့။ ကျွန်တော်ထင်ထားတာက ပိုက်ဆံအိတ် ပျောက်နေသူ တစ်ယောက် အနေဖြင့် ဒီအချိန်လောက်ဆိုရင် ပြာရာခတ် နေရောမည်။ သို့သော် သူ၏အသံက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်။

ကိစ္စရှိလို့လား

ဟုတ်ကဲ့ ကျွန်တော် ခင်ဗျားပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ။ အဲဒါဘယ်နေရာကို လာပေးရမလဲလို့

တကယ်ပြောတာလား၊ မလိမ်နဲ့နော်

အာ မလိမ်ပါဘူးတကယ်ပါ

ဒါနဲ့ စောစောက ဖြစ်ခဲ့တဲ့နေရာမှာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်ပြီးကျန်ခဲ့သေးလား

မဖြစ်ပါဘူး

ဟုတ်လား တကယ်နော်

တကယ်ပါ

အေးကွာ ငါဒီမှာ ပြသနာနဲနဲရှိလို့ အခုတော့ ရဲတွေနဲ့ ညှိလိုက်တာ အဆင်ပြေသွားပြီ၊ မင်းအခုဘယ်နေရာမှာ ရောက်နေတာလဲ

ကျွန်တော် ဆူးလေ ကဆက်နေတာပါ

ပိုက်ဆံအတ်ထဲမှ ဘယ်လောက် ပါသလဲ ငါကပြေးရင်းလွားရင်း ဆိုတော့ မမှတ်မိတော့လို့

အဲဒါတော့မသိဘူးဗျ

ဒါဆိုရင် မင်းပုစွန်တောင်ဈေး အရှေ့ကိုလာခဲ့ကွာ ဒီမှာ ရဲတွေကို ပြုစုရအောင် ကောင်မလေးတွေလဲ ခေါ်ထားတယ်၊ မင်းဈေးအရှေ့ရောက်တာနဲ့ ကြည့်လိုက် ကောင်မလေးတွေ ကောရှိနေတော့ မင်းမြင်လိုက်တာနဲ့ သိမှာပါ။

ဟုတ်ကဲ့ ကျွန်တော် အခုထွက်လာမယ်

မင်းက ဘယ်လိုပုံစံလဲ

T Shirt အ၀ါရောင် ဘောင်းဘီရှည်နဲ့ ဘေးလွယ်အိတ် အစိမ်းရောင်ကို လွယ်ထားတယ်

ကျွန်တော် Taxi ပေါ်ရောက်မှ စဉ်းစားမိသည်။ စောစောက ဖုန်းကိုင်တဲ့လူသည် ကျော်ကျော်လတ် အစစ်ဟုတ်ပါ့မလား။ သူပြောတဲ့ ပုံအရဆိုပါက သံသယဖြစ်စရာ များစွာရှိသည်။ ပိုက်ဆံအိတ် ပျောက်နေသူတစ်ယောက် ပိုက်ဆံအိတ်ကို ပြန်ရတော့မည်လို့ သိလိုက်ရချိန်မှာ မည်သူမျှ ၀မ်းမသာပဲ နေလိမ့်မည်မဟုတ်။ သူ့ အသံက ၀မ်းသာပုံမရ ပိုက်ဆံပေးမှာ ထားတဲ့ကုန်ပစ္စည်းတစ်ခုကို နေရာရောက်အောင် ပို့ခိုင်းနေသည်ထက် သူလေသံက ပိုမထူး။ နောက်တစ်ချက်က ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်ပါက ကိုယ့်ပိုက်ဆံအိတ် ထဲမှာ ဘယ်လောက်ရှိသည်ကို သိရမည်။ ဒီတော့ ဖုန်းကိုင်သူသည် ပိုက်ဆံအိတ် ပိုင်ရှင် မဖြစ်နိုင်။ ဒါဆိုရင် ဘာဆက်လုပ်ရမလဲ။

ကားလိုင်စင် ပါတာပဲ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်မှတ်ပုံတင်နံပါတ်တော့ အလွတ် ရတတ်ကြသည်။ ကျော်ကျော်လတ် အစစ်အမှန်ဆိုရင် ကားလိုင်စင်ထဲက မှတ်ပုံတင်နံမှတ်ကို အလွတ်ရရမည် ။ ကျွန်တော် ဆုံဖြစ်ချက်ချလိုက်သည် မှတ်ပုံတင်နံပါတ်ကို အလွတ်မရွှတ်ပြနိုင်ပါက ပိုက်ဆံအိတ်ကို ပြန်ယူလာမည်။

ပုစွန်တောင် ဈေးအရှေ့ ရောက်ပါပြီ။ ကျွန်တော် Taxi ခပေးပြီး ကားပေါ်က ဆင်ခဲ့သည်။ စောစောက တယ်လီဖုန်းထဲတွင် ပြောသော ကောင်မလေး များနှင့် လူအုပ်ကို မတွေ့။ ကျွန်တော်က သူတို့ကို မတွေ့ရင်တောင် ကျွန်တော့ကို သူတို့မြင်နိုင်အောင် ခေါက်တုံ့ခေါက်ပြန် ဈေးအရှေ့မှာ လျှောက်ပြနေသည်။ ငါးမိနစ်ခန့် ကြာသွားပြီ အခြေအနေက ထူးမလာ။ ဒီတော့ ကျွန်တော် ဖုန်းပြန်ဆက်ကြည့်သည်။

ကျော်ကျော်လတ် ဟုတ်ပါသလား

ဟုတ်ပါတယ်

တဘက်ပြောသည့် အသံက စောစောက အသံနှင့် လုံးဝမတူသည်ကို ကျွန်တော်သတိထား လိုက်မိသည်။ ဒီလိုဆိုရင်တော့ အခြေအနေက ကျွန်တော် ထင်တာထက် ပိုရှုပ်ထွေးနေပြီ ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ သို့ပေမယ့် ဟန်မပျက် စကားဆက်ပြောလိုက်သည်။

ကျွန်တော် ပုစွန်တောင် ဈေးအရှေ့ ရောက်နေပြီ

ဗျာ

တစ်ဘက်က ဖုန်းပြောသည့် လူတုန်လုပ်သွား သည်

ခင်ဗျားပဲ ခင်ဗျား ပိုက်ဆံအိတ်ကို ပုစွန်တောင် ဈေးအရှေ့မှာလာပေးဆို

ပိုက်ဆံအိတ် တကယ်လား၊

တစ်ဘက်လူ ၀မ်းသာအားနှင့်အော်လိုက်သည်။ ပြီးမှ ငိုသံနှင့်ဆက်ပြောသည်။

မနောက်ပါနဲ့ဗျာ၊ ကျွန်တော့ကို ဖမ်းဦးမလို့လား

မနောက်ပါဘူဗျာ ကျွန်တော့ဆီမှာ ခင်ဗျားရဲ့ပိုက်ဆံ အိတ်ရထားလို့ ခင်ဗျာကို လိုက်ရှာနေတာ

အစ်ကို အစ်ကိုက ကျွန်တော့ဖမ်းမဲ့ လူတွေတော့ မဟုတ်ပါနော်

ကျွန်တော့ကို မ၀ံ့မရဲနှင့်ပြန်မေးသည်။ ပြီးတော့ သူဆက်ငိုနေသည်။

မဟုတ်ပါဘူးဗျာ တကယ်ပါ။ ဒီမှာ ခင်ဗျားရဲ့ ကားလိုင်စင်တောင် ပါသေးတယ်။

သူကျွန်တော့ အပေါ်မှာ ယုံကြည်စိတ်ချသွား အောင် ပိုက်ဆံအိတ်အတွင်း ကားလိုင်စင်ပါကြောင်း ပြောပြလိုက်သည်။ တစ်ဆက်တည်းမှာဘဲ သုကို ကျော်ကျော်လတ် အစစ် ဟုတ်မဟုတ် သိရအောင် သူ့မှတ်ပုံတင်နံပါတ်ကို ရွှတ်ပြရန် တောင်းဆိုလိုက်သည်။

ဝမ်းသာလိုက်တာဗျာ

သူငိုသံကြီးနဲ့ ပြောပြီးဆက်ငိုနေသည်။ ငိုနေသည့်အရှိန်ကြောင့် မှတ်ပုံတင်နံပါတ်ကို မရွှတ်ပြနိုင်အောင်ရှိနေသည်။ တော်တော်လေးငို ပြီးမှာ သူမှတ်ပုံတင်နံပါတ်ကို ရွှတ်ပြသည်။ ပြီတော့ ကျွန်တော်ရှိနေသည့် ပုစွန်တောင်ဈေး အရှေ့ကို လာခဲ့မည့်အကြောင်း ပြောပြီးဖုန်းချသွားသည်။ ဖုန်းချသည် အထိသူငိုသံက မတိတ်သေး။ ပါးစပ်မှလည်း အယောင်ဆောင်တွေ ယောင်ဆောင်တွေ ဟု တတွတ်တွတ် ပြေသွားသေးသည်။ ဘာကို အယောင်ဆောင်တာလဲ ကျွန်တော်နားလည်။ သူ့ယောင်ကို ဆောင်တာကို ဆိုလိုချင်တာလား။ ကိစ္စမရှိ သူလာမှပဲ မေးတော့မည်။

ခဏလောက်ကြာတော့ Taxi တစ်စီးရောက်လာသည်။ ကားထဲမှာပါလာသူ ကတော့ စောစောပြေးသည့်လူ။ မျက်နှာတစ်ခုလုံး ဖုရောင်နေသည်။ နုတ်ခမ်းက ကွဲထွက်ပြီး သွေးများစီးကျနေသည်။ သူက ဆင်းမလာ ကားပေါ်ကနေ ကျွန်တော့ကို လှမ်းခေါ်သည်။ ကျွန်တော်က သူ့ကိုပိုက် ဆံအိတ်ပေးလိုက်တော့ သူလှမ်းယူသည်။ ပိုက်ဆံ အိတ်လှမ်းယူသော သူလက်မှာ သွေးများနှင့် နီရဲနေသည်။ ကြည့်ရတာ လက်မှာလည်း ဒဏ်ရာ ရထားပုံပေါ်သည်။ ကျေးဇူးတင်ကြောင်း ငိုရင်းနှင့် တစ်ဖွဖွပြောသည်။ ပြီးတော့ ကျွန်တော့ကို ဘယ်ပြန်မှာလည်းလို့ မေးသည်။ ကျွန်တော်က မြို့ထဲပြန်မည့် အကြောင် ပြောတော့ လမ်းကြုံသည်လိုက်ခဲ့ပါဟု သူကခေါ်သည်။ ကျွန်တော်လည်း သူဘယ်လို ဖြစ်တယ်ဆိုတာ အကြောင်းစုံ သိချင်တာကြောင့် ကားပေါ်အတူလိုက်ခဲ့သည်။

ကားပေါ်ရောက်တော့ ၀မ်းနည်းသံနှင့် သူရှိုက်ရှိုက်ပြီးငိုနေသည်။ အယောင်ဆောင်တွေ၊ သူတွင် တမိသားစုလုံးမှာ မှအဖွားတစ်ယောက်သာရှိပြီး အဖွားဖြစ်သူမှာ ယခုဆေးရုံတက်နေရသည်။ ဆိုတာလောက် ကလွဲပြီး ပိုပြောနိုင်ခဲ့။ ရှိစေတော့ သူဝမ်းနည်းပြီးငိုနေတာပဲ ကျွန်တော်လည်း ဆက်မမေးတော့ပေ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ကားရပ်ခိုင်းပြီး ကျွန်တော်ဆင်းခဲ့သည်။ သူကကျွန်တော်သွားခါနီးမှာ ကျေးဇူးတင်ပါ ကြောင်းနှင့် ကျေးဇူးဆပ်ရန် နာမည်နှင့်ဖုန်းနံပါတ် ပေးခဲ့ပါရန် တောင်းဆိုသည်။ ကျွန်တော် ဖုန်းနံပါတ်ပေးပြီး ပြန်လာခဲ့သည်။ ပြန်လာခဲ့ပေမယ့် ကျော်ကျော်လတ် တွေ့ကြုံခဲ့သည့် အဖြစ်ကို ကျွန်တော်သိချင် စိတ်ကပျင်းပြနေသည်။

ညပိုင်းရောက်တော့ သူကျွန်တော့ဆီကို ဖုန်းဆက်သည်။ ၃၉ လမ်းမှာ ရောက်နေပါကြောင်း နှင့် ကျေးဇူးတင်စကား အေးအေးဆေးဆေးပြောရန် လှမ်းခေါ်သည်။ ကျွန်တော်က သူနှင့်လည်း မရင်းနှီးသလို သူဘာဖြစ်ထားမှန်းလဲ ကျွန်တော်မသိသေး၊ အကယ်၍ ဆင်းသွားရင် . . . ။ ကျွန်တော် စဉ်းစားကြည့်ပြီး စာမေးပွဲရှိလို့ မဆင်းတော့ ဘူးလို့သူ့ကို လိမ်ပြောလိုက်သည်။ သို့သော် သူ ဘာဖြစ်ခဲ့တာလဲဆိုတာကို လည်းသိချင်သည်။ ထို့ကြောင့် သူအကြာင်းကို ဖုန်းထဲကပဲ မေးလိုက်တော့သည်။

သူပြောပြတဲ့ သူ့အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူပြောတဲ့ သူ့အကြောင်းမှာ သတိထား ဆင်ခြင်စရာတွေ၊ ဆန်းကျယ်တဲ့ ကံကြမ္မာတွေ၊ ၀မ်းနည်းကြောက်လန့် စရာတွေကို ကျွန်တော်ခံစားသိရှိလိုက်ရသည်

ကျော်ကျော်လတ်ပြောတဲ့ သူ၏အဖြစ် အပျက်

ဆန္ဒရှိလျှင် ဆက်ရေးပါမည်

Read More...

အားပါးတရ ရယ်ရအောင်






ဒီလို ရယ်စရာကောင်တဲ့ ဓာတ်ပုံတွေကို ကြည့်ချင်တယ်ဆိုရင် တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ် ပုံပေါင်းရှစ်ရာကျော်ရှိပြီး ဓာတ်ပုံများကို ဟာသမြောက်အောင် ဖန်တီးထားသည်

Read More...

Saturday, February 24, 2007

ကျွန်တော် ၏စွန့်စားခန်းများ ပိုက်ဆံအိတ် ပိုင်ရှင်ရှာပုံတော်


အချိန်ကား ညနေသုံးနာရီခွဲခန့်။ ဆူးလေဘုရား ဘက်ကနေ ကျွန်တော်နေထိုင်ရာ ဆိပ်ကမ်းသာ လမ်းမဆီသို့ မဟာဗန္ဒုလ လမ်းအတိုင်း လူတစ်ယောက် ပြေးလာနေသည်။ ပြေးလာသူရဲ့ နောက်မှာ လူသုံးယောက်က ထပ်ကြပ်မကွာ ပြေးလိုက်လာကြသည်။ ပြေးသူက အသက်သုံးဆယ် ၀န်းကျင်ခန့် အရပ် ငါးပေ ၄ လက္မခန့် ကိုယ်လုံးကိုယ်ထည်က မပိန်မ၀။ လိုက်သူ သုံးယောက် ကပြေးသူထက် ကိုယ်လုံး ကိုယ်ဖန်ကြီးသည်။ ပြေးသူတစ်ယောက် လိုက်သူသုံးယောက် ဖြစ်၍ လူတွေက တအံ့တအော ကြည့်နေကြသည်။ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ပြေးသူကို လိုက်သူတွေ မိသွားကြသည်။ ပြေးသူကို လိုက်သူ သုံးယောက်က မိတယ်ဆိုရင်ပဲ ၀ိုင်းဝန်း ထိုးကြိတ်ကြတော့သည်။

ပတ်ဝင်းကျင်မှာ လူများစွာ ရှိနေပေမယ့် ဘာကြောင့် ဘာဖြစ်မှန်း မသိ၍ ဘယ်သူမှ ၀င်မကူရဲကြ။ စိတ်တိုင်းကြ ထိုးကြိတ်ပြီး လူသုံးယောက်က ပြေးသူကို ဂုတ်ကနေဆွဲကာ တက္ကစီပေါ်တင် ခေါ်သွားကြသည်။ပြီးတော့ ဖမ်းသူတွေက ကားနားမှာ ၀ိုင်းအုံကြည့်နေတဲ့ လူတွေကို ပြောသွားသေးသည်။

ဘာမှ မဖြစ်ဘူး ကိုယ့်အလုပ်ကို အေးဆေးလုပ်ကြ

တက္ကစီကားက ထွက်သွားပြီ။ ကျန်ခဲ့တဲ့ လူအုပ်ကြီးရဲ့ ပိစပ်မှာတော့ တွေးထင်သံများ ကို တစ်ယောက်တစ်ပေါက် ပြောဆိုကျန်ရစ်ခဲ့ကြသည်။

ခါးပိုက်နိုက်ကို ရဲဖမ်းသွားတာ ထင်တယ်

အချင်းချင်း အဝေမတည့်လို့ ဖြစ်တာ နေမှာ

ကြည့်ရတာ ရည်းစားလု ဘက်တွေလားမှ မသိတာ

.x . …. . … . . . . . …………………………….

ဒီမှာပိုက်ဆံအိတ်တစ်လုံး

စောစောက ပြေးသူလဲကျသွားသည့် နေရာမှာဖြစ်သည်။ ပိုက်ဆံအိတ်မှာ ယောက်ကျားလေးကိုင် ခေါက်ပိုက်ဆံအိတ် နွမ်းနွမ်းလေး တစ်ခုဖြစ်ပြီး သွေးများစွန်းပေနေသည်။ ဆိပ်ကမ်းသာ လမ်းထိပ်မှာ ၀က်သားထုတ်ထိုးနဲ့ ခေါက်ဆွဲ ရောင်တဲ့ မိန်းမကြီးက ပိုက်ဆံအိတ်ကို မီးညှပ်နှင့် ညှပ်ကာ လမ်းမပေါ်ကို ပစ်ချလိုက်သည်။ သူကိုကြည့်ရတာ ဘာမှန်းမသိ တဲ့အရှုပ်ထုပ်ထဲ ၀င်ပါချင်ပုံမရ။ ပိုက်ဆံအိတ်ကို လူတွေဝိုင်းကြည့် နေကြသည်။ သို့သော် ကိုင်ရဲတဲ့လူမည်သူမှ မရှိ။ ၀ိုင်းကြည့်နေသူများ ထဲက စပ်စပ်စုစု နိုင်ပုံရသည့် အသက်ငါးဆယ်ခန့် လူကြီးတစ်ဦးက ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်သည်။ လူကြီး ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအိတ် အတွင်းမှာ ဒေါ်လာနှင့် Fe များကိုတွေ့ရသည်။ လူကြီးက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ရင်း ရဲစခန်းသွားအပ်မယ် တစ်ယောက်ယောက် အဖော်လိုက်ခဲ့ပါ လို့ပြောသည်။ မည်သူမျှလိုက်ပါ ချင်ပုံမရ။

ကျွန်တော်လိုက်ခဲ့မယ်

ကျွန်တော်လူကြီးကို ၀င်ပြောလိုက်သည်။ လူကြီးကလည်း ခေါင်းညိမ့်ပြသည်။ နောက်တော့ ကျွန်တော်တို့ နှစ်ယောက် ကျောက်တံတား ရဲစခန်းရှိရာဘက်ကို ဦးတည်လာသည်။ ၃၆ ထိပ်ရောက်တော့ နောက်က အမျိုးသမီး တစ်ဦးပြေးလိုက်လာသည်။ အဲဒီအမျိုးသမီးက လူကြီးရဲ့ ဇနီးဖြစ်နေသည်။

ရှင်တော်တော်ရှုပ်ပါလား ကိုယ့်အလုပ်မဟုတ်တာကို ရှုပ်ချင်တယ်။ မလိုက်သွားနဲ့။

ဇနီးဖြစ်သူက တားတော့ လူကြီးက ကျွန်တော့ကို အားတုန့်အားနာနှင့် ကြည့်သည်။ ပြီးတော့ ပိုက်ဆံအိတ်ကို ကျွန်တော့် လက်ကိုအပ်လိုက်သည်။ သူဆက်မလိုက်တော့ပေ။

လူကြီးနှင့် ဇနီးသည်တို့ ထွက်သွားကြပြီ။ ၃၆ လမ်းထိပ်မှာ ပိုက်ဆံအိတ်နှင့် ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တယ်။ ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တော့မှ စဉ်းစားကြည့်သည်။ ပိုက်ဆံအိတ်က ဒေါ်လာတွေ။ ဒေါ်လာဆိုတာ မြန်မာနိုင်ငံမှာ တရားဝင်ကိုင်ဆောင်ခွင့်ရှိတဲ့ ပိုက်ဆံမဟုတ်ဘူး။ ရဲစခန်းရောက်မှ နေရင်ထိုင်ရင်း ကျွန်တော်ပါ အမှုပတ်သွားနိုင်သည်။ ကံကောင်းလို့ ကျွန်တော့ကို အမှုလာမပတ် သည့်တိုင်အောင် ပိုက်ဆံအိတ်ပိုင်ရှင်က ဒေါ်လာတွေကို ဆုံးရှုံသွားနိုင်သည်။ ဒါကြောင့် ပိုင်ရှင်ကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး ပေးလိုက်ရင်ကောင်းမလား။

ကျွန်တော် ပိုက်ဆံအိတ်ကို ဖွင့်ပြီးရှာကြည့်တော့ ဒေါ်လာ ၂၃၀၀ ကျော် Fe 300 ကျော်၊ လိပ်စာကဒ် တစ်ခု နှင့် ကားလိုင်စင်တစ်ခု။ ကားလိုင်စင်ကတော့ ပိုက်ဆံအိတ် ပိုင်ရှင်ရှင်၏ ကားလိုင်စင် ဖြစ်ဟန်တူသည်။ လိပ်စာကဒ်ကတော့ အလွှတ်တမ်း ဓာတ်ပုံဆရာ တစ်ယောက်၏ လိပ်စာကဒ်။ ဒါဆိုရင်တော့ ပိုက်ဆံ အိတ်ပိုင်ရှင်ကို ဆက်သွယ်လို့ ရနိုင်စရာ အကြောင်းရှိသည်။ သို့သော် ဒီပိုက်ဆံတွေက သူတကယ်ပိုင်တဲ့ ပိုက်ဆံတွေ ဟုတ်ပမလား။ ဒီပိုက်ဆံတွေက ဒုစရိုက်မှု တစ်ခုခုနဲ့ ပတ်သက်နေမလား။ ဒုစရိုက် မှုနဲ့ ပတ်သက်ပြီးရလာတဲ့ ပိုက်ဆံတွေကို ကျွန်တောက်က စေတနာတွေ ပလပွနဲ့ သွားအပ်မိရင် ကျွန်တော်ပါ ဒုက္ခရောက်သွားနိုင်သည်။ ဒီတော့ ပိုက်ဆံတွေကို ရဲစခန်းပဲသွားအပ်တာ ကောင်းမလား ဒါမှမဟုတ် ကားလိုင်စင်ထဲက လူကိုဆက်သွယ်ပြီး ပေးရင်ကောာင်းလား။

ကားလိုင်စင်ထဲက လူကိုကြည့်လိုက်တာ့ စောစောက ပြေးတဲ့လူ။ သူပုံကိုကြည့်ရတာ လူရိုးလူကောင်ပုံပဲ ခက်တာက လူပုံကိုကြည့်ရုံနဲ့ တော့လူဆိုးလူကောင်း မသိနိုင်။ ဘာဘဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ ပိုက်ဆံအိတ် ပိုင်ရှင်သည် ကားလိုင်စင်ထဲက လူဖြစ်လိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ ခါးပိုက်နိုက်ပြီး ပြေးလာသူဆိုပါက ပိုက်ဆံအိတ် အတွင်းကို ကားလိုင်စင် ထည့်ဖို့ အချိန်ရလိမ့်မည်မဟုတ်ပေ။

ကျွန်တော် လိပ်စာကပ်ထဲက ဓာတ်ပုံဆရာကို ဖုန်းလှမ်းဆက်ကြည့်လိုက်သည်။ လိပ်စာကဒ်ထဲက လူကဖုန်းကိုင်သည်။ ကားလိုင်စင်ထဲက ကိုကျော်ကျော်လတ် ဆိုတဲ့လူကိုသိလား လို့ ကျွန်တော်က မေးလိုက်တော့ ဘာကိစ္စရှိလို့ လဲဆိုပြီး ဖုန်းထဲက လူကပြန်မေးသည်။ ကျွန်တော် သူပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ ပိုက်ဆံအိတ်ထဲမှာ အစ်ကို့လိပ်စာကဒ်ကို တွေ့လို့ အစ်ကိုနဲ့ များသိမလားလို့ မေးကြည့်လိုက်တာပါလို့ ကျွန်တော်က ပြန်ပြောလိုက်သည်။ ဒီတော့ ဖုန်းထဲကလူက သိပါကြောင်း မတွေ့ကြသည်မှာ လေးငါးခြောက်နှစ် ကြာပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်ရက်ကမှ ပြန်ဆုံမိရာတွင် လိပ်စာကဒ်ကို ပေးလိုက်ခြင်းဖြစ်ကြောင်း ကျော်ကျော်လတ်က လည်းသူ့ကို ဖုန်းနံပါတ်ပေးသွားကြောင်း ပြောပြီး ကျော်ကျော်လတ် ၏ ဖုန်းနံပါတ်ကို ကျွန်တော့ကို ရှာပေးသည်။

ကျွန်တော် ဖုန်းနံပါတ်ကိုရတယ် ဆိုရင်ပဲ ချက်ခြင်းဆက်လိုက်သည်။ အရေးထဲမှ ဖုန်းက ဆက်သွယ်မူ ဧရိယာပြင်ပ ကိုရောက်နေသည်။

များမကြာမှီ ကျွန်တော်သည် အရှုပ်တော်ပုံ တစ်ခုအတွင်း ရောက်ရှိသွားနိုင် သည်ကို မတွက်ဆမိခဲ့။

ဆန္ဒရှိလျှင် ဆက်ရေးမည်

Read More...

Friday, February 23, 2007

မီဒီယာ အကြောင်း တစ်စေ့တစ်စောင်း

မြန်မာမှာ သတင်းတွေကတော့ ထူးနေပြီ၊ မနက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ( ပြည်ထောင်စု မြန်မာနိုင်ငံ) က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စက်မှုဇုံထဲက လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး မြေစိုက် ပိုစတာ တစ်ခုကို စိုက်ခဲ့ပြီး ပိုစတာ ကင်ပိန်း စတင်ပြီ ဖြစ်ကြောင် ကျောင်းသားခေါင်း ဆောင်အေးလွင် ကကြေငြာခဲ့တယ်။

ပိုစတာကင်ပိန်းကို မြန်မာနိုင်ငံ မှာရှိတဲ့ စက်မှုလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး စက်မှုဇုံ တွေအားလုံးမှာ ကပ်သွားမယ်လို့ ဆိုတယ်။

ညနေပိုင်းမှာတော့ လူနှစ်ဆယ် လောက်ပါတဲ့ အဖွဲ့တစ်ခုက မြန်မာနိုင်ငံ လျှပ်စစ်မီးရရှိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး စာတမ်းတွေကို ကိုင်ပြီး သိမ်ကြီးဈေးကနေ ဗန္ဒုလ လမ်းအတိုင်း လျှောက်လာတာ မြို့တော် ခန်းမအရှေ့ အရောက်မှာ အဖမ်းခံကြရတယ်။ တစ်ချို့ လူတွေလည်း လွတ်သွားပြီး အချို့လည်း အဖမ်းခံရတယ် ကြားတာပဲ။

သူတို့နဲ့ အဆစ်အဖမ်း ခံလိုက်ရတာက နိုင်ငံခြား သတင်းထောက် အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး ပြည်တွင်း မဂ္ဂဇင်းတိုက် တစ်ခုက သတင်းထောက် အမျိုးသမီးတစ်ဦး ပါသွားတယ်။ သတင်းထောက်တွေကို ဖမ်းတာကတော့ ဆန္ဒပြနေတာကို ဓာတ်ပုံသွားရိုက် လို့လို့ ယူဆရတာပဲ။

နောက်သတင်း တစ်ခုက မနေ့က ( ၂၁.၁၂.၀၇) ပြည်တွင်း ဂျာနယ်တစ်ခုက သတင်းထောက် တစ်ယောက် ကြည့်မြင်တိုင် မြို့နယ်က သစ်ဆိုင်တစ်ဆိုင်ကို ဓာတ်ပုံသွားရိုက်လို့ ဆိုင်ရှင် နဲ့ အလုပ်သမားတွေက ဆိုင်ထဲခေါ်ပြီး ၀ိုင်းရိုက်လွတ်လိုက် ကြတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ မီဒီယာနဲ့ ပတ်သက်လာရင် နားလည်မှုလေးတွေ အံချော် နေသေးတဲ့သဘောပဲ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြသနာက ဘာလဲဆိုတော့ မီဒီယာရဲ့ တန်ဖိုးနဲ့ အသုံးတည့်တာကို နားမလည်ကြသေးတာ။ တကယ်တော့ မီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ မြင်ကွင်းတွေကို ဖွင့်ပေးနေတဲ့ ပြူတင်းပေါက် တစ်ခုပါပဲ။

နောက်ပြသနာတစ်ခုက မြန်မာနိုင်ငံက သတင်းထောက် ပေါက်စလေးတွေ၊ လက်ထဲမှာ ကင်မရာလေး တစ်လုံးကိုင်ထားရတာကို မြောက်ကိုရီးယား နယူးကလီးယား ကိုင်ထားသလို နေရာတကာမှာ လူစွာကျယ်လေးတွေ လုပ်ချင်တတ်ကြတယ်။ အဲဒီတော့ သတင်းထောက် ဆိုတဲ့ image က လူအထင်သေးစရာ မျက်စိစပါးမွေး စူးစရာဖြစ်လာရော။ ဒါကြောင့် တစ်ချို့နေရာတွေမှာ မလိုအပ်တဲ့ ပြသနာတွေ ဖြစ်ကြရော။ ( ယင်းကဲ့သို့ သတင်းထောက်မျိုးမှာ မြန်မာနိုင်ငံတွင် ၁၀၀ မှာ ၃ ယောက်ခန့်သာရှိပါသည်)

ဒီတော့ ဘာဖြစ်လာသလဲဆိုတော့ ပြည်သူတွေရဲ့ အမြင်မှာ သတင်းထောက် ဓာတ်ပုံရိုက်သွားရင်ပဲ သူတို့ ဆိုင်ကြီး ပိတ်ခံရတော့ မှာလို သူတို့ပဲ အဖမ်းခံ ရတော့မှာလို အတွေးတွေ ၀င်နေတယ်။ အဲလိုအတွေးဝင်တဲ့ လူတွေကိုကြည့်လိုက်ရင် သတင်းဂျာနယ်တွေ ကိုကောင်းကောင်း မဖတ်ဘူးတဲ့ လူတွေဖြစ်နေတယ်။ အဲဒီတော့ သူတွေဟာ အရပ်ထဲက အတင်းတွေလောက်ပဲ သိကြတယ်။ သတင်းဆိုတာကို မသိကြဘူး။ ဒီတော့ သတင်းတန်ဖိုး အရးပါပုံကို နားမလည်ကြဘူး။ သတင်းဆိုတာကို သူတို့ကြားနေကြ အတင်းတွေနဲ့ ရောနေကြတယ်။ တချို့ကြတော့လည်း သတင်းမီဒီယာ ဆိုတာကို သေချာနား မလည်ကြဘူး။ ၀ါဒ ဖြန့်ချီရေးမီဒီ ယာတွေနဲ့ ရောနှောနေကြတယ်။

သတင်းမီဒီယာ ဆိုတာဘယ်အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ ကိုယ်စားမပြုဘူး။ ဖြစ်ရပ်မှန်တွေ ကိုပဲကိုစားပြုတယ်။ အချို့ကတော့ ဒီလိုဆိုပြန်တယ် သတင်းမှဒီယာ ဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတွေ ကြားမှာ ဆက်သွယ်ပေးတဲ့ တယ်လီဖုန်းတစ်လုံး။

ဝါဒဖြန့် မီဒီယာဆိုတာကတော့ ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ ကောင်းရာကောင်းကြောင်း ပြိုင်ဘက်ရန်သူတွေ ကိုဆိုးရာဆိုးကြောင်း ပြောဆိုရေးသားပြီး ကိုယ်စားပြုတဲ့ အဖွဲ့အစည်းရဲ့ Image ကိုတက်လာအောင်လုပ်တာဖြစ်တယ်။

သတင်းမီဒီယာ ဆိုတာကတော့ ဖြစ်ရပ်ကို ဖြစ်ရပ်အတိုင်းပြောတယ်။ ကောင်းရင် ကောင်းတယ် ပြောတယ်။ မကောင်းဘူးထင်ရင် ဝေဖန်မယ်။ အားနည်းချက်တွေကို ထောက်ပြမယ်။ ဘယ်သူ့ကို မှကိုယ်စားမပြုဘူး အမှန်တရာကို ပဲကိုယ်စားပြုတယ်။ တစ်ချို့ကလည်း ပြည်သူကို ကိုယ်စားပြုတယ်လို့ ပြောကြတယ်။

ဒီလောက်ဆိုရင်တော့ မီဒီယာ အကြောင်း နည်းနည်းသိလောက် ပြီထင်တယ်။ နောက် တိုက်ဆိုင်ရင်တော့ အကျယ်ထပ်ပြောမယ်လေ


Read More...

Wednesday, February 21, 2007

၁၀ ရက်ရုံးပိတ်မည်

ဘာလိုလိုနဲ့ ဒီနှစ်သင်္ကြန်ကို ရုံးပိတ်ရက် ၁၀ ရက် သတ်မှတ်လိုက်တယ်တဲ့။ ကောင်းသလား မကောင်းသလားတော့ မသိဘူး။ အစိုးရ၀န်ထမ်းတွေကတော့ ကြိုဆိုကြတယ်။ ကုပ္ပဏီ လုပ်ငန်းရှင်တွေကတော့ ညဉ်းနေကြတယ်။ အစိုးရက အများပြည်သူများ ရုံးပိတ်ရက် အနေနဲ့ တရားဝင် ကြေငြာ လိုက်တာ ဖြစ်တဲ့ အတွက် ကုမ္ပဏီတွေလဲ ၁၀ ရက်ပိတ်ရမဲ့ သဘောမှာရှိနေတယ်။

၁၀ ရက်ဆိုတာကတော့ မြန်မာရုံးပိတ်ရက် သမိုင်းမှာ အရှည်လျှားဆုံး ရုံးပိတ်ရက် အဖြစ်မှတ်တမ်း တင်သွားပါပြီ။

ဘယ်သူတွေ ပျော်ကြသလဲ

ခရီးသွားလုပ်ငန်းတွေကတော့ ရေရေလည်လည် ပျော်တာပဲ။ ရုံးပိတ်ရက် ရှည်အတွက် မြန်မာနိုင်ငံ မြောက်ဖျားကနေ တောင်ဖျားရောက်အောင် ခရီးစဉ်ရှည် ကြီးတွေဆွဲပြီး ပြင်ဆင်နေကြပါပြီ။ ကုပ္ပဏီ ၀န်ထမ်းတွေကတော့ သိပ်မပျာ်ကြသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကို ရုံးပိတ်ပေး မလားမပေးဘူး လားဆိုတာ မသေချာဘူးလေ။ ကုမ္ပဏီ ပိုင်ရှင်က ညစ်ပတ်ပြီး မပိတ်ရင်လည်း မြန်မာက လူတွေရဲ့ ထုံးစံအတိုင်း ပါးစပ်လေးပိတ်ပြီး ခေါင်းငုံ့ ခံနေရုံပဲရှိတာပေါ့။

အခက်အခဲရှိနိုင်တယ်

ဒီရုံးပိတ်ရက်ရှည်ကြောင့် တစ်ချို့နေရာတွေမှာ တော့အခက်အခဲ ရှိသွားမှာ သေချာပါတယ်။ ပတ်စပို့ ရုံးတွေပိတ်မယ်။ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုင်စင် လျှောက်တာတွေ အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းတွေ ဆေးရုံတွေ မှာတော့ အနည်းနဲ့ အများဆိုသလို အခက်အခဲဖြစ်သွားမှာပဲ။

တစ်ဘက်ကကြည့်ရင် နိုင်ငံတော်ရဲ့ လုပ်အားတွေ ၅ ရက်စာလောက် ဆုံးရုံးသွားတဲ့ အတွက် GDP မှာလည်း ၅ ရက်စာ လျှော့သွားနိုင်ပါတယ်။ အရှုံးခံပြီး လုပ်နေရတဲ့ အစိုးရ လုပ်ငန်း အချို့ ကတော့ ၅ ရက်စာ နိုင်ငံတော် ဘားဂျက်သက်သွား တာပေါ့။ ဘာဘဲဖြစ် ဖြစ် ကျွန်တော်ကတော့ ၁၀ ရက် အတွင်းမှာ ကောာင်းကောာင်း အိပ်လို့ရတာပေါ့

Read More...

Tuesday, February 20, 2007

လက်နက်စက်ရုံမှ ဘီယာထုတ်သည်

မန္တလေး ဘီယာစက်ရုံပုံ



ပြီးခဲ့တဲ့ လကမန္တလေး ဘီယာစက်ရုံ ကိုရောက်ခဲ့တယ်။ အဲဒီမန္တလေးဘီယာ စက်ရုံဟာ မင်းတုန်းမင်းလက်ထက်က ကနောင်မင်းသားကြီးရဲ့ အမြောက်စက်ရုံပါ။

ကနောင်မင်းသားကြီးက အဲဒီလက်နက်စက်ရုံကို ၁၈၅၉ ခုနှစ်မှာ တည်ဆေက်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ်မှာ အထက်မြန်မာအင်္ဂတွေ သိမ်းပြီးနောက်ပိုင်းမှာ ကနောင်မင်းသားကြီးရဲ့ လက်နက်စက်ရုံကို အင်္ဂလိပ်စစ်သားတွေ သောက်သုံးဖို့ရာအတွက် ဗျစ်နှင့် အရက်ချက်စက်ရုံ တည်ထောင်ခဲ့တယ်။ လွပ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်တွင် ပြည်သူပိုင်သိမ်းခဲပြီး ၁၉၇၂ ခုနှစ်မှာ စားသောက်ကုန် ကော်ပိုရေးရှင်းလက်အောက်ကို ရောက်ရှိခဲ့တယ်။

၁၉၈၂ ခုနှစ်တွင် ချက်ကိုဆလို ဗက်နိုင်ငံ အကူညီဖြင့် ဘီယာတိုချဲ့ စီမံကိန်းအရ စက်ပစ္စည်း အသစ်တွေ ထပ်မံတိုးချဲ့တပ်ဆင်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်ကစပြီး မြန်မာ့ စားသောက်ကုန်လုပ်ငန်းကို ရောက်ခဲ့တယ်။


ကျွန်တောဆိုလိုချင်တာကတော့ ဘီယာစက်ရုံဆိုတာ ဘယ်နားလေးမှာ ဆောက်ဆောက်ရပါတယ် မြန်မာ့သမိုင်းမှာ လက်နက်စက်ရုံ အဖြစ်နဲ့ အမြောက်တွေ ထုတ်ခဲ့တဲ့ စက်ရုံကိုတော့ ဘီယာစက်ရုံ လုပ်ထားတာ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဘီယာစက်ရုံ လုပ်မဲ့ အစား ကနောင်မင်းသား လက်ထက်က လက်နက်တွေ ထုတ်နေတဲ့ ပုံစံခင်းကျင်းပြီး ပြတိုက်တစ်ခု အနေနဲ့ ပြသထားမယ်ဆိုရင် ခရီးသွားလုပ်ငန်းတွေ လည်းအကျိုးရှိမယ် မြန်မာလူမျိုးတွေ အတွက်လည်းဂုဏ်ရှိမယ်




ဘီယာစက်ရုံမှာ ကပ်ထားတဲ့ ကြေးပြားပါ





ကနောင်မင်းသားကြီးလက်ထက်က ထုတ်ခဲ့တဲ့ အမြောက်ပုံပါ။ ဘီယာစက်ရုံ တိုးချဲ့ အဆောက်အဦးဆောက်လုပ်ရာမှာ မြေကြီးအတွင်းက တူးဖေါ်တွေ့ရှိခဲ့တာပါ



Read More...

အပ်စိုက်ကုပညာ



ကဲအပ်စိုက်ကု ပညာအကြောင်း ပြောကြည့်ရအောင်။ အပ်စိုက်ကု ပညာ acupuncture ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်ကျော် လောက်က တရုတ်ပြည်မှ စတင်ပေါ်ပေါက်လာတဲ့ ပညာရပ်ဖြစ်တယ်။ လူ့ခန္ဒာကိုယ်ပေါ်မှာ သတ်မှတ်ထားတဲ့ အချက်အချာနေရာ များကို အပ်ငယ်များဖြင့် ထိုးစိုက်လုံ့ဆော်ပေးခြင်း ဖိနှိပ်ခြင်း လျှပ်စီးစေခြင်းအားဖြင့် နာကျဉ်မူကို သက်သာစေခြင်း ရောဂါပျောက်ကင်းစေခြင်း တို့ကိုဖြစ်စေတယ်။

ခောတ်ဦးကာလက ၀ါး ငါးရိုး ဖြူဆူးများကို အသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကြေးဝါအပ်ငယ်များ ငွေအပ်ငယ်များ သုံးလာရာက အခုဆိုရင် စတီးအပ် တစ်ခါသုံးအပ် (DISPO-SIBLENEEDLE) များကို အသုံးပြုနေကြပါပြီ။

အပ်စိုက်ကု ပညာသည် ခြောက်ရာစုခန့်တွင် ဂျပန် ကိုးရီးယား ဗီယက်နမ်နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ပြီး၊ ၁၉၂၈ တွင် ပြင်သစ်နိုင်ငံ ၁၉၇၁ တွင်အမေရိကန် နိုင်ငံတို့ကို ရောက်ရှိသွားပါတယ်။

၁၉ ရာစု အရောက်မှာတော့ ဆရာဝန်အပ်စိုက် ကုပညာနဲ့ တရုပ်တိုင်းရင်း အပ်စိုက်ကု ပညာဆိုပြီး နှစ်မျိုးကွဲသွားခဲ့တယ်။

တရုပ်တိုင်းရင်း အပ်စိုက်ကုပညာက ရောဂါရှာဖွေရာမှာ သူတို့ရိုးရာနည်းဖြစ်တဲ့ ယင်နဲ့ယန်နဲ့ ရှာဖွေတယ်။ ပျောက်ကင်းခြင်း ရှိမရှိဆိုတာကို လည်းတရုပ်တိုင်းရင်းနည်းနဲ့ စမ်းသပ်ပြီးပြောတယ်။

ဆရာဝန် အပ်စိုက်ကု ပညာက ရောဂါရှာဖွေတာကို သိပ္ပံနည်းကျ ဆရာဝန်ပညာနဲ့ ရှာတယ်။ ပျေက်ကင်းခြင်းရှိမရှိ ဆိုတာကိုလည်း ဆရာဝန်နည်းနဲ့ စမ်းသပ်ပြီး ပြောတယ်။ အပ်စိုက်ကု သတဲ့ အပိုင်းမှာ ဘယ်ရောဂါ ဖြစ်ရင် ဘယ်နားကိုအပ်စိုက်ရ မယ်ဆိုတာ ကတော့ အတူတူပါပဲ။

ကမ္ဘာ့ကျမ္မာရေးအဖွဲ့ WHO က သုသေသနပြုချက်အရ အပ်စိုက်ကု ပညာနဲ့ ရောဂါအမျိုးပေါင်း ၁၀၇ မျိုးကိုပျောက်ကင်းအောင် ကိုသနိုင်တယ် ဆိုတာကိုလည်း တရားဝင် ထုတ်ပြန်ကြေငြာ ထားပြီးတာဖြစ်တယ်။

ဆရာဝန်ပညာနဲ့ ကုလို့မပျောက် နိုင်တဲ့ ဒူးနာတာ လေဖြတ်တာ မျက်စိအရောင်ကြောင် ( Color Blind ) ဖြစ်တာ တို့ကို အပ်စိုက်ကု ပညာနဲ့ ကုသရင် လူ၁၀၀ မှာ ၉၉ ယောက် သက်သာပျောက်ကင်းတာကို တွေ့ရတယ်။

ဒါကြောင့် ဆရာဝန် အပ်စိုက်ကုထုံးကို နိုင်ငံတကာက ဆေးရုံးကြီးတွေမှာ လက်ခံကျင့်သုံးနေကြပြီ ဖြစ်သလို အချို့သော ဆေးတက္ကသိုလ်တွေမှာ ဘာသာရပ် တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားနေကြပါပြီ။

အပ်စိုက်ကု ပညာရဲ့ နောက်ထပ် စွမ်းဆောင်ချက်တစ်ခုက ထုံးဆေးလိုလဲ သုံးလို့ရပါတယ်။ ဥပမာ ဦးခေါင်းခွဲစိတ်တဲ့ လူနာကို ခေါင်းရဲ့ တစ်နေရာမှာ အပ်လေးတစ်ချောင်း စိုက်ထားလိုက်ရုံနဲ့ လူနာဟာ ပန်းသီးစား မပျက်ပဲ ခေါင်းခွဲစိတ်ကုသ မှုကိုခံနိုင်ပါတယ်။

WHO ရဲ့သုတေသနပြုချက်အရ အချက်အချာကျတဲ့နေရာ ACU-POINTS တွေကို ဖိနှိပ်ခြင်း လျှပ်စစ်ဓာတ်ဖြင့် လှုံ့ဆော်ခြင်းအားဖြင့် ကိုယ်ခန္ဒာရှိ အာရုံကြောများမှ လှုံ့ဆော်မူပစ္စည်း NEURO-TRANSMITTOR များ ထွက်လာစေပြီး ရောဂါကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

အပ်စိုက်ကု ပညာအကြောင်း ပြောပြပေးတဲ့ ပါမောက္ခဒေါက်တာ အောာင်မြတ်သွင် မေ့ဆေးဆရာဝန်ကြီး ဆေး ၂ ကို အထူးကျေးဇူးတင်ရှိပါတယ်

Read More...

အချစ်ဆုံးအတွက်


နုတ်မဆက်ပဲ ထွက်ခဲ့တယ်

နီးလျှက်နဲ့ ဝေးနေတာထက်စာရင် အဝေကြီးမှာနေပြီး ဝေးနေရတာ ပိုပြီး အဓိပ္ပါယ်ရှိမယ် ထင်လို့ပါ

တစ်ကိုတစ်ယောက် ကြားနေရတယ်

မတွေ့နိုင်ဘူး

မင်းနဲ့ဒို့ကြားမှာ တစ်ခုခုခြားနေလို့ ဖြစ်မှာပါ

ခြားနေတဲ့ အရာကိုတွေ့ရင် မော့မကြည့်လိုက်နဲ့ နော်

မြင့်လွန်းတဲ့အတွက် မင်းစိတ်ပျက်သွားမှာ စိုးလို့ပါ

ဒါပေမယ့် ဒီလောက် အမြင့်ကိုတော့ ဒို့ကျော်မယ်ဆိုရင်ရပါတယ်

ဒါပေမယ့် မကျော်ဘာနဲ့ ဦးလားကွာ

မတွေ့ရရင်လည်းခဏပေါ့ ဒီတံတိုင်းကြီးကို ကျော်ဖြစ်ဖို့ရာ အချိန်က စောလွန်းနေပါသေးတယ်

Read More...

လွမ်းစရာ့ ချစ်ဦး


ကျွန်တော် ၁၇ နှစ်သား ဆယ်တန်းအောင်တဲ့ နှစ်က ရေးထားတဲ့ ၀တ္ထုတိုလေးပါ။ ကျွန်တော့ ဘ၀မှာ ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးဆိုရင် လည်းမမှားပါဘူး။ အဲဒီတုန်းက ခံစားချက်တွေကြောင့် ရေးမဲ့တာရေးလိုက်တာ အချစ်ဝတ္ထုဆိုရင် တစ်အုပ်မှကို မဖတ်ဘူးသေးဘူး။ ဒါကြောင့် နည်းနည်းတော့ သီးခံဖတ်ပေါ့

(၁)

လွမ်းတုန်းလွမ်းရာ

လွမ်းကမ္ဘာမှာ

လွမ်းဘာလေဦး

လွမ်းလေဦး

ပျောက်သောသူရှာရင်တွေ့ သေသောသူ ကြာရင်မေ့ တဲ့။ ဒါပေမယ့် ထား ကိုဒို့ရင်ထဲက တစ်သက်လုံးမေ့မှာ မဟုတ်ပါဘူး။ နှလုံးသားက အချစ်တွေဟာ မဖယ်ခွာနိုင်လို့ပါ။ တစ်ဦး တစ်ယောက် တည်းကိုသာ ရှုးမလောက် စွဲအောင်ချစ်တတ်တဲ့ ဒို့နှလုံးသာမှာ ထား ကလွဲပြီး ဘယ်သူကိုမှ အစားထိုးလို့မရနိုင်ပါဘူး။ ဒို့နှစ်ယောက်ရဲ့ အချစ်တွေကို ဒို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှလဲ မသိနိုင်ပါဘူး။

ဟိုတစ်ချိန်က မှတ်မိနေပါသေးတယ်။ ထင်းရူးပင်လေးတွေ စီတန်းပေါက်နေတဲ့လမ်းလေးမှာ ထားနဲ့အတူတူ လျှောက်သွားခဲ့ကြတာတွေ၊ အနီရောင်ခြယ်တဲ့ စိန်ပန်းပင်လေးရဲ့ ထိုင်ခုံမှာ နှစ်ယောက်သား စကားတွေ ဖောင်ဖွဲ့ပြောခဲ့ကြတာတွေ၊ ယနေ့တိုင် မမေ့နိုင်အောင်ပဲ။ တစ်နေ့ ထင်းရူးပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းလေးမှာလျှောက်ရင်း

ထားရယ် နေ့တိုင်းလျှောက်နေရတာ မညှောင်းဘူးလားလို့ မေးတော့

ကိုနဲ့ဆိုရင် ကမ္ဘာဆုံးအောင်လျှောက်နိုင်ပါတယ် လို့ပြောပြီး ရယ်ခဲ့တဲ့ ထားရဲ့ ရယ်သံလေးတွေ ဒို့နားထဲမှာ အခုထိပျံ့လွင့်ဆဲပါ။

(၂)

ဆယ်တန်းစာမေးပွဲ ပြီးခါစက မြစ်ကြီးနားမြို့မှာ ရှိတဲ့ဆွေမျိုးတွေဆီကို အလည်သွားခဲ့တယ်လေ။ နှစ်ပတ်လောက်နေပြီး ကျွန်တော်တို့ မြို့လေးဆီကို ပြန်ခဲ့တယ်။ အဲဒီမှာ ထားနဲ့တွေ့တော့တာပါပဲ။

၅၆ အစုန် အထူးအမြန်ရထားရဲ့ ပထမတန်းတွဲမှာပါ။ ကျွန်တော်က ရထားမထွက်ခင်နာရီ ၀က်လောက်စောပြီး ကျွန်တော့ခုံမှာ ထိုင်နေတယ်။ ရထားပေါ်မှာ ခရီးသည်တွေ လိုက်ပို့သူတွေရဲ့ စကားသံတွေ နုတ်ဆက်သံတွေ ကလည်းညံနေတာပဲ။

ရထားထွက်တော့မယ်။ တွဲပေါ်မှာရှိတဲ့ ခုံတွေကတော့ လူပြည့်နေပြီ။ ဒါပေမယ့် ကျွန်တော့ ဘေးနားက ခုံကလေးကတော့ လွတ်နေဆဲပါ။ ရထားကလည်း ဥသြဆွဲပြီ။ ကျွန်တော် ဘူတာဘက်ဆီကို ငေးနေမိတယ်။ အဲဒီအချိန်မှာ ထားမှန်းမသိတဲ့ ထားတစ်ယောက် ရထားဆီကို အပြေးလေးလာနေတယ်။ ကျွန်တော့စိတ်ထဲမှာ မှီပမှိပမလားလို့ စိုးရိမ်နေပေမယ့် ရထား မထွက်ခင်လေးမှာ ထား တွဲပေါ်ကိုရောက်လာတယ်။ ထား ရထားပေါ် ရောက်တယ်ဆိုတာနဲ့ ရထားလဲ ထွက်တော့တာပဲ။ ထားက သူ့လက်မှတ်လေးကို ကြည့်ပြီး ကျွန်တော်ထိုင်နေတဲ့ ခုံဆီကိုလျှောက်လာတယ်။ ပြီးတော့ ထားနေရာ ဖယ်ပေးပါလို့ ကျွန်တော့ကို လာပြောတယ်။ သူ့နာမည်က ထားတဲ့လား ကျွန်တော်စိတ်ထဲမှာ ရေရွတ်လိုက်မိတယ်။ ကျွန်တော့ ခုံလည်းဒါပဲ ဆိုပြီး ကျွန်တော့ လက်မှတ်ကို ထုတ်ပြလိုက်တယ်။ လက်မှတ် နှစ်စောင်လုံးက C,4 ။ လက်စပ်တပ်တော့ ထားနဲ့ကျွန်တော် ခုံနံပါတ်ခြင်းလာတူနေတာလေ။ ကျွန်တော်ကလည်း ပြူတင်းပါက်နားလိုချင်လို့ ၀ယ်ထားတာ မဖယ်နိုင်ဘူးပေါ့။ အဲဒီမှာ နုတ်ခမ်းလေးစူပြီး ကျွန်တော့ကိုရန်တွေ့တော့တာပဲ။

ထားစိတ်ညိုလာရင် အရုံးပေးတတ်တဲ့ကျွန်တော်ဟာ ထားကို စတွေ့ကတည်းက အရုံးပေးခဲ့ပါတယ်။ ဒါတွေကို ထားသိမှာပါ။

ဒီလိုနဲ့ ရထားဟာ ခုတ်မောင်းလာခဲ့တယ်။ ထားကတော့ ထိုင်ခုံကိုမှီပြီး ပြူတင်းပေါက်ကနေ တဆင့် တောတောင်ရှုခင်းတွေရဲ့ အလှကို ကြည့်နေတယ်။ လေတိုက်လိုက်တိုင်း ရိမ်းနွဲ့နေတဲ့ ဆံနွယ်လေးတွေရဲ့ ကြားက ထားရဲ့ မျက်နှာအလှက ချစ်စရာလေးပါ။ ကျွန်တော်လည်း ပြူတင်းပေါက်က မြင်နေရတဲ့ တောတောင်ရှုခင်းအလှတွေကို ကြည့်နေရာကနေ တစ်ချက်တစ်ချက် အကြည့်တွေက ထားမျက်နှာလေးပေါ် ရောက်ရောက်သွားမိတယ်။ တစ်ကြိမ်မှာတော့ ထားအကြည့်နဲ့ ဆုံသွားတယ်။

အားပေးသူများရှိပါက ဆက်လက်ရေးသားပါမည်

Read More...

Sunday, February 18, 2007

ကျွန်တော်မှားသွားပြီလား


အဲဒီနေ့ကကျွန်တော် ရင်တွေအရမ်းခုန်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဘ၀မှာ တစ်ခါမှ ကြုံဖူးသေးတဲ့ အရာတစ်ခုနဲ့ တွေ့လိုက်ရလို့ပဲ။ ပြီးမှ စဉ်းစားကြည့်လိုက်တယ် ကျွန်တော်မှားသွားပြီ။

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ငယ်ရွယ်ပြီးတက်ကြွတဲ့ လူငယ်တစ်ယောက်ပေါ့။ ကျွန်တော့ ဘ၀ဟာမိဘတွေရဲ့ အုပ်ထိမ်းမူအောက်မှာ နွေးထွေးစွာ ပညာသင်နေတုန်းပဲ ရှိသေးတယ်။ စည်းကမ်းကြီးတဲ့ ဖေဖေ။ မိန်းကလေးနဲ့ ရောရောနှောနှောနေတာကို မကြိုက်တဲ့မေမေ။ မုန့်ဖိုးပေးတာကို လုံးဝမကြိုက်တဲ့ ဖွားဖွား။ အဲဒီအရာတွေက ကျွန်တော့ဘ၀ ထိန်းကွပ်ပေးတာလား ချုပ်နှောင်ထားတာလားဆိုတာ အဲဒီအချိန်က မခွဲခြားတတ်ခဲ့ဘူး။

အခုခရီးတိုလေး တစ်ခုသွားမလို့။ ကျွန်တော်တို့သွားကြမှာက တောင်းအေ့ ကားလေးနဲ့ပါ။ ခရီးကတော့ နေ့ချင်းပြန်ပါပဲ။ သွားရမဲ့ခရီးက ရန်ကုန်ကနေ ၅ နာရီကျော်ကျော်လောက် ကားမောင်သွားရမဲ့ နေရာတစ်ခုကိုပါ။ ကျွန်တော်တို့နဲ့ သွားမဲ့ အဖွဲ့မှာ ကျွန်တော်က အငယ်ဆုံး။ ဒရိုင်ဘာအပါဝင် စုစုပေါင်း ၇ ယောက် ။ ဇတ်လမ်းကတော့ အဲဒီကပေါ်က စခဲ့တာပဲ။

တောင်းအေ့ကားက လူထိုင်တဲ့ ခုံတန်း ၄ တန်းပါတယ်။ လူကြီးသုံးယောက်က ခုံတန်းတစ်ခုမှာ တစ်ယောက်စီ နေရာယူလိုက ကြတယ်။ ကျန်တာက ကျွန်တော်ရယ် ကျွန်တော့ထက် ၅ နှစ်လောက်ကြီးတဲ့ အစ်မကြီးနှစ်ယောက်။ ကျွန်တော်တို့သုံး ယောက်က နောက်ဆုံးခုံတန်းမှာ ထိုင်ရတာ။ အစ်မကြီး နှစ်ယောက ထဲက တစ်ယောက်ကိုတော့ ကျွန်တော် မျက်မှန်းတမ်းမိနေတယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ ခုမှမြင်ဖူးတာ။

ရန်ကုန်မြို့ထဲကနေ ကားစထွက်တော့ နေ့လည်တစ်နာရီလောက် ရှိနေပြီ။ ကားက ထောက်ကြံ့ကျော်ပြီ ဆိုတာနဲ့ ကျွန်တော်လည်းငိုက်တော့ တာပဲ။ ကျွန်တော့ဘေးမှာ ထိုင်တာက မျက်မှန်းတမ်းမိတဲ့ အစ်မကြီး။ သူလဲငိုက်တာပဲ။ ငိုက်တာက ကိစ္စမရှိပေမယ့် ပြသနာက သူ့ခေါင်းက ကျွန်တော့ပခုံးကို လာမှီပြီးငိုက်နေတယ်။ ဒီလိုနဲ့ ညနေ ၆ နာရီလောက်မှာ ကျွန်တော်တို့ လိုရာခရီးကို ရောက်တယ်။ ရန်ကုန်ကို့ ပြန်ထွက်တော့ ညကိုးနာရီ။ လမ်းမှာက မိုးကမှောင်မှောင်။ ထမင်းစားထားတော့ ဗိုက်ကလေးဆိုတော့ ငိုက်ကြပြန်ရော။

အဲဒီမှာ ကျွန်တော့ ဘေးနားလေးက အစ်မကြီးက ကျွန်တော့ပခုံးကိုပဲ မှီအိပ်ပြီးလိုက်လာတယ်။ တကယ်ဆိုရင်ဗျာ သူရဲ့ ဟိုဘက်ဘေးမှာ မိန်းကလေးတစ်ယောက် ရှိနေတာပဲ သူပေါ်သွားမှီပါလား။ သူကအဲလို မဟုတ်ပဲ ကျွန်တော့အပေါ်မှာပဲ မှပြီးအိပ်လာတယ်။ ရှင်းရှင်းပြောရရင် မိန်းလေးတစ်ယောက်နဲ့ အဲလောက်နီးနီး ကပ်ကပ်ကြီးတစ်ခါ မှမနေဘူးဖူးဗျ။

သူဆီကကိုယ်သင့်နံ့ ရနေတယ်။ အလင်းရောင် ဖျော့ဖျော့ အောက်မှာ သူမျက်နှာကို ကြည့်လိုက်တော့ မိတ်ထားတဲ့ မျက်လုံးရဲ့ မျက်တောင်လေးတွေက ကော့စင်းနေတယ်၊ နှာတံက ချွန်ချွန်လေး၊ နုတ်ခမ်းက နီညိုရောင်လေး ဆိုးထာပြီး ကော်ဖီရောင် လိုင်နာတားထားတယ်။ ဖောင်းအိနေတဲ့ ပါးရဲ့ တစ်ခြမ်းက ကျွန်တော့ပခုံးကို မှီထားတယ်။ အမှန်တိုင်းပြောရရင် သူကိုကြည့်ပြီး ကျွန်တော်အသက်ရူကြပ်လာတယ်။

နဲနဲချမ်းစိမ့်စိမ့်ရှိတာကြောင့် လက်ကိုပိုက်ထားတယ်။ ကားကနည်းနည်းလောက် ယိုင်လိုက်ရင် သူရဲ့ ဖွံ့ထွားတဲ့ ရင်သားတွေက ကျွန်တော့ရဲ့ လက်တံတောင်ကို လာလာတိုက်တယ်။ ဒါ့ကြောင့် ကျွန်တော့ လက်တွေကို ပိုက်ထားတာဖြေပြီး ပေါင်ပေါ်ကိုတင်ထားလိုက်တယ်။ သူကတော့ ကျွန်တော့ ပခုံးပေါ်ခေါင်းတင်ပြီး အိမ်မောကျဆဲ။ ခဏလောက်ကြာတော့ ကျွန်တော့ ပေါင်ပေါ်မှာ မှောက်လျှက် ချထားတဲ့ ကျွန်တော့လက်ချေင်းတွေ ပေါ်ကို သူ့ရဲ့ လက်က ရောက်လာတယ်။ သူတမင်ချလိုက်တာပဲလား မတော်တဆရောက်လာတာလား ကျွန်တော်မသိ။ အဲဒီအချိန်မှာ ကျွန်တော်အသက်ရူရမှာ မေ့မေ့သွားလို့ ရင်ဘတ်ထဲမှာ မွမ်းကျပ်လာတယ်။ ဘာလုပ်ရမှာလဲ။ မှောက်လျှက် အနေထားမှာရှိတဲ့ ကျွန်တော့လက်တွေကို ပလက်လှန်လိုက်တယ်။ ပြီးတော့ သူလက်တွေကို ကျွန်တော်ဆုပ်ကိုင်ထားလိုက်တယ်။ သူကတယ်ပဲ အိမ်ပျော်နေတာလား မတော်တဆဖြစ်တာလား။ ကျွန်တော်မစဉ်းစားတပ်တော့။ သူလက်တွေကို ပွတ်ကြည့်တယ် တုပ်တုပ်မျှမလုပ်။ ဆိတ်ကြည့်တယ် ဘာမှတုန့်ပြန်မူ မရှိ။ သေချာသွားပြီ သူအိပ်ပျော်နေတာမဟုတ်။ အိမ်မက်များမက်နေတာလာ။ ကျွန်တော်ဘာဆက်လုပ်ရမလဲ။ စဉ်းစားလိုက်တော့ အမေ့မျက်နှာပေါ်လာသည်။ တချိန်တည်းမှာပဲ သူငယ်ချင်းတွေက ကျွန်တော့ကို ငတုံးလို့ ၀ိုင်းလှောင်နေကြသည်။ မေ့မျက်နှာကိုမြင်ရင် ဆုပ်ထားတဲ့ သူလက်တွေ လွတ်လိုက်ချင်သည်။ ဒါပေ့မယ့် တစ်ခြား အတွေးတစ်ခုက ငါးကြော်ဘန်းထဲကို ရောက်ပီးကမှ မစားပဲထွက်ပြေးတဲ့ ကြောင်တစ်ကောင်ကို အတယ်လို့ခေါ်မလား။ ဘယ်ကြောင်မဆို ငါးကြော်ဘန်းထဲ ရောက်မှတော့ ဆွမ်းတော်တင်မဲ့ ဟင်းလားဘာလား မစဉ်းစားနေတော့ပါဘူး။ ကျွန်တော်လည်း အဲဒီညက အသိဥာဏ်မဲ့တဲ့ ကြောင်တစ်ကောင်လို ငါးကြော်တွေ တစ်ကောင်ပြီးတစ်ကောင် . . . . ။

ရန်ကုန်ပြန်ရောက်တော့ ညနှစ်နှာရီကျော်နေပြီ။ ကားက ကျွန်တော်တို့ အိမ်ကိုအရင်လိုက်ပို့ တယ်။ ကျွန်တော် ကားပ်ါကဆင်းတော့ ခြေလှမ်းတွေ မှားနေတယ်။ ကိုယ့်လိပ်ပြာကို မလုံလို့လား မသိ ဘယ်သူကို မှမကြည့်ရဲ။ ဘယ်သူကိုမှလဲ နုတ်မဆက် ဒီတိုင်းဆင်းချလာသည်။ ကားပေါ်မှာ နုတ်ဆက်သံတစ်ခုတော့ ကြားနေရသည် မောင်လေးနောက်မှ တွေမယ်နော်. . . . .

အိမ်ပြန်ရောက်ပြီးတော့ မေမေနဲ့ မျက်နှာခြင်ဆိုင်ရမှာကို ကျွန်တော် အလိုအလို ကြောက်နေသည်။ အစ်မတွေနဲ့ စကားပြောရမှာလည်းဝံ့ရဲခြင်းမရှိ။ လုပ်မိလိုက်တဲ့ အရာတိုင်းမှာ အလွဲလွဲအချော်ချော်။ ကျွန်တော် ကိုယ်ကျွန်တော်လည်း အပြစ်ကြီး ကျူးလွန်ထားမိတဲ့ လူတစ်ယောက်လို ထင်နေသည်။ နောက်ဆုံးမှာ ကိုယ့်မျက်နှာကိုတောင် မှန်ထဲမှာ ကြည့်ရမှာ မ၀ံ့ရဲတော့။ ကျွန်တော် ဘာဆက်လုပ်ရမလဲ

နောက်ရက်ကျတော့ ဟိုအစ်မကြီး ဆီကိုဖုန်းဆက်လိုက်သည်။ ကျွန်တော် တွေချင်လို့ပါလို့ ပြောတော့ အဆင်ပြေမဲ့နေရာကို ပြောပါသူလာခဲ့မယ်တဲ့။

လူရှင်းတဲ့ အအေးဆိုင် တစ်ခုရဲ့ အပေါ်ထပ်မှာ သူနဲ့ ကျွန်တော်တွေ့ကြသည်။ သူအလှဆုံး ဖြစ်အောင်ပြင်လာသည်။ သူပုံက မဆိုးလှ ရုပ်ရည်ရော ကိုယ်လုံးကိုယ်ထည်ရော ယောင်္ကျားလေးမျာကို ဆွဲဆောင်နိုင်သည်။ ဒါပေ မယ့်ကျွန်တော် အရင်နေ့ကလိုရင် မခုန်တော့။ သူကျွန်တေ့ကို စတွေတယ်ဆိုရင်ပဲ။ ပြည်တည်တည် အမူရာနဲ့ ဘာဖြစ်လို့ တွေချင်ရတာလဲ မင်းလဲ လူကြည့်တော့ အေးမလိုနဲ့ ကဲတယ်နော်တဲ့။ ကျွန်တော် ခေါင်းတစ်ချက် ငုံ့လိုက်သည်။ ပြီတော့ပြန်ထောင်ပြီး သူကိုစိုက်ကြည့်နေသည်။ သူကမလုံ မလဲဟန်နှင့် သူကိုသူ ခေါင်းငုံ့ပြီး ပြန်ကြည့်နေသည်။ ပြီးတော့ ဘယ်သွားချင်လို့လဲတဲ့။ ကျွန်တော်က ဘယ်မှ သွားဖို့ မဟုတ်ပါဘူး လို့ပြောတော့။ ဒါဆိုရင် ဘာလို့ တွေ့ခင်ရတာ လဲတဲ့။

အရင်နေ့က ကားပေါ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို တောင်းပန် ချင်လို့ပါလို့ ပြောတော့။ သူ့မျက်နှာတစ် ချက်ပျက်သွားသည်။ ပြီးမှ အဆန်းပါလား လို့ ခပ်ရွှန်းရွှန်းပြန်ပြေသည်။ ကျွန်တော်က ဟုတ်ပါတယ်၊ အဲဒီညက အမှားခဲ့တဲ့ ကိစ္စကို တောင်းပန်ချလို့ပါ လို့ထပ်ပြောတော့။ သူမျက်နှာတင်သွားသည်။ ပြီးတော့ သူဆက်ပြောသည် အခုခေါ်တာ အဲဒါကို တောင်းပန်မလို့ ခေါ်တာဟုတ်လားတဲ့။ ကျွန်တော်ခါင်းညိမ့်ပြလိုက်သည်။ သူမျကနှာတွေ တဖြည်းဖြည်းခြင်းရဲတက်လာသည်။ ပြီးတော့ နင် . . နင် . မမိုက်ဘူးဟာ ဆိုပြီး စကားဆုံသည်နှင့် ကော်ဖီအေးတွေနဲ့ ကျွန်တော့ရင်ဘတ်ကို ပက်ပြီး ထပြေးသွားသည်။

ကျွန်တော် နောက်ပိုင်းမှာ မျက်လုံးအားလုံးကို ကျွန်တော်ရင်ဆိုင်ရဲပါပြီ။ အဲဒီအစ်မကြီးနဲ့ ဘယ်တော့မှ မတွေ့ဖြစ်ကြတော့ပါ

မှတ်ချက်။ ။ မြန်မာစာရေးရာတွင် စကားပြောနှင့် စကားပြေကို ရောမရေးရဆိုတာကို စမ်းပြီးးရောရေးထားပါတယ်။ ဘာလိုများရှိပါသလဲ။ သင့်ရဲ့ ဝေဖန်မှုကို ကြိုဆိုလျှက်

Read More...

Histry Photo


မန္တလေး မဟာမြတ်မှုဘူရားကြီးရဲ့ ဗိုက်တော်ပုံပါ

Read More...

ပို့ရာပြည့်အမှတ်တရ


ဒီပုံက မန္တလေး မဟာမြတ်မုနိ ဘုရားနားမှာ အလှုခံနေတဲ့ ကိုရင်လေးတွေပါ။ ဘာပုံလိုက်ရိုက်ရင် ကောင်းမလဲစဉ်းစားနေတုန်း ကိုရင်လေးတွေဆွမ်းခံနေတာ တွေ့လို့ တန်းစီပေးပါလို့ လျှောက်ထားပြီး ရိုက်လာတာ

Read More...

Saturday, February 17, 2007

ခရီသွားဦးမယ်

ခရီးသွားဦးမယ်ဗျာ
သိပ်မကြာဘာဘူး ၂ ရက်တည်းပါ

Read More...

Thursday, February 15, 2007

မြန်မာတွေ စာဖတ်ဖို့လိုသေးတယ်

မြန်မာနိုင်ငံမှာ ၂၀၀၅ နှစ်အတွင်း တစ်နှစ်တာ ထွက်ခဲ့တဲ့ စာအုပ်စာရင်းကို ကြည့်လိုက်တော့ ၁၆၈၀ အုပ်တဲ့။ မြန်မာလူဦးရေ ၅၃ သန်းနဲ့ ကြည့်လိုက်တော့ လူတစ်ရာမှာ 0.0031 % ပဲရှိတယ်။

အဲဒီပမာဏဟာ နိုင်ငံတကာနဲ့ ယဉ်ကြည့်ရင် အခြေအနေ အဆိုးကြီး မဟုတ်ပေမယ့် တော်တော် လေးကိုနည်းနေတာကို တွေ့ရတယ်။

. . . . . . . . . . . . . . . . . တစ်နှစ်တာအတွင်း

နိုင်ငံ . . . လူဦးရေသန်း ထွက်သည့်စာအုပ် ရာခိုင်နှုန်း

အန္ဒိယ . . . ၁၁၂၃ သန်းကျော် ၅၇၃၆၈ ၀.၀၀၅၂

အင်ဒိုနီးရှား ၂၃၄ သန်းကျော် . ၅၀၀၀ . . . ၀.၀၀၂၁

ဂျပန် . . . . ၁၂၇ သန်းကျော် . ၆၅၅၁၃ . . ၀.၀၅၁

မလေးရှား ၂၆ သန်းကျော် . . ၅၈၁၆ . . . ၀.၀၂၂

ဖိလစ်ပိုင် . . ၉၀ သန်းကျော် . . ၅၀၉၃ . . . ၀.၀၀၅၆

စင်္ကာပူ . . .၄ သန်းကျော် . . . .၃၀၀၀ . . . ၀.၀၇၅

ထိုင်း. . . . .၉၉ သန်းကျော် . . .၁၂၀၀၀ . . ၀.၀၁၂

အမေရိကန် ၃၀၁ သန်းကျော် . .၆၄၇၇၁ . . ၀.၀၂

အင်္ဂလန် . . ၆၀ သန်းကျော် . . ၁၁၀၁၅၅ . ၀.၁၈

မြန်မာ . . . ၅၃ သန်းကျော် . . . ၁၆၈၀ . . . ၀.၀၀၃၁

၂၀၀၅ အတွင်းမြန်မာနိုင်ငံတွင် ထွက်ခဲ့သော စာအုပ်များ

စုစုပေါင်းစာအုပ် . . . . . . . . . . . . . 1680

ဝတ္ထုရှည် . . . . . . . . 600 . . . . . 35.71 %

ဝတ္ထုတိုပေါင်းချုပ် . . . 150 . . . . . 8.92 %

ကဗျာပေါင်းချုပ် . . . . 35 . . . . . . 2.80 %

စာပေဗဒေသာ . . . . . 132 . . . . . 7.86 %

မြန်မာယဉ်ကျေးမူနှင့်

ဆိုင်သောစာပေ . . . .16 . . . . . . 0.95 %

ကလေးစာပေ . . . . . 56 . . . . . . 3.33 %

လူငယ်စာပေ . . . . . 13 . . . . . . 0.77

ဘာသာပြန်

(သုတ+ရသ) . . . . . 404 . . . . . . 24.02

သုတပဒေသာ(၀ိဇ္ဖာ) . .189 . . . . . 11.25

သုတပဒေသာ

ရိုးရိုး+အသုံးချ(သိပ္ပံ) . . 71 . . . . . 4.22

နိုင်ငံရေးစာပေ . . . . . .၁၄ . . . . . 0.83

အဲဒီလို ယှဉ်ကြည့်လိုက်တော့ ကျွန်တော်တို့နိုင်ငံမှာ စာဖတ်ဖို့လိုတယ် ဆိုတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော် နားလည်တဲ့ စာအုပ် ထုပ်ဝေသူတွေ စာရေးဆရာကြီးတွေ စာပပညာရှင်တွေနဲ့ မေးကြည့်တော့။ သူတို့တွေရဲ့ သုံးသပ်ချက်အရ

ကျွန်တော်တို့ နိုင်ငံက ပညာရပ်ဆိုင်ရာ စာပေတွေ ဖတ်ဖို့လို သေးတယ်ဆိုတဲ့ သဘောပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထွက်ထားတဲ့ ၁၆၈၀ မှာ ၀တ္ထုရှည်က ၆၀၀ အုပ် ဆိုတော့ စာဖတ်တဲ့ လူတော် တော်များများက အပျော်ဖတ်ကို ဦးတည်နေတဲ့ သဘောပဲ

စာအုပ်ဖြန့်ချိရေး ကုမ္ပဏီတစ်ခုမှ မန်းနေဂျင်းဒါရိုက်တာ တစ်ဦး

ပညာရပ်ဆိုတာ နေ့စဉ်နဲ့ အမျှပြောင်းလဲနေတာ အဲဒီတော့ ပညာရှင်ဆိုပြီး ဒီတိုင်းနေလို့ မရဘူး ကုယ်နဲ့ သက်ဆိုင်တဲ့ ဘက်မှာ စာများများ ဖတ်ဖို့လိုတယ်။ အဲဒီအထဲမှာ အထူးပြောချင်တာက ဆရာဝန်တွေ။ အများစုကို ပြောတာပါ။ အကုန်းလုံးတော့ မဟုတ်ဘူး။ စာမဖတ်ကြဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကျောင်မှာ သင်ခဲ့တဲ့ စာတွေနဲ့ လူသတ်နေကြတယ်။

ပါမေက္ခ ဆရာဝန်တစ်ဦး

စာအုပ်စာရင်းကို ကြည့်ရတာ ရသနဲ့ အပျာ်ဖတ် စာပေ ကတော့ ပြည်ပနိုင်ငံတွေ နဲ့ယဉ်ရင် မဆိုးပါဘူး။ မြန်မာက ပညာရပ် ဆိုင်ရာ စာအုပ်တွေ အထွက်နည်းနေလို့ပါ။ ဥပမာ လက်ရှိ ဂျာနယ်တွေမှာ အလုပ်လုပ်နေတဲ့ သတင်းထောက် တွေ၊ ဂျာနယ်လစ် ဇင်နဲ့ ပတ်သက်လို့ လေ့လာ ချင်ရင်တောင် ဘယ်မှာလဲ ဖတ်စရာ စာအုပ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဆရာဇ၀နတို့ လက်ထက်က ရေးခဲ့တဲ့ စာအုပ်တွေ ဖတ်နေရတယ်။ အဲဒါကို ထုတ်ဝေသူတွေ ကိုသွားအပြစ် ပြောလို့လဲမရဘူး ။ ဟုတ်ပြီ ဂျာနယ်လစ်ဇင် နဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ စာအုပ်ကို နိုင်ငံတကာ အဆင့်မှီရေးပြီး ထုတ်မယ် ဘယ်မှာလဲ ၀ယ်မဲ့လူ။ ဒါကတော့ ထားတော့ ဂျာနယ်လစ်ဇင်က လူအနည်းစုမို့လို့။

အင်ဂျင်နီယာ၊ တွေဆရာဝန်တွေ၊ ရှေ့နေတွေ စသဖြင့် ပညာရှင်တွေ အများကြီးပဲ။ သူတို့နဲ့ ပတ်သက်တဲ့ စအုပ်တွေကော ထွက်လား။ မထွက်ဘူး။ ဘယ်ထွက်မှာလဲ ဖတ်မဲ့လူမှမရှိတာ။ ဘယ်ဖတ်ကြမှာလဲ။ အလုပ်အပေါ်မှာ ပြိုင်ဆိုင်မှုဆိုတာမှ မရှိကြတာ။ အလုပ်အပေါ်မှာ ပြိုင်ဆိုင်မှုရှိလာပြီဆိုရင် သူများထက်ကိုယ်က သာမှဖြစ်တော့မယ်။ သူများထက်သာ ဖို့က ကိုယ်က ပညာတော်မှ။ ပညာဆိုတာ ကျောင်းကသင်ပေးရုံ လုပ်ငန်းခွင်ထဲက အတွေ အကြုံလောက်နဲ့ မလုံလောက်ဘူး။ ကိုယ့်ထက်လုပ်သက်ရင့်တဲ့ လူတွေရဲ့ အတွေ့အကြုံတွေကို ရေးသားထားတဲ့ စာတွေ နောက်ဆုံးပ်ါနည် ပညာတွေ မပြတ် လေ့လာ ဖတ်ရှုနေမှ သူနဲ့ ပြိုင်နိုင်တဲ့ လူဖြစ်မှာ ။

စာအုပ်တိုက် တစ်ခုမှ MD တစ်ဦး

တိုးတက်တဲ့ နိုင်ငံတွေမှာက ဥပဒေ အသစ်တစ်ခု ထွက်သွားရင် အဲဒီဥပဒေနဲ့ ပတ်သက်ပြီး နောက်ဖြစ်နိုင်မဲ့ အလားအလာတွေ တွေ့ကြုံနေရတဲ့ အခြေအနေတွေကို နောက်ဆက်တွဲ အနေနဲ့ စာအုပ်တွေ တော်လျှောက် ထွက်လာတာ။ ကျွန်တော်တို့ ဆီမှာကြည့်လိုက် ဥပဒေနဲ့ ပတ်သက်လို့ စာအုပ်ထွက်တာ များများစားစားမရှိဘူး။ ရာဇသတ်ကြီး ဘယ်လာက် ပုဒ်မဘယ် လောက်ကို ကျူးလွန်ရင် ဘယ်လိုအပြစ်ဒဏ်ခံ ရတယ် ဆိုတာလောက်ပဲရှိတယ်။

ဥပဒေပညာရှင်တစ်ဦး

ဂျပန်မှာဆိုရင်ရင် ရုံးတက်ရုံးဆင်း ကျောင်းတက်ကျောင်ဆင်း ရတဲ့အချိန်လေးမှာ ရထားပ်ါမှာ စာဖတ်ကြတယ်။ ထိုင်နေတဲ့ လူတွေတင်မဟုတ်ဘူး လက်တစ်ဘက်က ကွင်းကိုကိုင် ပြီးမှတ်တပ်ရပ် လိုက်ရတဲ့ လူတွေပါ ကျန်တဲ့ လက်တစ်ဘက်က စာအုပ်ကို ကိုင်ပြီးဖတ်ကြတယ်။ ဒါကြောင့် ဂျပန်သုံး ယောက်မှာ တစ်ယောက် မျက်မှန်တပ်ရတယ်။ သူတို့ဆီမှာက စာကို အဲလိုဖတ်တာ။ အရင်တလောက ကျွန်တော် ဒဂုံတက္ကသိုလ်ကို ရထားစီးသွားတယ်။ ရထားကလဲ ချောင်မှချောင်။ ကျေင်သားကျောင်သူတွေက အတွဲကိုယ်စီနဲ့ တစ်ယောက်ရင် ခွင်တစ်ယောက်အိပ်ပြီး ကိုးရီးယားကာ ကြည့်နေရသလိုပဲ။ စာအုပ်ဖတ်ပြီး လိုက်လာတဲ့ သူတစ်ယေက်မှ မရှဘူး။ ဒီလို ကျောင်းတက် ကျေင်းဆင်း အသွားအပြန် ရထားပေါ်မှာ အချိန်နှစ်နာရီလောက်ရတယ်။ အဲဒီအချိန်တွေကို သာစာဖတ်ကြမယ်ဆိုရင်. . .

လူငယ်တစ်ဦး


Read More...

စဉ်းစားပေး ပါ


တစ်ခါတုန်းက ကောင်လေးတစ်ယောက်မှာ အရမ်းချစ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ တစ်နေ့တော့ ကောင်လေးရဲ့ ချစ်သူက အကြောင်းပြချက် မရှိပဲ ကောင်လေးကို အဆက်အသွယ် ဖြတ်သွားတယ်။ ကောင်လေးရဲ့ ရင်ထဲမှာ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ တစ်ယောက်ထဲ ကြေကွဲနေရတယ်။

ဒီလိုနဲ့ ဖေဖော်ရီလ ၁၄ ရက်ချစ်သူများ နေ့ရောက် ဖို့အချိန်တွေက လည်းတစ်ဖြည်းဖြည်း ချင်းနီကပ်လာပါတယ်။ စတိုးဆိုင်တွေ Gift Shop ဆိုင်တွေ စတိုးဆိုင်တွေမှာ ပန်းစည်းတွေ ချောကလက်တွေ ပို့စကဒ်တွေနဲ့ ချစ်ခြင်းရဲ့ သင်္ကေတ ပေါ်လွင်အောင် ခင်းကျင်းထား ကြတယ်။ ကောင်လေးအတွက် တော့ချစ်သူများနေ့ ဆိုတာ သူနဲ့ မဆိုင်တော့သလိုပဲ။ အမှတ်တရ ပန်းစည်းတွေ ချောကလက်တွေကလည်း ကောင်လေးကို နောက်ပြောင်နေကြ သလို။

တန်ဖိုးနည်းသည် ဖြစ်စေ များသည် ဖြစ်စေ ကိုယ်တတ်နိုင်သလောက် ကိုယ့်ချစ်သူကို ဘယ်သူမဆို ဒီလိုနေ့မျိုးမှာ အမှတ်တရ အနေနဲ့ ၀ယ်ပေးချင်ကြတာပဲလေ။ ကောင်လေးလဲ သူသိပ်ချစ်ရတဲ့ သူကို ပေးချင်တာပေါ့။ ဒါပေမယ့် သူသိပ်ပေးချင်နေတဲ့ ချစ်သူက သူကို့ အဆက်သွယ် ဖြတ်ထားတာလေ။ ဘယ်လိုပေးလို့ ရမှာလဲ။

Gift Shop ဆိုင်ကို ပို့ခိုင်းရမလား။ ကောင်လေး စဉ်းစားကြည့်တယ်။ ပို့ခိုင်းတာတော့ ဟုတ်ပါပြီ ကောင်လေးပေးတဲ့ လက်ဆောင်တွေကို ချစ်သူက လက်ခံပါ့မလာား။ လက်ခံခြင်းရှိ မရှိဆိုတာ ကောင်လေး သိချင်တယ်။ နောက်တစ်ရက်မှ Gift Shop ဆိုင်ကို ပြန်မေးကြည့်မယ် ဆိုရင်လည်း မသေချာ။ ဒီတော့ ကောင်လေး ဘယ်လိုလုပ်ရမလဲ

ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့

အ၀တ်စား ဆင်တူ ၀တ်ထားတဲ့ စုံတွဲလေးတွေကို လမ်းထဲ ထွက်လိုက်တယ် ဆိုတာနဲ့ တွေ့နေရပြီ။ စတိုးဆိုင်တွေမှာ အမှတ်တရ ပစ္စည်းအရောင်ဆိုင်တွေမှာ ပန်းခြံတွေ အအေးဆိုင်တွေ တွေ့လိုက်တဲ့ နေရာတိုင်းမှာ စုံတွဲလေးများက ချစ်သူများနေ့ကို သရုပ်ဖော်နေကြတယ်။

ကောင်လေးလက်ထဲမှာ ပန်းစည်းတစ်ခု အရုပ်တစ်ရုပ် ချောကလက်တစ်ဘူး အင်္ကျီတစ်ထည် အမှတ်တရစာတွေ ရေးထားတဲ့ ပို့စကဒ်တစ်ခု။ သူ့ခြေလမ်းတွေက သူ့ချစ်သူရှိရာ ဆိတ်ငြိမ် ရပ်ကွက် တစ်ခုကို ဦးတည်နေတယ်။ ကောင်လေးကိုယ်တိုင် သွားပေးတော့မှာပါလား။ အင်းလေ ချစ်သူက ပေးတဲ့ လက်ဆောင်တွေကို ယူမယူ ဆိုတာ ကိုယ်တိုင် သိချင်တော့လည်း ကိုယ်တိုင် ပေးရုံပဲပေါ့။

အရင်က ဒီရပ်ကွက်ကို ၀င်တဲ့လမ်းလေးမှာ နှလုံးသားနှစ်ခု ရင်ထခုန်သံတွေ ပြိုင်ခဲ့ကြဖူးတယ်။ ဒီနေ့တော့ ဒီလမ်းထဲမှာ ရင်ခုန်သံက တစ်ခုတည်း။ အဓပ္ပါယ်မဲ့တဲ့ ရင်ခုန်ခြင်းမျိုး မဟုတ်တည့်တိုင် ရင်ခုန်သံတွေက အထီးကျန်ဆန်နေတယ်။ ကောင်မလေးရယ် ကောင်လေးပေတဲ့ လက်ဆောင်တွေကို လက်ခံပေးပါနော်။

အုပ်ဆိုင်းဆိုင်း သစ်ပင်တွေနဲ့ ခြံတစ်ခြံအရှေ့ရောက်တော့ ကောင်လေး ရပ်လိုက်တယ်။ဘဲလ်တီးလိုက်တော့ အသားဖြူဖြူ နဲ့အမျိုးသမီးကြီး တစ်ယောက် ထွက်လာတယ်။ ကောင်လေးက ကောင်မလေးတို့ အိမ်လားလို့ မသိချင်ယောင် ဆောင်မေးလိုက်တယ်။ ဘာကိစ္စလဲတဲ့။ ကောင်လေးက ကျွန်တော် Gift Shop ဆိုင်ကပါ၊ ကောင်မလေးကို ပစ္စည်းပို့ခိုင်းထားလို့ လာပို့တာပါ လို့ပြောလိုက်တယ်။ အဲဒီတော့ အမျိုးသမီးကြီးက သဘောကျဟန်နဲ့ ပြုံးတယ်။ ပြီးတော့ အိမ်ဖော် ကောင်မလေးကို ခေါ်ပြီး ပစ္စည်းတွေ လာသယ်ခိုင်းတယ်။ ကောင်လေးက ဒီလောက်နဲ့ ဘယ်ကြေနပ်ပါ့မလဲ ကာယကံရှင်က ပစ္စည်းလက်ခံ ရရှိကြောင်း လက်မှတ်ထိုးပေးဖို့ ပြောတယ်။ ဒီတော့ အမျိုးသမီး ကြီးကပြုံးပြီး သမီး အူယောင်နေလို့ အိပ်ရာထဲမှာ မနိုင်တာ ကြာပြီ။ အန်တီက မေပါ။ အန်တီပဲ ထိုးပေးလိုက်မယ်နော် ဆိုပြီး အမျိုးသမီးကြီးက ပစ္စည်းလက်ခံရရှိကြောင်း လက်မှတ်ထိုးပေးလိုက်တယ်။

အပြန်ခရီးမှာတော့ ကောင်လေးအတွက် မေးစရာမေးခွန်းတွေ စဉ်းစားစရာ ပုဒ်စာတွေ အများကြီးပါလာပါတော့တယ်

ကောင်မလေး ကောင်လေးကို အဆက်သွယ်ဖြတ်ထားတာလား ပြတ်နေတာလား

ကောင်းမလေး မဆက်သွယ်တာ တကယ်မချစ်တော့လို့လား ကျမ္မာရေးကြောင့်လား

ကောင်မလေး ကျမ္မာရေး မကောင်ဘူးဆိုတာ တကယ်ပဲလား

ကောင်းလေးကို ၀ိုင်းစဉ်းစားပေး ကြပါဦး

Read More...

Tuesday, February 13, 2007

Beer


ကဲဗျာ ဘီယာအကြောင်းကို ဗဟုသုတဖြစ် ပြောကြည့်ရအောင်

ဘီယာသည် အဏုဇီဝ တစ်မျိုးဖြစ်သည့် အလင်/ တဆေး ( Yeast ) ဖြင့် ( Malt ) အချိုရည်ကို စိမ်ရည် ဖောက်ခြင်းမှ ရရှိသောအဖျော်ရည် တစ်မျိုးဖြစ်၍ ရေနှင့် အာဟာရဓာတ် ပြည့်ဝသော ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ သတ္တုဓာတ်များ၊ သကြားဓာတ်၊ ဗီတာမင်နှင့် ဓာတ်ရော့ ရုဏ်သတ္တိရှိသည့် အင်အော်ဂဲနစ် ဒြပ်ပေါင်း ( Antioxidants ) များပါဝင်ပါသည်။ ထို့အတူ Hydrophilic Spirulina Extract SPH 3000 တွင်လည်း ဘီယာတွင်ပါဝင်သည့် အော်ဂဲနစ် ဒြပ်ပေါင်း များပါဝင်သည်။

ထို့ကြောင့် ဘီယာကို သောက်သုံးခြင်းဖြင့်

ပရိုတင်း၏ အခြေခံယူနစ် ဖြစ်သော အမိုင်နိုအက်ဆစ် ၁၈ မျိုး အချိုးကျပါဝင်၍ ယင်း ၁၈ မျိုးအနက် ကိုးမျိုးမှာ ခန္ဒာကိုယ်မှ ထုတ်လုပ်ပေး နိုင်ခြင်းမရှိပေ။ ခန္ဒာကိုယ်မှ ထုတ်ပေး နိုင်ခြင်းမရှိသည့် အမိုင်နို အက်ဆစ် ကိုးမျိုးတွင် ရေပြာနှင့် ဆံပင်များ မပျက်စီးအောင် ထိမ်းသိမ်း ကာကွယ်ပေးခြင်း ၊ ခွန်အားဖြစ်စေခြင်း နှင့် အာဟာရချို့တဲ့သူ များအတွက် အာဖြည့်အာဟာရအရည် Energy Drink အနေဖြင့် သောက်သုံးနိုင်သည်။

သတ္တုဓာတ်နှင့် သကြားဓာတ် မျတစွာ ပါဝင်သဖြင့် ခွန်အားတိုးစေပြီး ခန္ဒာကိုယ်ဆဲ(လ်)များ ဖြစ်ပျက်မူကို ပုံမှန်လုပ်ဆောင်ပေးခြင်း။ အသားအရေစိုပြေခြင်း၊ ဗီတာမင် စီ နှင့် ဒီ အုပ်စု ပါဝင်ခြင်းကြောင့် စိတ်ပင်ပန်းနွမ်းနယ် မူကိုပြေပျောက်စေခြင်း။

အကယ်၍ သင်သောက် သုံးသော ဘီယာသည် စပီရူလိုင်းနား ဘီယာဖြစ်ပါက

မူလဘီယာ၏ Heresins မှ Polyphenols နှင့် Spirulina SHP 3000 မှ Polyphenols များ၏ Antioxidant ဂုဏ်သတ္တိကြောင့် ခန္ဒာကိုယ်တွင် ရောဂါ ဖြစ်စေမည့် အကြောင်အရာများကို ဖယ်ရှားပေးခြင်း စိတ်ဖိစီးမူကြောင့် ဖြစ်ပေါ်စေနိုင်သည့် ရောဂါများကို ကာကွယ်ပေးနိုင်သည်။ စပီရူလိုင်းနား ဘီယာ 330 Ml တစ်ပုလင်း သောက်ခြင်သည် ပရိုဗီမင် 10 mg ဆေးပြား သုံးပြားနှင့် ညီမျှသည်။

ဘီယာတစ်လုံးတွင် ပါဝင်သည့် အယ်ကိုဟော အချိုးများ

မန်းနီ 7 %

မန်းပြာ 5 %

မြန်မာဘီယာ 4 % ကျော်

စပီရူလိုင်းနားဘီယာ 5 %

ဒဂုံ 4 % ခန့်မှန်းခြင်း သာဖြစ်သည်

တိုက်ဂါး 6 % ခန့်မှန်းခြင်း သာဖြစ်သည်

မှတ်ချက်။ ။ စပီရူလိုင်းနား ဘီယာကို အရှေ့တောင် အာရှတွင် မြန်မာတစ် နိုင်ငံတည်း သာထုတ် လုပ်နိုင်သေး ခြင်းဖြစ်သည်။ စပီရူလိုင်းနား ဖြင့်ဘီယာချက် ခြင်းကို ဂျာမနီနိုင်ငံတွင် မြန်မာနိုင်ငံ တွင်းတောင်ထွက် စပီရူလိုင်းနား များဖြင့် စတင်စမ်းသပ် ထုတ်လုပ် အောင်မြင်ကာ ကမ္ဘာအနှံ့သို့ တင်ပို့ရောင်ချ လျှက်ရှိသည်။ ယခုအခါ အာရှတွင် တရုပ် နှင့် ဂျပန်တို့ တွင်စပီရူလိုင်းနားဘီယာကို ထုတ်လုပ်နေကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စပီရူလိုင်းနား ဘီယာကို ၂၀၀၂ ခုနှစ်တွင် မန္တလေး ဘီယာစက်ရုံ တွင်စတင် စမ်းသပ်ခဲ့ပြီး။ ၂၀၀၄ ခုနှစ်တွင် တရားဝင် ထုတ်လုပ်ခွင့် ရရှိခဲ့သည်။ ယူခုအခါ စပီရူလိုင်းနာ ဘီယာကို ရန်ကုန် မြို့တွင်ပါ စည်ဘီယာ အဖြစ်ထုတ်လုပ်လျှက်ရှိပြီး မတ်လမှ စတင်ကာ မလေးရှား ကုမ္ပဏီတစ်ခုက ကိုယ်စလှယ် ယူ၍ ပြည်ပနိုင်ငံများကို ရောင်းချရန် စီစဉ်နေကြသည်။

ကဲမိတ်ဆွေ အိမ်သူ သက်ထားဆီက တရားဝင် ဘီယာသောက်ခွင့် လိုင်စင် လိုချင်ရင် အလွတ်သာရွှတ်ပြ လိုက်ပေတော့။ တစ်ခုမှတ်ထားရမှာက အသက်ရှင် နေထိုင်နိုင်ဖို့ မရှိမဖြစ် လိုအပ်ပါတယ် ဆိုတဲ့ရေတောင်မှ သောက်တာများရင် ဘေးဖြစ်တတ်တယ်နော်

ကိုးကား

Spirulina Beer တီထွင်ထုတ်လုပ်ခြင်းစာတမ်း

Read More...

Sunday, February 11, 2007

Birthday

မနက်ဖြန်ဆိုရင် ပြည်ထောာင်စုနေ့ ရောက်ပြီ၊ တစ်နည်းအားဖြင့်တော့ မနက်ဖြန်ဆိုရင် ကျွန်တော့ အသက် ၂၂ နှစ် ပြည့်ပါပြီ။

၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြတယ်။ ကျွန်တောကတော့ ၁၉၈၅ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာမွေးပါတယ်။

ဒီအချိန်လောက် ဆိုရင် နယ်မှာကျန်ထားခဲ့တဲ့ ကျွန်တော့ရဲ့အမေ အလုပ်တော်တော် ရှုပ်နေရောမယ်။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးတွေရဲ့ မွေးနေ့တိုင်းမှာ ဘုရားသွား ဆွမ်းကပ် ဆီမီးထွန်း ဗေဒင်မေး ရတြာခြေ ဆုတောင်း။ ဒါတွေအတွက် ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင် နေလောက်ပြီပေါ့။ ဒါကတော့ မိခင်တိုင်းမှာ သားသမီး အပေါ်ထားရှိတဲ့ မေတ္တာတရားတွေပေါ့။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက အမေ့မွေးနေ့မှာ ကျွန်တော် ဘာမှ မလုပ်ပေး ဖူးဘူး။

မှတ်မိတဲ့ မွေးနေ့တချို့

ကျွန်တော့် ဘ၀မှာ မွေးနေ့ပွဲဆိုတာကို တစ်ခါမှ မလုပ်ဖူးဘူး။ ကျွန်တော် ၆ နှစ်ပြည့်တဲ့နေ့မှာ မမကြီး ပေးတဲ့ ပိုက်ဆံ ၁၀ ရဖူးတယ်။ ကျန်တဲ့နှစ်တွေကတော့ စာမွေးနား နီးနေတာဆိုတော့ စာပဲ ကျက်နေရတယ်။ အသက် ၁၉ နှစ်ပြည့်တဲ့နေမှာ ပထမဆုံး မွေးနေ့လက် ဆောင်ကို ရဖူးတယ်။ အသက် ၂၀ ပြည့်တဲ့နေ့မှာ ရွှေတိံဂုံဘုရား ဆူးလေဘုရား တို့ကို တစ်ယောက်တည်း သွားဖူးပြီး ပြည်ထောင်စု အလံသယ်တာကို လိုက်ကြည့်ခဲ့တယ်။ အဲဒီအချိန် အထိကျွန်တော့ မွေးနေ့မှာ ဘယ်သူ့ကို မှ မှန့်မကျွေးဖူး ခဲ့ဘူး။

အသက် ၂၁ ပြည့်မွေးနေ့ သူငယ်ချင်းတွေကို မနက်ပိုင်းမှာ မှန့်လိုက်ကျွေးတယ်။ နေ့လည်ပိုင်းမှာ မိန်းကလေးတစ် ယောက်နဲ့ ရွှေတိံဂုံသွားတယ်။ အဲဒီမိန်းကလေးက ကျွန်တော့ ဘ၀မှာ ပထဆုံးရေးတဲ့ ရည်းစားစာကို လက်ခံရရှိ ထားတဲ့မိန်းကလေး ပေါ့။ သူနဲ့ကျွန်တော် ရွှေတိံဂုံ အရှေ့ဘက်မုဒ်က ရှင်ဥပဗုဒ္ဓပန်းခြံ ထဲမှာ တစ်နေကုန် ထိုင်နေတယ်။ ကျွန်တော် ပေးထားတဲ့ စာကို ဖတ်ပြီးပြီလားလို့ ကျွန်တော်က မေးချင်တယ်။ ဒါပေမယ့် မမေးရဲလို့ မမေးဖြစ်ဘူး။ သူကလည်း အဲဒီစာ နဲ့ပတ်သက်လို့ သူလည်း ကျွန်တော့ကို ဘာမှ မပြောဘူး။ ပြန်ခါနီးကျတော့ ဘောပင်လေး တစ်ချောင်းကို မွေးနေ့လက်ဆောင် အဖြစ်ပေးတယ်။ ညပိုင်းရောက်တော့ သူငယ်ချင်းတွေကို ဘီယာလိုက်တိုက်တယ်။

မနက်ဖြန် ၂၂ နှစ်ပြည့်မွေးနေ့ ဘယ်မှလည်းသွားချင်ဘူး။ မနှစ်ကလို သူငယ်ချင်းတွေကို ဘီယာလိုက်တိုက်စရာ ပိုက်ဆံလည်းမရှိဘူး။ ဘုရားပေါ်ကို အဖော်လိုက်ပေးမဲ့ ကောင်မလေးလဲ မရှိတော့ဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ အဝေးမှာ နေတဲ့ အမေကတော့ ကျွန်တော့အတွက် ဆုတောင်းပေးနေမှာပါ။

Read More...

Saturday, February 10, 2007

မြူ



မနက်မိုးလင်းလို့ အိမ်ရာထလိုက်တာ့ လှိုင်မြစ် ထဲမှာမြူတွေ ဖွေးနေအောင် မြင်ရသည်။ မြူတွေက လှိုင်မြစ်ပေါ်တင် မဟုတ်ပဲ ရန်ကုန်မြို့ ကအထပ်မြင့် အဆောက်အဦးတွေမှာပါ ရစ်ဆိုင်းနေသည်။ အဝေးကို မျှော်ကြည့်လိုက်တော့ နေရောင်ကမိုင်းပျပျ။ ကျွန်တော့ အတွေးများကလည်း အတိတ်ဆီ . . .

ရန်ကုန်မြို့ရဲ့ မြောက်ဘက် မိုင်လေးရာကျော် အကွာက တောင်ကြားမြို့လေးမှာ ဆောင်းရာသီရဲ့ သင်္ကေသ တစ်ခုအနေနဲ့ မြူနှင်းတွေက မတ်လ ပထမပတ် လောက်ထိ လွမ်းခြုံ ထားတတ်ကြတယ်။

ကျွန်တော်တို့ ဒေသမှာ မြူနှင်းကျပြီ ဆိုရင် ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ် သွားပြီး ဆယ်ပေ ကျော်ရင် ဘာမှ မမြင်ရတော့ဘူး။ နေလုံး ကို နံနက် ၁၀ ကျော်မှ မြင်ရတယ်။ အစောဆုံးမြင်ရရင် ကိုးနာရီ တစ်ခါတရံမှာ ၁၂ နာရီလောက် မှနေလုံး ကို မြင်ရတယ်။ မှတ်မှတ်ရရ 2000 ပြည့်နှစ်ရဲ့ ပထမဆုံး နေလုံးကို နေ့လည် ၁၂ နာရီလောက် မှမြင်ရတယ်။

အဲဒီလို မြူတွေ ကြားထဲမှာ စက်ဘီးစီး ရတာ အရမ်းသဘော ကျတာပဲ။ တော်တော်ကြာကြာ စက်ဘီး စီးမိရင် ဆံပင်တို့ အင်္ကျီတို့က အမွေးလေးတွေမှာ ရေစက်ကလေးတွေ တွဲလွဲခို လာတတ်တယ်။

ီမြူတွေ ဘာကြောင့်ကျတာလဲ

မြေကြီးရဲ့ သဘာဝက နေ့အခါမှာ အပူကို စုပ်ယူပြီး ညအခါမှာ အပူကို လွတ်ထုတ် လေ့ရှိတယ်။ ဆောင်းရာသီ ရောက်ပြီ ဆိုတာနဲ့ အေးတဲ့ သဘာဝရှိတာကြောင့် နေ့ခင်းဘက်မှာ မြေကြီးက အပူကို ကောင်းစွာမရှိဘူး။ ဒါပေမယ့် ညအခါမှာ လွတ်ထုတ်တဲ့ အပူကတော့ ပုံမှန်အတိုင်းပဲ လွတ်ထုတ်ကြတယ်။ အဲဒီအခါမှာ မြေကြီးက အပူဆုံးရှုံးမှုကို ဖြစ်ပေါ်တယ်။

အပူဆုံးရုံးတော့ မြေကြီးက အေးသွားရော။ မြေကြီး အေးသွားတဲ့ အခါမှာ မြေကြီး အပေါ်ပိုင်း မှာရှိတဲ့ လေတွေကို အပူစီးကူးခြင်း နိယာမအရ အအေးဓာတ်တွေကို စီးကူသွားစေတယ်။ လေတွေဟာ အေးလာတော့ ငွေ့ရည်ဖွဲ့ပြီး ရေမှုံ ရေမွှားလေး တွေအဖြစ် ပြောင်းလဲသွားတယ်။ အဲဒီရေမှုံ ရေမွှားလေးတွေ များပြားလာတဲ့ အစုအဖွဲ့ကို မြူလို့ခေါ် ပါတယ်။

မြင်ရတဲ့ အကွာဝေးကို အဝေးမြင်တာ လို့ခေါ်တယ်။ ဒီအမှုံ အမွားလေးတွေ ကြောင့် အလင်းက မဖောက်နိုင်တော့ဘူး။ အဲဒီမှာ အဝေးမြင်တာက ကျဆင်းသွားတယ်။

မိုးဇလ ပညာရှင်များကတော့ မီတာနှစ်ထောင်ကို ကျော်ပြီး မမြင်ရတော့ရင် မြူ လို့ခေါ်တယ်။ မြူတွေဟာ အရွယ်အားဖြင့်လည်း ကြီးလားတယ်။ ပိုပြီးလည်း ပိတ်မှောင် လာတယ်။ အဝေးမြင်တာ ကလည်း မီတာတစ်ထောင် အောက်ကျသွားပြီ ဆိုရင် မြူထူ လို့ခေါ်တယ်။

မြူရဲ့ သဘာဝ

မြူတွေဟာ များသေားအားဖြင့် ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီ လတွေမှာ ကျတတ်တယ်။ ဖေဖော်ဝါရီ နောက်ဆုံးပတ် အထိ မြူတွေကျဆင်း နေသေးတယ်ဆိုရင် အဲဒီနှစ်ရဲ့ မုတ်သုန်ရာသီ နောက်ကျခဲ့ တယ်ဆိုတာကို ဖော်ပြနေပါတယ်။

မြူဟာ များသောအား ဖြင့် ညပိုင်းတွေမှာ ကျလေ့မရှိပဲ နေစထွက်တဲ့ အချိန်ကနေ စကျလေ့ရှိတယ်။ နေမြင့်လာ တာနဲ့အမျှ မြူတွေက လည်းတဖြေးဖြေးချင်း ပျောက်ကွယ်ကုန် ကြတယ်။

မြူကျဆင်းခြင်းကြောင့် လေမုန်တိုင်းလို အန္တရယ် မပေးနိုင်ပေမယ့် အဝေးမြင်တာ ကျဆင်းသွား ခြင်းကြောင့်။ ယဉ်များတိုက် ခိုက်မိခြင်း။ ပင်လယ် မြစ်ကြောင်းတွင်း ရှိ ရေယဉ်များ လှေများ တိုက်ခိုက်ခြင်း။ လေယဉ်ဆင်း မရခြင်းတွေ ဖြစ်တတ်ပါတယ်။

မြူအကြောင်းကို စိတ်ရှည်လက် ရှည်ရှင်း ပြပေးတဲ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ညွှန်ကြားရေးမူးချုပ် ဦးထွန်းလွင် ကို ကျေးဇူးတင်ရှိပါသည်


Read More...

Brain Drain လား Brain Gain လား


မထိုက်ရဲ့ ဒီပို့လေးကို ကြည့်ပြီး ကျွန်တော် ဒီပို့ကိုတင်ဖြစ်သွားတယ်

အကြမ်းဖျင်း အားဖြင့်ကြည့် မယ်ဆိုရင် မိမိနိုင်ငံက အကောင်းဆုံး ဦးနှောက်တွေ ပြည်ပကို ရောက်သွားတာကို ဦးနှေက်ယိုစီးမှု Brain Drain လို့ယူဆကြပါတယ်။ ဒီယူဆချက်ဟာ တစ်ကယ်မှန်ရဲ့ လား။နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်ကို Brain Drain လို့မယူဆတော့ပဲ ဦးနှောက်ပြန်စီးမှု Brain Gain လို့ပြောင်းလဲ လက်ခံလာကြပါပြီ။

အမိမြေနဲ့ ဝေးနေတဲ့ လူတစ်ယောက် တစ်နှစ်တစ်ခေါက် ပြန်လာမည်။ အနည်းဆုံးတော့ သူမိဘဆီကို ငွေပို့လိမ့်မည်။ သို့မဟုတ် သူတတ်ထားသော ပညာများကို တစ်နည်းနည်း ဖြင့်ဖြန့်ဝေနိုင်သည်။ နောက်ဆုံးမှာတော့ အဝေးတစ်နေရာကနေ အမိမြေကို ပြန်လည် ကျေးဇူးပြုနိုင်စရာ ရှိတယ်လို့ နိုင်ငံအတော်များများ လက်ခံလာကြပါပြီ။

မကင်ဆီသုသေသန အဖွဲ့ရဲ့ လေ့လာချက်ရ အမေရိကန်ရောက် အန္ဒိယနိုင်ငံသားများ၏ အခွန်တော် ထည့်ဝင်ငွေဟာ နှစ်စဉ် ဒေါ်လာ ၅၀၀ မီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အန္ဒိယနိုင်ငံရဲ့ Soft Ware လုပ်ငန်း အံ့မခန်းတိုးတက် လာတာဟာ အဝေးရောက် အန္ဒိယ ပညာရှင်များ ရဲ့ ပါဝင်စွမ်းဆောာင် ချက်များ ကြောင့်လို့ဆိုပါတယ်။ အန္ဒိယနိုင်ငံ ရဲ့ FDI နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုတ်နှံမူ၏ ၁၆ ရာခိုင်နှုန်းဟာ အဆိုပါ အဝေးရောက် များနှင့် ဆက်နွယ်ရရှိတာဖြစ်ပါတယ်။

တရုပ်ပြည်မှာ ဆိုရင်လည်း FDI ၆၀ ရာခိုင်နှုန်းဟာ ပင်လယ်ရပ်ခြား တရုပ်အမျိုးသားတွေနဲ့ ဆက်စပ်နေပါတယ်။ 9/11 အရေးအခင်း အပြီးမှာ အမေရိကန်က ဗီဇာကန့်သတ်လိုက်တဲ့ အတွက် ပြည်တော်ပြန် တရုပ်တွေမှာ နည်းပညာသစ်များနှင့် အိုင်ဒီယာသစ်များ ပါလာကြပါတယ်။ အခုဆိုလျှင် တရုပ်နိုင်ငံရဲ့ ပြည်တော်ပြန် အရေအတွက်ဟာ နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှန်မှန် တက်နေပါပြီ။

သွားတိုင်းလဲ ဦးနှောက်ယိုစီး တယ်လို့ပြောလို့မရပါဘူး။ နီပေါနိုင်ငံ GDP ရဲ့ ၂၅ ရခိုင်နှုန်းကျော်ဟာ ပြည်ပရောက် အလုပ်သမားတွေ ဆီကရတာပါ။


ဆိုလိုတာကတော့ အိမ်လေးတစ်လုံး နေရာလေးတစ်ခု တွင်းလေးတစ်တွင်းမှာတော့ ဘယ်တော့မှ ပြည့်စုံတယ်ဆို တာရှိမှာ မဟုတ်ပါဘူး။ မြန်မာက လူတွေ ဂျပန်ကို အိမ်မက်နေချိန်မှာ ဂျပန်က အင်ဂျင်နီယာတွေ တရုပ်က စက်ရုံတွေကို သွားနေကြတယ်။ တရုပ်ကလူတွေလဲ အမေရိကကို သွားကြတယ်။ အဲလိုသွားကြတာဟာ နိုင်ငံနဲ့ လူမျိုးကို မုန်းလို့မဟုတ်သလို ။ ကိုယ်သွားမဲ့နိုင်ငံကို ချစ်လို့လဲမဟုတ်ကြပါဘူး။

ကိုးကား။ ။ ကျော်ဝင်း ၏ ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းနှင့်ပန်း




Read More...

There was an error in this gadget